♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 19 January 2012

ဘုရားပေးတဲ့ဆု - မီးနို

အခုတလောနားထောင်ဖြစ်နေတဲ့သီချင်းလေးပါ အရမ်းကြိုက်တယ် ချစ်သူလေးနားဆင်ဖို့ ပါ

Monday 16 January 2012

ညီမလေးအတွက်♥♥♥♥♥♥

ညီမလေးရေ ဖြစ်ချင်တာနဲ့ 
ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ

ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ
လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ
တန်ဖိုးရှိအောင်နေပါ

ရခဲလှတဲ့လူဘ၀နဲ့ ကြုံခဲလှတဲ့ သာသနာမှာ
အကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေး

လောကဓံဆိုတာ လူလောကမှာ ဒုက္ခတွေလည်း
ကြုံမှာပဲ ဥာဏ်နဲ့ယှဉ်ပြီး အသိပညာကြွယ်စွာ
လျှောက်လှမ်းပါ ညီမလေး

ခေတ်ရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်ခြင်းကို
ခွဲခြားပိုင်းဖြတ်နိုင်ပါစေ
ညီမလေး

အပျော်အပါးလျှော့လို့  လောကအကျိုးသယ်ပိုးနိုင်တဲ့
အမျိုးကောင်းသမီးလေးဖြစ်စေချင်တယ်
ညီမလေး

မလုံမခြုံအ၀တ်အစားဝတ်မှ လှတာမဟုတ်ပါဘူး
ညီမလေးကို ချစ်တဲ့သူကိုမေးကြည့်ပါ
သူဖြေမှာကရိုးသားပြီး မြန်မာဆန်တဲ့
ပုံရိပ်လေးကိုပဲတောင်းတမိမှာပါ
မြန်မာဝတ်စုံလေးကလည်း ညီမလေးကို တမျိုးဆန်းသစ်
လှပကျော့ရှင်းစေမှာပါ ညီမလေး

မိဘတွေ ကျေးဇူးဆပ်နိုင်တဲ့
သမီးလိမ္မာလေးဖြစ်ခွင့်ရအောင်
ကြိုးစားလို့ ဆောင်ရွက်နိုင်ပါစေ
ညီမလေး

မိသားစုထဲစံပြသူလေးလည်းဖြစ် ပတ်ဝန်းကျင်ရဲ့ 
လေးစားရတဲ့သူလေးလည်းဖြစ်ပါစေ
ညီမလေး

ပြဿနာ ကြုံတိုင်း အလွယ်နည်းကို
မသုံးမိပါစေနဲ့  လွယ်လွန်းရင် ပျက်တတ်တယ်
ညီမလေး

မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်ပါစေ
အနောက်တိုင်းရဲ့ လူနေမှုစနစ်ကို အတုယူ
မမှားမိစေနဲ့  ညီမလေး

သူ့ အိုးနဲ့ သူ့ ဆန်တန်ရုံပေါ့
ရတာလေးနဲ့ ရောင့်ရဲတတ်ပါစေ
မမှီတာမှန်းရင် ဘ၀ပျက်တတ်သလို
မိသားစုနဲ့ ဂုဏ်သိက္ခာ ကျတတ်တယ်
ညီမလေး

ရှေ့ ဆက်ရမယ့်အနာဂတ်မှာ
ညီမလေးရင့်ကျက်တည်ငြိမ်စွာ
လျှောက်လှမ်းနိုင်ပြီး လောကီ လောကုတ်
နှစ်ဖြာအကျိုးသယ်ပိုးနိုင်ပြီး
မိသားစုနဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့
မြန်မာ အမျိုးကောင်းသမီးလေး ဖြစ်ပါစေ
ညီမလေး

Saturday 14 January 2012

ပန်းချယ်ရီ အလှ

ချယ်ရီ ရဲ့ အလှကို ခံစားစေရန် တင်ပေးလိုက်ပါတယ် မတင်ဖြစ်သေးရင် မောင်ဘုန်းခဏခဏလာအော်နေလိမ့်မယ် :D ပိုစ့်လဲမရေးဖြစ်တော့ ကိုယ့်ရိုက်ထားတဲ့လက်ရာလေးလဲ ကြွားချင်တာရယ် ဓာတ်ပုံတင်တာ နည်းတာရယ်ကြောင့် တင်လိုက်ပါသည် ချယ်ရီ ပုံလေးတွေတင်တယ်ဆိုတော့ ရာဇ၀င်လေးလဲလမင်းသိသလောက်ရေးလိုက်ပါတယ် ချယ်ရီမျိုးကို ဂျပန်နိုင်ငံက(ပထမ) စစ်ပြီ ချစ်ကြည်ရေးအနေနဲ့ အပင်ပေါင်း(3020 )ပေးတယ် လို့ မှတ်သားဖူးပေမဲ့ ဟဲဟဲ မသေချာမှဆို၍ရှာပြီတင်ပေးလိုက်ပါတယ် In 1912, the people of Japan sent 3,020 cherry trees to the United States as a gift of friendship. First Lady Taft and the Viscountess Chinda, wife of the Japanese Ambassador, planted the first two cherry trees on the northern bank of the Tidal Basin. These two original trees are still standing today near the John Paul Jones statue at the south end of 17th Street. Workmen planted the remainder of the trees around the Tidal Basin and East Potomac Park် ချယ်ရီတည်နေရာက washington Dc မြို့ ထဲမှာပါ လမင်းနေတဲ့နေရာနဲ့ဆို ကားနဲ့ 45 မိနစ်သွားရပါတယ် ပွင့်ချိန်က (april ) လကုန်နဲ့ may ၃ရက်လောက်ဆို နှစ်တိုင်းပွင့်ပါတယ် ကမ္ဘာလှည့်ခရီးသွားအမြှောက်အများ လာရောက်လေ့လာကြပေမဲ့ လမင်းတွေ့ တာတော့ ဂျပန်လူမျိုးအများစုကိုတွေ့ တတ်ပါတယ် ချယ်ရီပွင့်ချိန်မှာ ဂီတပွဲတွေလဲရှိတတ်ပြီ ဂျပန် ရိုးရာအကနဲ့ တီမှုတ်ဖျော်ဖြေကြပေမဲ့ လမင်း မကြည့်ပါ ချယ်ရီတွေပဲဓာတ်ပုံရိုက်ကိုယ်တိုင်းလဲပဲများပေါ့ :P အအေးမကုန်သေး၍ အေးကောင်းတုန်းပါပဲ နွေပွင့်ရင်ကောင်းမယ်လို့ စဉ်းစားဖူးပေမဲ့ တခါတလေတော့လဲ အအေးသက်သာတတ်ပါတယ် သူငယ်ချင်းတို့ ကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော် လာရင်ကြိုပြောပါ ပုန်းနေမလို့ :D ဒီလောက်ဆို မောင်ဘုန်းရော သူငယ်ချင်းများပါကျေနပ်ကောင်းပါရက်နော် အားလုံးသောခုနစ်ရက်သားသမီးအပေါင်းပျော်ရွှင်ကြပါစေ :) အမှားပါရင်သည်းခံပါတတ်လို့ ရေ တာမဟုတ်ပါ ၀ါသနာအရပါ :)

Thursday 12 January 2012

မိန်းကလေးများအတွက် ဆံကေသာပြုပြင်းခြင်းနှင့် လှပခြင်းဆိုင်ရာ

 သူငယ်ချင်းမောင်နှမတို့ ရေ လမင်း အလုပ်လေများနေလို့ ပိုစ့်မရေးဖြစ်တာနဲ့ လွမ်းပိုင်ရှင်ကသူ့ ပိုစ့်လေးတင်ပေးပါဆိုတာနဲ့ အတော်ပဲဖြစ်သွားပါတယ် :) သူ့ ပိုစ့်လေးကမိန်းကလေးအတွက်ဆိုတော့
သူမတင်ချင်လို့ ထင်ပါ့  လမင်းအတွက်တော့ရေဆာနေတာနဲ့ရေတွင်းထဲကျသွားတာပေါ့
ပိုစ့်မတင်ဖြစ်ပေမဲ့  ချယ်ရီပန်းပုံလေးတွေတင်မယ်ပေါ့ မောင်ဘုန်းပြောထားလို့ အခုတော့ဒါလေးပြီမှပဲတင်
တော့မယ်နော် လမင်း မအားတာ ကိုရီးယားရောက်နေလို့ ပါ :P  တကယ်မထင်နဲ့နော်  ရုပ်ရှင်ပါ :D
အားရင်စာမရေးပဲထိုင်ကြည့်နေတာလေ  ကြည့်ရင်နဲ့ ချယ်ရီကိုသတိရလို့ တင်မယ်လုပ်နေတုန်း
တင်စရာလေးရတာရယ် မိန်းကလေးတွေ အတွက်ဖတ်သင့်တယ် ထင်တာရယ်ကြောင့်တင်ပေးလိုက်ပါ၏
 ကဗျာလေးကလဲရေးတတ်ပါပေ  :)  

လှပ ဆွဲဆောင်မှု မျိုးစုံဆိုတာက မိန်းကလေးတွေအတွက် သဘာဝအလှဆိုတာ ရှိပြီးသားပါ။ သူငယ်ချင်း

သိသမျှနည်းနည်းလောက် ပြောပြပါရစေ။ ဆံပင်ဆိုတာ မိန်းကလေးတစ်ယောက်အတွက်

စတိုင်ကျလှပမှုအခန်းကဏ္ဍမှာ အဓိကအားဖြင့် ပါဝင်နေပါတယ်။  ကျွန်တော်ပြောချင်တဲ့ မိန်းမသားတွေ

အလှအပ အတွက်တစ်ခုခုပြုပြင်ဖို့လိုမယ်
ဆိုရင်၊ ထူးခြားသိသာတဲ့ ဆွဲဆောင်မှုတစ်ခုမှာတော့

ဆံပင်အရောင်ပြောင်းလဲခြင်း၊ ဆံပင်ကောက်ခြင်း၊ ဆံပင်ဆံသားပြောင်းလဲခြင်းဆိုတာ
ဟာ

အခြားအရာတွေထက် ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာတစ်ခုပါပဲ။ ဆယ်ကျော်သက်မိန်းကလေးများအတွက်

စိတ်လှုပ်ရှားဖွယ် ဆံပင် အရောင် အသွေးအသစ်တွေက လှပ အသက်ဝင်စေပြီး


အံသြငေးမောစေနိုင်တဲ့ အစွမ်းတွေနဲ့အတူ ကိုယ့်အလှအပအပေါ် ယုံကြည်မှုတွေ တိုးတတ်စေတယ်ဆိုတာ

ဆယ်ကျော်သက် မိန်းကလေးများပင်မက ပုရိသယောက်ျားလေးများပင်သိကြပါ
တယ်။ ဆယ်ကျော်သက်များအနေနဲ့
ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် ပိုလှသွားစေနိုင်တာမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် လူသူအများကြား၌ ထင်းခနဲပိုမိုပေါ်လွင်စေနိုင်သည်


သို့သော် အလှအပအစစ်တော့မဟုတ်ပါ။ ဒါပေမဲ့ လူတစ်ယောက်၏အလှအပနှင့်

အသွင်အပြင်ဆိုတာ ဆံပင်ပြုပြင်ခြင်းနဲ့ အနည်းငယ်ပတ်သက်နေတာလည်း


လူတိုင်းလိုလိုသိထားသင့်သော အချက်တစ်ချက်ဆိုတာလည်း မေ့ထားလို့မရတဲ့

အကြောင်းအရာတစ်ခုထဲမှာ ပါနေတယ်ဆိုတာပါပဲ။ အဓိကသိသင့်သောအချက်မှာ

မိမိကိုယ်ကိုယ်လှပနိုင်ဖို့အတွ
က် ဥပမာ- ဆံသားပြုပြင်ခြင်းကြောင့်

မိမိ၏ သဘာဝတည်မြဲလျှက်ရှိသော ရိုးရှင်းသောအလှအပအား ထိခိုက်ပျက်စီးနိုင်မှု ရှိ/ မရှိသတိထားပါ။


မိမိဆံပင်အရောင်ဆိုးခြင်းသည် အရင်သဘာဝဆံသားထက် လှပလိုက်ဖက်သောပြောင်းလဲမှုမျိုး
ဖြစ်နိုင်မည်လား။

မိမိဆံပင်ကောက်ခြင်းသည် မိမိနဲ့လိုက်ဖက်သော မိမိလိုချင်သော စိတ်ကျေနပ်မှုတစ်စုံတစ်ခုရနိုင်
ရဲ့လား။

မိမိဆံသားပြောင်းလဲခြင်းကြောင့် မိမိပတ်ဝန်းကျင်ရဲ့ ချီးကျူးအားကျမှု၊ ပြစ်တင်ဝေဖန်မှုတွေကို


ခံနိုင်ရဲ့လားဆိုတာတွေကို ဆံပင်ပြုပြင်သူ မိန်းကလေးတိုင်းလိုလို သိထားသင့်သော ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။

ဆံကေသာအလှအပကို နှစ်သက်မြတ်နိုးသောကြောင့် ဤအကြောင်းလေးအားရေးသားခြင်းဖြစ်
ပါသည်။

တကယ်စစ်မှန်သော အလှတရားကို ပိုင်ဆိုင်ခြင်ကြသော မြန်မာအမျိုးသမီးတိုင်း ဆံကေသာထိန်းသိမ်းခြင်းဖြင့်


မိမိတို့၏ သဘာဝအလှအပတွေကို ကိစ္စရပ်အနည်းငယ်ကြောင့် မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းနိုင်ကြပါစေ။
ဝမ်းနည်းမိသော ကိစ္စတစ်ရပ်ကြောင့် ရေးဖြစ်ခဲ့သော ဆောင်းပါးတိုလေးတစ်ပုဒ်ပါ။
အားလုံးကိုလေးစားလျှက် (လွမ်းပိုင်ရှင်)

ကဗျာဆန်တဲ့သူ့ ဟန်
မင်းရဲ့သဏ္ဍာန် ကဗျာဆန်လှတယ်

သဘာဆန်တဲ့ သူတို့အလှ

အတိုအကွဲ ဖရိုဖရဲတွေကြား

ထင်းကနဲမြင်တဲ့ မင်းရဲ့ပုံစံ

ဆံကေသာနက်စင်း တံခွက်ခင်း

ဘယ်ညာပါးကွက်ကြားနဲ့

ဇာခြည်စင် ရင်ဖုံးအင်္ကျီ

လိုက်ဖက်ပါဘိ ချိတ်ထဘီ


ရေကျဲသနပ်ခါး တစ်ကိုယ်လုံးနဲ့

မွှေးလိုက်တဲ့ ရနံ့ စွေးစွေးနီ နှင်းဆီခမ်းနှင့်

ကြူကြူသာတဲ့ စကားသံ ချိုလှပါရဲ့ နားဝင်မှာ

ဆင်မရင်သာ လျှောက်တဲ့မာန်က

တစ်ထွာမက မြင့်မြင့်မားတွေကြား

တပြေးညီ ကတ္တီနဲ့ ၀င့်ဝင့်ကြွား


လျှောက်လမ်းကာ ရှုငြီးဖွယ် ရောင်စုံတွေကြား

သူ့အား နောက်နောင် တွေ့ဘူးဟန်မထင်.......။

      (လွမ်းပိုင်ရှင်)

Monday 9 January 2012

ကျွန်မ မြန်မာပြည်ကို ချစ်ပါတယ် သို့ သော် ♥♥♥♥♥♥





မြန်မာပြည်ကသူငယ်ချင်းတွေစကားပြောလိုက်တာနဲ့ပြောကြပါပြီ
ဘယ်တော့ပြန်မလာမလဲ နင်လဲနေနိုင်တယ်နော် ပျော်နေတယ်ပေါ့
ကိုယ့်နိုင်ငံတောင်သတိမရတော့ဘူးပေါ့ငါတို့ကိုရော နင့်စိတ်ထဲရှိသေးလား
အဲမှာပဲအရိုးထုပ်တော့မလို့လား ဟူးးးးးးးးးးးးးးးးးးးးးးး
မြန်မာပြည်နဲ့ စကားပြောတိုင်းကြားနေကြမေးခွန်းများစွာ  ကျွန်မ ဘယ်လိုပြန်ပြောရမလဲ
ငါ့ရင်ထဲဝင်ကြည့်ကြပါလားလို့ အော်ပြောလိုက်ချင်ပါတယ်
ကျွန်မဒီကိုထွက်လာတာ ကိုယ့်နိုင်ငံကို မချစ်လို့ မဟုတ်သလို သူများနိုင်ငံအထင်ကြီးလို့ လဲ
မဟုတ်ရပါ ပျော်ရာမှာ မနေရ အဆင်ပြေရာသွားရတာပါ သူငယ်ချင်းတွေအနေနဲ့တော့
အကြောင်းပြချက်တွေရှိကြတာပေါ့ ကျွန်မမှာလဲ အကြောင်းပြချက်ဆိုတာ ရှိနေတာပါပဲလေ
အကြောင်းပြချက်တိုင်းဟာ အကြောင်းရင်မဟုတ်တော့ ကျွန်မ မပြောတော့ပါ
သေချာတာက ကျွန်မဟာ မိသားစုအပေါ်နဲ့ တိုင်းပြည် လူမျိုးအပေါ်သံယောဇဉ် အရမ်းကြီးတဲ့သူတစ်ယောက်ပါ
ဘယ်သူမှ အခုလို တိုင်းတစ်ပါးကို သွားလိမ့်မယ်လို့ မထင်ထားကြသလို တွေးဖူးမယ်တောင်မထင်ပါ ကျွန်မကိုယ်
တိုင်းလဲ တခါမှမတွေးခဲ့ဖူးပါ မြန်မာပြည်တောင် ရန်ကုန်လိုမြို့ပြတွေထက် တောမြို့လို့ နယ်လေးတွေမှာပဲ
ပျော်တတ်တဲ့ ကျွန်မပါ အဲလို လူတစ်ယောက်ကနိုင်ငံကြီးလိုနေရာမျိုးမှာဘယ်လို ပျော်နိုင်မှာလဲ
မိသားစုကြောင့် အကြောင်းကြောင်းတွေကြောင့်သာ ကျွန်မ ဒီလမ်းရွေးခဲ့တာပါ  ပျော်လားဆို ရင်အမှန်ပြောတာပါလုံးဝမပျော်ပါ အဆင်ပြေလာဆိုရင်တော့ အရမ်းကို အဆင်ပြေပါတယ်
မိသားစုတွေ ဆွေမျိုးတွေ သူငယ်ချင်းတို့ နဲ့ ဝေးနေရတာဘယ်ပျော်ပါမလဲ ဒါပေမဲ့ စိတ်ချမ်းသာရပါတယ်
နှိုင်းယှဉ်တာတော့မဟုတ်ပါ ကွာခြားချက်လေးကိုပြောပြချင်တာပါ
မြန်မာပြည်မှာ အလုပ်ရှာရတာခက်သလို ရတဲ့လစာကလဲ မိသားစု တစ်စု မပြောပါနဲ့ ကိုယ့်အသုံးစရိတ်တောင်
လောက်ငအောင် မသုံးနိုင်ပါ ချွေးတာသုံးတတ်မှာ လကုန်ရင် အဆင်ပြေတာပါ
အစစ အရာရာ ကွာခြားနေတဲ့ ကျွန်မတို့ နိုင်ငံမှာ ကျွန်မမိသားစု အတွက် ဘာအလုပ်လုပ်ရပါ့မလဲနော်
အခွင့်အရေးလေး ကိုယ့်လက်ထဲရောက်လာတာကို ကျွန်မလက်လွတ်လိုက်ရင် ကျွန်မလောက်မိုက်မဲတဲ့
သူရှိပါအုံးမလား ရောက်စ ကျွန်မ လုံးဝကို မပျော်သလို နိုင်ငံကြီးရောက်လို့ လဲ အထင်မကြီးပါ
ကိုယ့်တိုင်းပြည်ကိုပဲလွမ်းတဲ့စိတ်နဲ့ ငါ့ သုံးနှစ်လောက်တော့ ကြိုးစားလိုက်မယ် ပိုက်ဆံစုပြီ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံလေးမှာပဲအခြေချ
စီးပွားရေးတခုခုလုပ်မယ်စိတ်ကူးနဲ့ အိမ်လွမ်းစိတ်ကို မေ့လို့ ကြိုးစားလာလိုက်တာ (၄) နှစ်ကျော်လို့ (၅)ထဲရောက်နေပါပြီ  နေလာတာကြာလာတာနဲ့ အမျှ ကွာခြားချက်တွေ ကိုသိလာခဲ့တယ် လူအခွင့်အရေး
နေထိုင်မှုစနစ်. ၊ပတ်ဝန်းကျင်သန့်ရှင်းမှု  တွေက အတော်လေးကို ကွာဟနေတာသိလိုက်ရပါတယ် ဒီလိုပြောလို့ ကိုယ့်နိုင်ငံကို နှိမ်တာ မဟုတ်ရပါ   နိုင်ငံနဲ့ လဲ မဆိုင်ဘူးလို့ လဲ ကျွန်မထင်ပါတယ် လူတွေရဲ
့အကျင့်စရိုက်တွေကွာခြားချက်ကြောင့်ထင်တယ် ကျွန်မစရောက်ချိန်ကပါလာတဲ့မကောင်းတဲ့အကျင့်လေးပေါ့ သကြားလုံးစားပြီအခွံကို ဘယ်ပစ်ရမလဲမသိတာနဲ့ အမှိုက်


မပစ်ရဘူးဆိုတာလဲသိထားတော့ လူမတွေ့ အောင် အသာလေးချထားခဲ့လိုက်မိတယ် ဒါကလဲ
အကျင့်ပါနေလို့ ထင်ပ:)  ရှေ့နားရောက်တော့ ကလေးငယ်တစ်ယောက် အသက်အားဖြင့် ၈နှစ်လောက်ပေါ့
သူ့ လက်ထဲကအမှိုက်သေးလေးတခုကို အမှိုက်ပုံရှိရာကိုသေချာထည့်လိုက်တယ် ဖြစ်ချင်တော့ လေတိုက်နေလို့ သူ့ အမှိုက်လေး
လေထဲလွင့်သွားတယ် ဒါပေမဲ့ သူ ဒီတိုင်းမထားခဲ့ပါဘူး လိုက်ကောက်ပြီပြန်ထည့်လိုက်တာ ကျွန်မတွေ့ လိုက်တယ်
ကိုယ့်ကိုကိုယ် အရမ်းရှက်မိသွားတယ် ကလေးတစ်ယောက်ကပေးတဲ့သင်ခန်းစာပေါ့ ဒါနဲ့ ကျွန်မလဲ
ကိုယ့်ပစ်ခဲ့တဲ့အမှိုက်လေးနဲ့ မလှမ်းမကမ်းမှာဆိုတော့ ပြန်သွားကောက်ပြီ ရှေ့နားကအမှိုက်ပုံထဲ သေချာထည့်လိုက်ပါတော့တယ် :)
စည်းကမ်းကိုပြောချင်တာပါ အမှိုက်မပစ်ရ ဒဏ်ငွေ ဘယ်လောက်ဆိုတဲ့ စာတမ်းတွေကျွန်မ မတွေ့ ပါ
ဘယ်နေရာမှလဲမရှိပါ  နောက်တခု ပန်းမခူးရဆိုတာလဲ ကျွန်မ မတွေ့ မိပါ
ဒါပေမဲ့ ဘယ်သူမှ ပန်းကို မခူးကြပါ ဒီမှာအေးတဲ့အချိန်ပဲ ပန်းမရှိပေမဲ့ နွေးစ၀င်ပြီဆို လ အလိုက့်
ပန်းပေါင်းစုံပွင့်တတ်ပါတယ် မြန်မာ မိန်းကလေးပီပီ ပန်းမြင်တော့ခူးချင်စိတ် ဖြစ်မိပါတယ် နှင်းဆီပန်းတွေဆို အ၇မ်းလှတာပါ
ခူးမယ်စိတ်ကူးလိုက်တယ် ရှေ့နားကသားအမိနှစ်ယောက်ရဲ့ ပြဿနာကို ကြည့်ပြီ ကျွန်မ ဒုတိယမိ ရှက်မိပါတယ်
သားလေးက အမေနဲ့ အဆင်ပြေပုံမရတာနဲ့ ဘာဖြစ်ကြလဲတော့သေချာမသိပေမဲ့ ကလေးက စိတ်ဆိုးပြီ
အနီးနားက ပန်းပင်လေးကိုခြေထောက်နဲ့ ကန်လိုက်တယ် ဒါကို အမေကတွေ့ တော့ ဒဏ်ပေးတယ်
ဒီပန်းပင်နားကအမှိုက်ကို ကုန်အောင်ကောက်ရမယ်တဲ့ အများပိုင်လမ်းမှာပါ ကလေးကလဲသူ့ အပြစ်နဲ့သူဆိုတော့ ကောက်နေပါတယ် ကျွန်မ ဈေးဝယ် ပြီအထွက်တောင်သူပျော်ပျော်နဲ့ ကောက်နေပါတယ် ကျွန်မလဲကလေးကို
ချစ်တာနဲ့ အနားသွားပြီ ဘာလုပ်နေတာလဲမေးတော့ဒဏ်ပေးခံနေတာတဲ့ ကလေးကကျွန်မကိုတွေ့ မိမယ်


မထင်ပါဘူး သူ့ ပြဿနာအစအဆုံး ကျွန်မမြင်တယ်ဆိုတာကိုပေါ့ ဒါနဲ့ ကျွန်မက ပန်းလေးတစ်ပွင့်လောက်
ပေးလို့ ရမလားဆိုတော့ ဘယ်သူမှမခူးဘူး သူမှလဲမခူးပါဘူးတဲ့ ကျွန်မကလဲ ဒါနင့်စိုက်ထားတာလားလို


့မေးတော့ခေါင်းလေးရမ်းပြပါတယ် နင့်စိုက်တာမဟုတ်တာ ငါ့ကို မပေးနိုင်ဘူးလားမေးတော့
သူစိုက်တာမဟုတ်လို့ ကိုသူ မခူးတာပါတဲ့ ကျွန်မလဲ အတော်လေးကို အံ့သြမိသလိုလေးစားမိပါတယ် အခုပြောသွားတာတွေက ကလေးပါ အများဆုံးရှိ( ၉) နှစ်ပေါ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်လေးတွေဟာ ကလေးနှစ်ယောက်ကြောင့် စည်းကမ်းရှိလို့ 
နိုင်ငံကြီးသားပီသနေပါပြီပေါ့  :Dကျွန်မပြောချင်တာက နိုင်ငံတစ်နိုင်ငံကောင်းဖို့ ဆိုတာ အုပ်ချုပ်သူနဲ့ 


ဆိုင်သလိုပြည်သူတွေနဲ့ လဲ အများကြီးသက်ဆိုင်ပါတယ် ကျွန်မတို့ လူမျိုးတွေမှာချစ်စရာကောင်းတဲ့အလေ့အကျင့်ကောင်းတွေ အများကြီးရှိပါတယ် စည်းကမ်းပိုင်တော့ အရမ်းကို လိုအပ်နေပါသေးတယ် အကျင့်သိက္ခာပိုင်တွေ
စည်းလုံးမှုတွေ အတော်လေးကို လိုအပ်နေတာသိလိုက်ရပါတယ် ကိုယ်နိုင်ငံမှာပဲကြီးပြင်လာတော့
မသိသာပေမဲ့ သူများနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်တော့ကွာဟချက်ပေါင်းများစွာနဲ့ ပါ 
လမ်းဘေးကွမ်းတံ တွေး တွေသလိပ်တွေ နှပ်ချေးတွေ ခွေးချေးတွေ ရင်ကောင်း ခြင်းတွေ ပိုဟပ် ဂျပိုး ကြွက်


နဲ့ ကျွန်မဝေးကွာနေတာကြာနေတော့
ကျွန်မခန္ဓာကိုယ်ကတောင်းသိနေပြီထင်ပါ့တယ် လမ်းဘေးအမှိုက်ပုံတွေ ကွမ်းတံတွေးတွေ ဟာကျွန်မတို့ နိုင်ငံအတွက်
ရုပ်ဆိုး အကြီးတန်စေခဲ့ပါတယ် သာသနာထွန်းကားနေတဲ့နိုင်ငံမှာ အရက်ဆိုင်ပေါင်းများစွာနဲ့ ဗုဒ္ဓဘာသာလူမျိုးတွေမှာ လိမ်ညာမှုတွေ ကွက်ကျော်ရိုက်ချက်တွေ ဦးသူစားကြေးဆိုတာတွေက
ထမင်းစားရေသောက်လောက်ကို ဖြစ်နေကြတဲ့ ကျွန်မတို့ လူမျိုးတွေအတွက် စိတ်မကောင်းပေမဲ့ ကျွန်မ ဘာမှမတတ်နိုင်ပါကျွန်မကိုယ်တိုင်းကစလို့ တစ်ယောက်ချင် ပြုပြင်မှသာ တိုင်းပြည် ကြီးသာယာဝဖြိုး
အေးချမ်းသန့်ရှင်းနိုင်မှာပါအရာရာနောက်ကျနေပြီ နိမ့်ကျနေတဲကျွန်မတို့ နိုင်ငံလေးကို တိုးတက် စေချင်ပေမဲ့ ဆရာတော်တပါးမိန့်ဖူးတယ်


လူဆိုတာ သူ့ ကံနဲ့ သူလာကြတာပါတဲ့  မနေနိုင်တဲ့သူတွေကံကောင်းတဲ့သူတွေကတော့ သန့်ရှင်းပြီး
အခွင့်အရေးရတဲ့နိုင်ငံတွေလိုမှာပဲ သွားရောက်လုပ်ခိုင်းစားသောက်ကြရပါတယ်တဲ့ ဒါဆို မြန်မာပြည်မှာ
ကျန်နေခဲ့တဲ့သူတွေက ??  
နောက်ဆုံးကျွန်မပြောချင်တာက ကျွန်မ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အရမ်းချစ်ပါတယ်
မေးကြည့်ပါ တိုင်းတပါးရောက်နေကြတဲ့ရွှေမြန်မာများကို ကျွန်မနည်းတူပဲဖြေကြမှာပါ
ချစ်ပါတယ်သို့သော် ဆိုတာနဲ့ ပဲ အဆုံးသက်လိုက်ပါတော့မယ်ကွာခြားမှုတွေကတော့အများကြီးရှိပါသေးတယ် သို့သော် ဆက်ရန် :D

ကျွန်မမြန်မာလူမျိုးပါ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို  ကိုယ့်လူမျိုး


ကိုချစ်ပါတယ် တနေ့ ကျွန်မ မြန်မာပြည်ကို ပြန်လာမှာပါ သို့ သော် သို့ သော် :(