♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Tuesday 18 October 2011

ဘ၀သံသရာနှင့် လမင်းငယ်.....

သံသရာ တစ်လျှောက် မရေတွက်နိုင်အောင်

ငါ ငိုခဲ့ ဖူးပြီ    ချစ်ခဲ့ ဖူးပြီ...............

လွမ်းခဲ့ဖူး သည်...

တွေ့ ဆုံ ဖူးသည်  ခွဲခွာဖူးသည်  ......



အခုလည်း ငါလွမ်းနေမိသည်  ချစ်နေမိသည်....

မဆုံးဆည်းရလို့ ကြေကွဲနေသည်..

ဖြစ်ချင်တာ ဖြစ်မလားလို့ ငါ ၀မ်းနည်းနေသည်....

လွမ်းဆွေးနေသည်  တဏှာအလိုကျ ငါဘယ်ခရီးထိ

လျှောက်လှမ်းရမယ်နည်း  ......

ငိုခဲ့ရသော မျက်ရည်သည်ပင် သမုဒ္ဒရာ

မြစ်ရေပြင်မက

များခဲ့သည်  တွေ့ ဆုံ ကွေကွင်းခြင်းမှာလည်း မရေတွက်နိုင်အောင်ပင်

ဒီသံသရာ ဘ၀ခရီး ဘယ်ထိ ဆက်မည်နည်း

ငါ မငိုသင့်တော့သည် ငါမလွမ်းသင့်တော့သည်

ဝမ်းနည်းခြင်းတွေ ကင်းသင့်ပြီး..

အသိတရား ရှိသင့်ပြီး  သံသရာ ဘယ်အထိရှည်မလဲ

ငါမသိပေမဲ့ ငါလုပ်လို့ ရနိုင်သည်.....

သစ္စာညဏ် မြင်အောင်ကျင့်သင့်သည်...

အို ဘ၀သံသရာ ငါ ဒီနေ့ကစ မလွမ်းတော့ပါ...

မငိုတော့ပါ ...
              ကြုံလာသမျှ  ငါသတိရှိ စွာညဏ်ရှင်ပြီး
လျှောက်လှမ်းတော့မည်.....

သံသရာ တစ်လျှောက် ဆုံတွေ့  ငို ဆွေး ပြုံး မှဲ့ နိုင်ရှုံး....

အဖန်ဖန် အထပ်ထပ် ငါကြုံးခဲ့ဖူးပြီ.....

ငါသေရအုံးမယ် ဘယ်အချိန်သာ ငါမသိသည်..

ငါသေဖူးခဲ့သည် သေရအုံးမည်.....

မသေခင် ငါ ဘာကြောင့် ၀မ်းနည်းနေမလဲ .....

ဘာကြောင့် ငါငိုကြွေးနေမလဲ  ဘာတွေကို

ငါလိုအပ်နေတာလဲ   ငါလာခဲ့တုန်းက တစ်ယောက်ထဲပါ..

ဘာအတွက်ကြောင့်  ငါ ဘယ်သူကို လိုအပ်နေတာလဲ....

ငါ လာခဲ့စဉ် ကတစ်ယောက်ထဲမို့ ငါပြန်ရလည်း တစ်ယောက်ထဲသည်....

ငါဘာလုပ်သင့်ပြီးလဲ  သင့်ရော ဘာလုပ်မလဲ 

ဘ၀သံသရာ ငါ သစ္စာ ညဏ်မသိသ၍  ငါပြန်လည်းဆုံးစည်ရအုံးမယ်

ငိုကြွေး ရအုံးမယ်  ကွေကွင်းရအုံးမယ်  ငါသေရအုံးမည်...


အသစ်တစ်ဖန်ပြန်လည်မွေးဖွားရအုံးမည်....

ဘ၀သံသရာ လည်နေအုံးမည်................

                    သံဝေဂ ကဗျာလေးပါ ...................