♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥
Saturday 31 December 2011
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ♥♥♥♥♥♥
မင်္ဂလာ နှစ်သစ်မှာကျန်းမာပျော်ရွင်စွာ နိုင်ကြပါစေ
..နှစ်သစ်ရောက်လာပြီဆိုတော့ လမင်းအပါအ၀င်ကိုကို မမ ညီမလေးမောင်လေးတို့အားလုံး စိတ်သစ်လူသစ်နဲ့ ဘ၀ကို အကျိုးရှိအောင်လျှောက်လှမ်းကြမယ်နော်..
နစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့ကြလဲ ကိုယ်အတွက် မိသားစုအတွက် အများအတွက် သာသနာအတွက်
မလုပ်ခဲ့ရသေးဘူးဆို  ဒီနှစ်သစ်လေးမှာ အများအကျိုး ကောင်းမူ ကုသိုလ်လေးတွေ လုပ်ကြ.ရင်း  ဘ၀လေး တန်းဖိုးရှိအောင်ဖြတ်သန်း ပြီရခဲလှတဲ့ လူဘ၀လေးမှာ  စိတ်ညစ်မူတွေ သောကတွေ
အလိုမကျမူတွေမေ့ထားပြီ ဘ၀ကို အကျိုးရှိ အောင်ဖြတ်သန်းကြရအောင်နော်
လူဘ၀ဆိုတာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး  ဒါပေမဲ့ ရောင့်ရဲနိုင်ရင်တော့ စိတ်ချမ်းသာဖို့ ကောင်းပါတယ်
ရောက်နေတဲ့နေရာလေးနဲ့  ရထားတဲ့အရာတွေကို ရောင့်ရဲနိုင်ဖို့ပါပဲ
ဘာလို့လဲ ဆိုတော့ လူဆိုတာက ရလေလိုလေဖြစ်တတ်လို့ ပါ ဘယ်တော့မှာပြည့်စုံတယ်လို့ မထင်ကြဘူးလေ...
ဒါကလည်း လူတွေမှာ ဖြစ်တတ်ကြတာပါ ဒါကို ကိုယ့်က ဥာဏ်လေးနဲ့ ဆင်ခြင်ပြီး နေလိုက်ရင် စိတ်ညစ်တာတို့ အလို
မကြတာတို့ဆိုတာ နည်းသွားတာပေါ့..ငါတို့ လူဖြစ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဘာအတွက်လူဖြစ်နေကြလဲလို့
  တွေး မိဖူးကြလား တွေးမိရင်ရော ဘယ်လိုအဖြေရလဲ လမင်း အတွေးလေးပြောကြည့်မယ်နော်..
သူငယ်ချင်းတို့နဲ့ တူချင်မှာတူမှာပေါ့နော်...ဘာလို
့လဲဆိုတော့ လမင်းက သူငယ်ချင်းတို့လိုမ ဟုက်လို့ပေါ့ အရင်ကတော့ မတွေးမိပါဘူး အမှန်ပြောတာပါ အခုတော့ လမင်းလူဖြစ်ရတာကျေနပ်တယ် လုပ်ချင်တဲ့
ကုသိုလ်တွေ လုပ်နိုင်တယ် တက်နိုင်သလောက် အားလုံးကို စိတ်ကောင်းထားတယ် အားလုံးဆိုတာကတော့ကိုယ်နဲ့ သိသလောက်ပေါ့နော် တကယ်ပါ  မှန်သော စကားပါ..အခုအချိန်အထိ ဘယ်သူအပေါ်မှ အကျိုးယုက်အောင်
မလုပ်ခဲ့ ဖူးဘူး သူများတွေ လမင်းကို မကောင်းပြောလည်း စိတ်ထဲ ဘယ်လိုမှသဘောမထားဘူး ဘာလို့လဲဆိုတော့
အမှန်တရားဆို တာရှိပြီးသား  ရှာစရာမလို သလို လိုက်ရှင်းနေစရာလည်းမလိုဘူးထင်
တယ်  လမင်းစာလေးတွေ ရေးဖြစ်တယ် ငါရေးလိုက်တဲ့ စာကိုဆယ်ယောက်ဖတ်လို့တစ်ယောက် အသိတိုးရင်  ငါလည်းကုသိုလ်ရဖတ်တဲ့သူလည်း
  အသိတိုးတယ်လို့ တွေးပြီး ရေးမိတာပါ ကိုယ့်ထက် သိတဲ့ တော် တဲ့သူတွေ လည်းအများကြီးပါလမင်းရေးတဲ့ စာလေးတွေဟာ ဘယ်သူကိုမှဆရာ လုပ်ခြင်းမဟုက်ပါ  စေတနာသက်သက်ပါ.. အားလုံး နားလည်
ပေးစေချင်ပါတယ်.. လမင်းမှာ ရှိတဲ့ အသိဥာဏ် သေးသေးလေးနဲ့  သူငယ်ချင်းတို့ကိုခင်မင်တဲ့ စိတ်ရင်းလေးနဲ့  မျှဝေခြင်းပါ   မှားတာရှိရင် လိုအပ်တာများတွေ့ ရင် အကြံဥာဏ်များ ပေးနိုင်ပါတယ် ..
အမှန် ၀န်ခံရရင် လမင်းစာရေးတတ် လို့ ရေးတာမဟုတ်ပါဘူး ၀ါသနာစိတ်ရင်လေးနဲ့ ရေးခြင်းပါ
အဲတော့သူငယ်ချင်းတို့ရေ  တို့တွေ ရခဲ လှတဲ့ လူဘ၀ကို အကျိုးရှိ စွာ ဖြတ်သန်းကြရအောင်နော်
ဘာအတွက် စိတ်ညစ်မူတွေ အလိုမကျမူတွေ နဲ့ စိတ်ကို ပင်ပန်းမခံ ကြပါနဲ့ တစ်ရက် အသက်ရှည်လို့
တစ်ရက် အသိတိုးရင် အကောင်းဆုံးပေါ့..လမင်းတို့တွေစိတ်ကလေးကို ကောင်းတာတွေးပြီးဘ၀ကို အကျိုးရှိ စွာဖြတ်သန်းကြမယ်နော်..
 လမင်းလည်း လူထဲကလူတစ်ယောက်ပို့ စိတ်ညစ်မူတွေ သောကတွေရှိတာပေါ့လေ ဒါပေမဲ့ အဲ့ဒါတွေကို မေ့ထားပြီး အကောင်းဆုံးနှစ်သစ်ကို  ကြိုဆိုကြရင်း  ...သူငယ်ချင်းများ အားလုံး ဘ၀ကို အကျိုးရှိစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်......နှစ်သစ်မှာကျန်းမာပျော်ရွှင်နိုင်ကြပါစေ
Thursday 29 December 2011
တမ်းတမိတယ် ကံ့ကော်ရယ်♥♥♥♥♥♥
ကံ့ကော်တဲ့ အမည်ရဲ့ ဆန်းသစ်ပြီ
ပုံသဏ္ဌာန်မှာ ချစ်စဖွယ်ရယ်
နှစ်ရောင်ရောယှက်၍
အနံ့ ရယ်မွေးကြူပြီ
သနပ်ခါးနဲ့ ရောကာ လိမ်း၍
လေလာရာ သူ့ ရနံ့ ရယ်
မေ့နိုင်မယ် မထင်ပါ
နွေဦးနဲ့ အပြိုင်လှနေတတ်တဲ့
သူသတင်း သူ့ ရနံ့ 
ဖြူစင်ခြင်းသဘောဆောင်၍
နန်းစံခြင်း အသွင်ကိုပြနေတဲ့
ကံ့ကော်လေးရယ်
ရွှေမြန်မာပြည်ရဲ့ ဂုဏ်သတင်းကို
ဆောင်နေလေရော့သလား
ခွဲခွာခဲ့တာ နှစ်တွေကြာပေမဲ့
လွမ်းဆွတ်တမ်းတဆဲပါ
ပန်းကံ့ကော်.......................
                အရမ်းကြိုက်တဲ့ပန်းလေးပါ စိတ်ထဲတမ်းတမိလို့ ရေးချလိုက်သည်
Wednesday 28 December 2011
မမJasminecho အတွက်တောင်းပန်လွှာနှင့်လက်ဆောင်
မမစံပယ်ချို လမင်းဒီပိုစ့်လေးကနေပဲတောင်းပန်ပါတယ်နော် မမမွေးနေ့ ပွဲလေးမလုပ်ပေးနိုင်ခဲ့လိုပါ
စိတ်ထဲမကောင်းဖြစ်မိတာနဲ့ ခေါင်းရေနောက်မှကိုက်ပါတော့ဆိုပြီဆေးသောက်ပီ လမင်း မရေးတတ်ရေးတတ်ကဗျာလေးကိုစိတ်ထဲရှိတာရေးရင်း
မမအတွက် ပန်းလေးနဲ့ လက်ဆောင်ပေးရင်း  တောင်းပန်ပါတယ်ရှင်
ဒီဇင်ဘာရဲ့ အေးချမ်းမှုနဲ့ အတူ လူ့ လောကထဲကို
ဖြူစင်စွာရောက်ရှိလာတဲ့ မမစံပယ်ချို
ရိုးသားချစ်ခင်စွာခင်မင်တတ်သူ
ခင်တာမကြာသေးမေမဲ့နှလုံးသားခြင်းနီး၍
နာမည်ရောအဆင်းပါလှပနေတဲ့ မွေးနေ့ ရှင်
စံပယ်လိုဖြူစင် ဒီဇင်ဘာရဲ့  (၂၈ )မှကျရောက်ခဲ့တဲ့
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ
လောကဓံရဲ့ အနှိမ့် အမြင့်ပေါင်းများကို
ရိုးသားဖြူစင်အေးချမ်းစွာလျှောက်လှမ်းနိုင်ပြီ
မမ ချစ်ခင်သောမိသားစုနဲ့ 
ပျော်ရွှင်နိုင်ပါစေဆုတောင်းရင်းးးးးးးးးးးးးးးးး
ဒီလိုနှင်းဖြူဖြူတွေကြားလူလောကထဲရောက်လာခဲ့တဲ့မမ အတွက် ပုံလေးကြိုက်လို့ 
ဒါလေးက မမအတွက် မွေးနေ့ ပွဲလေးကို မလုပ်ပေးနိုင်ခဲ့လို့ တောင်းပန်တဲ့လက်ဆောင်လေး                    ....        .မမ ကြိုက်တဲ့စံပယ်ပန်းလေးတွေပါ  မမလိုပဲဖြူစင်လှနေလိုက်ကြတာ
Saturday 24 December 2011
မေ့မရတဲ့ နေ့ လေး♥♥♥♥♥♥
(၂၅)ရက် တဲ့ တို့နစ်ယောက်ကြား
မေ့လို့ မရတဲ့ရက်လေးပေါ့ 
ချစ်သူနှစ်ဦးတို့ ချစ်ရည်ရွှန်းလဲ့ခဲ့ကြတဲ့ နေ့လေးဆိုရင်ပိုမှန်ပါလိမ့်မယ်
ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ချစ်ခြင်းတရားတွေ
( နူးညံ့သိမ်မွေ့ လွန်းလှတဲ့ မေတ္တာစစ်တွေနဲ့မှ
ဖြစ်တည်လာတဲ့ အချစ်စစ်တွေပေါ့)
ပွင့်အံခဲ့ကြတဲ့ နေ့လေးလို့လည်း ဆိုလို့ရပြန်တယ်...
နှစ်လတွေဘယ်လို ပြောင်း
မမေ့ဘူးဆိုတဲ့စိတ်နဲ့ 
ဆက်၍ချစ်မယ် ချစ်သူ
ဘယ်လိုအကြောင်းတွေကြောင့်မှ
အချစ်တွေမပျက်ပြယ်ကြေး
နောင်နှစ်တွေကြာ ယုံကြည်စွာ
လျှောက်လှမ်းရင်း
ချစ်သူနှစ်ဦးကြားခိုင်မြဲသော
လက်ကိုတွဲလို့ 
အချစ် တွေ ဆထက်တိုးလို့
ချစ်သွားမယ်မြဲ.....
အေးအတူပူအမျှ မခွဲအတူ
(၂၅ )ရက်ပေါင်းများစွာကို
တူ လက်တွဲလို့  နားလည်စွာ
ဖြတ်သန်း ယုံကြည်စွာ ခရီးဆက်
လျှက်မမေ့နိုင်တဲ့သံယောဇဉ်တွေနဲ့
အမှတ်တရသတိရကာ
ကြင်နာသူလက်တွဲကိုင်ယှက်လျှက်
ရင်ကဝေဒနာ ဖြေသာဖို့ရာ
မျှော်လင့်ဖို့ရည်မျှော်
မှန်းဆကာ ချစ်နေမည် ချစ်သူ
Wednesday 21 December 2011
ဒီဇင်ဘာပုံရိပ်များနှင့်ပိတ်ရက်ဘာလုပ်ကြမလဲ ♥♥♥♥♥♥
ဒီဇင်ဘာပိတ်ရက်ဘာလုပ်မလဲဆိုတော့ ဟဲဟဲ အလွမ်းမင်းသမီးလေးလမင်းကတော့လွမ်းမယ်စိတ်ကူးထားတာပါ အေးအေးလေးနဲ့လွမ်းမယ်စိတ်ကူးနဲ့ပေါ့ :) ကန်ဒီ blog လေးကိုသွားလည်တော့ (Tag)လေးပေးတာနဲ့ ကဲမထူးပါဘူး ရေးတော့မယ်ပေါ့
(အိမ်ရှေ့နှင်းတွေကျတာနဲ့ ပျော်လို့ ပဲထွက်များထားတာ)ချစ်သူလေးတော့ပုံတင်တာမျက်နှာလေးတော့ပုတ်နေတော့မယ်:P
နှင်းတွေအရမ်းများရင်တော့အခုလိုကားတွေသူ့နေရာလေးနဲ့တူပေါ့ :P
new year အမှတ်တရပုံလေးတွေ
ချယ်ရီအလှပေါ့ မတ်လကုန်ဧပရယ်လလောက်ဆို ပွင့်တဲ့အချိန်ပေါ့ ခရစ္စမတ်နဲ့တော့မဆိုင်ဘူးပေါ့နော် ဒါပေမဲ့အေးတဲ့အချိန်ပဲ ပွင့်တာကြောင့် ဓာတ်ပုံလေးတွေရင်းတွေ့ တာနဲ့ ထည့်ပေးလိုက်တာ် :)
မနစ်ကအဲလောက်ကိုနှင်းတွေကျတာ အိမ်ထဲမှာ (၇)လောက်နေရတယ် ဘယ်မှာသွားလို့ မရဘူး snowလာရှင်းတဲ့သူတွေမလာလို့ မလာဆိုသူတို့ လဲလာလို့မရဘူးလေ:)
လမင်းဓာတ်ပုံရိုက်ရတာရှက်တတ်တယ်ရှက်ရှက်နဲ့ရိုက်လိုက်တာရှက်နေတဲ့ပုံနော်:P
လမင်းတို့ နားက mallမှာ ပုံဝါးသွားတယ် လမင်းရိုက်တာမဟုတ်လို့ :P ဒီဇင်ဘာလဟာ လမင်းအရမ်းကြိုက်တဲ့လလေးတစ်လပါ အမှတ်တရများစွာရှိပေမဲ့ ပြန်မရနိုင်တော့တဲ့ငယ်ဘ၀လေးကိုပဲ တမ်းတလို့ပေါ့ လမင်း ကရင်လူမျိုးပါ အမျိုးတွေအားလုံးက ခရစ်ယာန်ဘာသာတွေကြီးပါ လမင်းတို့တော့(ဗုဒ္ဓဘာသာ) ပါ ငယ်ငယ်ကတော့ဆွေမျိုးတွေများတဲ့နေရာဒေသမှာကြီးပြင်းခဲ့ရတော့ ဘုရားကျောင်းတက် ခရစ္စမတ်ရောက်ရင်းသီချင်းဆိုပေါ့ ပွဲတော်တွေလဲရှိပါတယ် လက်ဆောင်တွေအပြန်အလှန်ပေးကြနဲ့Santa Clausဘိုးဘိုးဝတ်စုံဝတ်ပြီ လက်ဆောင်တွေခေါ်ပေး လက်ဆောင်အများဆုံးရတဲ့သူက လမင်းတို့ နယ်မှာတော့ (စတား)ပေါ့:P တချို့ ကလဲရည်းစားစာတွေရတာပေါ့ လမင်းတို့ နယ်ဘက်ကချစ်စရာစလေ့ပါ ခရစ္စမတ်ရောက်တော့မယ်ဆို မြို့တက်လက်ဆောင်တွေဝယ်ကြ ပျော်စရာငယ်ဘ၀လေးပါ လမင်းတို့ မေမေကလဲ အဖွားဆီမှာထားတာများတော့ လမင်းတို့ညီမတွေငယ်ငယ်ကဘုရားကျောင်းပဲတက်ဖြစ်ပါတယ်ခရစ္စမတ်ရောက်တော့မယ်ဆိုကြိုတင် ရင်ခုန်နေတတ်တာ မေမေက သမီးကြီးဒီနစ်ဘာလုပ်မှာလဲသီချင်းလိုက်ဆိုတာလိုက်မှာလား လက်ဆောင်တွေရောဘာပေးမယ် စိတ်ကူးထားလဲလို့ မေမေစလိုက်တာနဲ့စိတ်ကမရတော့ဘူး မြို့ကိုချက်ချင်တက်ချင်တာ :P ပျော်စရာခရစ္စမတ်ကိုဖြတ်သန်းကြတာပေါ့ ဘာမသိညာမသိငယ်ဘ၀ပေါ့ :) ခရစ်ယာန်ယောင်ယောင် ဗုဒ္ဓဘာသာလိုလိုနဲ့ အခုတော့လမင်းဘုရားကျောင်းမတက်ဖြစ်တော့ပါဘူး ဗုဒ္ဓဘာသာကိုပဲ ယုံကြည်ကိုးကွယ် ခဲ့ပါတယ် ဒါပေမဲ့ လမင်းအခုရောက်နေတာတော့ ခရစ္စမတ်ကို အရမ်းတန်ဖိုးထားတဲ့နိုင်ငံပေါ့ သူတို့ မှာ ဒီဇင်ဘာလစရောက်ထဲက ကဒ်တွေပို့ ကြ Christmas Tree တွေနဲ့ ပြင်ဆင်နဲ့သူတို့ ကြည့်ရင်းနဲ့ကို လမင်းကပျော်နေ တတ်တာပါ ဒီမှာတော့လမင်း ဒီဇင်ဘာရက်တွေဆို ဈေးဝယ်ထွက်ပါတယ် လျှော့ဈေးရလို့လေ :P လိုလို မလိုလိုဝယ်ထားလိုက်တော့တာ အခုပိုစ့်လေးရေးနေရင်းတောင်လက်ကယာနေပြီ ထွက်တော့မယ် ($):P ဒီအချိန်လေးပဲဈေးဝယ်တာဆိုတော့ထွက်ရင်းထွက်ပါစေပေါ့ နောက်တစ်ခုလုပ်တတ်တာက white house ကchrismas tree သွားကြည့်တယ် ဓာတ်ပုံရိုက်ဖြစ်တယ် မနှစ်ကအရမ်းအေးလို့ ကားဆီပြေးတာကင်မရာ ပျောက်ခဲ့လို့ ဓာတ်ပုံတွေမရတော့ဘူးလေ ငိုခဲ့ရသေးပါတယ် :( ဒီနှစ်တော့မရောက်ဖြစ်သေးဘူး လုပ်ထားပြီလာတောင်မသိပါဘူး လွမ်းနေရတာနဲ့ အပြင်လောကနဲ့ အဆက်ပြတ်နေပါတယ် ၂၀၁၀ ဒီဇင်ဘာလက လမင်းအရမ်းစိတ်ညစ်ခဲ့ရပေမဲ့ ဒီနှစ်ဒီဇင်ဘာတော့ လမင်းအရမ်းပျော်နေပါတယ် ဒီဇင်ဘာ (25) လမင်းတို့ ချစ်သူနှစ်ဦးကြား ဘယ်တော့မှာမေ့လို့ မရတော့မယ် ရက်လေးပါလတိုင်း (25) နော် ချစ်သူလေးကပြောနေပါတယ် (25) အမှတ်တရ အနေနဲ့ ဘာပိုစ့်လေးတင်မလဲတဲ့ လမင်းကချစ်သူနဲ့ဝေးနေတာဆိုတော့ မရေးပါဘူးသူများတွေ ချစ်သူလေးနဲ့ ပျော် နေကြတဲ့အချိန်မှာလမင်းကတစ်ယောက်ထဲဆိုတော့လွမ်းပဲလွမ်းတော့မယ်ပေါ့ ချစ်သူလေးကလဲ ရေးစေချင်တာရယ်ကန်ဒီလေးရဲ့ ပိုစ့်လေးဖတ်လိုက်တာနဲ့ ရေးချင်စိတ်လေးဖြစ်လာတာပေါ့ :P ကန်ဒီလေးကနှင်းဖြူဖြူလေးနဲ့မှာခရစ္စမတ်ရဲ့ အရသာကိုပေါ်လွင်စေတယ်ဆိုတာနဲ့ ရိုက်ထားတဲ့ပုံလေးတွေပြန်ရှာနဲ့ အလုပ်လေးရ သွားတော့အလွမ်းလေး ပျက်တာပေါ့:P ခရစ္စမတ်ပိတ်ရက်လေးကို ဈေးဝယ်ထွက်ရင်း အလွမ်းတွေနဲ့ပဲ ချစ်သူလေးကို တစ်ယောက်ထဲလွမ်းနေတော့မယ် ချစ်သူလေးလဲ အခုလောက်ဆိုနှင်းဖြူဖြူတွေကြား လမင်းကိုလွမ်းနေပါပြီး :) blogger မောင်နှမတွေလည်းခရစ္စမတ်ပိတ်လေးမှာပျော်ရွှင်နိုင်ကြပါစေ :)
Monday 19 December 2011
ဒီဇင်ဘာအလွမ်း ♥♥♥♥♥♥
 ချစ်သူရေ
ဒီနှစ် ဒီဇင်ဘာဟာအရင်နှစ်တွေထက်
အေးနေရော့သလားကွယ်
ချစ်သူကိုတမ်းတ မျှော်လင့်ရတဲ့
ရက်တွေ ရှည်ကြာပေါ့
နှင်းဖွေးဖွေးကြား ချစ်သူလာရာလမ်းကို
မှန်းဆလို့ ဒီဇင်ဘာလဲ ကုန်ခဲ့အုံးမှာပေါ့
ဒီဇင်ဘာရဲ့ နှင်းဖြူဖြူလေးနဲ့ အတူရိုးရှင်းတဲ့
ချစ်သူလေး ကိုတမ်းတလို့ 
ဆုံနိုင်ဖို့ ရက်တွေ ရေတွက်ရင်း
လွမ်းနေတယ် ချစ်သူ
ချမ်းအေးနေတဲ့ ဒီနှစ်ဆောင်းဟာ
ချစ်သူနားမရှိတော့အဓိပ္ပာယ်မဲ့လို့ ပေါ့
အနေဝေးလို့ မမေ့ကြေးချစ်သူ
ချစ်သူရင်ခွင်တိုးလို့ ခိုလှုံချင်ပေမဲ့
တမြေဆီဝေးနေတဲ့ ချစ်သူနှစ်ဦးကြား
အေးမြလှတဲ့ ဒီဇင်ဘာကိုအန်တုလို့ 
နှင်းတွေကြားတစ်ယောက်ထဲပေါ့
နှင်းဖွေးဖွေးကို သစ္စာပြုရင်း
ကုန်ခဲ့အုံးမှာပေါ့ ဒီဇင်ဘာရယ်
ဒီဇင်ဘာနဲ့ ချစ်သူ
ချစ်သူနဲ့ ဒီဇင်ဘာ
မေ့မရလို့ တမ်းတရင်း
ချမ်းအေးတဲ့နှင်းတွေကြား
မှန်းဆကာလွမ်းနေပေါ့ ချစ်သူ
Friday 16 December 2011
ကျွန်မရဲ့ ချစ်ခြင်း♥♥♥♥♥♥
ကျွန်မတို့နှစ်ယောက်ရဲ့  တွေ့ ဆုံမှုက ဆန်းကြယ်တာလား အချစ်ဆိုတဲ့အရာကပဲ ကျွန်မရင်ထဲကို
တိတ်တဆိတ်လေးဝင်လာတာလား သေချာတာတော့ ကျွန်မသူ့ ကို အရမ်းချစ်မိနေပြီ
ကျွန်မလို ဘယ်ယောင်္ကျားလေးကိုမှ အထင်မကြီးတတ်သလို မိန်းမလဲသိပ်မဆန်တတ်တဲ့ကျွန်မကယောင်္ကျားတစ်ယောက်ကို
ချစ်မိနေတယ်ဆိုတော့သူငယ်ချင်းေ
တွကအံ့သြလို့ ပေါ့
ဟုတ်ပါတယ် ကျွန်မအကြောင်းသိတဲ့သူငယ်ချင်း
များက နင်ချစ်တဲ့သူလဲရှိမယ်မထင်ပါဘူး နင့်ဒဏ်ကိုခံနိုင်တဲ့
ယောင်္ကျားလည်းရှိလာမယ်မထင်ဘူးလို့ အမျိုးမျိုးထင်ကြေပေးနေကြပါတယ်
ကျွန်မရဲ့ အနိုင်ယူတတ်မှု စိတ်ကောက်တတ်တာတွေ အတ္တကြီးတာမျိုးတွေ ကိုယ့်ဖြစ်ချင်တာပဲတွေးတတ်ပြီ
တဘက်သားအတွက်ကို လုံးဝမစဉ်းစားတတ်တဲ့ကျွန်မက ဘယ်သူကိုချစ်နိုင်မှာလဲ သူငယ်ချင်းတွေပြောနေတတ်ကြတဲ့စကားတချို့ ပါ ဟုတ်ပါတယ် သူ့ တို့ ပြောကြတာ
မှားမယ်မထင်ပါဘူး နင့်ကိုချစ်တဲ့ချစ်သူကတော့ကံဆိုးတာပဲ ဒါတွေကလဲ အချစ်ဆိုတဲ့နူးညံ့မှုတွေနဲ့ ထိတွေ့ မှု
မရှိခဲ့လို့ ဖြစ်မှာပါ  ကျွန်မ အခု ချစ်တတ်နေပြီ သူတို့များရယ်နေကြမလား
သေချာပါတယ် ကျွန်မသူကို အရမ်းချစ်နေပြီဆိုတာ သူ့ ရဲ့ ဂျစ်ကန်ကန် အပြောအဆိုလေးတွေကို
ကျွန်မချစ်တယ် စကားကိုဘယ်တော့မှာအပိုအလိုမရှိေ
ပြာတတ်တယ် မလုပ်နိုင်တာကို ကတိမပေးတတ်သလို
သူများမကောင်းကြောင်းဆို ဘယ်တော့မှမပြောတတ်ဘူး ကျွန်မကိုလဲဘယ်တော့မှဝေဖန်တာမျု
ိးမလုပ်တတ်သလို
သူ အကျင့်လေးက လူငယ်တစ်ယောက်ဖြစ်ပြီရင့်ကျက်မှုတွေကကျွန်မထက်သာနေပါတယ် သူကျွန်မကို ကောင်းကောင်းလေးထိန်းသိမ်းနိုင်တဲ့အရည်အချင်းတွေ ရှိတယ်ဆိုတာကျွန်မခံစားမိတယ် သူတစ်ပါးပြောတာကို
လက်မခံတတ်တဲ့ ကျွန်မက သူပြောသမျှကိုချွင်းချက်မရှိ နားထောင်းတတ်နေခဲ့တယ်
နားဝင်ချိုအောင်မပြောတတ်ပေမဲ့ သူ့ ရဲ့ စကားပြောဟန်လေးတွေကို ကျွန်မချစ်တယ်
ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူနစ်ယောက်
တွေ့ ဆုံကြတယ် အချစ်ကဆန်းကြယ်တယ်ဆိုတာ ကျွန်မလုံးဝလက်မခံခဲ့ပါ အချစ်ဆိုတဲ့ အရာဟာ အလွန်တရားမှဆန်းကြယ်တယ်ဆိုတာကျွန်မ၀န်ခံရတော့မယ်
သူ့ ကို ကျွန်မ အတ္တတွေ တဏှာတွေ လောဘတွေ မပါပဲ အေးချမ်းသောမေတ္တာစစ်နဲ့ချစ်ခဲ့
တာပါ
ဘာမှပြန်လို ချင်တဲ့စိတ်မရှိတဲ့အချစ်မျိုးနဲ
့ပါ သူနဲ့ ဆုံစည်းရသည် ဖြစ်စေ သူကျွန်မကို မချစ်တော့ရင်ဖြစ်စေ
ကျွန်မသူ့ ကို ချစ်မြဲချစ်ဆဲပါ
ပေါင်းဆုံခွင့်မရပေမဲ့ ကျွန်မရဲ့ ချစ်ခြင်းတရားတွေပြောင်းလည်းမသွားပါဘူး ကျွန်မသူ့ ကို ပထမနဲ့ နောက်ဆုံးအချစ်တွေနဲ့ 
ချစ်မိခဲ့လို့ ပါ  နင့်မမိုက်ချင်ပါနဲ့ လို့ ပြောလာကြတဲ့စကားလုံးတိုင်းကို
လည်းကျွန်မလက်ခံလို့ မရပါ ကျွန်မသူ့ ကိုစချစ်မိထဲက ဖြူစင်မှုနဲ့ ပါ အရောင်တွေပါမလာခဲ့ပါဘူး သူနဲ့ ဆုံနိုင်ခွင့်ရခဲ့ရင်တောင်ကျွန်မ လိပ်ပြာလုံမယ်
မထင်ပါဘူး ဟုတ်တယ်ဒါဆိုကျွန်မအချစ်တွေ မှေးမှိန်သွားနိုင်ပါတယ် ကျွန်မသူ့ ကိုချစ်တဲ့အချစ်တွေကို ဘာနဲ့မှတိုင်းတာလို့ မရတဲ့ချစ်ခြင်းနဲ့ချစ်မိတာပါ
မဆုံနိုင်တာသိပေမဲ့ ဘယ်တော့မှ ကျွန်မ ဆုံရပါစေလို့ ဆုမတောင်းခဲ့ပါဘူး အချစ်ဆိုတာ ချစ်နေဖို့ ပဲလိုတယ်လို့ 
ကျွန်မခံယူထားလို့ ပါ သူမချစ်တော့ရင်လဲ ကျွန်မသူ့ ကိုချစ်တယ်သူ မေ့သွားရင်လည်းချစ်မယ်
ဒီတိုင်းလေးပဲကျွန်မသူ့ ကို ချစ်ချင်တာပါ ကျွန်မ အသက်ရှိနေသမျှ ကျွန်မနှလုံးသားတွေခုန်နေသ၍
ကျွန်မချစ်သွားမှာပါ  အချစ်ဆိုတာပေါင်းဘက်ရမှာတို့ အတူနေကြရမယ်ဆိုတာကို ကျွန်မလက်မခံပါ
ကျွန်မရဲ့ အချစ်တွေကို အမြဲတမ်း လန်းဆန်းနုပျိုချင်တယ် ဟောင်းနွမ်းသွားတာမျိုးကျွန်မအြ
ဖစ်မခံနိုင်လို့ ပါ
အချစ်ဆိုတာ ဖြူစင်ပြီသာအရာတခုပါ လူတွေရဲ့ အတ္တတွေ လောဘတွေကြောင့် အချစ်မှ ပူလောင်မှုတွေ
ဆွေးမြေ့ခြင်းအလွမ်းတွေနဲ့ပင်ပန်းဆင်းရဲခဲ့ကြတာပါအရောင်စုံ နဲ့ ချစ်ခဲ့ကြလို့ ပါကျွန်မသူ့ ကိုချစ်တဲ့အချစ်ကို ဘယ်လိုအရာတွေဘယ်သူတွေကမှတားဆီးပိတ်ပင်လို့ 
မရတဲ့မေတ္တာတရားနဲ့ ကျွန်မချစ်သူကို ချစ်တယ်  အေးချမ်းတဲ့မေတ္တာ နွေးထွေးတဲ့ ချစ်ခြင်း တည်မြဲတဲ့သစ္စာတရားတွေနဲ့
ချစ်နေတာပါ ချစ်သူ ချစ်နေအုံးမယ်ချစ်သူ ဆက်၍ချစ်နေမည်ချစ်သူ
ကျွန်မ ရဲ့ အချစ်တွေမေတ္တာတွေကြောင့် ချစ်သူလေး ပျော်ရွှင်အေးချမ်းသောဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ
ဆန္ဒပြုလိုက်ပါတယ် ချစ်သူ...............................
Wednesday 14 December 2011
မြန်မာမိန်းကလေးဆိုတာ မမေ့ပါနှင့်
မင်္ဂလာပါ ရှင် ကောင်းသောနေ့လေးပါ......
လမင်း ဒီတစ်ခါ ညီမလေးတွေ သူငယ်ချင်းတွေအတွက်ရင်လေစရာလေးတွေ တွေ့ နေမြင်နေရတော့
ရေးချုင်စိတ်လေးဖြစ်မိတာနဲ့ ရေးတတ်သလောက်နဲ့ မြင်သလောက်လေးရေးချင်မိပါတယ်
လမင်းထက်သိတဲ့တတ်တဲ့ မမ တွေ မောင်နှမတွေအများကြီးပါ မှားတာရှိရင်နဲ့ လိုတာတွေ့ လျှင်
အကြံဥာဏ်ပေး ဆုံမနိုင်ပါတယ်ရှင်
  လမင်းပြောချင်တာက မိန်းကလေးများ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ တန်ဖိုးရှိအောင်နေပါ။
ကိုယ့်ကိုကိုယ် တန်ဖိုးထား မှ သူများက ကိုယ်ကို တန်ဖိုးထာမှပါ။။
တန်ဖိုး သိတဲ့သူဆို တန်ဖိုးရှိတာပဲ ရွေးကြပါတယ်၊တန်ဖိုး ဆိုတာ လူကဆုံးဖြတ်တာလို့
ပြောကြပေမဲ့ လူ့ ပတ်ဝန်းကျင် မှာနေတာဖြစ်လို့ တန်ဖိုးရှိအောင်တော့ နေသင့်ပါတယ်။။
    မိန်းကလေးများကအဓိကပေါ့မိန်းကလေးများကို အများကပန်းလေးတွေလို့တင်စား
ကြပါတယ်။
     မှန်ပါတယ် ပန်းဆိုတာ အပင်မှတော့ လိုချင်သူတွေများကြပါတယ်။ လူရဲ့သဘောကိုက
မရတာတို့ ခက်ခဲတာဆို ပိုတောင်း တတတ်မက်ကြပါတယ်။
   ရပြီသွားလျှင်တော့ ထားချင်သလိုထား ကြတော့တာပါ ။ထားချင်သလိုဆိုတာကြွင်းချက်တော့ရှိပါတယ်ကိုယ်တိုင်းကတန်ဖိုးရှိထားလျှင်တော့
တစ်ဘက်သားသူကလဲ တန်ဖိုးထားတတ်ကြပအါတယ် ၊ဒါကြောင့်  မိန်းကလေးဖြစ်လို့ 
 အားငယ်စရာတော့မရှိပါဘူး ။။
  ကိုယ်ဘ၀ကို အဖိုးတန်အောင်ဖန်ဆင်းမယ် ဂုဏ်ကိက္ခာ ရှိအောင်နေမယ် တန်ဖိုးရှိအောင်နေရင် တန်ဖိုးရှိတဲ့သူ ဖြစ်လာမှာသေချာပါတယ် ကိုယ်တိုင်းကဂုဏ်သိက္ခာရှိလျှင်ဂုဏ်သိက္ခာရှိတဲ့သူနဲ့ပဲတွေ့ နိုင်ပါတယ်။။
   ဥပမာ လူကောင်းတစ်ယောက်ဟာ သူတော်ကောင်းသူမြတ်လောင်းတွေကို စည်းကပ်သလိုမျိုးပေါ့။။။
  မိန်းကလေးများ အထူးသတိထားရမဲ့ အချိန်ကတော့ ရည်းစားထားတတ်တဲ့ အရွယ်နဲ့
စိတ်ကစားတတ်တဲ့ အရွယ်တွေပေါ့။။။
   ငယ်ရွယ်ကြတော့ အမှားမကင်းနိုင်ကြဘူးဆိုပေမဲ့ ပြင်လို့မရတဲ့ အမှားနဲ့ ပြင်နိုင်တဲ့အမှား
ဆိုတာရှိတယ်။။
     အမှားတိုင်းဟာ သင်ခန်းစာယူလို့ရတဲ့ ဆိုပေမဲ့ ပြင်မရတဲ့ အမှားဟာကိုယ်ဘ၀ တစ်
လျှောက် လုံးကိုနောင်တ များနဲ့ ဖြတ်သန်းသွားကြရတာတွေ ရှိတက်ပါတယ်။
ဘ၀ဆိုတဲ့ခဏတာလေးမှာ အကောင်းဆုံးနဲ့ တန်ဖိုးရှိအောင်နေနိုင်ကြရင်အကောင်းဆုံးပေါ့
ဒါကြောင့် ဘ၀မှာ ပြင်မရတဲ့ အမှားတွေ မဖြစ်ရလေအောင် ကိုယ်ရဲ့ စိတ်ကို အလိုမလိုက်ပါနဲ့ စိတ်ကွယ်ရာကို ရှောင်ပါ။။။
   ရည်းစားလည်းအများကြီးမထားပါနဲ့ ထားတော့မယ်ဆို သေချာစဉ်းစားဆုံးဖြတ်ပါ။။
ရည်းစားဖြစ်သွားရင်လည်း စည်းဆိုတာ ထားပါ နားလည်မူယူကြပါ  ကိုယ်ချစ်သူကိုလည်း
အလို မလိုက်မိပါစေနဲ့ ခုခေတ် ကတိုးတတ်လာတာတဲ့ ဘာတွေ တိုးတတ်လဲတော့မသိဘူး။
   မြန်မာပြည်မှာ အရက်ဆိုင် ဘီယာဆိုင် ကာရာအိုကေ  night club တွေ dayclubတွေများလာတာပဲတွေ့ မိတယ်။
  မြန်မာပြည်မှကလဲ အခုကိုးရီယားခေတ်ဆိုတော့ အ၀တ်အစား အနေအထိုင်ကအစ
ဘာတွေဖြစ်ကုန်ပြီးလည်း မသိတော့ပါဘူး ။။
အတုယူကြပါ မယူရဘူးမဟုက်ပါဘူး ကောင်းတာလေးတွေ ယူကြပါ အခုဟာက
  မြန်မာ လူမျိုးတွေက နိုင်ငံခြား ကမကောင်းတာအကုန် အတု ယူကြတာ တကယ်ကို
စိတ်မကောင်းစရာပါ  အင်တာနက်ခေတ်တဲ့မကောင်းဘူးလားကောင်းပါတယ် အသုံးချတတ်လျှင်ပေါ့ 
ကိုယ့်ချစ်သူဆိုပြီလဲ မျက်စိ(လုံး) စုံမှိတ်မယုံလိုက်ပါနဲ့  vzoချက်မယ်  skype သုံးမယ်ဆို  ဆင်ခြင်ပါကိုယ့်ချစ်သူပဲဆိုပြီ
ခိုင်းတိုင်းမလုပ်မိပါစေနဲ့ လို့ အကြံပေးချင်ပါတယ်
သူများတွေကိုကြီး ပြောတာမဟုက်ပါဘူးကိုယ့်ကိုကိုယ်သတိပေးရင်း
  အိမ်မှလည်း လမင်းညီမ အလတ်မရှိတယ် ၀တ်တာစားတာက အမြဲပြောနေရတယ်၊ နိုင်ငံခြား ဆိုတာက သူတို့နိုင်ငံ သူတို့ ယဉ်ကျေးမူနဲ့ တော့ ဘာမှမဖြစ်ပေမဲ့ မြန်မာ မျက်စိ (လုံး)နဲ့ကြတော့ အတော်လေးကို ကြည့်ရဆိုးတာပါ။။။
   လူတစ်ယောက်ရဲ့ ဂုဏ် သိက္ခာ ဟာ အနေအထိုင်နဲ့တင် မဟုက်ပါဘူး အ၀တ် အစားမှပါ
အများကြီးပါဝင်ပါတယ်။။။
   လမင်းကတော့အားလုံးကို စေတနာလေးနဲ့ ပြောတာပါ ဆရာလုပ်တယ်လို့တော့မထင်စေချင်ဘူ
း  အိမ်မှလည်း လမင်းကသမီးကြီးဆိုတော့ အစစအရာရာ ဆင်ခြင်နေရတယ် ။
 အနေအထိုင်လေးများ နည်းနည်းမှားတာနဲ့ ငါ့ညီမလေးတွေများ အတုခိုးမှားမလားဆိုတဲ့
စိတ်နဲ့နေရတာလေး လူကကြာတော့အဖွားကြီးလေး ဖြစ်နေပြီ။
သူတို့ကိုကောင်းစေချင်လို့ပြောတော့ ပွစိပွစိနဲ့တဲ့အပျိုကြီးဆိုတော့လဲဇီဇာကြောင်တာပါ :)
အကြောင်ကောင်းလေးပါရှင့် :P
 လမင်းပြောချင်တာလေးကို နားလည်ကြလိမ်မယ်ထင်ပါတယ်ရေးတတ်သလောက်ရေးမိပါတယ်
လမင်းစေတနားလေးကို အသိအမှတ်မပြုလျှင်နေပါ တစ်မျိုးတော့မထင်စေချင်ပါဘူး။။
အားလုံးကို မောင်နှမစိတ် ဓာတ်လေးနဲ့ အသိပေးတာပါ ။။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
ဒီစာကို လမင်းညီမလေးဆီ ပို့တဲ့ စာကို ကိုးကားပြီးရေးထားတာပါ။
Sunday 11 December 2011
ချစ်သူလေးသိစေ♥♥♥♥♥♥
ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ
ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး
လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို  တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ
သမျှ  ချစ်၍နေအုံးမည် ချစ်သူ.....
....
Thursday 8 December 2011
အချစ်ကံခေတဲ့ ကျွန်မ♥♥♥♥♥♥
ဒီနေ့လည်း စိတ်ထဲစာရေးချင်စိတ်လေးဖြစ်တာနဲ့ ဘာရေးရမလဲစဉ်းစားနေပြန်ရော
ရေးစရာမရှိတော့လဲ ကိုယ့် အကြောင်းလေးတွေးပြီရေးမိပါတယ်
စိတ်ဆိုတာလဲခက်သားလား တွေးချင်ရာတွေး ထင်ချင်ရာထင်နေတတ်တာလေဘာရယ်မဟု
တ်
မသိခဲ့တဲ့ အတိတ်အကြောင်း ကုန်လွန်ခဲ့တဲ့အတိတ်အကြောင်းတွေ
ခေါင်းထဲကို တသီတတန်းကြီးဝင်လာပါတော့တယ်
အခုတလောစိတ်ထဲသိပ်မကောင်းတာနဲ့ လက်ရှိဖြစ်နေတာလေးကိုပဲအကြောင်
းပြုပြီတွေးမိတော့
ဘာရယ်မဟုတ် လူတိုင်းတွေ့ ကြုံဖူးတဲ့ အချစ်အကြောင်းခေါင်းထဲရောက်လာတာ
ပေါ့
အချစ်အကြောင်းဘယ်လောက်သိလို့ ပြောရတာလဲဆိုတော့ မသိပါဘူး လုံးဝကို မသိချင်ခဲ့တဲ့အရာက အချစ်ဆိုတာပဲ
ကျွန်မအတွက် ပိုမှန်နေပါလိမ့်မယ် မသိပေမဲ့ အချစ်ဆိုတာကိုကြားမိတာနဲ့ အလိုလိုကြောက်နေတတ်တာလေ
အချစ်ဆိုတာ ကြောက်စရာမဟုတ်ဘူးလို့ ပြောကြပါတယ် ။
ဟုတ်ချင်လဲဟုတ်နိုင်ပါတယ် ဒါပေမဲ့ကျွန်မအချစ်ဆိုတာကို ကြောက်နေမိတယ် အကြောင်းအရာတစ်ခုကိုကြောက်တယ်ဆိ
ုတာ
ကြောက်စရာကြုံဖူးလို့ကြောက်တာပါ
၊ အကြောင်းမဲ့ တော့ဘယ်အရာမှာမကြောက်ကြပါဘူး  ကြည်နူးစရာ ပျော်ရွှင်စရာတွေနဲ့ ကြုံဖူးတဲ့သူတွေကတော့ အဲ့အရာကို ဘယ်ကြောက်ကြမလဲ ကျွန်မကြုံဖူးတဲ့
အချစ်ကတော့ ၀မ်းနည်းခြင်း ပူလောင်ခြင်း ခွဲခွာခြင်း အမျိုးအစားထဲကမထွက်ခဲ့ပါဘူး။
ဒါကလဲ အချစ်ကို အပြစ်ပြောလို့ မရပါဘူး ကျွန်မရဲ့ အတိတ်ကံအကျိုးပေးထင်ပါတယ် ။
ဘယ်ဘ၀က ဘယ်သူတွေကို ဘာလုပ်ခဲ့လဲ သူတစ်ပါးချစ်ရေးအိမ်ထောင်ရေးတွေ
ကို စော်ကားခဲ့သလဲ ဘယ်သူတွေရဲ့ ချစ်ခြင်းကို
ခွဲခဲ့လဲဆိုတဲ့အတွေးစတွေခေါင်း
ထဲဝင်လာမြဲပါ ။
သလို ကြားရတတ်ပါသေးတယ်
ယခုဘ၀အချစ်ကံမကောင်းကြတဲ့သူတွေ
ဟာ အတိတ်ကပြုလုပ်ခဲ့ဖူးတဲ့ မကောင်းကံတွေ သူတစ်ပါးရဲ့ ချစ်ခြင်းကို
ခွဲခဲ့တဲ့သူ သူတစ်ပါးအိမ်ထောင်ကိုပြိုကွဲေ
စခဲ့တဲ့သူဟာအချစ်ရေး ၊ အိမ်ထောင်ရေးမှာဘယ်လိုနည်းနဲ့မှအကျိုးပေးမကောင်းနိုင်ပါဘူးပေါ့
ကိုယ့်မသိနိုင်တော့တဲ့ အတိတ်ကံကိုပဲ အပြစ်ပုံချရတော့မလား ကျွန်မ  မသိတော့ပါဘူး ။ အချစ်ကံခေတယ်လို့ ပဲပြောရမလား ဒါမှမဟုတ် အပျိုကြီးဇာတာများပါလေသလား :)
ကိုယ်ပြုသည့်ကံကိုယ်ထံပြန်လို့ ပြောရမလား ၊ဘယ်သူမပြုမိမိမှုလို့ ပဲသတ်မှတ်ရမလား။
ကျွန်မနှလုံးသားကျွန်းခံနေတယ်လိ
ု့ ပဲအော်ဟစ်နေရမလား ၊ အချစ်ဟာမီးလားလို့  ကလေးတစ်ယောက်လို့ အော်နေလို့ ရရင်လဲကောင်းသား
အခုတော့ အကောင်းကြီးကနေထဖောက်နေတယ်ဆြို
ပီ အထင်ခံရမှာတော့သေချာနေပြီ
ကျွန်မဘာလုပ်သင့်လဲ စိတ်တွေပူလောင်လိုက်တာ ဆရာတော်တွေဟောပြောနေသလိုပဲ အနှိုင်းမဲ့မီးပါလာနော်
တဏှာ ၊ရာဂ၊ အတ္တတွေ မကုန်သ၍တော့ ပူလောင်အုံးပေါ့ ပုထုဇဉ်ပီပီလောင်မြိုက်ဝါးမျို
ခံရအုံးမယ်ပေါ့
လွတ်အောင်မရုန်းနိုင်သေးဘူလေး ပိုးဖလံမျိုးမို့ မီးပုံတိုးနေတာပါလို့ ပဲဆင်ခြေပေးနေရအုံးမှာပေါ့ရှ
င်
တစ်ခုတော့ ရှိတာပေါ့ အဆိုးထဲက အကောင်းကိုရွေးမိတာက ကျွန်မတရားတွေပိုနာဖြစ်တယ် ပုတီးစိပ်ဖြစ်တယ်
အချိန်ရသလောက် တရားထိုင်ဖြစ်တယ် ဒါတွေကကျွန်မ အတွက်တော့ အဆိုးထဲကအကောင်းလို့ ပဲပြောရတော့မယ်
ဟုတ်တယ် ကျွန်မ အကောင်းဆုံးလမ်းကိုတွေ့ ထားတာတောင် ဘာလို့ စိတ်ညစ်စရာတွေကို ကြံဖန်စဉ်းစားနေရတာလဲ
ကျွန်မလမ်းမှန်ကို လျှောက်ခွင့်ရနေတာလေ ဘာအတွက်ကြောင့် တွေးဝေနေရတာလဲ သြော် ပုထုဇဉ်ကိုနော် :)
အဖြေတစ်ခုတော့ရလိုက်ပါတယ် ကျွန်မအချစ်ကံမကောင်းခဲ့တာမဟုတ်
ပါ မကောင်းကံလုပ်ခဲ့မိလို့ပါ
အကြောင်းအရာတိုင်းမှာအဖြေရှိပြီ
းသားလေ ကျွန်မ ကံကိုပြုပြင်ရတော့မယ် မသိတော့တဲ့အတိတ်ကံကို အပြစ်ဖွဲ့ နေမဲ့အစား လက်ရှိကျွန်မလုပ်နိုင်တဲ့ကံကို အကောင်းဆုံးလုပ်လိုက်တာက ကျွန်မအတွက်အကောင်းဆုံးဖြစ်မှာပါ
တွေးမိတွေးရာတွေးလိုက်တော့လဲ စာလေးတစ်ပုဒ်ဖြစ်ပါတယ် :)  ကျွန်မလိုပဲ အချစ်ကံခေသူများ အချစ်ရေး
ကံမကောင်းကြသူများ စိတ်ညစ်နေမဲ့အစား ကိုယ့်ရဲ့ လက်ရှိ အချိန်လေးကို အကျိုးရှိစွာအသုံးချတတ်ပါစေဆို
တဲ့ အတွေးကလဲ ၀င်လာပါလေရောရှင် တော်ပါပြီလေ  အချစ်ကံခေသူကနေ အချစ်ဆရာမကြီးဖြစ်နေအုံးမယ် :P
Tuesday 6 December 2011
ကျွန်မမြန်မာလူမျိုးပါ
မင်္ဂလာပါ သူငယ်ချင်းတို့ ရေး ကောင်းသောနေ့လေးဖြစ်ပါစေ..
ဒီတစ်ခါတော့ လမင်း မြန်မာပြည်က သူငယ်ချင်းများနဲ့ စကားပြောဖြစ်တာလေး
ရေးချင်နေတာကြာပြီး၊မအားတာနဲ့ အရှုပ်တွေရှင်းနေရတာနဲ့  အခုပဲရေးဖြစ်တော့တယ်။
လမင်းနဲ့ သူငယ်ချင်းတွေ  နှစ်ရက် သုံးရက် တစ်ခါ တော့တွေ့ ဖြစ်ပါတယ်။
vzo နဲ့ ပေါ့  အချိန်မတူတော့ ညှီယူပြီးပြောကြတာပဲ ။
သတိရတာကို လမင်းကမြန်မာပြည်က လွဲလို့ ဘယ်မှ သွားချင်တဲ့ သူမဟုတ်ပါဘူးရှင် အကြောင်းကြောင်းတွေကြောင့်
ဘ၀ပေး ကုသိုလ်ကြောင့်ပဲပြောရမှာ ပေါ့ ။
  လမင်းကတော့ ကိုယ်နှိင်ငံလေးကိုပဲ ချစ်တယ်  ရိုးရာအကျင့်  စရိုက်လေးတွေကိုလည်း
နစ်သက်တယ်လေး အခုရောက်တဲ့  နေရာနဲ့ လမင်းနဲ့ တော့   ပြောတော့ဘူး။
လမင်းပြောချင်တာကတော့ သူငယ်ချင်းတွေပေါ့ vzo  ချက်ရင် လမင်းက သနပ်ခါးလိမ်း
ထားတက်တယ် ဘယ်မှာသွားစရာမရှိရင်ပေါ့။
  အဲတော့ ပြောလိုက်ကြတာ နင့်ကလည်း နှိင်ငံခြားမှာနေပြီး သနာခါးတွေနဲ့ 
မရှက်ဘူးလားတဲ့ လမင်းကတော့ တစ်ခါမှာမတွေးမိပါဘူး။
ဘယ်လိုပြောလိုက်တာလဲ သနာခါးလိမ်းတာရှက်စရာလား ငါမတွေးမိပါဘူး ။
နင့်ကတော့တောသူကိုတဲ့ ဟုတ်တယ်လေး ငါကတောသူပဲဟာ မြန်မာလူမျိုး
သနာခါးကြိုက်တာ တောသူဆိုလည်း နင့်တို့ ပြောသလိုပေါ့ဟာ လမင်းကလည်း
သနာခါးဆို အရမ်းကြိုက်တာ မလိမ်းပဲကိုမနေနိုင်တာလေး သွားစရာရှိရင်တောင်း
ပါးပါးလေးတော့ လိမ်းတက်သေးတာ မြန်မာပြည်ကဘာလိုလဲမေးရင်သနပ်ခါးနဲ့ မြန်မာ
ဝတ်စုံပဲ မှာတာ ကျန်တာဘာလိုလဲမေးရင်ဘာမှမလိုဘူးဒီမှာ ပိုက်ဆံရှိရင်အကုန်ရတယ်လို့ ငါးပိရည်လည်းရပါတယ် တစ်ခါလေးများလမင်း ငါးပိနဲ့
ထမင်းစားရင်းလက်နဲ့ စားတာလေး သူတို့လာလို့ ခဏလက်ဆေးအုံးမယ်ဆို နင့်ကလက်နဲ့ 
စားတာလား အဲမှာနေပြီးတော့ လက်နဲ့ မစားလို့ ဘာနဲ့ စားရမလဲ ပြန်ရစ်ရော
လမင်း အပြင်မှာ စားတာလောက်ပဲ အိမ်မှာဆို အားရပါရဆွဲတာ ဟိဟိ
အစားကြီးတာဟုတ်ဘူးနော် လက်နဲ့ စားရတာကိုအားရလို့  ဓာတ်ပုံရိုက်ပို့ ရင်လည်း
မြန်မာဝတ်စုံးနဲ့ ဆို ပြောလိုက်ကြတာ ရစရာကို မရှိ လမင်းမှာတော့ ၀တ်ချင်းလွန်လို့ 
ဘုန်းကြီးကျောင်း ဘာအလှူရှိမလဲပဲကြံနေတာလေး အဲဒါမှ လမင်းဝတ်ရတာကို
   လမင်းပြောချင်တာ လမင်းကမြန်မာ မိန်းကလေးပါ ဘယ်နှိုင်ငံရောက်ရောက်
ကိုယ် ရိုးရာ အကျင့်စရိုတ်တော့ မပျောက်ဘူးရှင့်  တကယ်ပါ  လမင်းမြန်မာပြည်ကို
ချစ်တယ် လွမ်းတယ် ပြန်ချင်တယ် ။
  လမင်းမေမေရဲ့ ငါးပိချက်နဲ့ ချဉ်ပေါင်ဟင်းလည်းစားချင်တယ် ။ ဒီကအစားတွေ လုံးဝ
မကြိုက်တဲ့ လမင်းဒုက္ခ ရောက်ပါတယ်။
အစွဲကလည်းကြီးတယ် မစားဘူးဆို မစားဘူးပဲ ဘယ်သူပြောပြော စားကြည့်ပါ ။
ကောင်းတယ် စားကြည့်တော့သိတာပေါ့ မစားပဲဘယ်လိုသိမလဲပေါ့ ။ ကြည့်တာနဲ့ သိ
တယ် ငါမကြိုက်ဘူးလူတိုင်းလက်မြှောက်တယ်။ ဘာစားမလဲ ဆို မြန်မာမုန့်  မြန်မာဟင်း
ဘုန်းကြီးကျောင်းဈေးပွဲတော်ဆို လမင်းအရမ်းပျော်တာပေါ့ စားချင်တာလေးတွေစားရလို့ 
တစ်နစ်မှ တစ်ခါနှစ်ခါဆို တော့ ဟဲဟဲ ဘယ်ရမလဲ အ၀စားတာပဲ။။
မြန်မာပြည်က သူငယ်ချင်းတွေကတော့ ဒီကအစားတွေကို ပါးစပ်ကကို မချတာ အဲတော့
လမင်းကို ဘာဖြစ်လဲထင်လဲ ဒိတ်အောက် တယ်ဆိုပဲ အစားကောင်း အ၀တ်ကောင်း
မ၀တ်တက်ဘူးတဲ့  ၀တ်တက်တာပေါ့ လူပဲ လမင်းက ကိုယ့်ရိုးရာ ၀တ်စုံလေး ၀တ်
ရတာကို ဂုဏ်ယူချင်တာလေ အရမ်းလည်းကြိုက်တယ်။သနပ်ခါးလေးလိမ်းပြီ မြန်မာဝတ်စုံဝတ်ထားတဲ့နေ့ ဟာ လမင်းအပျော်ဆုံးနေ့လေးပေါ့
တကယ်ပြောတာပါ လမင်း အခုထိ make up တစ်ခါမှာမလိမ်ဖူးဘူး
ဒီမှာဆောင်းရောက်လာရင်တော့အေးလာတယ် အသားအရေးခြောက်
လာတတ်တော့ cream လေးတော့လိမ်းရတယ်ရှင်မလိမ်းချင်ပါဘူး
မြန်မာပြည်မှာလိုပဲသနပ်ခါးရေကျဲလေးလိမ်းထားချင်တာလေ နေရာဒေသ
လိုက်ပြီ အဆင်ပြေအောင်နေရ ၀တ်ရ လိမ်းရပေမဲ့ ကိုယ်ရိုးရာစလေ့ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး မေ့လို့ လဲတစ်နေ့မှာမရဘူး နေ့ တိုင်းလွမ်းနေတယ် တကယ်ပါ ပြန်ချင်နေတာလဲရူးနေတာပဲ ခွင့်ရလို့ ကတော့ လစ်ပြီသာမှတ်တော့ ဘယ်သူတားတားမရတော့ဘူးနော်
မေမေနဲ့ သူငယ်ချင်းတို့ ရေ သတိရပါတယ်  အရမ်းလွမ်းနေပါတယ်
ပြန်လာမဲ့ နေလေးအမြန်ရောက်ပါစေ ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးး
မြန်မာပြည်ကြီးနဲ့ ရွာလေးကို လွမ်းတယ်ဆိုတဲ့အကြောင်းလေးပြောရင်နဲ့ပဲအလွမ်းသယ်လိုက်ပါတယ်ရှင်........
.....
Saturday 3 December 2011
ကြိုးလေးအတွက် ♥♥♥♥♥♥
ချစ်သူ ငါမင်းနဲ့ တွေ့ မှ အချစ်ဆိုတာ
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ချင်တွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတဲ့
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်
Tuesday 29 November 2011
လောကဓံနှင့်ကျွန်မ >>>
မွေးစထဲက လောကဓံဆိုတာ
ခံလာလိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါလေရော
တွေ့ ကြုံလာတဲ့ ခက်ခဲမှု
ဝမ်းနည်း ၀မ်းသာ
အနိမ့် အမြင့် ပြုံးလိုက် မဲ့လိုက်
အနိုင် အရှုံး အချစ် အမုန်း
ကျော်စောခြင်း ကျရှုံးခြင်း
ခြွေရံများခြင်း ဘယ်သူမှမရှိခြင်း
နဲ့ လည်းတွေ့ ခဲ့ ဆုံခဲ့ ဖူးတယ်
ချစ်တဲ့ သူနဲ့ လည်းကွေကွင်း ခဲ့ဖူးတယ်
ချစ်တဲ့ သူနဲ့ လဲ ဆုံတွေ့ ဖူးတယ်
ငိုခဲ့ ဖူးတယ် လွတ်လပ်စွာလဲ ရယ်ခဲ့ဖူးတယ်
သြော် လောကဓံ ငါခံလာလိုက်တာ
နစ်တွေတောင် ကြာသွားခဲ့တာပဲ
မှန်ရှေ့ ကြည့်မိတယ်  ဟို................
လွန်ခဲ့တဲ့ ၁၀ စု နစ်လောက် လန်းဆန်းခြင်း
တက်ကြွခြင်းတွေ မတွေ့ တော့ပါလား
မျက်လုံး ရဲ့ စွမ်းအားတွေ လည်း
အရောင်မှေးမှိန်နေရော့ သလား
အသားအရေးတွေ ရော
နုပျိုခြင်း မဲ့ လေရော့ သလား
သြော် လောကဓံ  ကျွန်မကို နှိပ်စက်လာလိုက်တာ
ခန္ဓာ ကိုယ်တောင် စကားတွေ ပြောလာပါရော
ကျွန်မ ရဲ့ အပြုံးတွေ မျက်လုံးတွေ
ကိုယ်ခန္ဓာ ရဲ့ လှုပ်ရှာ မှုတွေ နှေးကွေးကုန်ပါရော့လား
လောကဓံ ရဲ့ အပူမီးကြောင့်ထင်ပ
လောက သြော် လောက သင် ကျွန်မကို
သင်ပေးခဲ့တာတွေ အရမ်းများနေခဲ့တာပဲ
ဒါပေမဲ့  ကျွန်မ လောကဆိုတာထဲကနေ
ရုန်းမထွက်နိုင်သေးပါလား
သင်ပြနေသော အိုခြင်း နာခြင် သေခြင်း
ဆိုတာတွေကို ကျွန်မ ဘာလို့ 
အမှန်မမြင်ခဲ့ရတာလဲ
လောက ကြီးကသင်ပေးတဲ့ ပညာတွေတော့
ကျွန်မ အသက်အရွယ်နဲ့ သိသင့်သလောက်
ကြုံခဲ့သလောက် သိနေပေမဲ့ 
လောကုတ္တရာ တရားကို ဘာလို့ မမြင်သေးရတာလဲ
သြော် ကျွန်မသိပြီ
ဘာမှာ မလုပ်ရသေးတာကို
ခံလိုက်အုံးပေါ့ ကျင်လည်သမျှ
ဘ၀တွေမှာ လောကဓံ ရဲ့ အပူဒဏ်တွေကို
ခံလိုက်အုံးပေါ့ သစ္စာ တရားကို မတွေ့ သ၍
ခံလိုက်အုံးပေါ့
သြော် လောကဓံ နှင့် ကျွန်မ...........
Sunday 27 November 2011
နေစရာမရှိတဲ့ အချစ်♥♥♥♥♥♥
လူတွေပြောတဲ့ အချစ်အကြောင်း
လူတိုင်းဟာ တစ်ကြိမ်ပဲချစ်ရမယ်တဲ့
ဒါဟာ မတရားတာပဲ  တကယ်ချစ်ခဲ့တာ
အကယ်ဒီမီ ရှော့တွေပါ
မရေရာမတိကျတဲ့ အချစ်ဆိုတာ
အစစ်ပါလို့
ဘယ်သူက ဘယ်လို သက်သေပြမှာလဲ
တစ်ယောက်နဲ့ ချစ်ဖူးတာနဲ့ 
နောက်တစ်ယောက်ကို ထပ်မချစ်ရတော့ဘူးဆိုရင်
ဘာတွေဖြစ်ကုန်မလဲ
အချစ်ဆိုတာကို မျက်ခြေမပျက်လေ့လာနေသူမဟုတ်တော့
မသိဘူးလေ ကျွန်မသိတဲ့ အချစ်ဆိုတာက
တစ်ယောက်က ပြုံးရင်တစ်ယောက်ကငိုရတယ်
တစ်ယောက်ကိုရွေးချယ်ရင် တစ်ယောက်က အပယ်ခံရတယ်
တစ်ယောက်က ထားခဲ့တော့ တစ်ယောက်မျှော်လင့်နေတဲ့သူရှိ
တယ်
ပိုင်ဆိုင်ထားတဲ့သူကလည်း ၀န်တိုမှုနဲ့ ရောင့်ရဲမှုမရှိဘူး
ဒါလား အချစ် သိတော့ဘူး
သိချင်ရင် လေ့လာကြည့်ပေါ့
အချစ်ကို အပစ်မြင်သူကမြင် ထင်သူကထင်
တင်းလိုက်ပျော့လိုက် ဒီကြားထဲခုတုံးလုပ်သူကလုပ်
သြော် အချစ်မှာလဲ နေစရာတောင်မရှိတော့ပါလားနော်
အချစ်ဆိုတာ လိုလိုဖြစ်တည်လာတတ်တာဖြစ်လို့ 
အချစ်ကို မကိုးကွယ်ပါနဲ့ 
Friday 25 November 2011
အချစ်မဲ့ နိဂုံး♥♥♥♥♥♥
ကောင်လေးရေ
မင်းမသိလို့ပါ
ငါ့မှာတော့ တစ်ဘ၀စာ
ကူးခတ်လာခဲ့တာ
နွမ်းလျပင်ပန်းလှပြီပေါ့
တကယ်တမ်းတော့
မျှော်လင့်ချက်နဲ့ အသက်
ဆက်ခဲ့ရသူပါ
ရင်ခုန်စွာ မျှော်လင့်မိတာဟာ
ကောင်လေးရဲ့ မေတ္တာစစ်တွေပေါ့
ဒါဟာလည်းငါ့ ရဲ့ ရုးသွပ်ခြင်းပေါ့
ကျိန်စာမိထားတဲ့ငါ့နှလုံးသားဟာ
ဘယ်အချိန်ထိရင်ခုန်နိုင်အုံးမှာလဲ
လိုချင်တဲ့ ဖန်ဆင်းခွင့်များ ရှိခဲ့ရင်တော့
ကောင်လေးရဲ့ နားလည်ပေးနိုင်တဲ့အပြုံးတစ်ချ
က်သာ
ငါလိုချင်နေမိတာပါ
ပြုံးပြပေးပါလား ကောင်လေးရယ်
ဒါဟာ ငါ့အတွက်ကြီးမာတဲ့ဆုလဒ်တစ်ခုပါ
မင်းနှလုံးသားကို လာဖို့ ငါ့မှာ
လမ်းညွန်မြေပုံပါမလာခဲ့တာသိလို့ 
မင်းရဲ့ အနီးဆုံးငါဟာ
အဝေးဆုံးမှာကြောင်တောင်တောင်နဲ့ ပေါ့..
ကံတရားသာ မျက်နှာသာပေးခဲ့ရင်း
ကောင်လေးရဲ့ အနီးဆုံးမှာနေချင်မိသူပါ.
အခုတော့.......................
Tuesday 22 November 2011
ဘာကြောင့်လဲ ????
ငါသိပ်ချစ်ခဲ့ မှန်းသိလို့ 
ထားခဲ့ တာလား  ချစ်သူ
အားလုံးနဲ့ ဆန့်ကျင်ပြီ
ချစ်ခဲ့တာ  လမ်းခွဲဖို့ လား
ငါလွမ်းတတ်မှန်းသိလို့ 
အနိုင်ယူတာလား ချစ်သူ
မကြင်နာလို့ စိမ်းရက်လေသူ
ကံတရားကြောင့် ဝေးခဲ့တာလား
ငါမျှော်လင့်ထားသမျှ ဆုံးရှူံးခဲ့ပြီ
နောက်ဆုံးတော့ ဝေဒနာတွေနဲ့ 
ထားခဲ့တာလား
အကြောင်းပြချက်မဲ့ ထားခဲ့သွားတာ
ဘာကြောင့်ဆိုတာ ပြောပြခဲ့ပါလား
ငါသိပ်ချစ်ခဲ့လို့ မုန့်း မေ့ဖို့ မလွယ်ဘူး ချစ်သူ
နင့်ကိုချစ်ခဲ့သလောက် စိတ်ကုန်တယ်
အကြောင်းပြချက်မဲ့ ထားခဲ့တယ်
ဘာကြောင့်လဲ ???
ဘာကြောင့်လဲ ချစ်သူ ????
Monday 21 November 2011
မွေးနေ့ နောက်ဆက်တွဲ♥♥♥♥♥♥
လမင်းအိမ်ကဘုရားစင်လေးပါ သစ်သီးဆွမ်းကပ်လျုထားတဲ့ပုံလေး အဲအထိတော့ စိတ်လေးကိုချမ်းသာနေတာပေါ့
မုန့်ဟင်းခါးကျွေးမယ်စိတ်ကူးလေးနဲ့ စချက်ပါပြီ
ချက်သွားပါပြီရှင် အရသာအတော်ကောင်းတာသိလား :P
မနက်လည်းရောက်ရောတစ်အိုးလုံးချဉ်ကုန်ပါလေရောရှင် စိတ်ပိန်သွားတာပဲ လူကိုပြာသွားတာပဲ ဘာကျွေးရတော့မလဲပေါ့ ဧည့်သည်းတွေကလဲလာတော့မယ် ပြန်ချက်ဖို့ လဲအဆင်မပြေ ဟူးးးးးးးးးး အတော်လေးခေါင်းချြောက်သွားတယ် နောက်တော့အကျန်ရတာနဲ့ 
တစ်နှစ်တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏ သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏ မွေးနေ့ဆိုတာ အိုပွဲပါ သေချာဥာဏ်ဖြင့်ကြည့် အသက် သိက္ခာ ကြီးစရာ လူမှာနစ်မျိုးရှိ အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏ အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွာ၏ အကျင့်သိက္ခာ ကြီးမှသာ မှန်စွာစိတ်အေး၏ ကြီးလေလှလေ အေးမြပေ လူတွေချစ်ကြ၏ ယောဆရာတော်ကြီးရဲ့ ကဗျာလေးပါ ရှယ်လုပ်ထားတာနော် မုန့်ဟင်းခါးနဲ့စားဖို့ ပေါ့ နောက်တော့ ရှမ်းထမင်းချဉ်ဖြစ်သွားပါလေရောရှင် လမင်းမေ့တာ အခုတလောအရမ်းမေ့တတ်တာကွယ်
ထမင်းချဉ်ပေါ့ ငါးနဲ့ ရခိုင်မုန့်တီသုတ်လည်းပါသေးတယ် ဓာတ်ပုံရိုက်ဖို့ မေ့သွားတာနဲ့ လူကပြာနေပြီလေ
Sunday 20 November 2011
လမင်းရဲ့မွေးနေ့ရက်မြတ်လေးပါ♥♥♥♥♥♥
ယနေ့ကြရောက်တဲ့လမင်းရဲ့မွေးနေ့လေးမှာလာရောက်ကြသောသူငယ်ချင်းအားလုံးမင်္ဂလာပါ
နေမင်း .လမင်. ကြယ်စင် ဆိုတဲ့မောင်နှမသုံးထဲက
အခုအငယ်ဆုံးလေး လမင်းငယ်ရဲ့မွေးနေ့လေးဖြစ်ပါတယ်ခင်ဗျာ
လမင်းရဲ့မွေးနေ့ပွဲလေးကို ကိုနေမင်းနဲ့ကြယ်စင်တို့မှတာဝန်ယူကျင်းပပေးလိုက်ပါတယ်
လမင်းရဲ့မွေးနေ့ပွဲလေးကိုလှလှပပဖြစ်သွားအောင်တော့ကျင်းပပေးလိုက်ပါတယ်
နိုင်ငံတကာကမွေးနေ့ကိတ်တွေတော့လိုက်ဆုပြီး
လမင်းရဲ့မွေးနေ့လေးကိုခန်းခန်းနားနားလေးစီစဉ်ထားပါတယ်
 သူလေးကတော့မွေးနေ့ရှင်လမင်းငယ်ဖြစ်ပါတယ်
ဒါလေးကတော့လမင်းရဲ့မွေးနေ့ပွဲစင်တာလေးပါ
လာရောက်မည့်ဧသည်တွေကများတော့ အခန်းအနားကြယ်ကြယ်လေးလုပ်ထားတာပါ
ဒါကြီးတော့ကမ္ဘာ့အကြီးဆုံးမွေးနေ့ကိတ်ပေါ့နော်
ကျနော်နေမင်းကလမင်းကိုပြောထားတာပေါ့ ညီမလေးရဲ့မွေးနေ့မှာကမ္ဘာ့အကြီးမွေးနေ့ကိတ်
ပေးမယ်လို့လေမှန်တယ်ဟုတ်
မွေးနေ့ရှင်လမင်းငယ်ကနေလာရောက်ကြသောသူငယ်ချင်းများအားလုံးကို
မွေးနေ့ကိတ်တစ်လုံးကျွေးချင်တယ်ပြောလို့ ရှိသမျှငွေလေးနဲ့ ရသမျှကိတ်တွေ
ဝယ်ထားပါတယ်
ဒါလေးကတော့လာရောက်ကြသောသူငယ်ချင်းများကိုကျွေးမွေးဧည့်ခံမည့်နေရာလေးပါ
ကြွရောက်သုံးဆောင်ကြပါအုံးနော်
စားသောက်ဖွယ်ရာအဆုံစီစဉ်ထားပါတယ်
ကြိုက်နှစ်သက်ရာအစားသောက်လေးတွေကိုသုံးဆောင်နိုင်ပါတယ်
ဘာတွေလည်းတော့သိဘူးသုံးဆောင်ပါအုံး
ဒါလေးတွေကလည်းစားချင်သဖွယ်လေးတွေပါပဲသုံးဆောင်ပါအုံး
အကြော်စုံလေးပါနော် စားကြည့်ပါအုံး
ဒါလေးကတော့ကြေးအိုးလေးပါသုံးဆောင်ပါအုံး
ဒါလေးကတော့ရောသမမွေဟင်းချိုရည်လေးပါ
ဒါလေးတော့ဆီချက်လေးပါသုံးဆောင်ပါအုံး
ကြက်ကြော်လေးလည်းသုံးဆောင်ပါအုံး
ဆီထမင်းလေးပါစားလို့ကောင်းတယ်နော်သုံးဆောင်ပါအုံး
ကျောက်ကြောလေးတွေပါ သုံးဆောင်ပါအုံး
အဖန်ရည်လေးနဲ့လ္ဖက်သုတ်လေးပါ
သောက်တတ်သူများပါလာရင်လေ
ဝိုင်လေးပါနော် သိပ်မမူးပါဘူးနဲနဲပေါ့
လိမ္မော်သီးဖျော်ရည်လေးတွေကိုလည်းသောက်သုံးပါအုံး
ကော်ဖီကြိုက်တတ်သူတွေကတွက်ကော်ဖီလေးပါ
အဖျော်ရည်အအေးဆုံးပါကြိုက်ရာဆွဲလိုက်နော်
ဒါကလည်းတူတူပါပဲအဖျော်ရည်အအေးဆုံပါပဲ
ဒါလေးကတော့ရေခဲမုန့်လေးပေါ့
ဒါလေးကတော့ဖျော်ဖြေရေးအစီစဉ်ပါခင်ဗျာ
မလေးရှားနိုင်ငံမှ SUN MOON STAR တီးဝိုင်းပါ :P
တီးခတ်သူကတော့ကိုနေမင်းနှင့်အဖွဲ့ဖြစ်ပါတယ်
တောသားလေးကိုလည်းအထူးဖိတ်ခေါ်ပြီး
DJ တီးဖတ်မှုအပိုင်းမှာအကူညီတောင်းထားပါတယ်
သီဆိုဖျော်ရေးနှင့်အကမှာတော့ကြယ်စင်ဖြစ်ပတယ်ခင်ဗျာ
အဆိုကမှာတော့ ကြယ်စင်ဖြစ်ပါတယ်ခင်ဗျာ
ရှုစားလိုက်ကြပါအုံးကြယ်စင်ရဲ့အကလေးကို
DJ ကိုသားဆိုး နဲ့ JENNY ပါခင်ဗျာ
လမင်းရဲ့မွေးနေ့လေးမှာမွေးနေ့ဆုတောင်းကဗျာလေးကိုလည်း ဖတ်လိုက်ကြပါအုံးနော်
ရင်ဝယ်ထွေးပိုက်
ကိုးလလွယ် ဆယ်လဖွား
ပူ ၊ စပ် ၊ ခါး ၊ငန် ရှောင်ရှားပြန်ရ
ဘေးမခအောင် ယုယကြင်နာ
ရင်သွေးငယ်ကို၊ ပိုက်ထွေး ရင်မှာ
ကျွေးမွေး သုတ်သင်
ပြုစုဆောက်ရှောက်
အနှိုင်းမဲ့ မေတ္တာတွေနဲ့ 
ပီတိဖြာလျက် မြင့်မိုရ်တောင်မက
ကျေးဇူးကြီးမာ
မာတာမိခင် အနန္ဒကျေးဇူးရှင်
မိနှင့်ဖ ကို ရိုသေမြတ်နိုး မာန်ကိုလျှော့လျက်
ကန်တော့လိုက်ပါ၏
လမင်းရဲ့  ၂၁. ၁၁. ၂၀၁၁ မွေးနေ့ ရက်မှာ
မိဘနှစ်ပါးအား ကဗျာလေးနှင့်
ကန်တော့လိုက်ပါတယ်
မိနှင့်`ဖ စိတ်ချမ်းသား
ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံပြီသာသနာ အကျိုးသယ်ပိုး
နိုင်ပြီကောင်းကျိုးလိုအင်းဆန္ဒပြည့်ပါစေ
**မွေးနေ့ဆုတောင်း** ဤနေ့ရက်မြတ် မင်္ဂလာမှသည် နှစ်ပေါင်းရာကျော် တူပျော်ဆင်နွဲ မွေးနေ့ပွဲသည် ချစ်သောဖေဖေ ချစ်သောမေမေ လမင်းချစ်သော သူငယ်ချင်းများနှင့် ကြည်နူးပျော်ရွှင် ပန်းများစုံလင် ရနံထုံသင်း သင်းပျံနိုင်စေ တောင်းဆုခြွေ၏ 21.11.2011 ဤနေ့ရက်တွင် ချစ်သောသူငယ်ချင်းလမင်းလေး၏ ဘ၀ခရီးဖြောင့်ဖြူးစေကြောင်း ဆုတောင်းမေတ္တာ စေတနာနှင့် လိုတိုင်းသည် တ တ တိုင်းသည်ရ အစစပြည့်စုံ လိုတာမရှိ ပြီးပြည့်စုံသည့် လှသည့်ဘ၀ ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင် ချစ်သောကိုကို နေမင်းနှင့် ချစ်သောမမ ကြယ်စင် တို့မှ မွေးနေ့ဆုမွန်တောင်းပေးပါသည် ချစ်တဲ့လမင်း ထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ပါစေသော်.........
**မွေးနေ့ဆုတောင်း** ခင်မင်ခဲ့တဲ့ သက်တမ်းတွေ
ရက်လတွေလဲ ရှည်ပြီးမို့
ညီအမတွေလို့ ပြောရင်တောင်
မလွန်လောက်အောင် ရင်ဘတ်ချင်း
ရင်းနှီးနေတဲ့ လမင်းရေ
ဖြူစင်စွာနှောင်တွယ်ရတဲ့
လမင်းငယ်ဆိုတဲ့ ဒီကောင်မလေး
(27)နှစ်မြောက်မွေးနေ့မှသည်
နောင်အနှစ် (100) ပျော်ရွှင်စွာဖြင့်
အချစ်စစ်ဖြင့် ချစ်တတ်သူနှင့်
တွေ့ဆုံလိုကပေါင်းဖက်ရင်း
လမင်းငယ်လေး ပျော်ပါစေ.....
ကြယ်စင်
**မွေးနေ့ဆုတောင်း** နိုဝင်ဘာရဲ့ လှပတဲ့ နှင်းဖြူဖြူလေးအောက်မှာ .. အချင်းရော အဆင်းပါ ပြည့်စုံတင့်တယ် လှပတဲ့ နှင်းပန်းဖြူလှလှလေး ပွင့်ဖူးခဲ့ပေါ့.... စိတ်ထားလေး ဖြူလွှလွှ ရယ်နဲ့ နှလုံးသားကပါဖြူစင်. ဒီချစ်ခင်စရာနှင်းပန်းမလေး အဖို့ ... ချစ်ခင်သူတွေက ၀ိုင်းလို့ ရံလို့ ဒီအေးမြတဲ့ နိုဝင်ဘာရက်မြတ်လေးနဲ့ ထပ်တူပျော်ရွှင်မှုတွေ ဆင့်ကဲ... စိတ် ဆန္ဒတွေ တစ်ထပ်တည်း ရှေ့ဆက်လို့လျှောက်လှမ်း...... လှပပြီးအေးမြတဲ့ နေ့ရက်လေးထဲ.. စိတ်ကိုယ်နှစ်ဖြာ အေးချမ်းစွာဖြင့်... မွေးနေ့လှလှလေး ဆင်နွှဲနိုင်ပါစေလို့..
**မွေးနေ့ဆုတောင်း**
အပြင်မှာ မမြင်ဖူးပေမယ့် စိတ်ချင်းနီးလို့ ခင်မင် စကားလုံးနဲ့ ဖွဲ့တဲ့ ဘလော့ ကောင်းကင်မှာ စိတ်ကူး တောင်ပံ ဆန့်လို့ ခရီးနှင် ငါတို့ရင်ခုန်သံချင်း ပွင့်လင်း ခင်မင် ခဲ့ကြတယ်… မွေးနေ့တဲ့!!! ဘ၀ရဲ့ သမိုင်းမှတ်တိုင် တစ်တိုင်ပြီးတစ်တိုင် ချန်ရစ် လက်ရှိနောက်ဆုံး တစ်တိုင်ကို ဘယ်လို ပုံစံနဲ့ စိုက်ထူရစ်မလဲ အတွေးရဲရဲ အရေးရဲတဲ့ ဘလော့ဂါရေ… ကလောင်တစ်ခုနဲ့ ဘလော့ပေါ် ခရီးနှင် နှလုံးသား တွေကို အရောင်ကောင်းအောင် ပြုပြင်နေတဲ့ ကလောင်ရှင်ကို့ မွေးနေ့မှသည် သက်ဆုံးတိုင် အနုပညာနဲ့ ပျော်မွေ့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ပါစေလို့…. ။။။
အမှောင်တွေနတ်တဲ့ညမှာ..
တိမ်ညိုတို့ ဖုံးအုပ်ခဲ့တဲ့..
ငါ့အလင်းတွေ..
ကွယ်ပျောက်လို့ ငိုခဲ့ဖူးတယ်..။
လရောင်မျှော်သူရင်ခွင်ထဲ
အလိုက်သိစွာ ငါ့အလင်းတွေ
ဖြာမဆင်းခဲ့ဘူးလေ...။
နေ့လတွေထပ်လို့..
အမှတ်၇တဲ့နေ့မှာ ဘာတွေ
လတ်ဆောင်အဖြစ် ပေးအပ်နှင်းခံ၇မှာလည်း...။
မွေးနေ့တဲ့လား...
တစ်ရက်တစ်လတစ်နှစ်တိုးလို့လာတယ်
...
ဆိုတဲ့ အသိ..
လိုချင်တဲ့ အရှိက ဘာလည်း..။
ဒီလိုပါပဲ..
ငါတို့ လမ်းဆုံးကို ရွှေ့ရွှေ့လာလိုက်တာ...
ခရီးလမ်းမှာ ခြေရာတွေတောင်
မတွေ့တော့ဘူး..။
ဘဝအတွတ်ကြိုးစား..
၇ူံးသမျှတွေထဲမှာ..
နျလုံးသားတွေလည်း ပါခဲ့တယ်..။
ဘာတွေပဲဖြစ်ဖြစ်ပါလေ..
ငါ့အလင်းကို မျှော်သူတွေတွတ်
ငါ့အလင်းတွေ ဖြာနေရဦးမယ်...။
(ညီမအတွတ်အမှတ်တရ ကဗျာ)