♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 1 October 2011

အချစ်ကို မလှည့်စားနဲ့ ကောင်လေး >>>>

ကောင်လေး နင်အချစ်ကို
မလှည့်စားချင်ပါနဲ့
အချစ်ကနင် ငယ်ငယ်က ကစားခဲ့တဲ့
အရုပ်မဟုတ်ဘူး...

အချစ်မှာ အတ္တ တွေ မာနတွေ ဂုဏ်သိက္ခာ တွေရှိတယ်.....

ပတ်ဝန်းကျင်တွေ သံယောဇဉ်တွေ စိတ်တွေ
အချိန်တွေ နှလုံးသားတွေ အသိဥာဏ်တွေ

ပြောလို့ မကုန်အောင် များတယ် ကောင်လေး......

အချစ်ကနင့်ကို ပြန်ကစားခဲ့ ရင် ကောင်လေး ....

နင်ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး အချစ်ကိုလျှော့မတွက်ပါနဲ့ ...
တနေ့ နင့်ရင်ထဲကို အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာခဲ့ရင် ....

ကောင်လေး နင်ခံနိုင်မှာမဟုတ်ဘူး အချစ်ကလှည့်စားတတ်တယ်
နင်အချစ်ကို မလှည့်စားပါနဲ့ .............


ကောင်လေး ငါနင့် ကို မခံစားစေချင်ဘူး...........
နင်ချစ်တတ်လာတဲ့ တနေ့ အချစ်က နင့်ကိုညှာမှာ မဟုတ်ဘူး.....

ငါနင့်ကို သတိပေးလိုက်မယ် အချစ်ကနင်လှည့်စားဖို့ မဟုတ်ဘူးဆိုတာ...............
ဘယ်တော့မှာ မမေ့ပါနဲ့ 