♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 5 November 2011

စပ်မိစပ်ရာများ♥♥♥

လမင်းဘာလုပ်နေလဲ လို့ မေးနေကြတဲ့သူငယ်ချင်းတို့ ကို ပြန်ပြောတတ်တာက မအားလို့ ပါ ဆင်ခြေပေါ့နော်
တကယ်တော့ လမင်းစိတ်တွေရှုပ်ထွေးနေလို့ စာမရေးဖြစ်တာပါ။
 ဘာတွေများစိတ်ရှုပ်ထွေးစရာများ
ရှိမလဲပေါ့ ပြောစရာတော့ရှိတာပေါ့နော် ဘာလို့ လဲဆိုတော့လမင်းက ပျော်ပျော်နေ
တတ်တာလေ ဘာမှဂရုမစိုက်ဘူး အမြဲစပ်ဖြဲဖြဲနေတတ်တာ နင့်က စိတ်ညစ်စရာစိတ်ရှုပ်စရာရှိတယ် ဆိုလို့ 
အံ့သြနေတာတဲ့  လမင်းလည်းလူပဲလေ စိတ်ရှိတော့ ရှုပ်စရာလဲရှိတာပေါ့နော်။
ဟီဟီ  ဘာတွေများလဲလို့ သိချင်ကြမယ်ထင်တယ် ပြောလိုက်ရင်တော့ အရင်ဆုံး လမင်းကို အပြစ်တင်မဲ့ သူကတော့


Thursday 3 November 2011

တမ်းတမိတယ် မေမေရယ်♥♥♥♥

တမ်းတမိတယ်
တစ်ချိန်က စိမ်းစိုနေတဲ့ ရွာငယ်လေးရယ် 
. အိမ်အိုလေးနဲ့ ဆီမပြည့်တဲ့ မီးခွက်ငယ်ရယ်.
. အဟာရ မပြည့်စုံတဲ့ ထမင်းဝိုင်း နဲ့ 
မေတ္တာတွေ လွှမ်းခြုံနေတဲ့ မေမေ့ ရင်ခွင်..
. ရည်မှန်းချက်ကြောင့် အေးမြတဲ့ မေမေ့ရင်ခွင်နဲ့ 
့ဝေးနေပေမဲ့ လွမ်းဆွတ် တမ်းတမိတယ် မေမေရယ်..
ရည်မှန်းချက်တွေ ပြည့်တဲ့ နေ့ 
မေမေ့ရင်ခွင်ထဲ ပြေးလို့ ခိုလှုံချင်ပြီ..

Sunday 30 October 2011

ကောင်လေးနဲ့ ကျွန်မ ^^^^^^^^

တည်ငြိမ်အောင်ကြိုးစားနေတဲ့
ငါ့ ဘ၀ထဲကို မလာပါနဲ့ 
ငါ နောက်ထပ်အချစ်ဆိုတာကို ကြောက်ရွံ့ နေလို့ ပါ..
မခံစားချင်တော့တဲ့ ငါ့ကို ခံစားမှုတွေ ထပ်မပေးချင်းပါနဲ့တော့
ငါဘ၀လေမှာ နင်ကိုလိုအပ်နေတာတော့
ငါဝန်ခံပါတယ်