♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 7 January 2012

တနေ့ တာ( Tag) တဂ် post ♥♥♥♥♥♥

♥ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ

အိပ်ယာကနိုးတာနဲ့ နာရီကြည့်လိုက်တယ်  ( 7:30 ) မခွဲရင် အိပ်ယာထဲကနေ နေ့နံအလိုက် မေတ္တာပို့တယ်
ပို့ပြီသွားရင်အိပ်ချင်မူးတူးနဲ့ ချစ်သူနဲ့ (vzo) ချက်တယ် အိပ်ယာထ တဲ့ပုံလေးကြည့်ချုင်လို့တဲ့ :)
ချက်(chat)ပြီမှ မျက်နှာသစ်တယ် ဘုရားရှီခိုးတယ် :pray  မနက်စာစားတယ်

♥ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
မြန်မာပြည်မှာတော့  မုန့်ဟင်းခါးစားဖြစ်တယ် ထမင်းကြော် ကြက်ဥနဲ့ ကြော်တာ:)

♥ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ
့ မနက်စာ...
ငှက်ပျောသီးတစ်လုံးနဲ့ နို့ တစ်ခွက်သောက်လိုက်တယ် မရှိရင် ယိုကပ် (yogurt)စားဖြစ်တယ်.
♥ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်
ပါသလဲ
အပြင်မှစားရတာကြိုက်ပေမဲ့  ဆိုင်စာတွေသိပ်မစားချင်လို့ အိမ်မှာပဲစားဖြစ်တယ်

♥ အခုလက်ရှိအစားချင်ဆုံးဟင်းကိြုေ
ပာပြပါ
အခုအရမ်းစားချင်နေတာ မေမေချက်တဲ့ ငါးပိချက် နဲ့ တာလာပေါဟင်း အရမ်းစားချင်နေတယ် လွမ်းလိုက်တာ :(

♥ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
ကော်ဖီ မသောက်ပါ မကြိုက်တာမဟုတ်ပေမဲ့မသောက်တာပါ အရည်ဆို ရေပဲသောက်တယ်
ရေတော့အားတိုင်းသောက်တယ် သတိရတိုင်းသောက်တယ် :D

♥ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
ဟဲဟဲ အိမ်မှာပဲပေါ့  တကယ်ဆို ချစ်သူလေးနဲ့ အပြင်မှာထွက်စားချင်တာ  ဖြစ်လာမှာပေါ့နော် :pray

♥ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
ညနေစာ ကို အခုတလောမစားဖြစ်ပါဘူး နို့ တစ်ခွက်သောက်လိုက်တယ် ပြီသွားတာပါပဲလေ  စဉ်းစား
ဖြစ်တာတော့ ၀ိတ်အမြန်ကျရင်ကောင်းမယ်ပေါ့

♥ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်
..
ပျော်ပါတယ် ဘာလို့ လဲဆိုတော့ အလုပ်လုပ်နေရတာကို ကြိုက်တာ ဟဲဟဲ အခုတော့နားထားတယ် :D

♥ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်
လုပ်တတ်သလဲ
ဖိနပ်ချွတ်တယ် အကျီ ချွတ်ရတယ် အခုအေးနေပြီလေ အလုပ်တစ်ခုပဲ

♥ ဒုတိယလုပ်မိတာလေး..
လက်ဆေးတယ် ရေသောက်လိုက်တယ်  ပြီတာနဲ့ ကွန်ပျုတာဖွင့်တာပေါ့ :ချစ်သူလေးစောင့်နေတယ်လေ :

♥ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား.
.
မသောက်ပါဘူး သောက်ဖူးတယ် အိပ်လို့ ကို မရတော့တာ  ကော်ဖီသောက်ရင်ဗိုက်အောင့်တတ်လိ
ု့ 
လုံးဝလုံးဝမသောက်ပါ ..

♥ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာ
အရင်ဆုံးလုပ်ပါသလဲ...
ဘုရာရှီခိုးတယ် မိဘအဘိုးအဖွားနဲ့ ကျေးဇူးရှင် အားလုံးကို ရှီခိုးမေတ္တာပို့ တာအရင်လုပ်တယ်
ပြီရင်တော့ပုတီကိုင်ပြီ တစ်ပါတ်လောက်ဆို အိပ်ပျော်သွားပါတယ် :)

♥ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
အိပ်မပျော်တာလား မပျော်လို့ မအိပ်တာလား မသိပေမဲ့ အိပ်ယာထဲရောက်လို့ မှ
အိပ်လို့ မရရင် ကဗျာရေးဖို့ စဉ်းစားပါတော့တယ် ၀ထ္ထုကလဲ ရေးလိုက်တာ မနည်းတော့ဘူး ဟီဟီ
အိပ်မပျော်ရင်ပြောတာပါ စိတ်ကူးထဲမှာနော် :P

♥ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
စိတ်ဓာတ်ကျတယ်လို့ တော့မရှိပေမဲ့ စိတ်အားငယ်တဲ့အချိန်တွေဆို ငါ့ထက်ဆိုးတဲ့သူတွေရှိပါသေးတယ်
လို့ 
တွေးလိုက်တယ် ဘုရားများများရှီခိုးမေတ္တာပို့
လိုက်တယ်  အားငယ်တဲ့အကြောင်းကိုမေ့ထားလိုက်တယ်

♥ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စ
ည်း
ကင်မရာပေါ့ ဖုန်းမကိုင်တော့ သူ့ ပဲအားကိုးနေရတယ် အိတ်တော့အမြဲပါတယ် မပါမဖြစ်ဘူးလေ  လူနံကားနံ ရရင်မူးတတ်လို့ 
သကြားလုံးကလဲမပါမဖြစ်ပဲ

♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
မေမေရယ် ညီမနှစ်ရယ် အဖွားရယ်  အရမ်းချစ်တယ် အခုတောင်သတိရလာပြီး မတွေ့ ရတာ (၄)ကျော်ပြီ :(

♥ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ချစ်သူလေးပေါ့ သူ့ မယုံဘူးဆို စိတ်မကောင်းဖြစ်နေအုံးမယ် :P

♥ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ

သူငယ်ချင်းတစ်ယောက်ရှိတယ် လမင်းကို အရမ်းခင်သလို လမင်းလဲအရမ်းခင်တယ်

♥ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိ
ုက်ဆုံးပစ္စည်းလေးတခု..
ပစ္စည်းအစွဲတော့မထားပါဘူး ကိုယ့်မှာရှိတာ အကုန်ကြိုက်တယ်  :)

♥ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံး
ပစ္စည်းလေးတခု
လက်ဆောင်ဆိုတာကိုကြားတာနဲ့ အမြင်ကပ်နေတယ် ရတဲ့လက်ဆောင်က အရုပ်တွေပဲ
လူကသူငယ်ပြန်ချင်နေပြီ လက်ဆောင်တွေကြောင့်  မနှစ်ကတော့ အရမ်းကြိုက်တဲ့အကျီလေးရတယ်
အရောင်ရော ဒီဇိုင်းပါကြိုက်နေတယ်

♥ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိ
ုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ုချစ်သူလေးပေါ့ တကယ်ကို လိမ္မာတဲ့ သူလေးပါ အရမ်းနားလည်ခွင့်လွတ်တတ်တာ
ချုပ်လိုက်ပြီ  :P

♥ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ဟဲဟဲ  သူများတွေလိုတော့ထီမပေါက်ချင်ေ
သးပါ မထိုးထားလို့ 
ဖြစ်နိုင်တာလေးနှစ်ခုတော့ရှိတယ် ၀ိတ် (၇) ပေါင်လောက်ကျချင်တယ် ဆံပင်လေးအမြန်ရှည်ချင်နေတယ်

ကဲဖြေတတ်သလိုနဲ့ ရေးတတ်သလို့လေးကိုရေးလိုက်ပါတယ်  နှမတော်စံစံနဲ့ မောင်နှစ်လုံးလား သုံးလုံးလား
သေချာတာတော့ မောင်စွယ်စုံလေးပါရှင်   ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါေ
စရှင်