♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Monday 24 October 2011

(လော့ခ်) ကျနေတဲ့ နှလုံးသား )

ကျွန်မရဲ့ အေးစက်စက်ဖြစ်နေတဲ့  ဘ၀ထဲကို မလာချင်းပါနဲ့ ပူလောင်မှုတွေလည်းထပ်မပေးပါနဲ့ တော့
ကျွန်မ ဘယ်သူကိုမှ ယုံကြည်မှုမရှိတော့သလို အချစ်ဆိုတဲ့ ပူပြင်းမှုတွေကိုလည်း ကျွန်မထပ်မလိုချင်တော့ဘူး။
အချစ်ဆိုတဲ့ အရာကို လွယ်လွယ်ယုံခဲ့မိလို့ ကျွန်မနှလုံးသားရစရာမရှိလော
က်အောင် ဒဏ်ရာတွေနဲ့ပါ။


ကျွန်မကြောက်နေတဲ့ အချစ်ဆိုတာကို ရင်နီးအောင် မလုပ်ချင်ပါနဲ့တော့ ကျွန်မ (...) မချစ်နိုင်တာကလွဲလို့ ခင်မင်တဲ့ စိတ်
တစ်ခုတော့ ထားနိုင်ပါတယ်။
  ကျွန်မကို တွန်းအားမပေးပါနဲ့ လူဆိုတာ ခံနိုင်ရည်ထက်ကျော်ပြီးခံနိုင်
ရည်စွမ်းအားမရှိကြဘူး ကျွန်မကို နားလည်ပေးပါ
ဆိုတဲ့ စကားကလွဲလို ပြောစရာ စကားလုံးမရှိတော့လို့ ပါ။

အရာရာကို  အနိုင်ယူတတ်တဲ့ ကျွန်မကို သီးခံနိုင်ပေးနိုင်ခဲ့တယ်  အကြောင်းမရှိ အကြောင်းရှာကောက်တတ်တဲ့ ကျွန်မကို နားလည်ပေးနိုင်(...) ရဲ့ စိတ်ဓာတ်ကိုလည်း ကျွန်မ အသိအမှတ်ပြုပေးနိုင်ပေမဲ့ ချစ်နိုင်ဖို့တော့ဘယ်လိုမှမ ဖြစ်နိုင်လို့ပါ။
  လူတစ်ယောက်ရဲ့ အချစ်ကိုယုံစားမိလို့ ကိုယ့်နှလုံးသားကိုဒဏ်ခတ်တဲ့ အနေနဲ့  ကျွန်မနှလုံးသားကိုသော့ခတ်လိုက်
ပြီ။
အဲ့ သော့ကိုလည်းကျွန်မမေ့လိုက်ပြီး လုံးဝမရှာတော့ဘူး ။
  နောက်ထပ်သော့တူတစ်ချောင်နဲ့ လည်းထက်ဖွင့်ဖို့ မကြိုးစားချင်းပါနဲ့ တော့ လော့ကျနေပြီဖြစ်တဲ့ ကျွန်မနှလုံးသားကို
(....) မကြိုးစားချင်းပါနဲ့  ကျွန်မကိုလည်း ဖိအားတွေ တွန်းအားတွေ မပေးပါနဲ့ အချစ်(ဆိုတာကို စိတ်ပျက်နေတဲ့ အချိန်မှာ ကျွန်မကို စိတ်ကုန်သွားလောက်အောင်ထပ်မလုပ်
ပါနဲ့  ရှေ့ဆက် တိုးနေမယ်ဆိုရင်တော့
ကျွန်မ (......)တို့ နဲ့ ဝေးရာကိုထွက်သွားတာကို မြင်ချင်တယ်ဆိုရင်ပေါ့။
  ဘာဖြစ်လို့ (....) ကိုပဲ သနားကြပြီး ကျွန်မကိုတော့ နားလည်မပေးနိုင်ကြရတာလဲ ဒဏ်ရာရနေတဲ့ ကျွန်မ နောက်ထက်
ဒဏ်ရာကိုကြောက်နေတာ ကျွန်မမှားနေလို့ လား။
 
  ကျွန်မစိတ်တွေအရမ်းရှုပ်ထွေးေ
နလို့ ပါ သေချာတာတစ်ခုတော့ ကျွန်မပြောနိုင်ပါတယ် ဘယ်သူအချစ်ကိုမှ ယုံကြည်မှုမရှိတော့သလို ပူလောင်မှုတွေကိုလည်းထက်မခံစားချင်တော့လို့ပါ။

  သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်နိုင်တယ်ဆိုပေမဲ့  သက်ရောက်လာတဲ့ တန်ပြန်မှုကလည်း အရိုးသားဆုံးနဲ့ 
အဖြူစင်ဆုံးခင်မင်မှု တစ်ခု သာဖြစ်နိုင်မှာပါ ။
လော့ကျနေပြီ ဖြစ်တဲ့ ကျွန်မနှလုံးသားကို ပြန်လည်းအသတ်မသွင်းခြင်းပါနဲ့ တော့ ဒီတိုင်းလေပဲ ထားပေးပါ။
ကျွန်မကို နားလည်ပေးကြပါ ။
 ဒီစာလေးက ကျွန်မရင်ထဲက စစ်မှန်မှုတွေကိုဖော်ပြထားတာပါ (......) နားလည်ပေးပါလို့ ပဲတောင်းဆိုပါရစေ
ကျွန်မကို မျှော်လင့်မနေပါနဲ့  အချိန်တွေကို မဖြုန်းပါနဲ့  ကျွန်မတို့ တွေ အရိုးသားဆုံးခင်မင်သွားပါရစေလို့ 
တောင်းဆိုချင်းပါတယ်.။ ဒီစာကို ဖတ်ပြီ(.....) အသိ တစ်ခုရပါစေလို့ ဆုတောင်းရင်းးးးး


 ၂၄ ၁၀ ၂၀၁၁