♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 3 November 2011

တမ်းတမိတယ် မေမေရယ်♥♥♥♥

တမ်းတမိတယ်
တစ်ချိန်က စိမ်းစိုနေတဲ့ ရွာငယ်လေးရယ် 
. အိမ်အိုလေးနဲ့ ဆီမပြည့်တဲ့ မီးခွက်ငယ်ရယ်.
. အဟာရ မပြည့်စုံတဲ့ ထမင်းဝိုင်း နဲ့ 
မေတ္တာတွေ လွှမ်းခြုံနေတဲ့ မေမေ့ ရင်ခွင်..
. ရည်မှန်းချက်ကြောင့် အေးမြတဲ့ မေမေ့ရင်ခွင်နဲ့ 
့ဝေးနေပေမဲ့ လွမ်းဆွတ် တမ်းတမိတယ် မေမေရယ်..
ရည်မှန်းချက်တွေ ပြည့်တဲ့ နေ့ 
မေမေ့ရင်ခွင်ထဲ ပြေးလို့ ခိုလှုံချင်ပြီ..

 
သမီး ကျင်လည်ခဲ့တဲ့
.  ပတ်ဝန်းကျင်နဲ့  ကွာခြားနေလေရဲ့ မေမေရယ်.
. ကြားနေရတဲ့ စကား ဂုဏ်ဒြပ် တွေ အကြောင်း 
မေတ္တာ တရားတွေခမ်းခြောက်နေတဲ့ လူတစ်စု တွေကြား
သမီးမပျော်ဘူး မေမေ...
ရိုးသားမှုတွေ ပျောက်ရှ ဂရုဏာ တရားတွေကင်းပျောက်
သိက္ခာ ကို ငွေနဲ့ လဲ 
ကိုယ်ကျင့်တရားကို ရောင်းစား နေကြတဲ့ 
လူတစ်ချို့ လည်းရှိလေရဲ့ မေမေ
သမီးကျင်လည်ခဲ့ တဲ့ ပတ်ဝန်းကျင်နဲ့ 
ပြဒါးတစ်လမ်း သံတစ်လမ်းပေါ့ မေမေ 
ရောင်စုံ လူတွေကြားမှ ဘ၀ကို ကြိုးစားလို့  
တနေ့ မေမေ့ မေတ္တာရိပ်ကို ခိုလှုံဖို့
သမီး ပြန်လာခဲ့မယ်မေမေ                                                                 3. 11. 2011 လမင်းငယ်