♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Monday 9 January 2012

ကျွန်မ မြန်မာပြည်ကို ချစ်ပါတယ် သို့ သော် ♥♥♥♥♥♥





မြန်မာပြည်ကသူငယ်ချင်းတွေစကားပြောလိုက်တာနဲ့ပြောကြပါပြီ
ဘယ်တော့ပြန်မလာမလဲ နင်လဲနေနိုင်တယ်နော် ပျော်နေတယ်ပေါ့
ကိုယ့်နိုင်ငံတောင်သတိမရတော့ဘူးပေါ့ငါတို့ကိုရော နင့်စိတ်ထဲရှိသေးလား
အဲမှာပဲအရိုးထုပ်တော့မလို့လား ဟူးးးးးးးးးးးးးးးးးးးးးးး
မြန်မာပြည်နဲ့ စကားပြောတိုင်းကြားနေကြမေးခွန်းများစွာ  ကျွန်မ ဘယ်လိုပြန်ပြောရမလဲ
ငါ့ရင်ထဲဝင်ကြည့်ကြပါလားလို့ အော်ပြောလိုက်ချင်ပါတယ်
ကျွန်မဒီကိုထွက်လာတာ ကိုယ့်နိုင်ငံကို မချစ်လို့ မဟုတ်သလို သူများနိုင်ငံအထင်ကြီးလို့ လဲ
မဟုတ်ရပါ ပျော်ရာမှာ မနေရ အဆင်ပြေရာသွားရတာပါ သူငယ်ချင်းတွေအနေနဲ့တော့
အကြောင်းပြချက်တွေရှိကြတာပေါ့ ကျွန်မမှာလဲ အကြောင်းပြချက်ဆိုတာ ရှိနေတာပါပဲလေ
အကြောင်းပြချက်တိုင်းဟာ အကြောင်းရင်မဟုတ်တော့ ကျွန်မ မပြောတော့ပါ
သေချာတာက ကျွန်မဟာ မိသားစုအပေါ်နဲ့ တိုင်းပြည် လူမျိုးအပေါ်သံယောဇဉ် အရမ်းကြီးတဲ့သူတစ်ယောက်ပါ
ဘယ်သူမှ အခုလို တိုင်းတစ်ပါးကို သွားလိမ့်မယ်လို့ မထင်ထားကြသလို တွေးဖူးမယ်တောင်မထင်ပါ ကျွန်မကိုယ်
တိုင်းလဲ တခါမှမတွေးခဲ့ဖူးပါ မြန်မာပြည်တောင် ရန်ကုန်လိုမြို့ပြတွေထက် တောမြို့လို့ နယ်လေးတွေမှာပဲ
ပျော်တတ်တဲ့ ကျွန်မပါ အဲလို လူတစ်ယောက်ကနိုင်ငံကြီးလိုနေရာမျိုးမှာဘယ်လို ပျော်နိုင်မှာလဲ
မိသားစုကြောင့် အကြောင်းကြောင်းတွေကြောင့်သာ ကျွန်မ ဒီလမ်းရွေးခဲ့တာပါ  ပျော်လားဆို ရင်အမှန်ပြောတာပါလုံးဝမပျော်ပါ အဆင်ပြေလာဆိုရင်တော့ အရမ်းကို အဆင်ပြေပါတယ်
မိသားစုတွေ ဆွေမျိုးတွေ သူငယ်ချင်းတို့ နဲ့ ဝေးနေရတာဘယ်ပျော်ပါမလဲ ဒါပေမဲ့ စိတ်ချမ်းသာရပါတယ်
နှိုင်းယှဉ်တာတော့မဟုတ်ပါ ကွာခြားချက်လေးကိုပြောပြချင်တာပါ
မြန်မာပြည်မှာ အလုပ်ရှာရတာခက်သလို ရတဲ့လစာကလဲ မိသားစု တစ်စု မပြောပါနဲ့ ကိုယ့်အသုံးစရိတ်တောင်
လောက်ငအောင် မသုံးနိုင်ပါ ချွေးတာသုံးတတ်မှာ လကုန်ရင် အဆင်ပြေတာပါ
အစစ အရာရာ ကွာခြားနေတဲ့ ကျွန်မတို့ နိုင်ငံမှာ ကျွန်မမိသားစု အတွက် ဘာအလုပ်လုပ်ရပါ့မလဲနော်
အခွင့်အရေးလေး ကိုယ့်လက်ထဲရောက်လာတာကို ကျွန်မလက်လွတ်လိုက်ရင် ကျွန်မလောက်မိုက်မဲတဲ့
သူရှိပါအုံးမလား ရောက်စ ကျွန်မ လုံးဝကို မပျော်သလို နိုင်ငံကြီးရောက်လို့ လဲ အထင်မကြီးပါ
ကိုယ့်တိုင်းပြည်ကိုပဲလွမ်းတဲ့စိတ်နဲ့ ငါ့ သုံးနှစ်လောက်တော့ ကြိုးစားလိုက်မယ် ပိုက်ဆံစုပြီ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံလေးမှာပဲအခြေချ
စီးပွားရေးတခုခုလုပ်မယ်စိတ်ကူးနဲ့ အိမ်လွမ်းစိတ်ကို မေ့လို့ ကြိုးစားလာလိုက်တာ (၄) နှစ်ကျော်လို့ (၅)ထဲရောက်နေပါပြီ  နေလာတာကြာလာတာနဲ့ အမျှ ကွာခြားချက်တွေ ကိုသိလာခဲ့တယ် လူအခွင့်အရေး
နေထိုင်မှုစနစ်. ၊ပတ်ဝန်းကျင်သန့်ရှင်းမှု  တွေက အတော်လေးကို ကွာဟနေတာသိလိုက်ရပါတယ် ဒီလိုပြောလို့ ကိုယ့်နိုင်ငံကို နှိမ်တာ မဟုတ်ရပါ   နိုင်ငံနဲ့ လဲ မဆိုင်ဘူးလို့ လဲ ကျွန်မထင်ပါတယ် လူတွေရဲ
့အကျင့်စရိုက်တွေကွာခြားချက်ကြောင့်ထင်တယ် ကျွန်မစရောက်ချိန်ကပါလာတဲ့မကောင်းတဲ့အကျင့်လေးပေါ့ သကြားလုံးစားပြီအခွံကို ဘယ်ပစ်ရမလဲမသိတာနဲ့ အမှိုက်


မပစ်ရဘူးဆိုတာလဲသိထားတော့ လူမတွေ့ အောင် အသာလေးချထားခဲ့လိုက်မိတယ် ဒါကလဲ
အကျင့်ပါနေလို့ ထင်ပ:)  ရှေ့နားရောက်တော့ ကလေးငယ်တစ်ယောက် အသက်အားဖြင့် ၈နှစ်လောက်ပေါ့
သူ့ လက်ထဲကအမှိုက်သေးလေးတခုကို အမှိုက်ပုံရှိရာကိုသေချာထည့်လိုက်တယ် ဖြစ်ချင်တော့ လေတိုက်နေလို့ သူ့ အမှိုက်လေး
လေထဲလွင့်သွားတယ် ဒါပေမဲ့ သူ ဒီတိုင်းမထားခဲ့ပါဘူး လိုက်ကောက်ပြီပြန်ထည့်လိုက်တာ ကျွန်မတွေ့ လိုက်တယ်
ကိုယ့်ကိုကိုယ် အရမ်းရှက်မိသွားတယ် ကလေးတစ်ယောက်ကပေးတဲ့သင်ခန်းစာပေါ့ ဒါနဲ့ ကျွန်မလဲ
ကိုယ့်ပစ်ခဲ့တဲ့အမှိုက်လေးနဲ့ မလှမ်းမကမ်းမှာဆိုတော့ ပြန်သွားကောက်ပြီ ရှေ့နားကအမှိုက်ပုံထဲ သေချာထည့်လိုက်ပါတော့တယ် :)
စည်းကမ်းကိုပြောချင်တာပါ အမှိုက်မပစ်ရ ဒဏ်ငွေ ဘယ်လောက်ဆိုတဲ့ စာတမ်းတွေကျွန်မ မတွေ့ ပါ
ဘယ်နေရာမှလဲမရှိပါ  နောက်တခု ပန်းမခူးရဆိုတာလဲ ကျွန်မ မတွေ့ မိပါ
ဒါပေမဲ့ ဘယ်သူမှ ပန်းကို မခူးကြပါ ဒီမှာအေးတဲ့အချိန်ပဲ ပန်းမရှိပေမဲ့ နွေးစ၀င်ပြီဆို လ အလိုက့်
ပန်းပေါင်းစုံပွင့်တတ်ပါတယ် မြန်မာ မိန်းကလေးပီပီ ပန်းမြင်တော့ခူးချင်စိတ် ဖြစ်မိပါတယ် နှင်းဆီပန်းတွေဆို အ၇မ်းလှတာပါ
ခူးမယ်စိတ်ကူးလိုက်တယ် ရှေ့နားကသားအမိနှစ်ယောက်ရဲ့ ပြဿနာကို ကြည့်ပြီ ကျွန်မ ဒုတိယမိ ရှက်မိပါတယ်
သားလေးက အမေနဲ့ အဆင်ပြေပုံမရတာနဲ့ ဘာဖြစ်ကြလဲတော့သေချာမသိပေမဲ့ ကလေးက စိတ်ဆိုးပြီ
အနီးနားက ပန်းပင်လေးကိုခြေထောက်နဲ့ ကန်လိုက်တယ် ဒါကို အမေကတွေ့ တော့ ဒဏ်ပေးတယ်
ဒီပန်းပင်နားကအမှိုက်ကို ကုန်အောင်ကောက်ရမယ်တဲ့ အများပိုင်လမ်းမှာပါ ကလေးကလဲသူ့ အပြစ်နဲ့သူဆိုတော့ ကောက်နေပါတယ် ကျွန်မ ဈေးဝယ် ပြီအထွက်တောင်သူပျော်ပျော်နဲ့ ကောက်နေပါတယ် ကျွန်မလဲကလေးကို
ချစ်တာနဲ့ အနားသွားပြီ ဘာလုပ်နေတာလဲမေးတော့ဒဏ်ပေးခံနေတာတဲ့ ကလေးကကျွန်မကိုတွေ့ မိမယ်


မထင်ပါဘူး သူ့ ပြဿနာအစအဆုံး ကျွန်မမြင်တယ်ဆိုတာကိုပေါ့ ဒါနဲ့ ကျွန်မက ပန်းလေးတစ်ပွင့်လောက်
ပေးလို့ ရမလားဆိုတော့ ဘယ်သူမှမခူးဘူး သူမှလဲမခူးပါဘူးတဲ့ ကျွန်မကလဲ ဒါနင့်စိုက်ထားတာလားလို


့မေးတော့ခေါင်းလေးရမ်းပြပါတယ် နင့်စိုက်တာမဟုတ်တာ ငါ့ကို မပေးနိုင်ဘူးလားမေးတော့
သူစိုက်တာမဟုတ်လို့ ကိုသူ မခူးတာပါတဲ့ ကျွန်မလဲ အတော်လေးကို အံ့သြမိသလိုလေးစားမိပါတယ် အခုပြောသွားတာတွေက ကလေးပါ အများဆုံးရှိ( ၉) နှစ်ပေါ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်လေးတွေဟာ ကလေးနှစ်ယောက်ကြောင့် စည်းကမ်းရှိလို့ 
နိုင်ငံကြီးသားပီသနေပါပြီပေါ့  :Dကျွန်မပြောချင်တာက နိုင်ငံတစ်နိုင်ငံကောင်းဖို့ ဆိုတာ အုပ်ချုပ်သူနဲ့ 


ဆိုင်သလိုပြည်သူတွေနဲ့ လဲ အများကြီးသက်ဆိုင်ပါတယ် ကျွန်မတို့ လူမျိုးတွေမှာချစ်စရာကောင်းတဲ့အလေ့အကျင့်ကောင်းတွေ အများကြီးရှိပါတယ် စည်းကမ်းပိုင်တော့ အရမ်းကို လိုအပ်နေပါသေးတယ် အကျင့်သိက္ခာပိုင်တွေ
စည်းလုံးမှုတွေ အတော်လေးကို လိုအပ်နေတာသိလိုက်ရပါတယ် ကိုယ်နိုင်ငံမှာပဲကြီးပြင်လာတော့
မသိသာပေမဲ့ သူများနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်တော့ကွာဟချက်ပေါင်းများစွာနဲ့ ပါ 
လမ်းဘေးကွမ်းတံ တွေး တွေသလိပ်တွေ နှပ်ချေးတွေ ခွေးချေးတွေ ရင်ကောင်း ခြင်းတွေ ပိုဟပ် ဂျပိုး ကြွက်


နဲ့ ကျွန်မဝေးကွာနေတာကြာနေတော့
ကျွန်မခန္ဓာကိုယ်ကတောင်းသိနေပြီထင်ပါ့တယ် လမ်းဘေးအမှိုက်ပုံတွေ ကွမ်းတံတွေးတွေ ဟာကျွန်မတို့ နိုင်ငံအတွက်
ရုပ်ဆိုး အကြီးတန်စေခဲ့ပါတယ် သာသနာထွန်းကားနေတဲ့နိုင်ငံမှာ အရက်ဆိုင်ပေါင်းများစွာနဲ့ ဗုဒ္ဓဘာသာလူမျိုးတွေမှာ လိမ်ညာမှုတွေ ကွက်ကျော်ရိုက်ချက်တွေ ဦးသူစားကြေးဆိုတာတွေက
ထမင်းစားရေသောက်လောက်ကို ဖြစ်နေကြတဲ့ ကျွန်မတို့ လူမျိုးတွေအတွက် စိတ်မကောင်းပေမဲ့ ကျွန်မ ဘာမှမတတ်နိုင်ပါကျွန်မကိုယ်တိုင်းကစလို့ တစ်ယောက်ချင် ပြုပြင်မှသာ တိုင်းပြည် ကြီးသာယာဝဖြိုး
အေးချမ်းသန့်ရှင်းနိုင်မှာပါအရာရာနောက်ကျနေပြီ နိမ့်ကျနေတဲကျွန်မတို့ နိုင်ငံလေးကို တိုးတက် စေချင်ပေမဲ့ ဆရာတော်တပါးမိန့်ဖူးတယ်


လူဆိုတာ သူ့ ကံနဲ့ သူလာကြတာပါတဲ့  မနေနိုင်တဲ့သူတွေကံကောင်းတဲ့သူတွေကတော့ သန့်ရှင်းပြီး
အခွင့်အရေးရတဲ့နိုင်ငံတွေလိုမှာပဲ သွားရောက်လုပ်ခိုင်းစားသောက်ကြရပါတယ်တဲ့ ဒါဆို မြန်မာပြည်မှာ
ကျန်နေခဲ့တဲ့သူတွေက ??  
နောက်ဆုံးကျွန်မပြောချင်တာက ကျွန်မ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အရမ်းချစ်ပါတယ်
မေးကြည့်ပါ တိုင်းတပါးရောက်နေကြတဲ့ရွှေမြန်မာများကို ကျွန်မနည်းတူပဲဖြေကြမှာပါ
ချစ်ပါတယ်သို့သော် ဆိုတာနဲ့ ပဲ အဆုံးသက်လိုက်ပါတော့မယ်ကွာခြားမှုတွေကတော့အများကြီးရှိပါသေးတယ် သို့သော် ဆက်ရန် :D

ကျွန်မမြန်မာလူမျိုးပါ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို  ကိုယ့်လူမျိုး


ကိုချစ်ပါတယ် တနေ့ ကျွန်မ မြန်မာပြည်ကို ပြန်လာမှာပါ သို့ သော် သို့ သော် :(