♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Thursday, 20 October 2011

မြန်မာလူမျိုးများနှင့်နတ်ကိုးကွယ်ခြင်း

မင်္ဂလာပါ ရှင် .........
 
 လမင်း နတ်ကိုးကွယ်ခြင်းနဲ့ ပတ်သက်၍ ရေးချင်နေလို့ စာအုပ်နည်းနည်းရှာဖတ်နေရလို့ စာမရေးဖြစ်တာပါ။
အတော်လေးကိုများလို့  စာမရှည်အောင်လည်းဘယ်လိုရေးရမလဲ

စဉ်းစားပြီးအကြံအိုက်နေတာ ရေးတတ်သလောက်ရေးကြည့်မယ်နော်။
   မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ နတ်ကိုးကွယ်တာ ဘာကြောင့်လဲ လမင်းငယ်ငယ်ထဲက စဉ်းစားဖူးတယ်။

Thursday, 6 October 2011

ရပ်ပြစ်ရှစ်ပါး အနက် အဓိပ္ပါယ်>

သူငယ်ချင်းတို့ ကို လမင်း ဒီတစ်ခါ   အရပ်ပြစ် ရှစ်ပါး အကြောင်းလေးမျှဝေ
သွားမယ်နော်.....
ၿမန္မာလူမ်ဳိး ဗုဒၶဘာသာဆိုေ ၾသာဂါသဆိုၿပီ ကေလး ဘ၀ထဲက အလြတ္ရလာ
ကြတာပါ၊ ဒါပေမဲ့ အနက် အဓိပ္ပါယ်ကို သိတဲ့သူ ရှိသလို မသိသူများလည်း ရှိကြပါတယ်။
မသိသေးသောသူများ အတွက် ရည်ရွယ်ပါတယ်..
အရပ်ပြစ် ရှစ်ပါး အနက် အဓိပ္ပါယ်..
(၁)ငရဲ ချမ်းသာ အလျဉ်း မရှိသော အရပ်
(၂)တိရစ္ဆာန်   မဂ်.ဖိုလ်မှ ဖီလာ ကန့်လန့်ဖြစ်သော သတ္တ၀ါ
(၃)ပြိတ္တာ ချမ်းသာသုခကင်းဝေး သော ဖုတ်.တစ္ဆေ စသော သတ္တ၀ါ
(၄)အသညဇော အရှုပဘုံ အသညသတ်ဘုံ..
(၅)ပစ္စန္တရော ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသော သူတို့ အရပ်.
(6)၀ိကလိနြိယ ပဋ္ဋိသန္ဓေအားဖြင့် ကျိုး ကန်း ဆွံ့  အ သောသူအဖြစ်ရခြင်း
(၇)မိစ္စာဒိဌိ  မှားသော အယူကို ယူသော မိစ္စာဒိဌိတက္ကဒွန်းဖြစ်ရခြင်း
(၈)ဗုဒ္ဓသုညော တိဟေတုကော ဘုရားမရှိသောအခါ ကာလ၌တိဟိတ်
ပဋ္ဋသန္ဓေနေသောသူ......

လမင်းတို့ ယခု ရောက်ရှိနေသော ကာလသည် သာသနာနဲ့ ကြုံတွေ့ နေချိန်မှ မမေ့မလျော့မပေါ့မဆပဲ
နေသွားကြမယ်နော်  ။
ကုသိုလ်တရားပွားများနိုင်ကြပါစေလို့ စေတနာလေးနဲ့ လမင်းသိသလောက်လေး
မျှဝေပေးလိုက်ပါတယ်။။။။
အရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်နိုင်ကြပြီး  ကောင်းမူကုသိုလ်များ ပြုလုပ်ကြပါ...... ။

ငါးပါးသီလနှင့်+ အကျိုးဆက် များ

ငါးပါးသီလကို ကမ္ဘာငြိမ်းချမ်းရေး တရားလို့ ပြောနိုင်ပါတယ်။
သီလဆိုတာ စည်းကမ်းဖြစ်လို့ လူတိုင် ဘာသာတိုင်နဲ့ စောင့်ထိန်းရမယ် အရာလို့ ထင်ပါတယ်။
  ငါပါးသီလေးအကြောင်းလေး ရေးသွားမယ်နော်..
(၁)ပါဏာတိ ပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ...ဆိုတာသူတစ်ပါးအသက် ကိုသတ်ခြင်း
ရှောင်းကြဉ်ရတာ ဖြစ်လို့  အခုခေတ် သက်ဖြတ်နေကြတာဟာ  တကယ်ကို စိတ်မကောင်းစရာပါ။
(၂)အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ    ဆိုတာကသူတစ်ပါးပစ္စည်း ကိုခိုးယူခြင်းလို ပြောပေးမဲ့
သူတစ်ပါးရဲ့  ပစ္စည်းတွေကို စိတ်နဲ့ ကြံမိရင်တောင် အဒိန္နာဒါနာ ကံမြှောက်ပါတယ်။
လောကကြီးမှာ  ခိုးမူဆိုတာ မရှိရင်လည်း ငြိမ်းချမ်းပါတယ်။
(၃)ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ      ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်အောင်
မှားယွင် ကျင့်သုံးနေကြသော လူလောက ကြီးမှာ ဘယ်လိုအေးချမ်းနိုင်ပါမလဲ...
(၄)မုသာဝါဒါ ဝေရမိဏိသိက္ခာ ပဒံ သမာဒိယာမိ           မဟုက်မမှန်သောစကားကို ပြောဆိုခြင်းမှာ ရှောင်
ကြဉ်နိုင်ရင်လည်းအကောင်းဆုံးပေါ့နော်..
(၅)သုရာ မေရယ  ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ           သေရည်အရက်သောက်ခြင်းမှ ရှောင်
ကြဉ်နိုင်ကြရင်လည်း လောကကြီးမှ မကောင်းမူတွေ ကင်ဝေတာပေါ့နော်..

                   ပါဏာတိ ပါတာ ပြုလျက်သူ သူအသက်ကို သတ်သောသူသည်..

(၁)မျက်စီ နား နှာ အဂါင်္ ခြေလက် ချို့ယွင်းတက်ခြင်း.....။

(၂) ဖြစ်ရာဘ၀၌ ရုပ် အသွင် မွဲပြာခြောက်ညှို့း၍ စိုစိုပြေပြေမရှ်တက်ခြင်း။

(၃)အားအင်းချို့ယွင်းခြင်း အားနည်းခြင်း

(၄)လျင်မြန်ဖျတ်လတ်ခြင်း သင်းသေ၀းခြင်း

(၅)ဘေးရန်ပေါ်ပေါက်လျင် ကြောက်ရွံ့ ခြင်း

(၆)သူများသတ်တာ ခံရတက်ခြင်း ကိုယ့်ကိုယ်တိုင် အဆိပ် စသည်စားလျှက် သေရခြင်း

(၇)အနာရောဂါများတက်ခြင်း

(၈)အခြွေအရံ ပျက်စီးတက်ခြင်း 

(၉)အသက်တိုတက်ခြင်း များပြားလှတဲ့ အပြစ်တွေ ခံစားရတက်ပါတယ်။။။။။။

အဒိန္နာဒါနာ ပြုသူသည် ဥစ္စာနည်း မွဲ ဆင်းရဲတက်သည် လိုရှိမရ ဘောဂပျက်စီး ရေ မီးသူခိုးမွေခံဆိုးနှင့် မင်းဆို
အပြား ရန်မျိုးငါးကြောင့်ပျက်ပြားဥစ္စာ အပြစ် များစွာသည် ၊ရှောင်ခါအပြန် အကျိုးတည်း။

ကာမေသုမိစ္ဆာစာရာ  မိစ္ဆာစာရ ကျုးလွန်ကလည်း မုန်းကြသူများ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏
က္ကုတိပဏ္ဍုက် မျိုယုတ်ခါခါ မျက်နှာမလှ အရှက်ရလျက် လက္ခဏနြေ္ဒ ယွင်းသွေ ချို့သိမ့် စိုးရိမ်များစွာ ချစ်သူကွာသည် ၊
ရှောင်ခါ အပြန် အကျိုးတည်း။

မုသာဝါဒါ  ကျုးလွန်ကာ စကားမပီ သွားမညီ ပုပ်ညှီ ပါးစပ် ခြောက်ကပ် ကိုယ်ရေ က္ကုနြေ္ဒနောက် ပုံယွင်း
ဖောက်၏ မရောက်သြဇာ နှုတ်လျှာ ကြမ်းထော် လျှပ်ပေါ်လော်လီ စိတ်မတည်သည် ရှောင်ကြဉ် အကျိုးတည်း။

သုရာ မေရယ ကျုးလွန်ကာ သင့်မသင့်၌ ရေးခွင့်မသိ ပျင်းရီမေ့ရှုး ကျေးဇူးမဆပ် ဟိရောတ္တပ်ကင်း ခပင်းများထို အကုသိုလ်

ကိုပြုကျင့်လွယ်၏ ရှောင်ခါ အပြန်အကျိုးတည်း။   
 
ဝတီအကျဉ်ချုပ်လိုက်တာပါ.... ငါးပါးသီလသည် အခုဘ၀ နှောင်သံသရာ အတွက်ပါ အကျိုးများ၍ ရှောင်ကျင်
လိုက်နာသင့်သော လူစည်းကမ်း ပါ.။

သေရည်အရက်သောက်စားခြင်းသည် လေးပါးသော အပြစ်ကို ကျုးလွန် ဖို့လွယ်ကူနိုင်ပါတယ်...
ကမ္ဘာကြီးကို အေးချမ်းမူမပေး နိုင်ရင်တောင်  ကိုယ့်နဲ့ ပက်သက်သူတွေ အေးချမ်းစေ မှာပါ။

ငါးပါးသီလစောင့်ထိန်းခြင်းဖြင့် ကိုယ့်ပက်ဝန်ကျင် မိသာစု တိုင်းပြည်  မြို့ ရွာ အေးချမ်းစေပါတယ်။။။