♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 15 October 2011

ချစ်သူသို့ ................


" လွမ်းနေပေးပါချစ်သူရယ်"
.....................................
"..ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုမှတော့....
အကြောင်းပြချက်ဆိုတာ ငါ့အတွက် မလိုအပ်ပါဘူး..
အချစ်ဆိုတာကို  ရင်ခုန်သံ တစ်ခုတည်းနဲ့ ပန္နက်ရိုက်ခဲ့တာ... 
အခြေမခိုင် ပြိုလဲခဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပြီးသားပါ.."
"..အေးစက်နေပြီလို့ပြောတဲ့ ခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားဘဲ..

 
အသစ်တင်ဖို့ ကြိုးစားတဲ့ နင့်နှလုံးသားကိုအပြစ်တင်ဖို့ ငါမကြိုးစားပါဘူး..
အလွမ်းဆိုတာ ပန်းပန်သလိုပါပဲလို့ ခပ်ပေါ့ပေါ့ပြောတတ်တဲ့ နင့်ကို ..
အချစ်သည်သာ "ဘ၀" ပါလို့ အဆိုတင်သွင်းဖို့လည်း အကြံမပေးချင်ပါဘူး..
"...နှလုံးသားဆိုတာ အမိန့်ပေးတိုင်း နာခံတတ်တာ မဟုတ်တော့..
ရခဲ့တဲ့ဒဏ်ရာအစိမ်းချုပ်ချုပ်ပြီးပျောက်အောင်ကုဖို့ငါမငြင်းဆန်တော့ပါဘူး..
ဒဏ်ရာဆိုတဲ့အတိုင်း သေရာပါ အမာရွတ် တစ်ခုနဲ့ မလှမပဘ၀ဆိုပေမယ့်..
နင်လျှောက်ဖို့အတွက် စတေးခဲ့တဲ့ ငါ့နှလုံးသားတစ်စုံကို တခါတရံ တော့
သတိရပေးစေချင်ပါတယ်..ချစ်သူရယ်.."
 "...ငါ့တစ်ကိုယ်လုံးမီးဟုန်းဟုန်းတောက်နေတာတောင်မှ...
 ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နိုင်စွမ်းရှိတဲ့..မင်းရဲ့ခံနိုင်ရည်စွမ်းအားကို
ငါလိုချင်လိုက်တာ.."
"..မေ့မရပါလား ချစ်သူရယ်.နေညတွေသာအိုမင်းသွားပေမယ့်.
ငါ့ရဲ့အချစ်တွေကတော့ အမြဲနုပျို ရှင်သန်ဆဲပါ..
မင်းမလွမ်းပေမယ့် ငါလွမ်းတယ်..
မင်းမေ့နိုင်ပေမယ့် ငါသတိရနေတယ်..
မင်းစိမ်းပေမယ့် ငါမယိမ်းဘဲ..
.....အမြဲချစ်နေမယ်.....ချစ်သူရယ်..."....။

 တစ်ယောက်သောသူ ရဲ့ ကဗျာလေးပါ...............