♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Wednesday 12 October 2011

မမေ့နိုင်တဲ့ ရွှေသီတင်းကျွတ်လေး

 ၂၀၁၁ အောက်တိုဘာ (၁၂) ရက် ၁၃၇၃ ခုနစ် သီတင်းကျွတ်လပြည့် ရောက်လာပြန်ပြီးပေါ့..


 ၁၉၉၇ အောက်တိုဘာလ(၁၆)၁၃၅၉ခုနစ်က သီတင်းကျွတ်ညလေး ကို ပြန်လည်းတမ်းတမိပါတယ်................လွန်ခဲ့သော ၁၃ နစ်ကျော်ဝန်းကျင်ကပေါ့...........


မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့  ဒီညနေထဲက တစ်ရွာလုံး အလုပ်တွေများနေကြတယ် ။
မနက်အာရုံဆွမ်းကပ်လှူဖို့ အတွက် လမင်းတို့ နယ်လေးမှာ အစဉ်မပြတ်လုပ်တဲ့ ထုံးစံလေးက
နယ်နီးကပ်က အာဂန္တုသံဃာတော်များအာရုံဆွမ်းခံကြွတော်မှုကြတယ် အနယ်နယ် အရပ်ရပ်ကပေါ့
အရမ်းကို ချစ်စရာကောင်းတဲ့ စလေ့ထုံးစံလေးပါ။

 
လူကြီးတွေ မြို့ တက်ဆွမ်းချက်ဖို့ ဆီမီးကပ်ဖို့ ကို စက်လှေတွေ လှေတွေနဲ့ သွားဝယ်ကြ ၊လမင်းတို့ လူငယ်တွေကလည်း
ရွာကျောင်း အလှူလုပ်ဖို့ တို့ အာဂန္တုသံဃာတော်တွေ အတွက် ခေါင်းအုံဆောင် အသစ်တွေလိုက်ငှားကြပေါ့။
ရွာလမ်းတစ်လျှောက်ကို ဆီမီးထွန်းဖို့ ယောင်္ကျားလေးတွေကလည်းရွာလမ်းတစ်လျှောက် မီးချောင်းတွေတတ်ဖို့ လုပ်ကြ.
အားလုံး အလုပ်ကိုယ်စီနဲ့ ပေါ့ ။ ညနေ (၇)နာရီလောက်ထဲက ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်တွေထွန်းထားကြတယ်။
(၈) နာရီလောက်ထဲကစပြီ ဗုဒ္ဓမြတ်စွာဘုရား ၀ါတွင်ကာလပတ်လုံး တာဝတိံသာနတ်ပြည်တွင်မိခင်တော်စပ်
ခဲ့ဖူးသောသန္တုဿီတနတ်သားအားအဘိဓမ္မာတရားတော်များကိုဟောကြားတော်မှုခဲ့ ပြီးလူပြည်သို့ ပတ္တမြားစောင်းတန်၊
ရွှေစောင်းတန်၊ငွေစောင်းတန် နတ် ဗြဟ္မာများစွာနဲ့ ပြန်လည်ကြွလာတော်မှုခြင်းကို (၁၂) နာရီအထိ စောင့်မျှော်ပူဇော်ကြ
ဘုရားရှင်ကို အာရုံပြု ကုသိုလ်ပွား လိုက်ကြတာ ညဉ့် နက်သန်းခေါင်ကျော် တဲ့ အထိပါပဲ ။တစ်ရေလောက်အိပ်တဲ့သူကအိပ်ပေါ့

မအိပ်ကြပဲ အာရုံဆွမ်းအတွက်ချက်ပြုတ်ကြတဲ့ သူတွေလည်းချက်ပေါ့ လူငယ်တွေ မအိပ်ကြအောင်လည်းရွာမှာ
ညလုံးပေါက် ဗီဒီယို ပြကြ ချစ်သူစုံတွဲတွေလည်း ချိန်းတွေ့ ကြ လိုက် ချောင်းတဲ့သူတွေလည်းချောင်းပေါ့


ရွာချောင်းလေးမှာလည်းဆီမီးတွေမြောကြနဲ့ လမင်းတို့ လူငယ်တွေတော့မအိပ်ကြတော့ဘူး ၄နာရီ ခွဲ လောက်တော့
သံဃာတော် များ ရွာတစ်လျှောက်အာရုံဆွမ်းခံကြွတော်မှုကြ မီးစက်တွေနိုးကြ ရွာရိုတစ်လျှောက် မီးများထိန်ထိန်လင်းလို့ 
ယောင်္ကျားလေးတွေကပ္ပိယ ကျောင်းသား လုပ်ကြ ခြံထွက် သစ်သီးဝလံ ၊ဆန်၊ စပါး ရွာထွက် ပစ္စည်းအကုန်လှူကြ မိန်းကလေးတွေက ဆွမ်းလောင်ကြ သံဃာတော်များကိုရှိခိုး ဦးညွှတ်ကြ သံဃာတော်မြတ်များကို အားရပါးရပူဇော်ကြလိုက်တာ မနက် လင်းစပြု သံဃာတော်များလည်း ဆွမ်းဘုန်းပေးပြီး မနက် (၈)နာရီလောက်ဆို

ကိုယ့်ရွာ ကိုယ့်ကျောင်းပြန်လည်းကြွတော်မူကြ ယောင်္ကျားလေးတွေက အလှူခံပစ္စည်းတွေကို စက်လှေထဲပို့ ပေးကြ
လမင်းတို့ မြန်မာလူမျိုးတွေများ သဒ္ဓါတရားကောင်းလိုက်ကြတာများ စက်လှေတိုင်းမှာ ဆန်၊ စပါး ခြံထွက် သစ်သီးဝလံတွေ
စက်လှေအပြည့်ပဲ စားဖို့ သာမရှိရင်နေမယ် လမင်းတို့ နယ်ဘက်က ရွာသူရွာသားများရဲ့ သဒ္ဓါတရားကောင်းကြပုံကတော့ ပြောမကုန်
နိုင်လောက်အောင်ကို များကြတာ လမင်းတို့ ဆို လယ်ယာမလုပ်ကြဘူး
မေမေ ဆို စားဖို့ စပါးလှောင်ထားတာ ကုန်တာပဲ အားလုံးလည်းပြီရော စပါးတစ်အိတ်ပဲကျန်ခဲ့တယ် လမင်းတို့ နယ်ဘက်မှာလယ်ယာမရှိတဲ့ သူတွေလည်း စပါးလှောင်ထားကြတဲ့ အကျင့်ရှိကြတယ် ဈေးကြီးပေးမ၀ယ်ရအောင်ပေါ့ ။ မေမေပြောနေကြစကားက သမီးရယ် အမေ လှူနေရရင် စိတ်ထဲ

ပျော်နေတာ မလှူရရင် စိတ်မရွှင်ဘူးတဲ့ သီတင်းကျွတ်မှာမဟုတ်ပါဘူး
မြန်မာလူမျိုးတွေဟာ (၁၂) လရာသီလိုက်ကို အလှူ ရေစက်လက်နဲ့ မကွာ
လှူဒါန်း ကြတာပါ


အဲလောက်ကို အလှူ ဒါန်းပေးကမ်းရက်ရောကြတာပါ။နောက်ထက်ချစ်စရာဓလေ့က ရိုးသားကြတယ် ခင်မင်ဖို့ ကောင်းကြတယ် ပွင့်လင်းတယ်

ဒါတွေက လမင်းတို့ နယ်ဘက်က အလေ့အကျင့်ကောင်းလေးတွေပေါ့ အဖိတ်နေ့ ထဲက အလုပ်များကြတာ လပြည့်ညလုံးပေါက် မအိပ်ကြပဲ မိုးအလင်း မောတယ် ပန်းတယ်လို့ ဘယ်သူမှာ မညည်းငြူကြပါဘူး။

သံဃာတော်တွေပြန်ကြွပြီးနောက်မိဘ ၊ ဘိုးဖွား ရွာရှိသက်ကြီးရွယ်အိုတွေကို ရွာလုံးပေါက် လိုက်ကန်တော့ကြ ခြံထွက် ငှက်ပျောသီး ၊ မုန့် ၊ ဖယောင်းတိုင်၊စေတနာရှိတာ အမျိုးမျိုးနဲ့ ကန်တော့ကြ မှားတာရှိတာတွေတောင်းပန်ကြ နဲ့ ချစ်စရာ
စလေ့ထုံးစံလေးတွေ ပျော်ရွှင် ကြည်နူးရင်ခုန်ဖွယ် နေ့ရက်တွေကို
ဘယ်တော့မှာမေ့နိုင်မယ် မထင်တော့ပါဘူး ။ဘယ်နေရာဘယ်ဒေသပဲရောက်နေပါစေ လမင်းတို့ ရဲ့ နယ်သီတင်းကျွတ်လေးကိုတော့ ပြန်လည်းတမ်းတသတိရဆဲပါ ဟို အရင်းငယ် ဘ၀ကို ပြန်မရနိုင်တော့ပေမဲ့  လမင်းနေခဲ့တဲ့ နယ်မြို့လေးကိုတော့ တစ်ခေါက်လောက်တော့ ပြန်ရောက်ချင်ပါသေးတယ်။ သီတင်းကျွတ်ရောက်တိုင်း လမင်းရင်ခုန်သံတွေဟာ ဟို.. ဟို. နစ်တွေက
ရင်ခုန်သံတွေထုံမွှမ်းထားတဲ့ရွှေသီတင်းကျွတ်လေးကိုတော့ အမြဲ အမှတ်ရဆဲပါ ဒီစာလေးရေးနေရင်းနဲ့ ကို လမင်းနေခဲ့တဲ့ နယ်လေးကို ပြေးသွားချင်မိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်တိုင်းတစ်ပါးကိုရောက်နေပေမဲ့ လမင်းဟာမြန်မာလူမျိုး

ဖြစ်တာကြောင့် မြန်မာတို့ ရဲ့ အထူးခြားဆုံး လတွေထဲက လတစ်လဖြစ်တဲ့ ရွှေသီတင်းကျွတ်လေးကိုတော့ဘယ်တော့မှာမမေ့ဘူးဆိုတာပြောရင်.......
ရင်ခုန်ပျော်ရွှင်မိပါကြောင်း နှင့် ဒီနေရာလေးကနေ ကျေးဇူးရှင် မိဘနှစ်ပါ့း အဘိုး အဖွားနှင့်
 ဆရာသမားတို့နှင့်တစ်ကွ ကျေးဇူးရှိခဲ့ဖူးသောကျေးဇူးရှင်တို့အာရှီခိုးကန်တော့လိုက်ပါတယ်...........


ဒီနစ်ကျရောက်သောသီတင်းကျွတ်လေးမှာပျော်စရာတွေ နဲ့ သတင်းကောင်းတွေပါကြားရလို့ 
မင်္ဂလာနှစ် သီတင်းကျွတ်လေးပါ  အားလုံးသောခုနစ်ရက်သားသမီးအပေါင်းပျော်ရွှင်နိုင်ကြပါစေ...


အားလုံးကို ကျေးဇူးတင်ပါတယ်             လမင်းငယ်.............