♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 29 December 2011

တမ်းတမိတယ် ကံ့ကော်ရယ်♥♥♥♥♥♥


ကံ့ကော်တဲ့ အမည်ရဲ့ ဆန်းသစ်ပြီ
ပုံသဏ္ဌာန်မှာ ချစ်စဖွယ်ရယ်
နှစ်ရောင်ရောယှက်၍
အနံ့ ရယ်မွေးကြူပြီ
သနပ်ခါးနဲ့ ရောကာ လိမ်း၍
လေလာရာ သူ့ ရနံ့ ရယ်
မေ့နိုင်မယ် မထင်ပါ
နွေဦးနဲ့ အပြိုင်လှနေတတ်တဲ့
သူသတင်း သူ့ ရနံ့ 
ဖြူစင်ခြင်းသဘောဆောင်၍
နန်းစံခြင်း အသွင်ကိုပြနေတဲ့
ကံ့ကော်လေးရယ်
ရွှေမြန်မာပြည်ရဲ့ ဂုဏ်သတင်းကို
ဆောင်နေလေရော့သလား
ခွဲခွာခဲ့တာ နှစ်တွေကြာပေမဲ့
လွမ်းဆွတ်တမ်းတဆဲပါ
ပန်းကံ့ကော်.......................

                အရမ်းကြိုက်တဲ့ပန်းလေးပါ စိတ်ထဲတမ်းတမိလို့ ရေးချလိုက်သည်