♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Friday, 16 December 2011

ကျွန်မရဲ့ ချစ်ခြင်း♥♥♥♥♥♥

ကျွန်မတို့နှစ်ယောက်ရဲ့  တွေ့ ဆုံမှုက ဆန်းကြယ်တာလား အချစ်ဆိုတဲ့အရာကပဲ ကျွန်မရင်ထဲကို
တိတ်တဆိတ်လေးဝင်လာတာလား သေချာတာတော့ ကျွန်မသူ့ ကို အရမ်းချစ်မိနေပြီ
ကျွန်မလို ဘယ်ယောင်္ကျားလေးကိုမှ အထင်မကြီးတတ်သလို မိန်းမလဲသိပ်မဆန်တတ်တဲ့ကျွန်မကယောင်္ကျားတစ်ယောက်ကို

ချစ်မိနေတယ်ဆိုတော့သူငယ်ချင်းေ
တွကအံ့သြလို့ ပေါ့
ဟုတ်ပါတယ် ကျွန်မအကြောင်းသိတဲ့သူငယ်ချင်း
များက နင်ချစ်တဲ့သူလဲရှိမယ်မထင်ပါဘူး နင့်ဒဏ်ကိုခံနိုင်တဲ့
ယောင်္ကျားလည်းရှိလာမယ်မထင်ဘူးလို့ အမျိုးမျိုးထင်ကြေပေးနေကြပါတယ်
ကျွန်မရဲ့ အနိုင်ယူတတ်မှု စိတ်ကောက်တတ်တာတွေ အတ္တကြီးတာမျိုးတွေ ကိုယ့်ဖြစ်ချင်တာပဲတွေးတတ်ပြီ
တဘက်သားအတွက်ကို လုံးဝမစဉ်းစားတတ်တဲ့ကျွန်မက ဘယ်သူကိုချစ်နိုင်မှာလဲ သူငယ်ချင်းတွေပြောနေတတ်ကြတဲ့စကားတချို့ ပါ ဟုတ်ပါတယ် သူ့ တို့ ပြောကြတာ
မှားမယ်မထင်ပါဘူး နင့်ကိုချစ်တဲ့ချစ်သူကတော့ကံဆိုးတာပဲ ဒါတွေကလဲ အချစ်ဆိုတဲ့နူးညံ့မှုတွေနဲ့ ထိတွေ့ မှု

မရှိခဲ့လို့ ဖြစ်မှာပါ  ကျွန်မ အခု ချစ်တတ်နေပြီ သူတို့များရယ်နေကြမလား
သေချာပါတယ် ကျွန်မသူကို အရမ်းချစ်နေပြီဆိုတာ သူ့ ရဲ့ ဂျစ်ကန်ကန် အပြောအဆိုလေးတွေကို
ကျွန်မချစ်တယ် စကားကိုဘယ်တော့မှာအပိုအလိုမရှိေ
ပြာတတ်တယ် မလုပ်နိုင်တာကို ကတိမပေးတတ်သလို
သူများမကောင်းကြောင်းဆို ဘယ်တော့မှမပြောတတ်ဘူး ကျွန်မကိုလဲဘယ်တော့မှဝေဖန်တာမျု
ိးမလုပ်တတ်သလို
သူ အကျင့်လေးက လူငယ်တစ်ယောက်ဖြစ်ပြီရင့်ကျက်မှုတွေကကျွန်မထက်သာနေပါတယ် သူကျွန်မကို ကောင်းကောင်းလေးထိန်းသိမ်းနိုင်တဲ့အရည်အချင်းတွေ ရှိတယ်ဆိုတာကျွန်မခံစားမိတယ် သူတစ်ပါးပြောတာကို

လက်မခံတတ်တဲ့ ကျွန်မက သူပြောသမျှကိုချွင်းချက်မရှိ နားထောင်းတတ်နေခဲ့တယ်
နားဝင်ချိုအောင်မပြောတတ်ပေမဲ့ သူ့ ရဲ့ စကားပြောဟန်လေးတွေကို ကျွန်မချစ်တယ်
ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူနစ်ယောက်
တွေ့ ဆုံကြတယ် အချစ်ကဆန်းကြယ်တယ်ဆိုတာ ကျွန်မလုံးဝလက်မခံခဲ့ပါ အချစ်ဆိုတဲ့ အရာဟာ အလွန်တရားမှဆန်းကြယ်တယ်ဆိုတာကျွန်မ၀န်ခံရတော့မယ်
သူ့ ကို ကျွန်မ အတ္တတွေ တဏှာတွေ လောဘတွေ မပါပဲ အေးချမ်းသောမေတ္တာစစ်နဲ့ချစ်ခဲ့
တာပါ
ဘာမှပြန်လို ချင်တဲ့စိတ်မရှိတဲ့အချစ်မျိုးနဲ
့ပါ သူနဲ့ ဆုံစည်းရသည် ဖြစ်စေ သူကျွန်မကို မချစ်တော့ရင်ဖြစ်စေ
ကျွန်မသူ့ ကို ချစ်မြဲချစ်ဆဲပါ
ပေါင်းဆုံခွင့်မရပေမဲ့ ကျွန်မရဲ့ ချစ်ခြင်းတရားတွေပြောင်းလည်းမသွားပါဘူး ကျွန်မသူ့ ကို ပထမနဲ့ နောက်ဆုံးအချစ်တွေနဲ့ 
ချစ်မိခဲ့လို့ ပါ  နင့်မမိုက်ချင်ပါနဲ့ လို့ ပြောလာကြတဲ့စကားလုံးတိုင်းကို
လည်းကျွန်မလက်ခံလို့ မရပါ ကျွန်မသူ့ ကိုစချစ်မိထဲက ဖြူစင်မှုနဲ့ ပါ အရောင်တွေပါမလာခဲ့ပါဘူး သူနဲ့ ဆုံနိုင်ခွင့်ရခဲ့ရင်တောင်ကျွန်မ လိပ်ပြာလုံမယ်
မထင်ပါဘူး ဟုတ်တယ်ဒါဆိုကျွန်မအချစ်တွေ မှေးမှိန်သွားနိုင်ပါတယ် ကျွန်မသူ့ ကိုချစ်တဲ့အချစ်တွေကို ဘာနဲ့မှတိုင်းတာလို့ မရတဲ့ချစ်ခြင်းနဲ့ချစ်မိတာပါ

မဆုံနိုင်တာသိပေမဲ့ ဘယ်တော့မှ ကျွန်မ ဆုံရပါစေလို့ ဆုမတောင်းခဲ့ပါဘူး အချစ်ဆိုတာ ချစ်နေဖို့ ပဲလိုတယ်လို့ 
ကျွန်မခံယူထားလို့ ပါ သူမချစ်တော့ရင်လဲ ကျွန်မသူ့ ကိုချစ်တယ်သူ မေ့သွားရင်လည်းချစ်မယ်

ဒီတိုင်းလေးပဲကျွန်မသူ့ ကို ချစ်ချင်တာပါ ကျွန်မ အသက်ရှိနေသမျှ ကျွန်မနှလုံးသားတွေခုန်နေသ၍
ကျွန်မချစ်သွားမှာပါ  အချစ်ဆိုတာပေါင်းဘက်ရမှာတို့ အတူနေကြရမယ်ဆိုတာကို ကျွန်မလက်မခံပါ

ကျွန်မရဲ့ အချစ်တွေကို အမြဲတမ်း လန်းဆန်းနုပျိုချင်တယ် ဟောင်းနွမ်းသွားတာမျိုးကျွန်မအြ
ဖစ်မခံနိုင်လို့ ပါ
အချစ်ဆိုတာ ဖြူစင်ပြီသာအရာတခုပါ လူတွေရဲ့ အတ္တတွေ လောဘတွေကြောင့် အချစ်မှ ပူလောင်မှုတွေ
ဆွေးမြေ့ခြင်းအလွမ်းတွေနဲ့ပင်ပန်းဆင်းရဲခဲ့ကြတာပါအရောင်စုံ နဲ့ ချစ်ခဲ့ကြလို့ ပါကျွန်မသူ့ ကိုချစ်တဲ့အချစ်ကို ဘယ်လိုအရာတွေဘယ်သူတွေကမှတားဆီးပိတ်ပင်လို့ 

မရတဲ့မေတ္တာတရားနဲ့ ကျွန်မချစ်သူကို ချစ်တယ်  အေးချမ်းတဲ့မေတ္တာ နွေးထွေးတဲ့ ချစ်ခြင်း တည်မြဲတဲ့သစ္စာတရားတွေနဲ့
ချစ်နေတာပါ ချစ်သူ ချစ်နေအုံးမယ်ချစ်သူ ဆက်၍ချစ်နေမည်ချစ်သူ
ကျွန်မ ရဲ့ အချစ်တွေမေတ္တာတွေကြောင့် ချစ်သူလေး ပျော်ရွှင်အေးချမ်းသောဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ
ဆန္ဒပြုလိုက်ပါတယ် ချစ်သူ...............................

Sunday, 30 October 2011

ကောင်လေးနဲ့ ကျွန်မ ^^^^^^^^

တည်ငြိမ်အောင်ကြိုးစားနေတဲ့
ငါ့ ဘ၀ထဲကို မလာပါနဲ့ 
ငါ နောက်ထပ်အချစ်ဆိုတာကို ကြောက်ရွံ့ နေလို့ ပါ..
မခံစားချင်တော့တဲ့ ငါ့ကို ခံစားမှုတွေ ထပ်မပေးချင်းပါနဲ့တော့
ငါဘ၀လေမှာ နင်ကိုလိုအပ်နေတာတော့
ငါဝန်ခံပါတယ်

Monday, 24 October 2011

(လော့ခ်) ကျနေတဲ့ နှလုံးသား )

ကျွန်မရဲ့ အေးစက်စက်ဖြစ်နေတဲ့  ဘ၀ထဲကို မလာချင်းပါနဲ့ ပူလောင်မှုတွေလည်းထပ်မပေးပါနဲ့ တော့
ကျွန်မ ဘယ်သူကိုမှ ယုံကြည်မှုမရှိတော့သလို အချစ်ဆိုတဲ့ ပူပြင်းမှုတွေကိုလည်း ကျွန်မထပ်မလိုချင်တော့ဘူး။
အချစ်ဆိုတဲ့ အရာကို လွယ်လွယ်ယုံခဲ့မိလို့ ကျွန်မနှလုံးသားရစရာမရှိလော
က်အောင် ဒဏ်ရာတွေနဲ့ပါ။

Saturday, 1 October 2011

လမင်း အိပ်မက်ကနိုးထခဲ့ပါပြီ >>>>>>>

မင်္ဂလာသူငယ်ချင်းတို့ ရေ
ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်...
 ရွှေလေးနဲ့ မခွဲရလို့ ဝမ်းသာပျော်ရွှင်နေမိတယ် ။ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ....
ရွှေလေး အတွက် ကြိုးစားခဲ့ ကြတယ် အားလုံး အားလုံးပေါ့ တာဝန်ကိုယ်စီနဲ့ ပေါ့. အဲအချိန်မှာ လမင်းအသိလေးတစ်ခုဝင်လာတယ်။   လူတိုင်း ကိုယ့်အကြောင်းနဲ့ ကိုယ် ဘ၀ကို ကြိုးစားနေကြတာပါ  လူငယ်တွေ  အနာဂတ် ကို အကောင်းဆုံးလျှောက်လှမ်း
နေကြတယ် .။
    မိသားစုအတွက် ကြိုးစားနေကြတယ် ၊ အလုပ်မရှိတဲ့ သူတွေ အလုပ်ကို ကြိုးစားရှာနေကြတယ် ၊အလုပ်ရှိတဲ့သူတွေ
လည်း ကြိုးစားလုပ်နေကြတယ် ၊ကမ္ဘာကြီးမှာ ဘေးအန္တရာယ်  နဲ့ကြုံတွေနေကြတဲ့သူတွေ ဘ၀ကိုကြမ်းတမ်းစွာ

လျှောက်လှမ်းနေကြတဲ့သူတွေ မိဘတွေမရှိလို့ မိဘမဲ့ နေတဲ့ ကလေးတွေလည်း ၀မ်းနည်းနေကြတယ် အားငယ်နေကြတယ်။
သိပ္ပံပညာရှင်တွေ လည်း ကမ္ဘာကြီးကိုလေ့လာနေကြတယ် သမိုင်ပညာရှင်တွေလည်း အနာဂတ်လူသားတွေအတွက်
သမိုင်တွေကို ပြန်လည်းရှာဖွေးနေကြတယ် ။

  တိုင်းပြည် အတွက်အလုပ် လုပ်နေကြတဲ့သူတွေ ၊သာသနာအတွက် အလုပ်လုပ်နေတဲ့ သံဃာတော်မြတ်တွေ သူတော်ကောင်းတွေ အနာဂတ်အတွက်ဘ၀ သံသရာအတွက်
ကြိုးစားနေကြတယ်၊ စီးပွားရေအဆင်မပြေကြလို့ ရုန်းကန်နေကြတဲ့ သူတွေလည်းဒုနဲ့ဒေးပဲ အားလုံးအားလုံး
လူတွေ ကိုယ့် ဘ၀အတွက် တက်လမ်းတွေကို အမျိုးမျိုး ကြိုးစားနေကြချိန်မှာ  ငါ လမင်းငယ် ဘာတွေလုပ်နေလဲ။

   ပြောရရင် တကယ်ကို ရှက်စရာပါ ရှက်တတ်ရင်သေဖို့ သာကောင်းပါတော့တယ်။
လူတွေ ဘ၀ကို အမျိုးမျိုးကြိုးစားရုန်းကန်နေချိန်မှာ  လမင်းတစ်ယောက်  အချစ်ကို တန်ဖိုးထား အလွမ်းတွေကို မိတ်ဖွဲ့ 
 
မျက်ရည်တွေကို အဖော်လုပ်နေလိုက်တာ အချိန်တွေ အတော်လေးကို ကုန်သွားခဲ့ တယ် တကယ်ရှက်မိပါတယ်။

  လမင်းအချစ်ဆုံး သူငယ်ချင်းကပြောတယ် နင့် လုပ်သင့်တာကို လုပ်ပါတော့ အိမ်မက်တွေကနိုးထပါတော့တဲ့
နင့်ကို နင် ပြန်ကြည့်ပါအုံး အရင် လမင်းနဲ့ တူသေးလားဆိုတာကို  နင်မှန်ကြည့်မိလားတဲ့  မမိုက်ပါတော့နဲ့  အသိတရားဝင်ပါတော့
ကိုယ် ကို မချစ်တဲ့ သူတစ်ယောက်အတွက်နဲ့ နင့်အနာဂတ်ကို ဒီတိုင်လျှောက်တော့မလို့ လား နင်အဲလောက်မမိုက်ဘူးဆိုတာ ငါနင့်ကို ယုံတယ် အသိတရားဝင်ပါတော့ဟာတဲ့ လမင်းတကယ်ရှက်မိတာပါ ။။

  ဘယ်လောက်အထိလည်းဆို လမင်းအိမ်ကို တစ်လတစ်ခါဖုန်းဆက်တယ် ။
    စိတ်တွေရှုပ်နေတာနဲ့ ဒီလ ဖုန်းဆက်ရက်ကျော်သွားတယ် ။ မေမေက ပြောတယ် သမီးအသံသိပ့်မကောင်းဘူး။
နေမကောင်းဘူးလာတဲ့ စိတ်မကောင်းဖြစ်သွားတယ် ။ဖုန်းဆက်ရဲ့ တွေ ကျော်တယ်လို့ မေမေ လမင်းကို မဆူပါ၊ ရင်ထဲနစ်ဝင်သွားတာပဲ မေမေကဆက်ပြောတယ် သမီးဘာဖြစ်
နေလဲတော့ မေမေမသိဘူးတဲ့ ဒါပေမဲ့ မေမေသမီးကို ယုံတယ် ၊ပြဿနာတိုင်ကို သမီးအကောင်းဆုံးဖြေရှင်းနိုင်မယ်ဆို
တာ မေမေ သမီးကို ယုံကြည်နေတယ်တဲ့ မေမေစကားကြောင့် လမင်းအိမ်မက်ကနိုးခဲ့ပါပြီး။


 ဒီနေ့ကစ လမင်း စိတ်သစ် လူသစ်နဲ့ လုပ်သင့်တာနဲ့ ဖြစ်သင့်တာပဲစဉ်းစားတော့မယ် လို့ မေမေကို ရော သူငယ်ချင်း
ကိုပါ ကတိပေးလိုက်မိတယ် စိတ်ထဲကနေ  ရွှေထဲကသူငယ်ချင်းတွေကို လည်း လမင်း စိတ်သစ်လူသစ်နဲ့နေသွားတော့မယ်လို့ု့ ပြောရင် ရွှေလေးပြန်ရတဲအထိန်းအမှတ် အနေနဲ့ လမင်းဒီပိုစ့်လေးနဲ့ သူငယ်ချင်းတွေကို ကတိပေးလိုက်ပါတယ်။။
  လမင်းနဲ့ တူနေတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်လည်း လမင်း ဒီပိုစ့်လေးဖတ်ပြီး အသိတရားလေးရပါစေဆိုတဲ့ စေတနာလေးနဲ့ 
ရေးလိုက်မိပါတယ် ။ သူငယ်ချင်းများ အားလုံး ပျော်ရွှင်သော အနာဂတ်ကို မှန်ကန်သောရွေးချယ်မှုတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေ
လို့ ................................  လမင်း ပိုစ့်လေးကို အချိန်ပေးဖတ်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။။
အမှားပါရင်သည်းခံဖတ်ပေးပါ  ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။