♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Showing posts with label ရသ ဗဟုသုတ. Show all posts
Showing posts with label ရသ ဗဟုသုတ. Show all posts

Thursday, 6 October 2011

ယောင်္ကျားလေးနဲ့ မိန်းကလေး ဘယ်သူပိုမြတ်လဲ???

သူငယ်ချင်းတို့ရေး မင်္ဂလာပါနော် လမင်း ဒီတစ်ခါယောင်္ကျားလေးနဲ့ မိန်းကလေးဘယ်သူပိုမြတ်လဲ 


ရေးကြည့်မယ်နော် သူငယ်ချင်းတို့ရဲ့စိတ်လေးနဲ့ အသိလေးတွေကိုလည်းလမင်းသိချင်ပါ
တယ်...
လမင်းသူငယ်ချင်းယောင်္ကျားလေးတွေက သူတို့က ပိုမြတ်တယ်ကြီးလုပ်နေလို့ရှင်............
လမင်းလည်းဘယ်ခံနိုင်မလဲနော်  မြတ်အောင်နေရင်မြတ်ပါတယ်လို့အမြဲ ငြင်းရတယ်  လမင်း ကငယ်ငယ်လေးထဲက


ယောင်္ကျားလေးသူငယ်ချင်းပဲထားတာများတယ်  သူတို့အကြောင်းကို အကောင်း အဆိုး အကုန်နီပါ ပြောကြတယ်
လမင်းလည်းသိရတာပေါ့  အကျင့်မျိုးစုံ စရိုက်အဆုံး နဲ့ပေါ့.......ကဲထားပါတော့  လိုရင်လေးစလိုက်ရအောင်နော်...


အမှန်တော့လေး အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ   အကြောင်းအကျိုးဆက်စပ်တွေးခေါ်တက်သူ..
သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွား သူ့ဘက် ကိုယ်ဘက် အကျိုးစီးပွား ဖြစ်အောင် ပြုလုပ် ပြောဆိုတက်သူ
အမျိုးသား ဖြစ်စေ အမျိုးသမီး ဖြစ်စေ ယခုလို သာသနာတော်နဲ့ ကြုံတုန်း မှာမဂ်ဖို နိဗ္ဗာန် ရကြောင်းတွေ


ကျင့်နိုင်ကြမယ်  ကုသိုလ် အကုသိုလ်  အကောင်း အဆိုး ဆင်ခြင်နိုင်မယ်  သီလရှိသူ အသိညဏ် အကျင့် စရဏ
ရှိသူဟာ မြင့်မြတ်သူ  စိတ်ထား ကောင်းမွန်သူ ချီးမွမ်းအပ်သူ  လို့ လမင်း ထင်ပါတယ်...


နောက်ပြောကြတာရှိသေးတယ်.... မိန်းကလေးဖြစ်ရတာ သူတစ်ပါးဇနီးကို ပြစ်မှားမိလို့ အဲဒီ အကုသိုလ် တွေအကျိုးပေးလို့
ဖြစ်ရတာလို့လဲပြောကြသေးတယ်  ...မိန်းမရှာတွေကတော့ ဖြစ်ကောင်းဖြစ်နှိုင်ပါတယ်   ဟီဟီ သိရင်တော့ မေတ္တာပို့ ခံထိမယ်...


လမင်းဖတ်ဖူးတဲ့ စာအုပ်ထဲကတော့ အမျိုးသမီးတို့ဟာ ဒါန သီလ ဝေယျာဝစ္စစတဲ့ ကောင်းမူတွေကိုပြုပြီး အမျိုးသမီးဘ၀ကို နစ်သက်
လိုတဲ့ဆန္ဒ ကြောင့်လည်း အမျိုးသမီးပြန်ဖြစ်နိုင်ပါတယ်တဲ့  လမင်းလည်းယုံကြည်တယ်.......


အမျိုးသမီးဘ၀ကိုပဲတောင်တလာတဲ့ မြတ်စွာဘုရားရဲ့ ပါသမိ ဖြည့်ဘက် ယသော်ဓရာ ဆိုလည်း ဘ၀ဆက်ဆက်
အမျိုးသမီးပဲဖြစ်ခဲ့တာပါ    မြတ်အောင်နေရင် မြတ်ပါတယ် လို့လမင်းပြောချင်တာပါရှင်....


အဓိက တော့ မိန်းကလေး ဖြစ်စေ ယောင်္ကျားလေးဖြစ်စေ  ကောင်းမူ ကုသိုလ် များပြုလုပ်ပြီး
မကောင်းတာမှန်သမျှ ရှောင်နှိုင်ကြမယ်ဆို  အားလုံးမြတ်သောသူများသာဖြစ်ပါတယ်....


လူမှန်ရင် အသိညဏ်ရှိမယ်  တွေးတောဆင်ခြင်နိုင်တဲ့ အသိညဏ်ရှိမယ်ဆို မြတ်သောသူများပဲဖြစ်ပါတယ်
လို့  လမင်းထင်ပါတယ်  သူငယ်ချင်းတို့ရဲ့ ထင်မင်ချက်လေး လည်းသိချင်ပါတယ်......


အားလုံးကျန်းမာပျော်ရွင် အေးချမ်းနိုင်ကြပါစေ..........................အသိတရားလက်ကိုင်ထားပြီး  ကုသိုလ်ကောင်း
မူများ ပြုလုပ်နှိုင်ကြပါစေ............

Wednesday, 5 October 2011

မိဘကျေးဇူးအကျေဆပ်နည်း

လမင်းမိဘကျေးဇူးအကျေဆပ်နည်းလေးရေးချင်နေတာကြာပါပြီး ၊၊
လမင်းပိုစ့်လေးတွေကို ဖတ်တဲ့ သူငယ်ချင်းအသိတိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ ။
  မြန်မာလူမျိုးတွေ ပြောနေကြစကားရှိပါတယ် ၊ မိဘကျေးဇူးဆိုတာ ဆပ်လို့ မကျေနိုင်ဘူး ငါတို့ ဗုဒ္ဓမြတ်စွာဘုရားတောင်နို့ တစ်လုံးဖိုးပဲကျေတယ်လို့ ပြောကြပါတယ်၊ အခုထိလည်း ပြောနေကြပါတယ်။

   လမင်းစာအုပ်အတော်များများကိုရှာဖတ်ဖူးပါတယ်၊ ဆရာတော်တွေ ရဲ့ တရားတွေလည်းနားဖူးပါတယ်၊ ဗုဒ္ဓ မြတ်စွာဘုရား နိုးတစ်လုံးဖိုးပဲ
ကျေတယ် ဆိုတာရှေ့လူကြီးတွေဆုံးမခဲ့ တာထင်ပါတယ် ဒါမှာမဟုတ် ကဗျာဆရာတစ်ယောက်ယောက်က စာဖွဲ့ ဆိုခဲ့ ထားတာထင်ပါတယ်။
သေချာတာကတော့ ဘယ်ကျမ်းဂန်မှာ မရှိပါဘူး၊ ငြင်းစရာလေးတွေဖြစ်မှာဆို တာကြောင့် လမင်းမရေးဖြစ်တာပါ။
စာအုပ်တော်တော်များများကို ရှာဖတ်ခဲ့ ပါတယ်၊ ဘယ်လိုဆပ်ရမလဲ ပဲပြောတော့မယ်နော် စကားရှည်နေပြီး၊ ပထမ ဆပ်နည်းလေး သားသမီးဝတ်ဆိုတာကိုတော့သိကြမယ်ထင်ပါတယ်။
စာရှည်မှာဆို၍ လမင်းအတိုဆုံးရေးမယ်နော်.
 (၁) ကျွေးမွေးမပျက် (၂) ဆောင်ရွတ်စီမံ (၃)မွေခံထိုက်စေ (၄) လှူမျှဝေ၍ (၅) စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်ဆိုတာ သားသမီးတွေရဲ့ ဝတ်တရားဆိုတာထက် တာဝန်ဆိုပိုကောင်းမယ်ထင်ပါတယ်။

  သားသမီးဝတ်ငါးပါးကျေရင်တော့ မိဘကျေဇူးကို ၅၀% တော့ကျေလောက်ကောင်းပါတယ် ၊ အကျေဆပ်နည်းကတော့ သဒ္ဓါတရားမရှိတဲ့ မိဘကိုသဒ္ဓါတရားရှိလာအောင်၊သီလတရားမရှိ
တဲ့ မိဘကို သီလရှိအောင် ၊ စာဂတရားမရှိသေးတဲ့ မိဘကိုစာဂရှိလာအောင် ၊ပညာမရှိသေးတ့ဲ့ မိဘကို ပညာတရားရှိလာအောင်တိုက်တွန်းပေးရမယ်နှိုးဆော်ပေးရမယ်၊ အားပေးကူညီရမယ်၊လိုအပ်တဲ့ ကိစ္စတွေကို တာဝန်ယူပေးပါ။
   သဒ္ဓါတရားဆိုတာ ယုံကြည်ချက်လေးပါ ဘုရား တရား သံ ဃာကိုယုံကြည်တာ ကုသိုလ် အကုသိုလ်ကံတွေဟာမိမိရဲ့ ဒီဘ၀နောင်ဘ၀တွေကို

ကောင်းကျိုးဆိုးကျိုးတွေကို ဖန်ဆင်းပေးတယ်ဆိုတာယုံကြည်တာ ၊သီလဆိုတာစောင့်ထိန်းခြင်းပါ၊ သီလမရှိသေးတဲ့ မိဘကို သိတတ်နားလည်
လာအောင်တိုက်တွန်းပေးပါ တချို့မိဘတွေဆို သူတစ်ပါးအသက်သက်တာ လိမ်ညာပြောတာအရက်သေရည်သောက်စားတာတွေ အများကြီးပါ
အပျော်အပါးလိုက်စားတဲ့ မိဘတွေကို ဥပုသ်စောင့်ဖြစ်အောင်တရားနားဖြစ်အောင် တိုက်တွန်းပေးပါ။
  စာဂဆိုတာပေးကမ်းစွန့်ကြဲမူထောက်ပ့ံလှူဒါန်းမူသမာဓိကြီးမာတဲ့ ပုဂ္ဂိုလ်တွေကိုမှာပေးကမ်းတာမျိုးမှဟုတ်ပဲ မရှိဆင်းရဲသားတွေကိုပေးတာလဲ
စာဂပါပဲ ဒါနပါရမီမရှိသေးတဲ့ မိဘကို လှူဒါန်းပေးကမ်းခြင်းတဲ့ စိတ်လေးဖြစ်လာအောင် အလှူရဲ့ အကျိုးဘယ်လိုရှိကြောင်းအလှူအကျိုးတရား
တွေကို ပြောပြပေးပါ။
  ပညာနဲ့ ကျေဇူးဆပ်ခြင်းကတော့ လောကီပညာ ၀ိပဿနာညဏ်ပညာ မဂ်ညဏ် ဖိုလ်ညဏ်ပညာတွေ တရားအားမထုပ်ဖြစ်သေးတဲ့ မိဘကို
တရားစခန်း ရိပ်သာ တို့ ဝင်ဖြစ်အောင် ပညာညဏ် ရှိလာအောင် တိုက်တွန်းပေးပါ ကိုယ်ကလည်း ရှေ့ဆောင်အနေနဲ့  တရားစခန်းဝင်
ဖြစ်အောင် ကိုယ်တိုင်းလည်းဝင်ပြပါ တရားစာအုပ်တွေ ဖတ်ပြပါ  ပုတီးစိပ်ဖြစ်အောင် တရားအသိတိုးအောင် မိဘတွေ တရားစခန်းဝင်ဖြစ်အောင်
မိဘတွေရဲ့ အလုပ်တွေကို ကူညီလုပ်ပေးပါ ဒါမှာ မိဘတွေကလည်း တရားဘက်ကိုဦးစားပေးနိုင်မယ်လေ အခုခေတ်က သားသမီးတွေက

မိဘကို ကလေးထိန်းခိုင်းနေကြတော့ ခက်တာပေါ့ ဆရာတော်တစ်ပါးရေးထားတာဆောင်ပုဒ်
လေး ပုတီးကိုချ၊မြေးကိုမ၊ သောကမကင်းပြီး သမီးကဆူ ၊မြေးကပူအယူမဖြောင့်ပြီးတဲ့ 

မိဘတွေကို ဒုက္ခပေးသလို ဖြစ်နေကြတာပေါ့ ၊ လမင်းအထက်မှာ ရေးခဲ့ တာတွေက မိဘကျေးဇူးအကျေဆပ်နည်းပါ  ဘုရားဟောပြောခဲ့ တဲ့ နည်းလေးပါ ။

လမင်းအတိုးဆုံးရေးတာဖြစ်လို့ မပြည့်စုံခဲ့ ရင်နားလည်ပေးကြပါ ၊ ဆိုလိုရင်ကို နားမလည်ခဲ့ ရင်လဲ လမင်းစာရေးညံ့ လို့ ပါ။


လမင်းစာလေးကို အချိန်ပေးပြီးဖတ်ပေးတဲ့ သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်။
သူငယ်ချင်း အားလုံး မိဘကျေးဇူးဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ အမှားပါရင် သည်းခံဖတ်ပေးပါ။