သူငယ်ချင်းတို့ရေး လမင်း အလုပ်ချိန် နားနေရင် အတွေးလေးရလို့ ဒီပိုစ့်လေး ရေးဖြစ်တာပါ........
နားချိန်တောင် ကောင်းကောင်းမရလိုက်ပါဘူး ဟီဟီ သနားမလားလို့ပြောကြည့်တာပါ..
မသနားလည်းရပါတယ် လမင်းစာလေးဖတ်လို့ အကျိုးရှိတယ် အသိတစ်ခုရရင်ပဲ ကျေနပ်ပါတယ်..........
အချိန်သုံးနည်း သုံးမျိုးရှိပါတယ်.....
(၁) အချိန်ကို သုံးတာ...
(၂)အချိန်ကို ဖြုန်းတာ ..
(၃) အချိန် ဆုံးတာ လို့သုံးမျိုးရှိတယ်လို့ လမင်းဖတ်ဖူးပါတယ်.........
လမင်းတို့ အချိန်ကို ဘယ်လို တန်ဖိုးရှိအောင် သုံးမလဲ လမင်းရေးကြည့်မယ်နော်
အချိန်ကို တန်ဖိုးထားပါ အကျိုးရှိတာ တစ်ခုခု လုပ်ပါ ငါ ဖြတ်သန်း လာတဲ့ သက်တန် တစ်လျှောက်ဘာလုပ်ပြီးပြီလဲ.....

....
ငါ အတွက် ငါ့ မိသားစု အတွက် အများအတွက် သာသနာအတွက် လူမျိုး ဘာသာ ရေးရင်တော့စာရှည်မှ ဆိုလို့ ပါ...
သူငယ်ချင်းတို့ ပဲဆက် တွေးပေးပါ ....
အခုလုပ်နေတဲ့ အလုပ် အပေါ်မှာ ကျေနပ်မူရှိရက်လား စေတနာထားလုပ်ဖူးလား သွားရင်လာရင်ရော ဘာတွေ အကျိုးရှိအောင်
လုပ်ဖူးလဲ.. ကုန်ဆုံးခဲ့ တဲ့ အချိန်တွေမှာ ရောကျေနပ်မူရှိရက်လား ...လမင်း အမေးလေးတွေပဲရေးသွားပါတယ် ဘာလို့လဲဆိုတော့
လမင်းနဲ့ သိတဲ့ တက်တဲ့ သူတွေအများကြီးရှိနေလို့ပါ သတိပေးတဲ့ အနေနဲ့ပဲ ရေးတာပါ........
ဆရာလုပ်ချင်မဟုက်ပါ စေတနာလေးနဲ့ လမင်းရေးတာပါ နားလည်ပေးစေချင်ပါတယ်...
အချိန်ကို ဖြုန်းတာတော့ မလုပ်စေချင်ပါဘူး အခုခေတ်ဆို အင်တာနက်ခေတ် ဆိုတော့ (ချက်တင်) တို့ ( ချက်ဘောက်)
တို့မှ ပဲအချိန်မဖြုန်းစေချင်ဘူး ဆိုဒ်တွေ ထဲဝင်ရင်လည်း ဗဟုသုတ ရမဲ့ စာမျိုးတွေ နည်းပညာ တွေ လေ့လာ ရင်ကောင်းတာပေါ့နော်..
အင်တာနက်သုံးတာ အကျိုးရှိ အောင်လုပ်ရင် အများကြီးပါ ဒါပေမဲ့ လမင်းတွေ့ နေကြတယ် အခုခေတ် လူငယ်တွေ ကြူဖို့လောက်ပဲ..
အချိန်ကို ဖြုန်းနေသလိုပဲ မိဘအတွက် အချိန်ပေးပါ အဘိုးအဘွားအတွက် အချိန်ပေးပါ.. အကျိုးရှိတဲ့နေရာမှာ သုံးစေချင်ပါတယ်...
အသက်လေးရလာရင် အချိန်တွေ ဆုံးသွားတာကို နောင်တမရစေချင်လို့ပါ... လူဘ၀ရခဲ လှလို့ အချိန်ကို မဆုံးစေချင်ပါဘူးရှင်......
အနည်းဆုံး တနေ့ကို တရားတစ်ပုဒ်လောက်နားယူနိုင်ရင် ကောင်းတဲ့ အကျင့်လေးရတာပေါ့ နော် တရားအသိလေးရှိလာရင်
လောကဓံရဲ့ အနိမ့် အမြင့်ကို တည်ငြိမ်အေးချမ်းစွား ဖြတ်သန်း နိုင်ပါတယ် ကိုယ်လုပ်ခဲ့ တဲ့ အချိန်တွေမှာ တန်ဖိုးရှိတာလုပ်တာရင်
ရင့်ကျက်စွာ ဖြတ်သန်း နိုင်ပါတယ် စာများများဖတ်ပါ အကျိုးရှိမဲ့ စာ ဗဟုသုတရမယ် စာ မျိုးပေါ့..
အချိန်ကို အကျိုးရှိအောင် သုံးပါ မဖြုန်းပါနဲ့ မဆုံးပါစေနဲ့လို့ လမင်း ဒီပို့စ်လေးကနေ သတိပေးလိုက်ပါတယ်....
ကိုယ့်ကိုကိုယ် ဆုံးမရင် သူငယ်ချင်းတို့ ကိုမျှဝေပေးလိုက်ပါတယ်..........
အားလုံးကို ကျေးဇူးတင်ပါတယ်.........