Thursday 19 January 2012
ဘုရားပေးတဲ့ဆု - မီးနို
အခုတလောနားထောင်ဖြစ်နေတဲ့သီချင်းလေးပါ
အရမ်းကြိုက်တယ် ချစ်သူလေးနားဆင်ဖို့ ပါ
Monday 16 January 2012
ညီမလေးအတွက်♥♥♥♥♥♥
ညီမလေးရေ ဖြစ်ချင်တာနဲ့ 
ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ
ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ
လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ
တန်ဖိုးရှိအောင်နေပါ
ရခဲလှတဲ့လူဘ၀နဲ့ ကြုံခဲလှတဲ့ သာသနာမှာ
အကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေး
လောကဓံဆိုတာ လူလောကမှာ ဒုက္ခတွေလည်း
ကြုံမှာပဲ ဥာဏ်နဲ့ယှဉ်ပြီး အသိပညာကြွယ်စွာ
လျှောက်လှမ်းပါ ညီမလေး
ခေတ်ရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်ခြင်းကို
ခွဲခြားပိုင်းဖြတ်နိုင်ပါစေ
ညီမလေး
အပျော်အပါးလျှော့လို့  လောကအကျိုးသယ်ပိုးနိုင်တဲ့
အမျိုးကောင်းသမီးလေးဖြစ်စေချင်တယ်
ညီမလေး
မလုံမခြုံအ၀တ်အစားဝတ်မှ လှတာမဟုတ်ပါဘူး
ညီမလေးကို ချစ်တဲ့သူကိုမေးကြည့်ပါ
သူဖြေမှာကရိုးသားပြီး မြန်မာဆန်တဲ့
ပုံရိပ်လေးကိုပဲတောင်းတမိမှာပါ
မြန်မာဝတ်စုံလေးကလည်း ညီမလေးကို တမျိုးဆန်းသစ်
လှပကျော့ရှင်းစေမှာပါ ညီမလေး
မိဘတွေ ကျေးဇူးဆပ်နိုင်တဲ့
သမီးလိမ္မာလေးဖြစ်ခွင့်ရအောင်
ကြိုးစားလို့ ဆောင်ရွက်နိုင်ပါစေ
ညီမလေး
မိသားစုထဲစံပြသူလေးလည်းဖြစ် ပတ်ဝန်းကျင်ရဲ့ 
လေးစားရတဲ့သူလေးလည်းဖြစ်ပါစေ
ညီမလေး
ပြဿနာ ကြုံတိုင်း အလွယ်နည်းကို
မသုံးမိပါစေနဲ့  လွယ်လွန်းရင် ပျက်တတ်တယ်
ညီမလေး
မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်ပါစေ
အနောက်တိုင်းရဲ့ လူနေမှုစနစ်ကို အတုယူ
မမှားမိစေနဲ့  ညီမလေး
သူ့ အိုးနဲ့ သူ့ ဆန်တန်ရုံပေါ့
ရတာလေးနဲ့ ရောင့်ရဲတတ်ပါစေ
မမှီတာမှန်းရင် ဘ၀ပျက်တတ်သလို
မိသားစုနဲ့ ဂုဏ်သိက္ခာ ကျတတ်တယ်
ညီမလေး
ရှေ့ ဆက်ရမယ့်အနာဂတ်မှာ
ညီမလေးရင့်ကျက်တည်ငြိမ်စွာ
လျှောက်လှမ်းနိုင်ပြီး လောကီ လောကုတ်
နှစ်ဖြာအကျိုးသယ်ပိုးနိုင်ပြီး
မိသားစုနဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့
မြန်မာ အမျိုးကောင်းသမီးလေး ဖြစ်ပါစေ
ညီမလေး
ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ
ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ
လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ
တန်ဖိုးရှိအောင်နေပါ
ရခဲလှတဲ့လူဘ၀နဲ့ ကြုံခဲလှတဲ့ သာသနာမှာ
အကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေး
လောကဓံဆိုတာ လူလောကမှာ ဒုက္ခတွေလည်း
ကြုံမှာပဲ ဥာဏ်နဲ့ယှဉ်ပြီး အသိပညာကြွယ်စွာ
လျှောက်လှမ်းပါ ညီမလေး
ခေတ်ရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်ခြင်းကို
ခွဲခြားပိုင်းဖြတ်နိုင်ပါစေ
ညီမလေး
အပျော်အပါးလျှော့လို့  လောကအကျိုးသယ်ပိုးနိုင်တဲ့
အမျိုးကောင်းသမီးလေးဖြစ်စေချင်တယ်
ညီမလေး
မလုံမခြုံအ၀တ်အစားဝတ်မှ လှတာမဟုတ်ပါဘူး
ညီမလေးကို ချစ်တဲ့သူကိုမေးကြည့်ပါ
သူဖြေမှာကရိုးသားပြီး မြန်မာဆန်တဲ့
ပုံရိပ်လေးကိုပဲတောင်းတမိမှာပါ
မြန်မာဝတ်စုံလေးကလည်း ညီမလေးကို တမျိုးဆန်းသစ်
လှပကျော့ရှင်းစေမှာပါ ညီမလေး
မိဘတွေ ကျေးဇူးဆပ်နိုင်တဲ့
သမီးလိမ္မာလေးဖြစ်ခွင့်ရအောင်
ကြိုးစားလို့ ဆောင်ရွက်နိုင်ပါစေ
ညီမလေး
မိသားစုထဲစံပြသူလေးလည်းဖြစ် ပတ်ဝန်းကျင်ရဲ့ 
လေးစားရတဲ့သူလေးလည်းဖြစ်ပါစေ
ညီမလေး
ပြဿနာ ကြုံတိုင်း အလွယ်နည်းကို
မသုံးမိပါစေနဲ့  လွယ်လွန်းရင် ပျက်တတ်တယ်
ညီမလေး
မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်ပါစေ
အနောက်တိုင်းရဲ့ လူနေမှုစနစ်ကို အတုယူ
မမှားမိစေနဲ့  ညီမလေး
သူ့ အိုးနဲ့ သူ့ ဆန်တန်ရုံပေါ့
ရတာလေးနဲ့ ရောင့်ရဲတတ်ပါစေ
မမှီတာမှန်းရင် ဘ၀ပျက်တတ်သလို
မိသားစုနဲ့ ဂုဏ်သိက္ခာ ကျတတ်တယ်
ညီမလေး
ရှေ့ ဆက်ရမယ့်အနာဂတ်မှာ
ညီမလေးရင့်ကျက်တည်ငြိမ်စွာ
လျှောက်လှမ်းနိုင်ပြီး လောကီ လောကုတ်
နှစ်ဖြာအကျိုးသယ်ပိုးနိုင်ပြီး
မိသားစုနဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့
မြန်မာ အမျိုးကောင်းသမီးလေး ဖြစ်ပါစေ
ညီမလေး
Subscribe to:
Posts (Atom)