♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 3 December 2011

ကြိုးလေးအတွက် ♥♥♥♥♥♥

ချစ်သူ ငါမင်းနဲ့ တွေ့ မှ အချစ်ဆိုတာ
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ချင်တွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတဲ့
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်

Tuesday 29 November 2011

လောကဓံနှင့်ကျွန်မ >>>

မွေးစထဲက လောကဓံဆိုတာ
ခံလာလိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါလေရော
တွေ့ ကြုံလာတဲ့ ခက်ခဲမှု
ဝမ်းနည်း ၀မ်းသာ
အနိမ့် အမြင့် ပြုံးလိုက် မဲ့လိုက်
အနိုင် အရှုံး အချစ် အမုန်း
ကျော်စောခြင်း ကျရှုံးခြင်း
ခြွေရံများခြင်း ဘယ်သူမှမရှိခြင်း
နဲ့ လည်းတွေ့ ခဲ့ ဆုံခဲ့ ဖူးတယ်

ချစ်တဲ့ သူနဲ့ လည်းကွေကွင်း ခဲ့ဖူးတယ်
ချစ်တဲ့ သူနဲ့ လဲ ဆုံတွေ့ ဖူးတယ်
ငိုခဲ့ ဖူးတယ် လွတ်လပ်စွာလဲ ရယ်ခဲ့ဖူးတယ်
သြော် လောကဓံ ငါခံလာလိုက်တာ
နစ်တွေတောင် ကြာသွားခဲ့တာပဲ
မှန်ရှေ့ ကြည့်မိတယ်  ဟို................
လွန်ခဲ့တဲ့ ၁၀ စု နစ်လောက် လန်းဆန်းခြင်း

တက်ကြွခြင်းတွေ မတွေ့ တော့ပါလား
မျက်လုံး ရဲ့ စွမ်းအားတွေ လည်း
အရောင်မှေးမှိန်နေရော့ သလား
အသားအရေးတွေ ရော
နုပျိုခြင်း မဲ့ လေရော့ သလား
သြော် လောကဓံ  ကျွန်မကို နှိပ်စက်လာလိုက်တာ
ခန္ဓာ ကိုယ်တောင် စကားတွေ ပြောလာပါရော

ကျွန်မ ရဲ့ အပြုံးတွေ မျက်လုံးတွေ
ကိုယ်ခန္ဓာ ရဲ့ လှုပ်ရှာ မှုတွေ နှေးကွေးကုန်ပါရော့လား
လောကဓံ ရဲ့ အပူမီးကြောင့်ထင်ပ
လောက သြော် လောက သင် ကျွန်မကို
သင်ပေးခဲ့တာတွေ အရမ်းများနေခဲ့တာပဲ
ဒါပေမဲ့  ကျွန်မ လောကဆိုတာထဲကနေ

ရုန်းမထွက်နိုင်သေးပါလား
သင်ပြနေသော အိုခြင်း နာခြင် သေခြင်း
ဆိုတာတွေကို ကျွန်မ ဘာလို့ 
အမှန်မမြင်ခဲ့ရတာလဲ
လောက ကြီးကသင်ပေးတဲ့ ပညာတွေတော့
ကျွန်မ အသက်အရွယ်နဲ့ သိသင့်သလောက်
ကြုံခဲ့သလောက် သိနေပေမဲ့ 

လောကုတ္တရာ တရားကို ဘာလို့ မမြင်သေးရတာလဲ
သြော် ကျွန်မသိပြီ

ဘာမှာ မလုပ်ရသေးတာကို
ခံလိုက်အုံးပေါ့ ကျင်လည်သမျှ
ဘ၀တွေမှာ လောကဓံ ရဲ့ အပူဒဏ်တွေကို
ခံလိုက်အုံးပေါ့ သစ္စာ တရားကို မတွေ့ သ၍
ခံလိုက်အုံးပေါ့

သြော် လောကဓံ နှင့် ကျွန်မ...........

Sunday 27 November 2011

နေစရာမရှိတဲ့ အချစ်♥♥♥♥♥♥

လူတွေပြောတဲ့ အချစ်အကြောင်း
လူတိုင်းဟာ တစ်ကြိမ်ပဲချစ်ရမယ်တဲ့
ဒါဟာ မတရားတာပဲ  တကယ်ချစ်ခဲ့တာ
အကယ်ဒီမီ ရှော့တွေပါ
မရေရာမတိကျတဲ့ အချစ်ဆိုတာ
အစစ်ပါလို့
ဘယ်သူက ဘယ်လို သက်သေပြမှာလဲ
တစ်ယောက်နဲ့ ချစ်ဖူးတာနဲ့ 
နောက်တစ်ယောက်ကို ထပ်မချစ်ရတော့ဘူးဆိုရင်
ဘာတွေဖြစ်ကုန်မလဲ
အချစ်ဆိုတာကို မျက်ခြေမပျက်လေ့လာနေသူမဟုတ်တော့
မသိဘူးလေ ကျွန်မသိတဲ့ အချစ်ဆိုတာက
တစ်ယောက်က ပြုံးရင်တစ်ယောက်ကငိုရတယ်
တစ်ယောက်ကိုရွေးချယ်ရင် တစ်ယောက်က အပယ်ခံရတယ်
တစ်ယောက်က ထားခဲ့တော့ တစ်ယောက်မျှော်လင့်နေတဲ့သူရှိ
တယ်
ပိုင်ဆိုင်ထားတဲ့သူကလည်း ၀န်တိုမှုနဲ့ ရောင့်ရဲမှုမရှိဘူး
ဒါလား အချစ် သိတော့ဘူး
သိချင်ရင် လေ့လာကြည့်ပေါ့
အချစ်ကို အပစ်မြင်သူကမြင် ထင်သူကထင်
တင်းလိုက်ပျော့လိုက် ဒီကြားထဲခုတုံးလုပ်သူကလုပ်
သြော် အချစ်မှာလဲ နေစရာတောင်မရှိတော့ပါလားနော်
အချစ်ဆိုတာ လိုလိုဖြစ်တည်လာတတ်တာဖြစ်လို့ 
အချစ်ကို မကိုးကွယ်ပါနဲ့ 