♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 20 October 2011

မြန်မာလူမျိုးများနှင့်နတ်ကိုးကွယ်ခြင်း

မင်္ဂလာပါ ရှင် .........
 
 လမင်း နတ်ကိုးကွယ်ခြင်းနဲ့ ပတ်သက်၍ ရေးချင်နေလို့ စာအုပ်နည်းနည်းရှာဖတ်နေရလို့ စာမရေးဖြစ်တာပါ။
အတော်လေးကိုများလို့  စာမရှည်အောင်လည်းဘယ်လိုရေးရမလဲ

စဉ်းစားပြီးအကြံအိုက်နေတာ ရေးတတ်သလောက်ရေးကြည့်မယ်နော်။
   မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ နတ်ကိုးကွယ်တာ ဘာကြောင့်လဲ လမင်းငယ်ငယ်ထဲက စဉ်းစားဖူးတယ်။

 
အကြောင်း ရှာမတွေ့ ဘူးပေါ့ ၊ လမင်းတို့ က (ကရင်) လူမျိုးရှင့် နတ်ကိုးကွယ်တဲ့နေရာမှာတော့ နာမည်ကြီးပဲ သိတဲ့သူတွေသိကြပါတယ်။
     မေမေဆို အရမ်းကိုအစွန်းရောက်နေတာလေ အချိန်တန်လို့ နတ်မတင်ရရင် နေမကောင်းတော့ဘူး နတ်ကိုင်တာ စီးပွားရေးသိပ်မကောင်းရင်လည်း
နတ်ကိုင်တာ ကုန်ကုန်ပြောရရင် အိမ်ပေါ် အုန်းသီးပြုတ်ကျရင်တောင် နတ်တွေက သတိပေးနေတာလို့လုပ်တတ်တာလေ ၊ဒါကလည်း မေ့မေ့ကိုလည်းအပြစ်ပြောလို့တော့မရဘူးပေါ့နော် ငယ်ငယ်ထဲက ခေါင်းထဲရိုက်သွင်းခံထားရတာကို နတ်ဆရာတွေ ဘိုးဖွားတွေ မျိုးရိုးတွေကအစပေါ့။
  လမင်းငယ်ငယ်ကမေမေကိုမေးဖူးတယ်  သမီးဒီနတ်ကိုးကွယ်တာကို မလုပ်ချင်ဘူး မလုပ်လို့ မရဘူးလား။ မလုပ်ရင်ဘာဖြစ်မှာလဲပေါ့။
အမေတို့ မျိုးရိုးကိုက လုပ်ရတယ် မလုပ်လို့ မရဘူးပေါ့ ။
  အဲထဲက လမင်းနတ်ကိုးကွယ်တာကို လေ့လာဖူးပါတယ် လမင်းတို့ နတ်ဆရာတွေကိုလည်းမေးဖူးတယ် ဘာမှသေချာ မပြောနိုင်ကြဘူး ငယ်တော့မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူးပေါ့ ။
  မေမေတို့ ကိုးကွယ်တဲ့ နတ်အကြောင်းကို မေးကြည့်တော့ (ကရင်) မောင်နှမနှစ်ယောက် လယ်ယာလုပ်ကိုင်းစာသောက်ကြတယ် သူတို့လယ်ယာတွေကို
ကြက် ၊ ၀က် တွေ နောက်ယှက်ဖျက်ဆီးလို့ အဲသတ္တ၀ါတွေကို မကျေနပ်ပဲ မိုးမလင်းခင် လှန်နဲ့ထိုးသက်ကြတယ် လူမသိအောင်ပေါ့။
ဒါက လမင်းတို့ ရိုရာ နတ်အကြောင်း အတိုချုပ်ပေါ့နော်။
 စဉ်းစားရမှာက  လမင်းတို့ ဗုဒ္ဓမြတ်ဘုရားက  သူ အသက် မသတ်ရဘူး မခိုးရဘူး ကံငါးပါးက အနိမ့်ဆုံးပေါ့  အခု လမင်းတို့ ကိုးကွယ်နေတဲ့နတ်ဆိုတာက
လူမသိအောင်လဲ သူများ ကြက် ၀က်တွေကို သက်စားကြတယ် ကဲ အဲလူတွေသေတာ နတ်ဖြစ်သွားတာတဲ့ ဗုဒ္ဓဘာသာအနေနဲ့တော့ ငရဲပဲသွားရမှာလေ
  ဘာလို့ နတ်ဖြစ်ရတာလဲ နတ်ဖြစ်ရင်းရော ဘယ်လို နတ်လဲ  လမင်း ဖတ်ဖူးသလောက်တော့ ဘုန်းတန်ခိုးအာနုဘော်နှင့်ပြည့်စုံတဲ့နတ်တွေတော့မဖြစ်နိုင်ပါဘူး အိမ်ကြိုအိမ်ကြား၊ တိုက်ကြိုတိုက်ကြား ၊ကျောင်းကြိုကျောင်းကြားများမှာ ကပ်ရပ်နေကြရသော တန်ခိုးငယ်သော အောက်တန်းစား နတ်သေး နတ်မွှားလေးများသာဖြစ်နိုင်မှာပါ။နောက် တစ်ခုကတော့ပြိတ္တာတွေပဲဖြစ်နိုင်ပါတယ်
           စစ်မှန်သောထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားနေသော မြန်မာနိုင်ငံမျိုးမှာ နတ်ကိုးကွယ်ခြင်းကိစ္စက အရမ်းကို ၀မ်းနည်းဖို့ ကောင်းပါတယ်။
 ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်ပြီးကံ ကံရဲ့ အကျိုး ကိုသိနေပြီတော့ ဘာလို့ လူတွေလောက်မှာ ဘုန်းကံမရှိတဲ့ မကျွတ် မလွတ်တဲ့ နတ်ဆိုတာကို ဘာလို့ 
ကိုးကွယ်ကြတာလဲ အဲလို အောက်တန်းစားနတ်တွေကို ကိုးကွယ်နေကြတော့ တန်ခိုးကြီးတဲ့နတ် သကြားမင်းတို့ ကိုရော ဘယ်သွားထားကြတာလဲ
   နတ်ကိုးကွယ်ခြင်း၏ အခြေခံ အကြောင်းတရား (၅)မျိုးရှိပါတယ်
၁။ ကြောက်၍ ကိုးကွယ်ခြင်း။
၂။လာဘ်ကို ငဲ့၍ ကိုးကွယ်ခြင်း၊
၃။အားကိုး အားထားပြုလို၍ ကိုးကွယ်ဖြင်း၊
၎။မသိနားမလည်ခြင်း၊ အယူလွဲမှားခြင်း
၅။ မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်းတို့ လို့ ဖတ်မှတ်ဖူးပါတယ်။

  အထက်မှာဖော်ပြထားတဲ့အချက် ၅ ချက်လုံးက အသိဥာဏ်နည်းပါးခြင်းကို အရင်းခံနေတာတွေ့ ရပါတယ်။
လမင်းတို့ မှာဗုဒ္ဓရဲ့ တရားတော်တွေသံဃာတော်မြတ်တွေရှိနေပါရက် နဲ့ ဘာတွေကို အားကိုးတစ်ကြီးကိုးကွယ်နေကြတာလဲ အယူမှားခြင်း တွေနဲ့သံသရာ တစ်လျှောက်ဝဋ္ဋ်လည်းနေကြရအုံးမယ်လို့ များ မတွေးမိကြလေသလားပေါ့ ။
တကယ်ကို စိတ်မကောင်းစရာပါ အားကိုးရာအစစ်ကို မအားကိုးပဲ အရက်သောက်လို့ သေတဲ့သူ ဘုရင်ကအမြတ်ထွက်လို့ အရှင်လတ်လတ်အသက်ခံရတဲ့သူတွေ ကံဆိုးလို့ မိကျောင်းအကိုက်ခံရတယ်သူတွေကို ကိုးကွယ်နေကြတာဟာ အခြားဘာသာကြားတွေခြားမှာ မျက်နှာငယ်လှပါတယ် ကိုယ့်လောက်မှ ကံမကောင်းလို့ အမျိုးမျိုးသေကြတဲ့သူတွေကို ကိုးကွယ်နေကြတာဟာ အလွန်ဥာဏ်နည်းရာရောက်မနေဘူးလား ရှင် ။နောက်တစ်ခုစဉ်းစားရမှာက အောက်တန်းစားနတ်ဖြစ်တယ်ပဲထားပါအုံး အခုလောက်ဆို ကျွတ်လွတ်ကြလောက်ရောပေါ့ ။ ဗုဒ္ဓဘာသာတွေနတ်ကိုးကွယ်လာတာသမိုင်းအထောက်အထားများကိုအတိအကျဖော်ပြရန်ခဲယှဉ်းလောက်အောင်ကိုကြာခဲ့ပါပြီ
ဘာမှမရေရာတဲ့အရာကို ဘာ
အတွက်ကြောင့်အားကိုးချင်ကြတာလဲ အသိဥာဏ်လေးနဲ့ စဉ်းစားချင့်ချိန်န်ကြည့်ကြပါအုံးနော်။
ရေးမဲ့သာရေးတာပါ အစွဲဆိုတာကဖျောက်ဖျက်ဖို့ ခက်ပါတယ် မေ့မေ့ကိုလည်းလမင်းတတ်နိုင်သလောက်ပြောပေးနေလို့ နည်းနည်းတော့သဘောပေါက်လာ
သလိုတော့ရှိပါတယ် အရင်လောက်တော့ အစွဲမကြီးတော့ပေမဲ့ မိရိုးဖလာမို့ မစွန့်လွတ်နိုင်သေးဘူးပေါ့ လမင်းတတ်နိုင်သလောက်ပြောသွားမှာပါ။
သူငယ်ချင်းတို့ ရဲ့ မိဘတွေ များလမင်းတို့လို ဖြစ်နေခဲ့ရင်း ဒေါက်တာအရှင်ဓမ္မပိယရဲ့ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်မှုရှင်းတမ်းစာအုပ်လေးကိုပေးဖတ်စေချင်ပါတယ် သူငယ်ချင်းတို့ လည်းလေ့လာနိုင်ပါတယ် ဆရာတော်တွေရေးထားတာအများကြီးရှိပါတယ် အဆင်ပြေရာကိုလေ့လာကြပြီး သစ္စာဥာဏ်သိပြီး အသိဥာဏ်မြင့်သော
ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဆိုတဲ့စေတနာလေးနဲ့ရေးခြင်းပါ လူတိုင်း အမြင်မတူကြလို့ အတွေးလည်းမတူနိုင်ကြပါဘူး လူတိုင်းရဲ့ အကြံဥာဏ်ကို လမင်း
လက်ခံပါတယ် အကြံဥာဏ်ပေးနိုင်ပါတယ် ။
လိုအပ်တာများရှိရင် လမင်းညံ့လို့ပါ အကြောင်းအရာများစွာကို အတိုချုံးရေးခြင်းဖြစ်လို့ နားလည်နိုင်ကြပါစေရှင်.......
.
အမှားသည်းခံဖတ်ပေးပါ  .................အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.......