ညီမလေးရေ ဖြစ်ချင်တာနဲ့ 
ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ
ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ
လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ
တန်ဖိုးရှိအောင်နေပါ
ရခဲလှတဲ့လူဘ၀နဲ့ ကြုံခဲလှတဲ့ သာသနာမှာ
အကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေး
လောကဓံဆိုတာ လူလောကမှာ ဒုက္ခတွေလည်း
ကြုံမှာပဲ ဥာဏ်နဲ့ယှဉ်ပြီး အသိပညာကြွယ်စွာ
လျှောက်လှမ်းပါ ညီမလေး
ခေတ်ရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်ခြင်းကို
ခွဲခြားပိုင်းဖြတ်နိုင်ပါစေ
ညီမလေး
အပျော်အပါးလျှော့လို့  လောကအကျိုးသယ်ပိုးနိုင်တဲ့
အမျိုးကောင်းသမီးလေးဖြစ်စေချင်တယ်
ညီမလေး
မလုံမခြုံအ၀တ်အစားဝတ်မှ လှတာမဟုတ်ပါဘူး
ညီမလေးကို ချစ်တဲ့သူကိုမေးကြည့်ပါ
သူဖြေမှာကရိုးသားပြီး မြန်မာဆန်တဲ့
ပုံရိပ်လေးကိုပဲတောင်းတမိမှာပါ
မြန်မာဝတ်စုံလေးကလည်း ညီမလေးကို တမျိုးဆန်းသစ်
လှပကျော့ရှင်းစေမှာပါ ညီမလေး
မိဘတွေ ကျေးဇူးဆပ်နိုင်တဲ့
သမီးလိမ္မာလေးဖြစ်ခွင့်ရအောင်
ကြိုးစားလို့ ဆောင်ရွက်နိုင်ပါစေ
ညီမလေး
မိသားစုထဲစံပြသူလေးလည်းဖြစ် ပတ်ဝန်းကျင်ရဲ့ 
လေးစားရတဲ့သူလေးလည်းဖြစ်ပါစေ
ညီမလေး
ပြဿနာ ကြုံတိုင်း အလွယ်နည်းကို
မသုံးမိပါစေနဲ့  လွယ်လွန်းရင် ပျက်တတ်တယ်
ညီမလေး
မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်ပါစေ
အနောက်တိုင်းရဲ့ လူနေမှုစနစ်ကို အတုယူ
မမှားမိစေနဲ့  ညီမလေး
သူ့ အိုးနဲ့ သူ့ ဆန်တန်ရုံပေါ့
ရတာလေးနဲ့ ရောင့်ရဲတတ်ပါစေ
မမှီတာမှန်းရင် ဘ၀ပျက်တတ်သလို
မိသားစုနဲ့ ဂုဏ်သိက္ခာ ကျတတ်တယ်
ညီမလေး
ရှေ့ ဆက်ရမယ့်အနာဂတ်မှာ
ညီမလေးရင့်ကျက်တည်ငြိမ်စွာ
လျှောက်လှမ်းနိုင်ပြီး လောကီ လောကုတ်
နှစ်ဖြာအကျိုးသယ်ပိုးနိုင်ပြီး
မိသားစုနဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့
မြန်မာ အမျိုးကောင်းသမီးလေး ဖြစ်ပါစေ
ညီမလေး
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, 16 January 2012
Thursday, 5 January 2012
သူငယ်ချင်း အတွက် လက်ဆောင်
သူငယ်ချင်းရေ....
ဘ၀ဆို တဲ့လောကဓံကိုဖြတ်တော့
မုန်တိုင်းတွေလည်းထန်နိုင်တယ်
လှိုင်းတွေလည်းကြမ်းမှာပဲ
မလျှော့သောဇွဲ ၀ိရိယတွေနဲ့ 
ဘ၀ဆို တဲ့လောကဓံကိုဖြတ်တော့
မုန်တိုင်းတွေလည်းထန်နိုင်တယ်
လှိုင်းတွေလည်းကြမ်းမှာပဲ
မလျှော့သောဇွဲ ၀ိရိယတွေနဲ့ 
ရဲရဲသာလျှောက်လှမ်းလိုက်ပါ
နင့်ရဲ့ လိုရာဆန္ဒပြည့်ဖို့ 
နင့်ရဲ့ လိုရာဆန္ဒပြည့်ဖို့ 
ခက်ခဲမှုတွေလဲရင်ဆိုင်ရမှာပဲ
မင်းရဲ့ ရှေ့ ဆက်မဲ့ အနာဂတ်မှာ
မင်းရဲ့ ရှေ့ ဆက်မဲ့ အနာဂတ်မှာ
ပဲ့ကိုင်ရှင်ဟာ နင်ကိုယ်တိုင်ဆိုတာမမေ့ပါနဲ့
နင့် ရဲ့ မာန်နဲ့ ဇွဲကို ငါယုံကြည်တယ်
သူငယ်ချင်း
ရလာတဲ့အခွင့်အရေးကိုနင့်ဘ၀ကိုထုဆစ်လို့ ..
အကောင်းဆုံး နင်ဖန်းတီနိုင်မယ်ဆိုတာ
ငါ့ယုံကြည်နေတယ်
နေ့သစ်တိုင်း..မင်းပျော်လာမယ် ထင်ပါတယ်...။
တနေ့နေ့..တွေ့ ဖြစ်ကြရင်ပေါ့
မင်းလျှောက်က်ခဲ့တဲ့လမ်း
ကြမ်းလို့နွမ်းလျနေတဲ့အခါ

နေ့သစ်တိုင်း..မင်းပျော်လာမယ်
တနေ့နေ့..တွေ့ ဖြစ်ကြရင်ပေါ့
မင်းလျှောက်က်ခဲ့တဲ့လမ်း
ကြမ်းလို့နွမ်းလျနေတဲ့အခါ
မင်းရရှိထားတဲ့အောင်မြင်မှုကမင်းကို
လန်းဆန်းပျော်ရွှင်စေမှာပါ
မင်းဖြတ်သန်းလာတဲ့ခက်ခဲမှုတွေကို
ငါ့ကိုပြန်မျှဝေပေးပေါ့
ငါကလဲငါလျှောက်ခဲ့တဲ့လမ်း
ကြမ်းတုန်းက...
နာကျင်ခဲ့တဲ့..ခြေထောက်တွေနဲ့
ငါ့ ဖြတ်သန်းခဲ့တဲ့လမ်းကြမ်းတွေ
ငါ့ကျောပြင်ပေါ်ကချွေးတွေအထပ်ထပ်တင်ခဲ့ဖူးတဲ့
ကြမ်းတုန်းက...
နာကျင်ခဲ့တဲ့..ခြေထောက်တွေနဲ့
ငါ့ ဖြတ်သန်းခဲ့တဲ့လမ်းကြမ်းတွေ
ငါ့ကျောပြင်ပေါ်ကချွေးတွေအထပ်ထပ်တင်ခဲ့ဖူးတဲ့
နေ့ တွေအကြောင်း
ပြန်ပြောင်းပြောပြပြီး...လွတ် လပ်စွာရယ်မောကြတာပေါ့..
ုခုတော့အခက်ခဲတွေကြား...
နာကျင်စွာ..ကျော်ဖြတ်လို့
ငါ့တို့အိပ်မက်ဘ၀တွေအတွက်..
ုခုတော့အခက်ခဲတွေကြား...
နာကျင်စွာ..ကျော်ဖြတ်လို့
ငါ့တို့အိပ်မက်ဘ၀တွေအတွက်..
.ရှေ့ ဆက်သွားကြအုံးစို့ .သူငယ်ချင်းရေ...
အချစ်ဆုံ သူငယ်ချင်းညီမအေးသီတာသန့် အတွက် နှလုံးသားနှင့်ရေးဖွဲ့ ပါသည်
သူငယ်ချင်းဒီကဗျာဟာ ငါ့တို့ နှစ်ယောက်အတွက်အားဆေးဆိုတာမမေ့ပါနဲ့ 
ငါဒီကဗျာကိုရေးတော့ဘာရယ်မသိ မျက်ရည်ဝဲမိတယ်
နင်ဘ၀အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်
တချိန်ချိန်မှာဒီပုံလေးအတိုင်းတွေ့ ကြမယ်နော်
Tuesday, 3 January 2012
လွမ်းကဗျာ♥♥♥♥♥♥
မမေ့ဘူးဆိုတဲ့ စိတ်နဲ့ နင့်ကို လွမ်းတယ်...
နင့် မလွမ်းတဲ့ စိတ်နဲ့ ငါလွင့်စဉ် ခဲ့ရတာပါ....
အမုန်းဆိုတာ အချစ်ရဲ့ ဆန့်ကျင်ဘက်အရပ် မှာပါ...
ငါ နဲ့ ခပ်စိမ်းစိမ်းပေါ့ .......
လွမ်းဆွေးမူတွေ ကြားမှာ ..
ငါ တိတ်တိတ်လေး..သေသွားခဲ့ တာ ပါ..........
မနေ့က နေ့ကွယ်ခဲ့တယ်
မနက်ဖြန်လည်း နေသာနေအုံးမှာပါ...
မနက်ဖြန်လည်း နေသာနေအုံးမှာပါ...
မနေ့ကချစ်ခဲ့ သလို မနက်ဖြန်တွေမှာလည်း ငါ မမေ့ဘူး...
ချစ်သူပြောင်းလဲ ခြင်းတရားတွေကို ...
ကျောပေး ချစ်ခြင်းတရားတွေနဲ့ တေးသီ မင်းကို ချစ်တယ် ....
ကဗျာဟောင်းလေးပါ စာရေးပျင်းနေလို့  ပြန်တင်လိုက်တာပါ :D
Thursday, 29 December 2011
တမ်းတမိတယ် ကံ့ကော်ရယ်♥♥♥♥♥♥
ကံ့ကော်တဲ့ အမည်ရဲ့ ဆန်းသစ်ပြီ
ပုံသဏ္ဌာန်မှာ ချစ်စဖွယ်ရယ်
နှစ်ရောင်ရောယှက်၍
အနံ့ ရယ်မွေးကြူပြီ
သနပ်ခါးနဲ့ ရောကာ လိမ်း၍
လေလာရာ သူ့ ရနံ့ ရယ်
မေ့နိုင်မယ် မထင်ပါ
နွေဦးနဲ့ အပြိုင်လှနေတတ်တဲ့
သူသတင်း သူ့ ရနံ့ 
ဖြူစင်ခြင်းသဘောဆောင်၍
နန်းစံခြင်း အသွင်ကိုပြနေတဲ့
ကံ့ကော်လေးရယ်
ရွှေမြန်မာပြည်ရဲ့ ဂုဏ်သတင်းကို
ဆောင်နေလေရော့သလား
ခွဲခွာခဲ့တာ နှစ်တွေကြာပေမဲ့
လွမ်းဆွတ်တမ်းတဆဲပါ
ပန်းကံ့ကော်.......................
အရမ်းကြိုက်တဲ့ပန်းလေးပါ စိတ်ထဲတမ်းတမိလို့ ရေးချလိုက်သည်
Saturday, 24 December 2011
မေ့မရတဲ့ နေ့ လေး♥♥♥♥♥♥
(၂၅)ရက် တဲ့ တို့နစ်ယောက်ကြား
မေ့လို့ မရတဲ့ရက်လေးပေါ့
မေ့လို့ မရတဲ့ရက်လေးပေါ့
ချစ်သူနှစ်ဦးတို့ ချစ်ရည်ရွှန်းလဲ့ခဲ့ကြတဲ့ နေ့လေးဆိုရင်ပိုမှန်ပါလိမ့်မယ်
ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ချစ်ခြင်းတရားတွေ
( နူးညံ့သိမ်မွေ့ လွန်းလှတဲ့
မေတ္တာစစ်တွေနဲ့မှ
ဖြစ်တည်လာတဲ့ အချစ်စစ်တွေပေါ့)
ပွင့်အံခဲ့ကြတဲ့ နေ့လေးလို့လည်း
ဆိုလို့ရပြန်တယ်...
နှစ်လတွေဘယ်လို ပြောင်း
မမေ့ဘူးဆိုတဲ့စိတ်နဲ့ 
ဆက်၍ချစ်မယ် ချစ်သူ
ဘယ်လိုအကြောင်းတွေကြောင့်မှ
အချစ်တွေမပျက်ပြယ်ကြေး
နောင်နှစ်တွေကြာ ယုံကြည်စွာ
လျှောက်လှမ်းရင်း
ချစ်သူနှစ်ဦးကြားခိုင်မြဲသော
လက်ကိုတွဲလို့ 
အချစ် တွေ ဆထက်တိုးလို့
ချစ်သွားမယ်မြဲ.....
အေးအတူပူအမျှ မခွဲအတူ
(၂၅ )ရက်ပေါင်းများစွာကို
တူ လက်တွဲလို့  နားလည်စွာ
ဖြတ်သန်း ယုံကြည်စွာ ခရီးဆက်
လျှက်မမေ့နိုင်တဲ့သံယောဇဉ်တွေနဲ့
အမှတ်တရသတိရကာ
ကြင်နာသူလက်တွဲကိုင်ယှက်လျှက်
ရင်ကဝေဒနာ ဖြေသာဖို့ရာ
မျှော်လင့်ဖို့ရည်မျှော်
မှန်းဆကာ ချစ်နေမည် ချစ်သူ
နှစ်လတွေဘယ်လို ပြောင်း
မမေ့ဘူးဆိုတဲ့စိတ်နဲ့ 
ဆက်၍ချစ်မယ် ချစ်သူ
ဘယ်လိုအကြောင်းတွေကြောင့်မှ
အချစ်တွေမပျက်ပြယ်ကြေး
နောင်နှစ်တွေကြာ ယုံကြည်စွာ
လျှောက်လှမ်းရင်း
ချစ်သူနှစ်ဦးကြားခိုင်မြဲသော
လက်ကိုတွဲလို့ 
အချစ် တွေ ဆထက်တိုးလို့
ချစ်သွားမယ်မြဲ.....
အေးအတူပူအမျှ မခွဲအတူ
(၂၅ )ရက်ပေါင်းများစွာကို
တူ လက်တွဲလို့  နားလည်စွာ
ဖြတ်သန်း ယုံကြည်စွာ ခရီးဆက်
လျှက်မမေ့နိုင်တဲ့သံယောဇဉ်တွေနဲ့
အမှတ်တရသတိရကာ
ကြင်နာသူလက်တွဲကိုင်ယှက်လျှက်
ရင်ကဝေဒနာ ဖြေသာဖို့ရာ
မျှော်လင့်ဖို့ရည်မျှော်
မှန်းဆကာ ချစ်နေမည် ချစ်သူ
Monday, 19 December 2011
ဒီဇင်ဘာအလွမ်း ♥♥♥♥♥♥
ချစ်သူရေ
ဒီနှစ် ဒီဇင်ဘာဟာအရင်နှစ်တွေထက်
အေးနေရော့သလားကွယ်
ချစ်သူကိုတမ်းတ မျှော်လင့်ရတဲ့
ရက်တွေ ရှည်ကြာပေါ့
နှင်းဖွေးဖွေးကြား ချစ်သူလာရာလမ်းကို
မှန်းဆလို့ ဒီဇင်ဘာလဲ ကုန်ခဲ့အုံးမှာပေါ့
ဒီဇင်ဘာရဲ့ နှင်းဖြူဖြူလေးနဲ့ အတူရိုးရှင်းတဲ့
ချစ်သူလေး ကိုတမ်းတလို့ 
ဆုံနိုင်ဖို့ ရက်တွေ ရေတွက်ရင်း
လွမ်းနေတယ် ချစ်သူ
ချမ်းအေးနေတဲ့ ဒီနှစ်ဆောင်းဟာ
ချစ်သူနားမရှိတော့အဓိပ္ပာယ်မဲ့လို့ ပေါ့
အနေဝေးလို့ မမေ့ကြေးချစ်သူ
ချစ်သူရင်ခွင်တိုးလို့ ခိုလှုံချင်ပေမဲ့
တမြေဆီဝေးနေတဲ့ ချစ်သူနှစ်ဦးကြား
အေးမြလှတဲ့ ဒီဇင်ဘာကိုအန်တုလို့ 
နှင်းတွေကြားတစ်ယောက်ထဲပေါ့
နှင်းဖွေးဖွေးကို သစ္စာပြုရင်း
ကုန်ခဲ့အုံးမှာပေါ့ ဒီဇင်ဘာရယ်
ဒီဇင်ဘာနဲ့ ချစ်သူ
ချစ်သူနဲ့ ဒီဇင်ဘာ
မေ့မရလို့ တမ်းတရင်း
ချမ်းအေးတဲ့နှင်းတွေကြား
မှန်းဆကာလွမ်းနေပေါ့ ချစ်သူSunday, 11 December 2011
ချစ်သူလေးသိစေ♥♥♥♥♥♥
ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ
ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး
လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ
သမျှ ချစ်၍နေအုံးမည် ချစ်သူ.....
....
....
Saturday, 3 December 2011
ကြိုးလေးအတွက် ♥♥♥♥♥♥
ချစ်သူ ငါမင်းနဲ့ တွေ့ မှ အချစ်ဆိုတာ
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ချင်တွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတဲ့
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ချင်တွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတဲ့
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်
Tuesday, 29 November 2011
လောကဓံနှင့်ကျွန်မ >>>
မွေးစထဲက လောကဓံဆိုတာ
ခံလာလိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါလေရော
တွေ့ ကြုံလာတဲ့ ခက်ခဲမှု
ဝမ်းနည်း ၀မ်းသာ
အနိမ့် အမြင့် ပြုံးလိုက် မဲ့လိုက်
အနိုင် အရှုံး အချစ် အမုန်း
ကျော်စောခြင်း ကျရှုံးခြင်း
ခြွေရံများခြင်း ဘယ်သူမှမရှိခြင်း
နဲ့ လည်းတွေ့ ခဲ့ ဆုံခဲ့ ဖူးတယ်
ချစ်တဲ့ သူနဲ့ လည်းကွေကွင်း ခဲ့ဖူးတယ်
ချစ်တဲ့ သူနဲ့ လဲ ဆုံတွေ့ ဖူးတယ်
ငိုခဲ့ ဖူးတယ် လွတ်လပ်စွာလဲ ရယ်ခဲ့ဖူးတယ်
သြော် လောကဓံ ငါခံလာလိုက်တာ
နစ်တွေတောင် ကြာသွားခဲ့တာပဲ
မှန်ရှေ့ ကြည့်မိတယ် ဟို................
လွန်ခဲ့တဲ့ ၁၀ စု နစ်လောက် လန်းဆန်းခြင်း
တက်ကြွခြင်းတွေ မတွေ့ တော့ပါလား
မျက်လုံး ရဲ့ စွမ်းအားတွေ လည်း
အရောင်မှေးမှိန်နေရော့ သလား
အသားအရေးတွေ ရော
နုပျိုခြင်း မဲ့ လေရော့ သလား
သြော် လောကဓံ ကျွန်မကို နှိပ်စက်လာလိုက်တာ
ခန္ဓာ ကိုယ်တောင် စကားတွေ ပြောလာပါရော
ကျွန်မ ရဲ့ အပြုံးတွေ မျက်လုံးတွေ
ကိုယ်ခန္ဓာ ရဲ့ လှုပ်ရှာ မှုတွေ နှေးကွေးကုန်ပါရော့လား
လောကဓံ ရဲ့ အပူမီးကြောင့်ထင်ပ
လောက သြော် လောက သင် ကျွန်မကို
သင်ပေးခဲ့တာတွေ အရမ်းများနေခဲ့တာပဲ
ဒါပေမဲ့  ကျွန်မ လောကဆိုတာထဲကနေ
ရုန်းမထွက်နိုင်သေးပါလား
သင်ပြနေသော အိုခြင်း နာခြင် သေခြင်း
ဆိုတာတွေကို ကျွန်မ ဘာလို့ 
အမှန်မမြင်ခဲ့ရတာလဲ
လောက ကြီးကသင်ပေးတဲ့ ပညာတွေတော့
ကျွန်မ အသက်အရွယ်နဲ့ သိသင့်သလောက်
ကြုံခဲ့သလောက် သိနေပေမဲ့ 
လောကုတ္တရာ တရားကို ဘာလို့ မမြင်သေးရတာလဲ
သြော် ကျွန်မသိပြီ
ဘာမှာ မလုပ်ရသေးတာကို
ခံလိုက်အုံးပေါ့ ကျင်လည်သမျှ
ဘ၀တွေမှာ လောကဓံ ရဲ့ အပူဒဏ်တွေကို
ခံလိုက်အုံးပေါ့ သစ္စာ တရားကို မတွေ့ သ၍
ခံလိုက်အုံးပေါ့
သြော် လောကဓံ နှင့် ကျွန်မ...........
ခံလာလိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါလေရော
တွေ့ ကြုံလာတဲ့ ခက်ခဲမှု
ဝမ်းနည်း ၀မ်းသာ
အနိမ့် အမြင့် ပြုံးလိုက် မဲ့လိုက်
အနိုင် အရှုံး အချစ် အမုန်း
ကျော်စောခြင်း ကျရှုံးခြင်း
ခြွေရံများခြင်း ဘယ်သူမှမရှိခြင်း
နဲ့ လည်းတွေ့ ခဲ့ ဆုံခဲ့ ဖူးတယ်
ချစ်တဲ့ သူနဲ့ လည်းကွေကွင်း ခဲ့ဖူးတယ်
ချစ်တဲ့ သူနဲ့ လဲ ဆုံတွေ့ ဖူးတယ်
ငိုခဲ့ ဖူးတယ် လွတ်လပ်စွာလဲ ရယ်ခဲ့ဖူးတယ်
သြော် လောကဓံ ငါခံလာလိုက်တာ
နစ်တွေတောင် ကြာသွားခဲ့တာပဲ
မှန်ရှေ့ ကြည့်မိတယ် ဟို................
လွန်ခဲ့တဲ့ ၁၀ စု နစ်လောက် လန်းဆန်းခြင်း
တက်ကြွခြင်းတွေ မတွေ့ တော့ပါလား
မျက်လုံး ရဲ့ စွမ်းအားတွေ လည်း
အရောင်မှေးမှိန်နေရော့ သလား
အသားအရေးတွေ ရော
နုပျိုခြင်း မဲ့ လေရော့ သလား
သြော် လောကဓံ ကျွန်မကို နှိပ်စက်လာလိုက်တာ
ခန္ဓာ ကိုယ်တောင် စကားတွေ ပြောလာပါရော
ကျွန်မ ရဲ့ အပြုံးတွေ မျက်လုံးတွေ
ကိုယ်ခန္ဓာ ရဲ့ လှုပ်ရှာ မှုတွေ နှေးကွေးကုန်ပါရော့လား
လောကဓံ ရဲ့ အပူမီးကြောင့်ထင်ပ
လောက သြော် လောက သင် ကျွန်မကို
သင်ပေးခဲ့တာတွေ အရမ်းများနေခဲ့တာပဲ
ဒါပေမဲ့  ကျွန်မ လောကဆိုတာထဲကနေ
ရုန်းမထွက်နိုင်သေးပါလား
သင်ပြနေသော အိုခြင်း နာခြင် သေခြင်း
ဆိုတာတွေကို ကျွန်မ ဘာလို့ 
အမှန်မမြင်ခဲ့ရတာလဲ
လောက ကြီးကသင်ပေးတဲ့ ပညာတွေတော့
ကျွန်မ အသက်အရွယ်နဲ့ သိသင့်သလောက်
ကြုံခဲ့သလောက် သိနေပေမဲ့ 
လောကုတ္တရာ တရားကို ဘာလို့ မမြင်သေးရတာလဲ
သြော် ကျွန်မသိပြီ
ဘာမှာ မလုပ်ရသေးတာကို
ခံလိုက်အုံးပေါ့ ကျင်လည်သမျှ
ဘ၀တွေမှာ လောကဓံ ရဲ့ အပူဒဏ်တွေကို
ခံလိုက်အုံးပေါ့ သစ္စာ တရားကို မတွေ့ သ၍
ခံလိုက်အုံးပေါ့
သြော် လောကဓံ နှင့် ကျွန်မ...........
Friday, 25 November 2011
အချစ်မဲ့ နိဂုံး♥♥♥♥♥♥
ကောင်လေးရေ
မင်းမသိလို့ပါ
ငါ့မှာတော့ တစ်ဘ၀စာ
မင်းမသိလို့ပါ
ငါ့မှာတော့ တစ်ဘ၀စာ
ကူးခတ်လာခဲ့တာ
တကယ်တမ်းတော့
မျှော်လင့်ချက်နဲ့ အသက်
ဆက်ခဲ့ရသူပါ
ရင်ခုန်စွာ မျှော်လင့်မိတာဟာ
ကောင်လေးရဲ့ မေတ္တာစစ်တွေပေါ့
ဒါဟာလည်းငါ့ ရဲ့ ရုးသွပ်ခြင်းပေါ့
ကျိန်စာမိထားတဲ့ငါ့နှလုံးသားဟာ
ဘယ်အချိန်ထိရင်ခုန်နိုင်အုံးမှာလဲ
လိုချင်တဲ့ ဖန်ဆင်းခွင့်များ ရှိခဲ့ရင်တော့
ကောင်လေးရဲ့ နားလည်ပေးနိုင်တဲ့အပြုံးတစ်ချ
ငါလိုချင်နေမိတာပါ
ပြုံးပြပေးပါလား ကောင်လေးရယ်
ဒါဟာ ငါ့အတွက်ကြီးမာတဲ့ဆုလဒ်တစ်ခုပါ
မင်းနှလုံးသားကို လာဖို့ ငါ့မှာ
လမ်းညွန်မြေပုံပါမလာခဲ့တာသိလို့ 
မင်းရဲ့ အနီးဆုံးငါဟာ
အဝေးဆုံးမှာကြောင်တောင်တောင်နဲ့ ပေါ့..
ကံတရားသာ မျက်နှာသာပေးခဲ့ရင်း
ကောင်လေးရဲ့ အနီးဆုံးမှာနေချင်မိသူပါ.
အခုတော့.......................
Tuesday, 22 November 2011
ဘာကြောင့်လဲ ????
ငါသိပ်ချစ်ခဲ့ မှန်းသိလို့ မကြင်နာလို့ စိမ်းရက်လေသူ
ထားခဲ့ တာလား ချစ်သူ
အားလုံးနဲ့ ဆန့်ကျင်ပြီ
ချစ်ခဲ့တာ လမ်းခွဲဖို့ လား
ငါလွမ်းတတ်မှန်းသိလို့ 
အနိုင်ယူတာလား ချစ်သူ
ကံတရားကြောင့် ဝေးခဲ့တာလား
ငါမျှော်လင့်ထားသမျှ ဆုံးရှူံးခဲ့ပြီငါသိပ်ချစ်ခဲ့လို့ မုန့်း မေ့ဖို့ မလွယ်ဘူး ချစ်သူ
နောက်ဆုံးတော့ ဝေဒနာတွေနဲ့ 
ထားခဲ့တာလား
အကြောင်းပြချက်မဲ့ ထားခဲ့သွားတာ
ဘာကြောင့်ဆိုတာ ပြောပြခဲ့ပါလား
နင့်ကိုချစ်ခဲ့သလောက် စိတ်ကုန်တယ်
အကြောင်းပြချက်မဲ့ ထားခဲ့တယ်
ဘာကြောင့်လဲ ???
Thursday, 17 November 2011
နေ့ သစ် များ ဆီ သို့ ♥♥♥♥♥♥
အတိတ်,
အပေါစား ရုပ်ရှင်တွေက အတိုင်း
ကုန်လွန်ခဲ့တဲ့ဝမ်းနည်းစရာတွေ ကို
နောက်ကြောင်းမပြန်တော့ဘူး
အသစ်အသစ် တွေကိုပဲ
ငါကြိုဆိုနေချင်တာပါ
ပစ္စုပ္ပန်,
လက်ရှိအချိန်တွေထက်
အကောင်းဆုံးဆိုတာဘာရှိအုံးမလဲ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရာဇ၀င်ထဲက ဇာတ်လိုက်ကြီးလို
အရာရာကိုငါ အောင်နိုင်ရမှာပေါ့
အနာဂါတ်,
နိုဝင်ဘာရဲ့ ဆောင်းတစ်ညမှာ
ညစ်နွမ်းမှု မလှပမှုတွေ
ပျောက်ပြယ်သွားလိမ့်မယ်လို့
ငါမျှော်လင့်မိတယ်........... ........
အေးမြတဲ့ လေပြေ လေညှင်းလေးရေ
သဘာဝက ဖန်ဆင်းတဲ့
နွေးထွေးတဲ့ ဗိမ္မာန်ကြီးဆီကို
နေ့သစ်တိုင်း ရဲ့ အလှ တရားတွေ နှင့်
အတူ
ခေါ်ဆောင်သွားပါတော့
Tuesday, 8 November 2011
အပျိုကြီးအတွေး
အချစ်ဆိုတာ
တစ်ခါတစ်ခါချိုမြိန်မှုဖြစ်သလို
တစ်ခါတစ်ရံမှာလည်း ချုပ်နှောင်မှုဖြစ်နေတတ်တယ်
နှလုံးသားရဲ့ဘာသာစကားကို
မျက်လုံးတွေပေါ်မှာဖတ်ရူနိုင်တယ်တဲ့...
အချစ်ဆိုတာ ကို ဘာမှန်း မသိ.....
အလိုလို ရောက်လာတော့.........
တစ်ခါတစ်ခါချိုမြိန်မှုဖြစ်သလို
တစ်ခါတစ်ရံမှာလည်း ချုပ်နှောင်မှုဖြစ်နေတတ်တယ်
နှလုံးသားရဲ့ဘာသာစကားကို
မျက်လုံးတွေပေါ်မှာဖတ်ရူနိုင်တယ်တဲ့...
အချစ်ဆိုတာ ကို ဘာမှန်း မသိ.....
အလိုလို ရောက်လာတော့.........
Tuesday, 18 October 2011
ဘ၀သံသရာနှင့် လမင်းငယ်.....
သံသရာ တစ်လျှောက် မရေတွက်နိုင်အောင်
ငါ ငိုခဲ့ ဖူးပြီ ချစ်ခဲ့ ဖူးပြီ...............
လွမ်းခဲ့ဖူး သည်...
တွေ့ ဆုံ ဖူးသည် ခွဲခွာဖူးသည် ......
ငါ ငိုခဲ့ ဖူးပြီ ချစ်ခဲ့ ဖူးပြီ...............
လွမ်းခဲ့ဖူး သည်...
တွေ့ ဆုံ ဖူးသည် ခွဲခွာဖူးသည် ......
Saturday, 15 October 2011
ချစ်သူကောင်မလေးအတွက်
ရင်တွင်းမေ......
"..... လမင်းတစ်စင်း ရင်ခွင်ထဲကို မဖိတ်ခေါ်ပဲ ၀င်လာခဲ့ပြီး....
ပဉ္စလက်ဆန်ဆန် ရင်ခုန်သံနဲ့ နှလုံးသားကို မောင်းနှင်ခဲ့တယ်......"
"..... မင်းအကြည့်.. မင်းရယ်သံတွေကြား.....
ရင်ခုန်သံတွေမြန်သွားခဲ့တာ ....
ဘာဝေဒနာမှန်း သေချာမသိခဲ့ပါဘူး..."
ချစ်သူသို့ ................
" လွမ်းနေပေးပါချစ်သူရယ်"
.....................................
"..ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုမှတော့....
အကြောင်းပြချက်ဆိုတာ ငါ့အတွက် မလိုအပ်ပါဘူး..
အချစ်ဆိုတာကို ရင်ခုန်သံ တစ်ခုတည်းနဲ့ ပန္နက်ရိုက်ခဲ့တာ...
အခြေမခိုင် ပြိုလဲခဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပြီးသားပါ.."
"..အေးစက်နေပြီလို့ပြောတဲ့ ခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားဘဲ..
Thursday, 6 October 2011
ကျန်မ၏ သစ္စာတရား>>
သစ္စာ တရား ပြုလိုက်မယ်မောင်.
ကျန်မချစ်ခဲ့ တာ လိမ်ညာမူ မပါ
မေတ္တာစစ်နဲ့ ချစ်ခဲ့ တာပါ.......
ဤ မှန်ကန်သော သစ္စာတရားကြောင့်.....
ကျန်မချစ်ခဲ့ သောအချစ်များသည်
မောင်အား အမုန်းများသာ ဖြစ်ရပါစေ.........
အချစ်မှာ အနိုင်ယူချင်းတွေဆိုတာ
မသိခဲ့ ပါဘူး ဘယ်တော့မှာလဲ
အနိုင်ယူချင်းစိတ် မရှိခဲ့ ပါ
ဤ မှန်သော သစ္စာ တရားကြောင့်..
ကျန်မ၏ မျက်ရည်များသည်..
ကျန်မ ရင်ခွင် မှာ ပူလောင်နေသော
အပူမီးများအေးချမ်းရပါစေသား.....
ကျန်မသည် သစ္စာတရားကိုစောင့်ထိန်းခဲ့ပါသည်
ကျန်မချစ်ခဲ့ တာ လိမ်ညာမူ မပါ
မေတ္တာစစ်နဲ့ ချစ်ခဲ့ တာပါ.......
ဤ မှန်ကန်သော သစ္စာတရားကြောင့်.....
ကျန်မချစ်ခဲ့ သောအချစ်များသည်
မောင်အား အမုန်းများသာ ဖြစ်ရပါစေ.........
အချစ်မှာ အနိုင်ယူချင်းတွေဆိုတာ
မသိခဲ့ ပါဘူး ဘယ်တော့မှာလဲ
အနိုင်ယူချင်းစိတ် မရှိခဲ့ ပါ
ဤ မှန်သော သစ္စာ တရားကြောင့်..
ကျန်မ၏ မျက်ရည်များသည်..
ကျန်မ ရင်ခွင် မှာ ပူလောင်နေသော
အပူမီးများအေးချမ်းရပါစေသား.....
ကျန်မသည် သစ္စာတရားကိုစောင့်ထိန်းခဲ့ပါသည်
...
ဤမှန်ကန်သော သစ္စာတရားကြောင့်.......
ကျန်မအချစ်နဲ့ မထိုက်သောသူနဲ့ လွဲရပါစေသား.....
ကျန်မသည် ထိုသူအား မေတ္တာစစ်နဲ့ ချစ်ခဲ့ ပါသည်
လိမ်ညာလှည့်စားလို ချင်းမရှိခဲ့ ပါ......
ဤမှန်ကန်သော သစ္စာတရားကြောင့်
ကျန်မသည်မောင်အားချစ်နေသော အချစ်စိတ်များ
ပြေရပါစေသား...........
ဘယ်တော့အခါမှာ မဆုံစည်းရပါစေသား...
ဤမှန်ကန်သော သစ္စာတရားကြောင့်.......
ကျန်မအချစ်နဲ့ မထိုက်သောသူနဲ့ လွဲရပါစေသား.....
ကျန်မသည် ထိုသူအား မေတ္တာစစ်နဲ့ ချစ်ခဲ့ ပါသည်
လိမ်ညာလှည့်စားလို ချင်းမရှိခဲ့ ပါ......
ဤမှန်ကန်သော သစ္စာတရားကြောင့်
ကျန်မသည်မောင်အားချစ်နေသော အချစ်စိတ်များ
ပြေရပါစေသား...........
ဘယ်တော့အခါမှာ မဆုံစည်းရပါစေသား...
ဒါလာ နင့်ပြောခဲ့တဲ့ အချစ်ဆိုတာ>
အချစ်ဆိုတာ ငါနဲ့ အတော်လေးကို အလှမ်းဝေးခဲ့တာပါ..
ငါအလုပ် နဲ့ ငါဖတ်နေတဲ့ စာအုပ်တွေကလွဲလို့ ဘာမှ စိတ်မ၀င်စားတဲ့
ငါဘ၀ထဲကို နင့်ရောက်လားခဲ့တယ်.......
ပျော်ရွင်မူတွေ ဂရုစိုက်မူတွေနွေးထွေးမူတွေ နဲ့ ထပ်တူပေါ့........
အချစ် ဆိုတာကြီးကို ခံစားတက်လာ ခဲ့တယ် ...
်
ကြည်နူး မူနဲ့ထပ်တူ ပျော်ရွင်ခဲ့တယ်.........
အချစ်ဆို တဲ့ အရာကြီးကို ငါနဲ့ နီးစပ် ခွင့်တွေ ပေးခဲ့တယ်....
အချစ်ဆိုတဲ့ အရာကို ငါ ယုံကြည် ဖတ်တွဲ ထားချိန်မှ
နင့် ငါ နားမှာ မရှိတော့ဘူး..........
အချစ် ဆိုတာကို ဖက်တွဲ ရင်း အလွမ်းနဲ့ ငါဘ၀ကို ဖြတ်သန်းခဲ့ရတယ်....
ဒါလာနင့် ပြောခဲ့တဲ့ အချစ်..........
အလွမ်းဆိုတာကို ဆုပ်ကိုင် လို့မရပေးမဲ့
ငါရင်မှာ ဒု နဲ့ဒေး ပါ..........
အလွမ်းတွေကို အဖော် ပြုရင် နေ့ည တွေကို ဖြတ်သန်းလာလိုက်တာ...
င့ါကိုယ် ငါတောင် ဘာမှန်းမသိတော့ဘူး ချစ်သူရေးးးးးးးးးးးးးးးးး
ဒါလာ နင့်ပြောခဲ့တဲ့ အချစ်ဆိုတာ...........
ငါအလုပ် နဲ့ ငါဖတ်နေတဲ့ စာအုပ်တွေကလွဲလို့ ဘာမှ စိတ်မ၀င်စားတဲ့
ငါဘ၀ထဲကို နင့်ရောက်လားခဲ့တယ်.......
ပျော်ရွင်မူတွေ ဂရုစိုက်မူတွေနွေးထွေးမူတွေ နဲ့ ထပ်တူပေါ့........
အချစ် ဆိုတာကြီးကို ခံစားတက်လာ ခဲ့တယ် ...
်
ကြည်နူး မူနဲ့ထပ်တူ ပျော်ရွင်ခဲ့တယ်.........
အချစ်ဆို တဲ့ အရာကြီးကို ငါနဲ့ နီးစပ် ခွင့်တွေ ပေးခဲ့တယ်....
အချစ်ဆိုတဲ့ အရာကို ငါ ယုံကြည် ဖတ်တွဲ ထားချိန်မှ
နင့် ငါ နားမှာ မရှိတော့ဘူး..........
အချစ် ဆိုတာကို ဖက်တွဲ ရင်း အလွမ်းနဲ့ ငါဘ၀ကို ဖြတ်သန်းခဲ့ရတယ်....
ဒါလာနင့် ပြောခဲ့တဲ့ အချစ်..........
အလွမ်းဆိုတာကို ဆုပ်ကိုင် လို့မရပေးမဲ့
ငါရင်မှာ ဒု နဲ့ဒေး ပါ..........
အလွမ်းတွေကို အဖော် ပြုရင် နေ့ည တွေကို ဖြတ်သန်းလာလိုက်တာ...
င့ါကိုယ် ငါတောင် ဘာမှန်းမသိတော့ဘူး ချစ်သူရေးးးးးးးးးးးးးးးးး
ဒါလာ နင့်ပြောခဲ့တဲ့ အချစ်ဆိုတာ...........
ဒါလည်းပြီးသွားမှာပါ>
ငြိမ်းချမ်းမှုအားလုံး ပျက်ပြုန်းကာ
ဝမ်းနည်းဖွယ် ဖြစ်စဉ်တွေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ၊
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ၊
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ၊
ဒါလည်း ပြီးသွားမှာပါ။
မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ့ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျင်
မရဲဝံ့အောင် နွမ်းလျနေချိန်မှာ
ရုန်းကန်နေဆဲ နေ့ပေါင်းများစွာ
ပင်ပန်းသမျှ ပြေလျော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။
ကံတရားက မင်းဖက်မှာ
ပျော်ရွင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလည်း ပြီးသွားမှာပါ။
ကျိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးပျော်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလည်း ပြီးသွားမှာပါလေ။
ဝမ်းနည်းဖွယ် ဖြစ်စဉ်တွေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ၊
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ၊
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ၊
ဒါလည်း ပြီးသွားမှာပါ။
မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ့ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျင်
မရဲဝံ့အောင် နွမ်းလျနေချိန်မှာ
ရုန်းကန်နေဆဲ နေ့ပေါင်းများစွာ
ပင်ပန်းသမျှ ပြေလျော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။
ကံတရားက မင်းဖက်မှာ
ပျော်ရွင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလည်း ပြီးသွားမှာပါ။
ကျိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးပျော်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလည်း ပြီးသွားမှာပါလေ။
သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ...
ရေးသူက ဆရာဖေမြင့်လို့ထင်ပါတယ်... စာရေးသူနာမည်မှားခဲ့ရင်
ခွင့်လွတ်ပေးပါ လမင်းကြိုက်လို့ သူငယ်ချင်းများကို မျှဝေပေးလိုက်ပါတယ်
ရေးသူ နာမည်သိရင် ပြောပေးခဲ့ပါနော်
ကျေးဇူးတင်ပါတယ်
Wednesday, 5 October 2011
နောက်ဆုံးအလွမ်း
နင်ငါကို ချစ်တယ် ထင်လိုပီတိဖြစ်ခဲ့ ဖူးတယ်..
ဒါပေမဲ့ ဟာ
နင်ရက်ရက် စက်စက် လှည့်စားခဲ့ တယ်
နင်ကျေနပ်လား နင်ကျေနပ်ရင် ငါပျော်ပါတယ်..
နင်ငါကို မချစ်ပဲနဲ့ တော့ ငါနဲ့ အဝေးဆုံးကို
ထွက်သွားပေးတာ အကောင်းဆုံးပါ..
ငါသေလောက်အောင်လွမ်းလည်း ကြိတ်မှိတ်ခံစားလိုက်မယ်...
ငါဘက်ကို လှည့်မကြည့်နဲ့ နင့်သဘောကျ
နင်ဘ၀ကို နင့် တည်ဆောက်ပါ
ငါနှလုံးသား ဆေးပန်းချီ ရေးဆွဲမပြီးခင်
နင်ငါကို လှည့်စားခဲ့ တယ်..
နင်င့ါအချစ်တွေနဲ့ မထိုက်တန်ခဲ့ ဘူး....
ငါမာန ကိုနင် အကြိမ်ကြိမ် ရိုက်ချိုးခဲ့ တယ်...
ငါကို မချစ်ပဲ ချစ်တယ် ပြောတဲ့ နင့်ကို ငါ မုန်းတယ်
ငါနဲ့ ပက်သက်ပြီး နင် အမြဲဟန်ဆောင်ခဲ့ တယ်..
နင့်ရဲ့ သရုပ်ဆောင်မူတွေ ပီပြင်လွန်လို့  ငါ ရှူးသွပ်ခဲ့ရတယ်...
နင်တော်ပါတယ် ငါညံ့ခဲ့ တယ် ...
တစ်ခုတော့ ပြောမယ် နင်ပျော်မယ်ဆို ငါကျေနပ်တယ်....
ငါနင့်ကို အရမ်းချစ်ခဲ့ တယ် လှည့်စားခဲ့ တာ သိလို့ 
အရမ်းခံပြင်းခဲ့ တယ်...
နင်ငါ့ ဘ၀ထဲကို ဟန်ဆောင်မူတွေနဲ့ ရောက်လာခဲ့ တယ်...
ငါနင် နဲ့ ပက်သက်ပြီး ရေးတဲ့ ဒီကဗျာဟာ နောက်ဆုံးဖြစ်မှာပါ..
နောက်ထပ် နင့်နဲ့ ပက်သက်ပြီး မတွေးတော့သလို......
ငါဘယ်တော့မှာ မလွမ်းတော့ဘူး...
သေချာတယ် ငါ နင်နဲ့ ပက်သက်ပြီး ဘယ်တော့မှာ မလွမ်းတော့ဘူး...
Subscribe to:
Posts (Atom)