♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Monday 7 November 2011

လေလိုင်းပေါ်ကသံယောဇဉ်♥♥♥

သံယောဇဉ်ဆိုတာကလဲ ခက်သားလား တွယ်မိတွယ်ရာခင်မိခရင်ရာပေါ့ ခင်ရာဆွေးမျိုးမလား
လမင်းအရမ်းကို စိတ်ညစ်နေတဲ့အချိန် အထီးကျန်နေတဲ့အချိန်မှာ လူနစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့တယ်
အရမ်းခင်ဖို့ ကောင်းကြတယ် တစ်နေရာဆီဆိုပေမဲ့ မိတ်ဆွေရင်တွေလိုငယ်သူငယ်ချင်းေ
တွလို ခင်မင်ကြပြီ
တစ်ယောက်ခံစားချက်တစ်ယောက်ရင်ဖွ
င့်လို့ တစ်ယောက်တစ်လှည့်အားပေးနှစ်သိ့မ့်ရင်ခံးစားမျှဝေပေးကြတာပေါ့
ပထမဆုံး လမင်း အကိုကြီးနဲ့မိတ်ဆက်ပေးမယ်နော် သူနာမည်က( နေမင်း)တဲ့ သဘောကောင်းတယ်တယ် ညီမတွေကိုလည်း



အလိုလိုက်တယ် အမြဲပြုံးနေတတ်တယ် ညီမနှစ်ယောက်ရစ်သမျှကို အခံရဆုံးပေါ့  အကိုကြီးအကြောင်းပြောပြမယ်နော်
အခုမလေးရှားမှာနေတယ် မလေးလာတာ မိန်းမယူဖို့ တဲ့ ဟီဟီ  သူ့ ကောင်မလေးက ရန်ကုန်မှ လိုတာကိုပို့ပေး
သူတို့နေဖို့ အိမ်လေးတစ်လုံးဝယ်ထားပြီ သူ့ စိတ်ကူးနဲ့သူတော့ဟုတ်နေတာပေါ့ ဟဲဟဲ နောက်ပိုင်တော့ကောင်မလေးက
အတွေ့ မခံတော့ဘူးတဲ့ နောက်ထပ်ရည်းစားရနေပြီတဲ့ သနားဖို့ကောင်းပေမဲ့ ညံ့လို့ ခံရတာ ဟီဟီ အသည်းကွဲနေတဲ့အချိန်ပေါ့ ။
 (လမင်းငယ်) တဲ့ ဟီဟီ သူလေးကတော့ သဘောကောင်းရုပ်ချော စိတ်ထားလေကဖြူ :Pစိတ်ကောက်တတ်တာနဲ့ ရစ်တတ်တာကလွဲလို့ပေါ့  သူကလည်း
ဒဏ်ရာတွေနဲ့ပါ အသည်းကွဲထားတာလတ်လတ်ဆတ်ဆတ်လေးပါ အွန်လိုင်းအချစ်ပေါ့ စိတ်ကူးယဉ်ဆန်တယ်နော်
ဒါပေမဲ့အလူးအလဲခံလိုက်ရတာ ဒဏ်ရာလေးကကျက်နေလောက်ပါပြီလေ ဒဏ်ရာအသစ်မဖြစ်အောင်တော့ သတိထားနေပါတယ်။
(ကြယ်စင်) သူကတော့ သနားတတ်တယ် သဘောကောင်းတယ် လမင်းကိုအရမ်းချစ်တာ သူလည်းဒဏ်ရာနဲ့ပဲနော်
သူနဲ့ လမင်းက စိတ်သဘောထားတူတယ် ခံစားချက်လည်း တူအွန်လိုင်းမှာလူညာလူရှုပ်တစ်ယောက်နဲ့ တွေ့ ပြီအခုအသည်းကွဲနေတာလေ အဲတော့လမင်းတို့ သုံးယောက်ဆုံးဖြတ်လိုက်ကြတယ်။
 နောက်ထပ်ဘယ်သူမှ ရည်းစားမထားကြေး သုံးယောက်လုံးသဘောတူကြတယ် ကိုယ့်ချစ်တဲ့သူတွေ့ ရင်လည်းကျန်နစ်ယောက်ကသဘောတူတဲ့
သူဖြစ်ရမယ် မသိအောင်ခိုးထားလို့ သိရင်ပိုးစိုးပက်ဆက်ပြောကြေး မောင်နှမစရင်းကထုတ်ခံရမယ်လို့
သဘောတူထားလိုက်ကြတယ်။
အခုဆို လမင်းတို့ မောင်နှမသုံးယောက် အရမ်းကိုခင်ကြပြီ ပျော်ရွှင်နေကြပါတယ်။
 တစ်ယောက်ခြင်းရဲ့ အကျင့်စရိုက်လေးတွေကတော့ (၁) အကိုကြီးက ပွစီပွစီနဲ့ ဆူတတ်တယ် နည်းပညာလေ့လာရတာဝါသနာပါတယ် သူလုပ်ချင်တာများလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ညီမနှစ်ယောက်ကို
လည်းမေ့နေတတ်တယ်။ သဘောကတော့ကောင်းသလာမမေးနဲ့ ထိပ်တောင်ပြောင်နေပြီ :P
မမကြယ်စင်ကတော့ သနားတတ်တယ် အယုံလွယ်တယ် ငိုတတ်တယ် သီချင်းနားထောင်တာဝါသနာပါတယ်
ကဗျာရေးတာအရမ်းကောင်းတယ် ။
လမင်းငယ်ကတော့ အငယ်ဆုံးဆိုတော့ အကိုနဲ့အစ်မကိုချွဲနေရတာပေါ့ စိတ်ခဏခဏကောက်တတ်တယ်
အကို အစ်မတွေချော့တာကိုကြိုက်လို့ ကောက်ချင်လို့တော့မဟုတ်နော်:P စိတ်တိုတတ်တယ်ဒေါသလည်းထွက်တယ်
စိတ်ကြီးတယ်။  ကဗျာမဟုတ် ရသမမြှောက်စာတွေရေးတတ်တယ်။ အခုတော့ဒုက္ခရောက်နေတာပေါ့ရှ
င်
ကောင်လေးတော့သနားပါတယ် အကိုတွေအစ်မတွေက ရည်းစားမထားရဘူးဆိုတော့လေ :P
လမင်းတို့ မောင်နှမသုံးယောက်အကြောင်းအနည်
းငယ်လေးပါ။  လေလိုင်းပေါ်ကသံယောဇဉ်ပေါ့ အရမ်းကိုချစ်ခင်ကြတာတကယ်မောင်နှမအရင်းအချာတွေလို သံယောဇဉ်ဖြစ်နေကြတာပါ လမင်းလည်းအကို အစ်မ
တွေနဲ့ပျော်နေရပါတယ် စိတ်ညစ်စရာလေးတွေမေ့ထားလိုက်တော
့တယ် အကိုအစ်မတွေကလည်းလမင်းစိတ်ညစ်တာကို
မကြိုက်ကြလို့ လေ အမြဲပြုံးနေတတ်ပါပြီလို့  အွန်လိုင်းလေးရယ် ကျေးဇူးပါကွယ်၊
                 7. 11 .2011           လမင်းငယ်