♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥
Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts
Saturday, 31 December 2011
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ♥♥♥♥♥♥
မင်္ဂလာ နှစ်သစ်မှာကျန်းမာပျော်ရွင်စွာ နိုင်ကြပါစေ
..နှစ်သစ်ရောက်လာပြီဆိုတော့ လမင်းအပါအ၀င်ကိုကို မမ ညီမလေးမောင်လေးတို့အားလုံး စိတ်သစ်လူသစ်နဲ့ ဘ၀ကို အကျိုးရှိအောင်လျှောက်လှမ်းကြမယ်နော်..
နစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့ကြလဲ ကိုယ်အတွက် မိသားစုအတွက် အများအတွက် သာသနာအတွက်
မလုပ်ခဲ့ရသေးဘူးဆို  ဒီနှစ်သစ်လေးမှာ အများအကျိုး ကောင်းမူ ကုသိုလ်လေးတွေ လုပ်ကြ.ရင်း  ဘ၀လေး တန်းဖိုးရှိအောင်ဖြတ်သန်း ပြီရခဲလှတဲ့ လူဘ၀လေးမှာ  စိတ်ညစ်မူတွေ သောကတွေ
အလိုမကျမူတွေမေ့ထားပြီ ဘ၀ကို အကျိုးရှိ အောင်ဖြတ်သန်းကြရအောင်နော်
လူဘ၀ဆိုတာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး  ဒါပေမဲ့ ရောင့်ရဲနိုင်ရင်တော့ စိတ်ချမ်းသာဖို့ ကောင်းပါတယ်
ရောက်နေတဲ့နေရာလေးနဲ့  ရထားတဲ့အရာတွေကို ရောင့်ရဲနိုင်ဖို့ပါပဲ
ဘာလို့လဲ ဆိုတော့ လူဆိုတာက ရလေလိုလေဖြစ်တတ်လို့ ပါ ဘယ်တော့မှာပြည့်စုံတယ်လို့ မထင်ကြဘူးလေ...
ဒါကလည်း လူတွေမှာ ဖြစ်တတ်ကြတာပါ ဒါကို ကိုယ့်က ဥာဏ်လေးနဲ့ ဆင်ခြင်ပြီး နေလိုက်ရင် စိတ်ညစ်တာတို့ အလို
မကြတာတို့ဆိုတာ နည်းသွားတာပေါ့..ငါတို့ လူဖြစ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဘာအတွက်လူဖြစ်နေကြလဲလို့
  တွေး မိဖူးကြလား တွေးမိရင်ရော ဘယ်လိုအဖြေရလဲ လမင်း အတွေးလေးပြောကြည့်မယ်နော်..
သူငယ်ချင်းတို့နဲ့ တူချင်မှာတူမှာပေါ့နော်...ဘာလို
့လဲဆိုတော့ လမင်းက သူငယ်ချင်းတို့လိုမ ဟုက်လို့ပေါ့ အရင်ကတော့ မတွေးမိပါဘူး အမှန်ပြောတာပါ အခုတော့ လမင်းလူဖြစ်ရတာကျေနပ်တယ် လုပ်ချင်တဲ့
ကုသိုလ်တွေ လုပ်နိုင်တယ် တက်နိုင်သလောက် အားလုံးကို စိတ်ကောင်းထားတယ် အားလုံးဆိုတာကတော့ကိုယ်နဲ့ သိသလောက်ပေါ့နော် တကယ်ပါ  မှန်သော စကားပါ..အခုအချိန်အထိ ဘယ်သူအပေါ်မှ အကျိုးယုက်အောင်
မလုပ်ခဲ့ ဖူးဘူး သူများတွေ လမင်းကို မကောင်းပြောလည်း စိတ်ထဲ ဘယ်လိုမှသဘောမထားဘူး ဘာလို့လဲဆိုတော့
အမှန်တရားဆို တာရှိပြီးသား  ရှာစရာမလို သလို လိုက်ရှင်းနေစရာလည်းမလိုဘူးထင်
တယ်  လမင်းစာလေးတွေ ရေးဖြစ်တယ် ငါရေးလိုက်တဲ့ စာကိုဆယ်ယောက်ဖတ်လို့တစ်ယောက် အသိတိုးရင်  ငါလည်းကုသိုလ်ရဖတ်တဲ့သူလည်း
  အသိတိုးတယ်လို့ တွေးပြီး ရေးမိတာပါ ကိုယ့်ထက် သိတဲ့ တော် တဲ့သူတွေ လည်းအများကြီးပါလမင်းရေးတဲ့ စာလေးတွေဟာ ဘယ်သူကိုမှဆရာ လုပ်ခြင်းမဟုက်ပါ  စေတနာသက်သက်ပါ.. အားလုံး နားလည်
ပေးစေချင်ပါတယ်.. လမင်းမှာ ရှိတဲ့ အသိဥာဏ် သေးသေးလေးနဲ့  သူငယ်ချင်းတို့ကိုခင်မင်တဲ့ စိတ်ရင်းလေးနဲ့  မျှဝေခြင်းပါ   မှားတာရှိရင် လိုအပ်တာများတွေ့ ရင် အကြံဥာဏ်များ ပေးနိုင်ပါတယ် ..
အမှန် ၀န်ခံရရင် လမင်းစာရေးတတ် လို့ ရေးတာမဟုတ်ပါဘူး ၀ါသနာစိတ်ရင်လေးနဲ့ ရေးခြင်းပါ
အဲတော့သူငယ်ချင်းတို့ရေ  တို့တွေ ရခဲ လှတဲ့ လူဘ၀ကို အကျိုးရှိ စွာ ဖြတ်သန်းကြရအောင်နော်
ဘာအတွက် စိတ်ညစ်မူတွေ အလိုမကျမူတွေ နဲ့ စိတ်ကို ပင်ပန်းမခံ ကြပါနဲ့ တစ်ရက် အသက်ရှည်လို့
တစ်ရက် အသိတိုးရင် အကောင်းဆုံးပေါ့..လမင်းတို့တွေစိတ်ကလေးကို ကောင်းတာတွေးပြီးဘ၀ကို အကျိုးရှိ စွာဖြတ်သန်းကြမယ်နော်..
 လမင်းလည်း လူထဲကလူတစ်ယောက်ပို့ စိတ်ညစ်မူတွေ သောကတွေရှိတာပေါ့လေ ဒါပေမဲ့ အဲ့ဒါတွေကို မေ့ထားပြီး အကောင်းဆုံးနှစ်သစ်ကို  ကြိုဆိုကြရင်း  ...သူငယ်ချင်းများ အားလုံး ဘ၀ကို အကျိုးရှိစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်......နှစ်သစ်မှာကျန်းမာပျော်ရွှင်နိုင်ကြပါစေ
Wednesday, 14 December 2011
မြန်မာမိန်းကလေးဆိုတာ မမေ့ပါနှင့်
မင်္ဂလာပါ ရှင် ကောင်းသောနေ့လေးပါ......
လမင်း ဒီတစ်ခါ ညီမလေးတွေ သူငယ်ချင်းတွေအတွက်ရင်လေစရာလေးတွေ တွေ့ နေမြင်နေရတော့
ရေးချုင်စိတ်လေးဖြစ်မိတာနဲ့ ရေးတတ်သလောက်နဲ့ မြင်သလောက်လေးရေးချင်မိပါတယ်
လမင်းထက်သိတဲ့တတ်တဲ့ မမ တွေ မောင်နှမတွေအများကြီးပါ မှားတာရှိရင်နဲ့ လိုတာတွေ့ လျှင်
အကြံဥာဏ်ပေး ဆုံမနိုင်ပါတယ်ရှင်
  လမင်းပြောချင်တာက မိန်းကလေးများ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ တန်ဖိုးရှိအောင်နေပါ။
ကိုယ့်ကိုကိုယ် တန်ဖိုးထား မှ သူများက ကိုယ်ကို တန်ဖိုးထာမှပါ။။
တန်ဖိုး သိတဲ့သူဆို တန်ဖိုးရှိတာပဲ ရွေးကြပါတယ်၊တန်ဖိုး ဆိုတာ လူကဆုံးဖြတ်တာလို့
ပြောကြပေမဲ့ လူ့ ပတ်ဝန်းကျင် မှာနေတာဖြစ်လို့ တန်ဖိုးရှိအောင်တော့ နေသင့်ပါတယ်။။
    မိန်းကလေးများကအဓိကပေါ့မိန်းကလေးများကို အများကပန်းလေးတွေလို့တင်စား
ကြပါတယ်။
     မှန်ပါတယ် ပန်းဆိုတာ အပင်မှတော့ လိုချင်သူတွေများကြပါတယ်။ လူရဲ့သဘောကိုက
မရတာတို့ ခက်ခဲတာဆို ပိုတောင်း တတတ်မက်ကြပါတယ်။
   ရပြီသွားလျှင်တော့ ထားချင်သလိုထား ကြတော့တာပါ ။ထားချင်သလိုဆိုတာကြွင်းချက်တော့ရှိပါတယ်ကိုယ်တိုင်းကတန်ဖိုးရှိထားလျှင်တော့
တစ်ဘက်သားသူကလဲ တန်ဖိုးထားတတ်ကြပအါတယ် ၊ဒါကြောင့်  မိန်းကလေးဖြစ်လို့ 
 အားငယ်စရာတော့မရှိပါဘူး ။။
  ကိုယ်ဘ၀ကို အဖိုးတန်အောင်ဖန်ဆင်းမယ် ဂုဏ်ကိက္ခာ ရှိအောင်နေမယ် တန်ဖိုးရှိအောင်နေရင် တန်ဖိုးရှိတဲ့သူ ဖြစ်လာမှာသေချာပါတယ် ကိုယ်တိုင်းကဂုဏ်သိက္ခာရှိလျှင်ဂုဏ်သိက္ခာရှိတဲ့သူနဲ့ပဲတွေ့ နိုင်ပါတယ်။။
   ဥပမာ လူကောင်းတစ်ယောက်ဟာ သူတော်ကောင်းသူမြတ်လောင်းတွေကို စည်းကပ်သလိုမျိုးပေါ့။။။
  မိန်းကလေးများ အထူးသတိထားရမဲ့ အချိန်ကတော့ ရည်းစားထားတတ်တဲ့ အရွယ်နဲ့
စိတ်ကစားတတ်တဲ့ အရွယ်တွေပေါ့။။။
   ငယ်ရွယ်ကြတော့ အမှားမကင်းနိုင်ကြဘူးဆိုပေမဲ့ ပြင်လို့မရတဲ့ အမှားနဲ့ ပြင်နိုင်တဲ့အမှား
ဆိုတာရှိတယ်။။
     အမှားတိုင်းဟာ သင်ခန်းစာယူလို့ရတဲ့ ဆိုပေမဲ့ ပြင်မရတဲ့ အမှားဟာကိုယ်ဘ၀ တစ်
လျှောက် လုံးကိုနောင်တ များနဲ့ ဖြတ်သန်းသွားကြရတာတွေ ရှိတက်ပါတယ်။
ဘ၀ဆိုတဲ့ခဏတာလေးမှာ အကောင်းဆုံးနဲ့ တန်ဖိုးရှိအောင်နေနိုင်ကြရင်အကောင်းဆုံးပေါ့
ဒါကြောင့် ဘ၀မှာ ပြင်မရတဲ့ အမှားတွေ မဖြစ်ရလေအောင် ကိုယ်ရဲ့ စိတ်ကို အလိုမလိုက်ပါနဲ့ စိတ်ကွယ်ရာကို ရှောင်ပါ။။။
   ရည်းစားလည်းအများကြီးမထားပါနဲ့ ထားတော့မယ်ဆို သေချာစဉ်းစားဆုံးဖြတ်ပါ။။
ရည်းစားဖြစ်သွားရင်လည်း စည်းဆိုတာ ထားပါ နားလည်မူယူကြပါ  ကိုယ်ချစ်သူကိုလည်း
အလို မလိုက်မိပါစေနဲ့ ခုခေတ် ကတိုးတတ်လာတာတဲ့ ဘာတွေ တိုးတတ်လဲတော့မသိဘူး။
   မြန်မာပြည်မှာ အရက်ဆိုင် ဘီယာဆိုင် ကာရာအိုကေ  night club တွေ dayclubတွေများလာတာပဲတွေ့ မိတယ်။
  မြန်မာပြည်မှကလဲ အခုကိုးရီယားခေတ်ဆိုတော့ အ၀တ်အစား အနေအထိုင်ကအစ
ဘာတွေဖြစ်ကုန်ပြီးလည်း မသိတော့ပါဘူး ။။
အတုယူကြပါ မယူရဘူးမဟုက်ပါဘူး ကောင်းတာလေးတွေ ယူကြပါ အခုဟာက
  မြန်မာ လူမျိုးတွေက နိုင်ငံခြား ကမကောင်းတာအကုန် အတု ယူကြတာ တကယ်ကို
စိတ်မကောင်းစရာပါ  အင်တာနက်ခေတ်တဲ့မကောင်းဘူးလားကောင်းပါတယ် အသုံးချတတ်လျှင်ပေါ့ 
ကိုယ့်ချစ်သူဆိုပြီလဲ မျက်စိ(လုံး) စုံမှိတ်မယုံလိုက်ပါနဲ့  vzoချက်မယ်  skype သုံးမယ်ဆို  ဆင်ခြင်ပါကိုယ့်ချစ်သူပဲဆိုပြီ
ခိုင်းတိုင်းမလုပ်မိပါစေနဲ့ လို့ အကြံပေးချင်ပါတယ်
သူများတွေကိုကြီး ပြောတာမဟုက်ပါဘူးကိုယ့်ကိုကိုယ်သတိပေးရင်း
  အိမ်မှလည်း လမင်းညီမ အလတ်မရှိတယ် ၀တ်တာစားတာက အမြဲပြောနေရတယ်၊ နိုင်ငံခြား ဆိုတာက သူတို့နိုင်ငံ သူတို့ ယဉ်ကျေးမူနဲ့ တော့ ဘာမှမဖြစ်ပေမဲ့ မြန်မာ မျက်စိ (လုံး)နဲ့ကြတော့ အတော်လေးကို ကြည့်ရဆိုးတာပါ။။။
   လူတစ်ယောက်ရဲ့ ဂုဏ် သိက္ခာ ဟာ အနေအထိုင်နဲ့တင် မဟုက်ပါဘူး အ၀တ် အစားမှပါ
အများကြီးပါဝင်ပါတယ်။။။
   လမင်းကတော့အားလုံးကို စေတနာလေးနဲ့ ပြောတာပါ ဆရာလုပ်တယ်လို့တော့မထင်စေချင်ဘူ
း  အိမ်မှလည်း လမင်းကသမီးကြီးဆိုတော့ အစစအရာရာ ဆင်ခြင်နေရတယ် ။
 အနေအထိုင်လေးများ နည်းနည်းမှားတာနဲ့ ငါ့ညီမလေးတွေများ အတုခိုးမှားမလားဆိုတဲ့
စိတ်နဲ့နေရတာလေး လူကကြာတော့အဖွားကြီးလေး ဖြစ်နေပြီ။
သူတို့ကိုကောင်းစေချင်လို့ပြောတော့ ပွစိပွစိနဲ့တဲ့အပျိုကြီးဆိုတော့လဲဇီဇာကြောင်တာပါ :)
အကြောင်ကောင်းလေးပါရှင့် :P
 လမင်းပြောချင်တာလေးကို နားလည်ကြလိမ်မယ်ထင်ပါတယ်ရေးတတ်သလောက်ရေးမိပါတယ်
လမင်းစေတနားလေးကို အသိအမှတ်မပြုလျှင်နေပါ တစ်မျိုးတော့မထင်စေချင်ပါဘူး။။
အားလုံးကို မောင်နှမစိတ် ဓာတ်လေးနဲ့ အသိပေးတာပါ ။။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
ဒီစာကို လမင်းညီမလေးဆီ ပို့တဲ့ စာကို ကိုးကားပြီးရေးထားတာပါ။
Tuesday, 6 December 2011
ကျွန်မမြန်မာလူမျိုးပါ
မင်္ဂလာပါ သူငယ်ချင်းတို့ ရေး ကောင်းသောနေ့လေးဖြစ်ပါစေ..
ဒီတစ်ခါတော့ လမင်း မြန်မာပြည်က သူငယ်ချင်းများနဲ့ စကားပြောဖြစ်တာလေး
ရေးချင်နေတာကြာပြီး၊မအားတာနဲ့ အရှုပ်တွေရှင်းနေရတာနဲ့  အခုပဲရေးဖြစ်တော့တယ်။
လမင်းနဲ့ သူငယ်ချင်းတွေ  နှစ်ရက် သုံးရက် တစ်ခါ တော့တွေ့ ဖြစ်ပါတယ်။
vzo နဲ့ ပေါ့  အချိန်မတူတော့ ညှီယူပြီးပြောကြတာပဲ ။
သတိရတာကို လမင်းကမြန်မာပြည်က လွဲလို့ ဘယ်မှ သွားချင်တဲ့ သူမဟုတ်ပါဘူးရှင် အကြောင်းကြောင်းတွေကြောင့်
ဘ၀ပေး ကုသိုလ်ကြောင့်ပဲပြောရမှာ ပေါ့ ။
  လမင်းကတော့ ကိုယ်နှိင်ငံလေးကိုပဲ ချစ်တယ်  ရိုးရာအကျင့်  စရိုက်လေးတွေကိုလည်း
နစ်သက်တယ်လေး အခုရောက်တဲ့  နေရာနဲ့ လမင်းနဲ့ တော့   ပြောတော့ဘူး။
လမင်းပြောချင်တာကတော့ သူငယ်ချင်းတွေပေါ့ vzo  ချက်ရင် လမင်းက သနပ်ခါးလိမ်း
ထားတက်တယ် ဘယ်မှာသွားစရာမရှိရင်ပေါ့။
  အဲတော့ ပြောလိုက်ကြတာ နင့်ကလည်း နှိင်ငံခြားမှာနေပြီး သနာခါးတွေနဲ့ 
မရှက်ဘူးလားတဲ့ လမင်းကတော့ တစ်ခါမှာမတွေးမိပါဘူး။
ဘယ်လိုပြောလိုက်တာလဲ သနာခါးလိမ်းတာရှက်စရာလား ငါမတွေးမိပါဘူး ။
နင့်ကတော့တောသူကိုတဲ့ ဟုတ်တယ်လေး ငါကတောသူပဲဟာ မြန်မာလူမျိုး
သနာခါးကြိုက်တာ တောသူဆိုလည်း နင့်တို့ ပြောသလိုပေါ့ဟာ လမင်းကလည်း
သနာခါးဆို အရမ်းကြိုက်တာ မလိမ်းပဲကိုမနေနိုင်တာလေး သွားစရာရှိရင်တောင်း
ပါးပါးလေးတော့ လိမ်းတက်သေးတာ မြန်မာပြည်ကဘာလိုလဲမေးရင်သနပ်ခါးနဲ့ မြန်မာ
ဝတ်စုံပဲ မှာတာ ကျန်တာဘာလိုလဲမေးရင်ဘာမှမလိုဘူးဒီမှာ ပိုက်ဆံရှိရင်အကုန်ရတယ်လို့ ငါးပိရည်လည်းရပါတယ် တစ်ခါလေးများလမင်း ငါးပိနဲ့
ထမင်းစားရင်းလက်နဲ့ စားတာလေး သူတို့လာလို့ ခဏလက်ဆေးအုံးမယ်ဆို နင့်ကလက်နဲ့ 
စားတာလား အဲမှာနေပြီးတော့ လက်နဲ့ မစားလို့ ဘာနဲ့ စားရမလဲ ပြန်ရစ်ရော
လမင်း အပြင်မှာ စားတာလောက်ပဲ အိမ်မှာဆို အားရပါရဆွဲတာ ဟိဟိ
အစားကြီးတာဟုတ်ဘူးနော် လက်နဲ့ စားရတာကိုအားရလို့  ဓာတ်ပုံရိုက်ပို့ ရင်လည်း
မြန်မာဝတ်စုံးနဲ့ ဆို ပြောလိုက်ကြတာ ရစရာကို မရှိ လမင်းမှာတော့ ၀တ်ချင်းလွန်လို့ 
ဘုန်းကြီးကျောင်း ဘာအလှူရှိမလဲပဲကြံနေတာလေး အဲဒါမှ လမင်းဝတ်ရတာကို
   လမင်းပြောချင်တာ လမင်းကမြန်မာ မိန်းကလေးပါ ဘယ်နှိုင်ငံရောက်ရောက်
ကိုယ် ရိုးရာ အကျင့်စရိုတ်တော့ မပျောက်ဘူးရှင့်  တကယ်ပါ  လမင်းမြန်မာပြည်ကို
ချစ်တယ် လွမ်းတယ် ပြန်ချင်တယ် ။
  လမင်းမေမေရဲ့ ငါးပိချက်နဲ့ ချဉ်ပေါင်ဟင်းလည်းစားချင်တယ် ။ ဒီကအစားတွေ လုံးဝ
မကြိုက်တဲ့ လမင်းဒုက္ခ ရောက်ပါတယ်။
အစွဲကလည်းကြီးတယ် မစားဘူးဆို မစားဘူးပဲ ဘယ်သူပြောပြော စားကြည့်ပါ ။
ကောင်းတယ် စားကြည့်တော့သိတာပေါ့ မစားပဲဘယ်လိုသိမလဲပေါ့ ။ ကြည့်တာနဲ့ သိ
တယ် ငါမကြိုက်ဘူးလူတိုင်းလက်မြှောက်တယ်။ ဘာစားမလဲ ဆို မြန်မာမုန့်  မြန်မာဟင်း
ဘုန်းကြီးကျောင်းဈေးပွဲတော်ဆို လမင်းအရမ်းပျော်တာပေါ့ စားချင်တာလေးတွေစားရလို့ 
တစ်နစ်မှ တစ်ခါနှစ်ခါဆို တော့ ဟဲဟဲ ဘယ်ရမလဲ အ၀စားတာပဲ။။
မြန်မာပြည်က သူငယ်ချင်းတွေကတော့ ဒီကအစားတွေကို ပါးစပ်ကကို မချတာ အဲတော့
လမင်းကို ဘာဖြစ်လဲထင်လဲ ဒိတ်အောက် တယ်ဆိုပဲ အစားကောင်း အ၀တ်ကောင်း
မ၀တ်တက်ဘူးတဲ့  ၀တ်တက်တာပေါ့ လူပဲ လမင်းက ကိုယ့်ရိုးရာ ၀တ်စုံလေး ၀တ်
ရတာကို ဂုဏ်ယူချင်တာလေ အရမ်းလည်းကြိုက်တယ်။သနပ်ခါးလေးလိမ်းပြီ မြန်မာဝတ်စုံဝတ်ထားတဲ့နေ့ ဟာ လမင်းအပျော်ဆုံးနေ့လေးပေါ့
တကယ်ပြောတာပါ လမင်း အခုထိ make up တစ်ခါမှာမလိမ်ဖူးဘူး
ဒီမှာဆောင်းရောက်လာရင်တော့အေးလာတယ် အသားအရေးခြောက်
လာတတ်တော့ cream လေးတော့လိမ်းရတယ်ရှင်မလိမ်းချင်ပါဘူး
မြန်မာပြည်မှာလိုပဲသနပ်ခါးရေကျဲလေးလိမ်းထားချင်တာလေ နေရာဒေသ
လိုက်ပြီ အဆင်ပြေအောင်နေရ ၀တ်ရ လိမ်းရပေမဲ့ ကိုယ်ရိုးရာစလေ့ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး မေ့လို့ လဲတစ်နေ့မှာမရဘူး နေ့ တိုင်းလွမ်းနေတယ် တကယ်ပါ ပြန်ချင်နေတာလဲရူးနေတာပဲ ခွင့်ရလို့ ကတော့ လစ်ပြီသာမှတ်တော့ ဘယ်သူတားတားမရတော့ဘူးနော်
မေမေနဲ့ သူငယ်ချင်းတို့ ရေ သတိရပါတယ်  အရမ်းလွမ်းနေပါတယ်
ပြန်လာမဲ့ နေလေးအမြန်ရောက်ပါစေ ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးး
မြန်မာပြည်ကြီးနဲ့ ရွာလေးကို လွမ်းတယ်ဆိုတဲ့အကြောင်းလေးပြောရင်နဲ့ပဲအလွမ်းသယ်လိုက်ပါတယ်ရှင်........
.....
Tuesday, 15 November 2011
အွန်လိုင်းအချစ်ဇာတ်လမ်း♥♥♥♥♥♥
အွန်လိုင်း ထိုင်ရင် ချက်တင် ဇာတ်လမ်းလေးပါ  ကောင်းမလေးက အသက်နည်းနည်းပိုကြီးတယ်။
နေ့ တိုင်း လိုင်းပေါ်မှာ တွေ့ လာကြပြီး ။သံယောဇဉ်တွေဖြစ်သွားကြတာပေါ့ (၉)လလောက်ကြာတော့
ကောင်းလေးကဖွင့်ပြောလာပါတော့တယ် ။
  ကောင်းမလေးကလည်း သံယောဇဉ်ဖြစ်နေပြီးဆိုတော့ နစ်ယောက်သာ ချစ်သူတွေ ဖြစ်သွားကြပါတယ်။
အရမ်းကို ချစ်ကြတဲ့ ချစ်သူတွေပေါ့ ။
တစ်လလောက် ကြာတော့ ကောင်လးကကောင်မလေးကို (မ) မောင်လေ (မ) အချစ်နဲ့ထိုက်ရဲ့လာမသိဘူး။
တကယ်ဆို မောင် (မ)ကို ချစ်တဲ့ အကြောင်းကို ဖွင့်မပြောသင့်ဘူးသိလား။မောင့်နှလုံးသားကို မလွန်ဆန်နိုင်
လို့သာ မောင်ဖွင့်ပြောလိုက်မိတာပါ။
     တကယ်ဆို မောင် (မ)ကို မချစ်သင့်ဘူး။ မောင်နဲ့ (မ)တို့ ကအရမ်းကို ကွာခြားနေတယ် ။
မောင်ရယ်ဒါတွေဟာ လူတွေသတ်မှတ်ထားကြတာပါ။
  (မ) တို့ မိသားစု မှာအဲလိုစိတ်မျိုးမရှိဘူး၊ မောင် အဲဒါတွေ လျှောက်တွေးမနေပါနဲ့နော် ဝေးကြဖို့ဆိုတာကို
မောင့်ခေါင်းထဲမှာ မထည့်မိပါစေနဲ့နော်။ ဖြစ်မလာသေးတာကိုတွေးပြီး ပူမနေပါနဲ့ မောင်ရယ်နော်။။
မောင်စဉ်းစားရမှာက (မ)ကို ချစ်ဖို့ပဲတွေးပေးပါ ကျန်တာဘာမှာ မတွေးပါနဲ့နော်။
  တောင်းပန်ပါတယ် (မ)မောင်ကို ချစ်တယ် မောင်နဲ့ ဝေးကြမှာ ကိုကြောက်တယ် (မ)တို့ဝေးဖို့ကို မောင်ဘယ်တော့
မှာမစဉ်းစားပါနဲ့နော်။
မဟုက်သေးဘူး (မ) မောင်တို့  အိမ်က မောင့်ကိုပဲအားကိုးနေကြရတာ မောင်အဖေကဆိုးတယ်။ အရက်သမား
ပြီးတော့ မောင် က မိထွေးနဲ့နေရတာ မောင့်မှာ ညီမနစ်ယောက်ရှိတယ်။ သူတို့လေးတွေအရွယ်မရောက်ကြသေးဘူး။
မောင့်မှာ တာဝန်တွေ အများကြီးရှိနေတယ် (မ) ရယ် သူတို့လေးတွေ ကျောင်းတက်နေကြတယ်။
  မောင့်ဘ၀ရည်မှန်းချက်တွေ မပြည့်သေးဘူး။(မ) မောင့်ကို ဘယ်အချိန်ထိစောင့်နိုင်မှာလဲ။မောင်ပြောပါ (မ)မောင့်ကို
ဘယ်အချိန်ထိစောင့်ပေးရမလဲ။ မောင့်ကို (၃) နစ်လောက်စောင့်ပေးပါလားမရယ်။။
 (မ)စောင့်ပေးနိုင်ပါတယ်။ (မ) ကိုသာ မုန်းမသွားပါနဲ့ (မ) စောင့်နိုင်ပါတယ်။ အရမ်းချစ်တာပဲ(မ)ရယ်။
ကျေးဇူးတင်ပါတယ်။ မောင်ကြိုးစားမှာပါ (မ) နဲ့ အမြန်ဆုံး နီးစပ်ဖို့ကို မောင့်ကိုယုံပေးပါနော်။
   ဒီလိုနဲ့ နစ်ယောက်သာ ညှိယူကြတာ အစဉ်ပြေသွားကြတယ်ဆိုပါတော့။
နေ့တိုင်း  အွန်လိုင်းမှာတွေ့ ကြတယ် အရမ်းလည်းချစ်ကြတာပေါ့ တစ်နေ့မတွေ့ ရရင်မနေနိုင်လောက်အောင်ကို
ချစ်ကြတာပေါ့။ (၅)လေ လာက်ကြာလာတော့ ကောင်လေးက (မ) မောင့် ဘ၀ထဲကို မခေါ်ရက်ဘူး (မ) အရမ်းဆင်းရဲမယ် မောင်မခေါ်ရက်ဘူး(မ)ရယ်။ မောင်ဒါမျိုးတွေပြောနေပြန်ပြီးလား (မ)မကြိုက်ဘူးမောင် နောက်ကို အဲဒါမျိုးတွေ
မပြောပါနဲ့ တော့နော် ။ (မ) မခံစားနိုင်လို့ပါ မောင်ဘ၀ထဲကို မခေါ်ရဲ့ ရင် (မ)ဘ၀ထဲကို လာခဲ့ပေါ့မောင်ရယ်။
   မောင် (မ)ဘ၀ထဲကို ၀င်လာခဲ့ ရင် မောင်ဘာဖြစ်သွားမလဲ (မ) စဉ်းစားမိလား (မ) တို့ဘက်ကမောင့် ကိုဘယ်လိုထင်ကြမလဲ ။အဲလိုတော့လည်း မောင်မလာချင်းဘူး(မ)တို့ ဘက်ကမောင့် ကိုအထင်သေးကြလိမ့်မယ်။
မောင်အဲလို ဘ၀မျိုးနဲ့  (မ)ဆီ မလာချင်ဘူး ကဲပါမောင်ရယ် အချိန်တွေ အများကြီးရှိပါသေးတယ်။။
(မ) တို့တွေ အတက်နိုင်ဆုံး စဉ်းစားသွားကြတာပေါ့နော်။
အဲနေ့က အစဉ်ပြေသွားကြပေမဲ့ တစ်ပတ် လောက်ကြာတော့ ကောင်လေးက ကောင်မလေးကို မဆက်သွယ်တော့ဘူး။
ကောင်မလေးလည်း သတိရရင်လွမ်းနေတာပေါ့ သူအွန်လိုင်း ပေါ်တက်လာမှာ တွေ့ ကြတာဆိုတော့ ကောင်မလေး
မေးလ်ပို့ပါတယ်။ ဒါပေမဲ့ သူတက်မလာခဲ့ဘူး။ ၅ရက်လောက်ကြာတော့ ကောင်းမလေး ဒေါသထွက်မိတာပေါ့။
  ဒါနဲ့ (မ)တို့ လမ်းခွဲ လိုက်ကြတာကောင်းမယ်ထင်တယ်လို့ ပို့ လိုက်တော့ သူမေးလ် ပြန်လာတယ်။ မောင် အိမ်ကိစ္စနဲ့ 
အလုပ်များနေတယ် အိမ်မှာ ပြဿနာဖြစ်နေတယ် (မ) ကိုပစ်ထားသလို ဖြစ်သွားတယ် မောင်တောင်းပန်ပါတယ်။
(မ) ပြောသလို ပဲ မောင်တို့ လမ်းခွဲလိုက်ကြတာပေါ့နော် (မ) ဆုံးဖြတ်တာမှန်ပါတယ်။
   မောင် တို့  ဇာတ်လမ်းက အစထဲက မဖြစ်သင့်တာပါ မောင်သိတယ် မောင်ဘ၀ထဲကို လည်း မခေါ်ရက်ပါဘူး။
ဒါအကောင်းဆုံးရွေးချယ်မူပါ မောင် ကျေနပ်တယ်။  မောင်တို့ ကံ မကုန်သေးရင် ပြန်ဆုံးကြတာပေါ့နော်။။
 မောင်တို့ တွေ သူငယ်ချင်းလိုပဲဆက် ခင်သွားကြမယ်လေရလား ။ကောင်မလေးအရမ်းဒေါသထွက်ပြီး ဘလော့လိုက်
ပါတယ်။ အရမ်းကို ခံစားလိုက်ရတာပေါ့ အရူးတစ်ပိုင်လိုဖြစ်မတက်ပါပဲ  မျက်ရည် တွေကိုအဖော်ပြုရင် မာနနဲ့ နေ့ရက်
တွေကို ကျော်ဖြတ်နေရတာပေါ့ (၂) လ လောက်ကြာတော့ ကောင်လေဆီက မေးလ် ၀င်လာပါတယ်။
နှုတ်ဆက်ပါတယ် (မ) နောက်ကို မောင် (မ) ကို ဘယ်တော့မှာ မဆက်သွယ်တော့ပါဘူး (မ)ဘေးနားကို မောင့် ထက်သာ
တဲ့ သူရောက်လာမှာပါ မောင်ဆုတောင်းပေးနေပါတယ်။ အဲနောက် ပိုင် တကယ်ပဲ မဆက်သွယ်တော့ပါဘူး ။
  မေးလ်ပို့ တဲ့နေ့ က ကောင်မလေး အိမ်ကို အသံမပါပဲ ဖုန်း (၄) ခါ လာပါတယ် ။နောက်ပိုင် သူလိုင်းပေါ်တက်မလာတော့သလို ကောင်မလေးကို လည်း မဆက်သွယ်တော့ပါဘူး။
   ကောင်မလေးကတော့ အရမ်းကို လွမ်းနေပါတယ် တနေ့မှာ လည်းမေ့လို့ မရခဲ့ သေးပါဘူး အခုထိကို မျှော်လင့်
နေတုန်းပါပဲ ဒါပေမဲ့ သူပြန်မလာတော့ပါဘူး ။
ကဲသူငယ်ချင်းတို့ရေး ကောင်လေးကတကယ်ပဲ ကောင်မလေးဘ၀ဆင်းရဲ မှာဆိုးလို့ ရှောင်သွားခဲ့ တာလား
ဒါမှမဟုက် ကောင်းမလေးကို လှည့်စားသွားတာလား။ အချစ်မှာရော အဲဒါတွေလိုလို့ လား။
ကောင်မလေးကတော့ သူကိုလည့်စားသွားတယ်လို့ ပဲထင်နေပါတယ်။ ဘာလို့ လဲဆိုတော့ သူကအရမ်းကို
ချစ်ခဲ့လို့ ပါ  ဖြစ်ရက်မှန် အွန်လိုင်းဇာတ်လေးပါ ။
နှုတ်ဆက်ချင် တဲ့လာ မောင်ရယ်.
.ချစ်ခဲ့ကြတာ နှုတ်ဆက်ဖို့လား မောင်.....
(မ) ကို တကယ်ပဲ မဆက်သွယ်ချင်တော့ဘူးလား မောင်..
.မောင်ရဲ့ ချစ်ချင် တွေက ပြောင်းလဲ မြန်လှကြီးလာ မောင်ရယ်..
သတိရပါတယ်တဲ့ အချိန်တိုင်းပေါ့တဲ့......  (မ) ဘယ်လိုယုံကြည် ပေးရမလဲ  မောင်...
သတိရပါလျှက် ချစ်နေပါလျှက်နဲ့(မ)ဘ၀ထဲက ဘာလို့ ထွက်သွားဖို့ 
စဉ်းစားခဲ့ ရတာလဲ မောင်ရယ်........ဘာကြောင့်လဲ မောင်........
တကယ်ပဲ (မ)တို့  ချစ်ခဲ့ ကြတာ ပြီးဆုံးသွားပြီးလား မောင်....
မောင်ရဲ့ နှုတ်ဆက် ပါတယ် ဆိုတဲ့ စကားလုံးက
(မ) အတွက် ပြင်းထန် မနေဘူးလား မောင်....     
    အရမ်းလွမ်းတယ် မောင်ရယ်..........             အရင်ကဇာတ်လမ်းလေးပါ
Sunday, 13 November 2011
ခွင့်လွတ်စိတ်ထားကြည့်ရအောင်♥♥♥♥♥♥
မင်္ဂလာပါ သူငယ်ချင်းတို့ရေး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။။။
သူငယ်ချင်းတို့ရေ လမင်း ဒီတစ်ခါ ခွင့်လွတ် စိတ်လေးနဲ့ နေကြရအောင် ဆိုတာလေး ပြောကြည့်မယ်နော်.
လူဘ၀ တိုတိုလေး မှာ ဘာကြောင့် အမုန်းတွေ အာဃာသ တွေ အညှိုတွေနဲ့ ဘ၀ကို ဘာလို့ ဖြတ်သန်းချင်
ရတာလဲနော်  လမင်း တို့ သူငယ်ချင်းအရွယ်တွေ ဟာ များသောအားဖြင့် အချစ်ကြောင့် သူငယ်ချင်းကြောင့်
ပဲများကြမယ်ထင်တယ်နော်.။.
အဲ့တော့ လမင်း တို့ စိတ်သက်သာရာ ရအောင် ခွင့်လွတ်စိတ်လေးနဲ့ နေကြရင်မကောင်းဘူးလား ။
ချစ်သူနဲ့ အစဉ်မပြေလို့ စိတ်ညစ်ရတာတွေ ကိုယ့်ကို ထားခဲ့လို့ မုန်းတီးနာကြီး နေတာတွေ ကိုယ့်ကို ညာသွားလို့
ဒေါသထွက်နေတာတွေဟာ သူတို့သိရင် ရယ်စရာတွေ ဖြစ်နေမယ် ဆိုတာ တွေးမိကြဖူးလား ။
သူငယ်ချင်းတွေ ဆိုလည်း ကိုယ်ကအရမ်းခင်တယ် သူကကိုယ်ခင်သလောက်မခင်ရင် စိတ်ညစ်ရပြန်ရောမလား...
  လမင်း ပြောချင်တာက ဘာလို့ ကိုယ့်စိတ်လေးကို ပင်ပန်းခံကြမလဲနော် လူဘ၀မှာအရေး ကြီးတာတွေ အများကြီးပါ။
လုပ်စရာတွေလည်း အများကြီးပါ ဘာမှာအကျိုးမရှိတာတွေ နဲ့ အချိန်ကုန်ခံကြမလဲ နော်  ။
ဒါတွေ ဟာတစ်ချိန်မှာ ရယ်စရာတွေ ဖြစ်သွားမှာပါ အဓိက ကကိုယ့်ဘ၀အတွက် အာမခံ လေးတွေ ရအောင်
နေသွားကြမယ် ဆို လူဖြစ်ရကျိုးနပ်တာပေါ့နော်.။
လူမှန်ရင် လမင်း ပြောခဲ့ တာတွေ နဲ့ ကြုံတွေ့ ကြမှာပါ လမင်း လည်း မလွတ်ကင်းနိုင်ပါဘူး။။။       ဒါပေမဲ့ စိတ်ကိုတော့အလို မလိုက် သင့်ဘူးမလား ..လူဆိုတာ အသိညဏ် အားဖြင့် သတ္တာဝါ တွေ အား
လုံးထဲ မှာအသိညဏ် ရှိဆုံးလေး ဘာကြောင့်အသိညဏ် မဲ့ တဲ့ အလုပ်တွေနဲ့  စိတ်ကိုအပင်ပန်းခံ ကြမလဲ။။
ထိုက်တန်ရဲ့ လာလို့ တွေးကြည့်ပါအုံနော်..အားလုံးဟာ သူ့ သဘောနဲ့ သူဒီလိုဖြစ်မယ် လို့ ကံပါလာပြီဆို
ဘာမှာလုပ်လို့မရပါဘူး။
    ဒါကို ကိုယ့်က သတိ အသိလေးနဲ့ နေသွားကြမယ်ဆို ကိုယ့်အတွက်ရော တစ်ဘက်သာအတွက်ပါ အကျိုးများပါတယ် ခွင့်လွတ်နိုင်တဲ့  စိတ်လေးနဲ့ နေကြည့်ပါ နေလိုက်ပါ အရမ်းကို စိတ်ချမ်းသာမူ
တွေ အံ့အော် လောက်အောင်တွေ့ နိုင်ပါလိမ့်မယ်  ကိုယ့်မုန်းနေတဲ့ သူ ခွင့်မလွတ်နိုင်တဲ့ သူအကြောင်းကို တွေးနေတဲ့
စိတ်လေးကို အကောင်းဘက်ကနေ ပြောင်းတွေးကြည့်လိုက် စိတ်ကလေးဟာလွတ်လပ် ပေါ့ပါး သွားလိမ့်မယ်နော်။။
နေကြည့်ပါသူငယ်ချင်းတို့ရေ တကယ်ကို ကောင်းတဲ့ နည်းလေးပါ.. လမင်း လည်း အရင်ကအဲ့လို စိတ်လေးရှိခဲ့လို့ ပင်ပန်းခဲ့ရတာတွေ အခု အချိန်ပြန်တွေး ရင်အရမ်းကို ရှက်မိနေတာပါလမင်း ကိုယ့်တွေ့ လေးပါ...
.. ခွင့်လွတ်ခြင်းဆိုတာ သုံးမျိုးရှိတယ်  ။
(၁) သူများကို ခွင့်လွတ်ဖို့ တောင်ပန်းရမယ်...
(၂)သူများကို ခွင့်လွတ်နိုင် ရမယ်...
(၃)ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ရမယ်.....
ကဲသူငယ်ချင်းတို့ရေး လုပ်ကြည့်ကြမယ် မလား လောကကြီးကို ခွင့်လွတ်မူတွေနဲ့ အလှစင်ကြရအောင်နော်...
အားလုံးသောခုနစ်ရက် သားသမီးအပေါင်း ခွင့်လွတ်မူနဲ့ ငြိမ်းချမ်းကြပါစေ...
လမင်း ဆရာလုပ်တာမဟုက်ပါ ဘူးနော်။  ဘာလို့လဲဆိုတော့ လမင်း ပိုစ့်လေးတွေဖတ်တဲ့သူငယ်ချင်းတို့
အသိလေးတိုးရင် လမင်းရေးရကျိုးနပ်ပါတယ် ။။အမှားပါရင်သည်းခံဖတ်ပေးပါ ။။။
အားလုံးကိုကျေးဇူးတင်ပါတယ်။။။။။။။။။။။။။။
Tuesday, 25 October 2011
တန်ဖိုးမဖြတ်နိုင်တဲ့ မေမေရဲ့ လက်ဆောင်
မင်္ဂလာပါရှင်..........
ဒီနေ့ မေမေကို အရမ်းသတိရနေတာနဲ့ မေမေရဲ့ အကြောင်းလေးတွေစဉ်းစားမိလို့ ပိုစ့်လေးရေးချင်စိတ်ဖြစ်လာလို့ ချရေးမိလိုက်တယ်
လမင်းအမေရဲ့ သားသမီးတွေကို ဆုံးမပုံလေးတွေကို ပြန်လည်းအမှတ်ရတာနဲ့ သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
မေမေက လမင်းတို့ ညီမသုံးယောက်ကို လိမ္မာပါးနပ်စွာထိန်းသိမ်းနိုင်
ခဲ့ပါတယ်။
Wednesday, 12 October 2011
မမေ့နိုင်တဲ့ ရွှေသီတင်းကျွတ်လေး
 ၂၀၁၁ အောက်တိုဘာ (၁၂) ရက် ၁၃၇၃ ခုနစ် သီတင်းကျွတ်လပြည့် ရောက်လာပြန်ပြီးပေါ့..
 ၁၉၉၇ အောက်တိုဘာလ(၁၆)၁၃၅၉ခုနစ်က သီတင်းကျွတ်ညလေး ကို ပြန်လည်းတမ်းတမိပါတယ်................လွန်ခဲ့သော ၁၃ နစ်ကျော်ဝန်းကျင်ကပေါ့...........
မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့  ဒီညနေထဲက တစ်ရွာလုံး အလုပ်တွေများနေကြတယ် ။
မနက်အာရုံဆွမ်းကပ်လှူဖို့ အတွက် လမင်းတို့ နယ်လေးမှာ အစဉ်မပြတ်လုပ်တဲ့ ထုံးစံလေးက
နယ်နီးကပ်က အာဂန္တုသံဃာတော်များအာရုံဆွမ်းခံကြွတော်မှုကြတယ် အနယ်နယ် အရပ်ရပ်ကပေါ့
အရမ်းကို ချစ်စရာကောင်းတဲ့ စလေ့ထုံးစံလေးပါ။
Monday, 10 October 2011
တုန့်ပြန်ဖို့ တော့အချိန်ပေးပါ............
ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။ ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။ ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကိုသတိမမူလိုက်မိတော့ဘူး။ အကောင်းဆုံး သူငယ်ချင်း ဆိုတာ ... ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။ ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့ အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။ တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့် လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက် အချိန်ယူရလိမ့်မယ်။ အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။ ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့ တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။ မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။ ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေ ရှိပါစေ။ သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့် ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။ သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့ အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ် ဖန်တီးချင်လောက်အောင် လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။ အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။ အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အနမ်းကြောင့် ရှင်သန်လာပြီး မျက်ရည်နဲ့ အဆုံးသတ်တယ်။ အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့် မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။ မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလိုမ ဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံးငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။ Source: Forwarded Mail မှပြန်လည်မျှဝေလိုက်ခြင်းပါ။
သီတင်းကျွတ်ပြီတဲ့  ......
မင်္ဂလာပါ ကောင်းသောနေ့ လေးဖြစ်ပါစေနော်
သီတင်းကျွတ် လလေးဆိုတော့  လမင်းအတွက်ပြဿနာပေါ့ လိုင်းပေါ်တတ်တာနဲ့ လမင်း မစွံသေးဘူးလား
ဘယ်တော့စားရမလဲ ၊ ဘာမှလည်းမထူးပါလား နဲ့ လမင်းလည်းဘယ်ရမလဲ ပြန်ပြောဖို့ စကားလုံးတော့ရှာထားရတာပေါ့။
နင်တို့ က သီတင်းကျွတ်ရောက်ရင်းပဲ မင်္ဂလာဆောင်ရမယ်များတွေးနေလား ၊စွံရမယ်များစဉ်းစားနေလား။
ငါနစ်တိုင်း ထူးတယ် နစ်တိုင်းလည်း စွံပါတယ်လို့  ဒီစကားကမေမေလမင်းအမြဲပြောတဲ့စကာ
းပါ။
သီတင်းကျွတ်မှာ မဟုတ်ပါဘူး လ တိုင် သမီးက ထူးပါတယ် စွံပါတယ်တဲ့  မေမေပြောတာကို အစကတော့
လမင်းသိပ်နားမလည်ပါဘူး သူငယ်ချင်းတွေ မေးရင်းအဲအတိုင်းပဲပြောလိုက်ပါတဲ့ မေမေ ကလမင်းကို လတိုင်းသာဓု ၃ခါ
ခေါ်ပါတယ် လမင်းဖုန်းဆက်တိုင်ပေါ့။
  လမင်း လတိုင်း ဘာလို့ ထူးတာလဲ စွံတာလည်းသိချင်လောက်ရောပေါ့နော် သူငယ်ချင်းတို့ လည်းလုပ်ဖြစ်အောင်
မေ့နေတာလေးကို လမင်းသတိပေးတယ်လို့ ပဲမှတ်ယူပေးပါနော်။
လမင်း ကြွားပြောတာမဟုတ်ပါဘူးနော် လမင်းတကယ်လုပ်နေတာပါ  လမင်းက မိသားစုကို တတ်နိုင်သလောက်လေး
ထောက်ပံ့ပါတယ်  နယ်မှာလိုအပ်တဲ့ နေရာတွေ ကျောင်းတွေမှာလည်း တတ်နိုင်သလောက်လှူပါတယ်  ။
    လမင်း နိုင်သလောက်လေးကို လတိုင်းကို လှူဖြစ်ပါတယ်  တရားထိုင် ပုတီစိပ် မေတ္တာပို့  ကျေးဇူးရှင်တွေကို လည်း
တက်နိုင်သလောက် ကျေးဇူးဆပ်ဖြစ်ပါတယ်။
    ဒါကလမင်းလုပ်နေကြပါ  နေ့တိုင်း လတိုင်းပါ  သီတင်ကျွတ်မှရယ်လို့ လမင်းမတွေးပါဘူး ၊ ဗုဒ္ဓမြတ်ဘုရားကို
င် လူနတ်ဗြဟ္မာတို့သည် အလင်းရောင်အမျိုးမျိုးတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကြသည်ဟု လမင်းဖတ်မှတ်ဖူးပါ  လမင်းတို့ ဗုဒ္ဓ ဘုရားရှင်တောင် မိဘကျေးဇူးဆပ်ဖို့ ကို ၀ါတွင်းကာလပတ်လုံးဆပ်ခဲ့ရပါတယ် ။
   လမင်းတို့တွေရော မိဘကျေးဇူးဆပ်နိုင်ပြီးလား မိဘအတွက်ဘာတွေလုပ်ပေးပြီးပြီလဲ ကိုယ့်အတွက်ရော ဘာလုပ်
ခဲ့ပြီးလဲ ၊ သီတင်းကျွတ်လဟာ ဗုဒ္ဓဘုရားရှင် မိခင်တော်စပ်ဖူးတဲ့ မယ်တော်မာယာကို ကျေးဇူဆပ်ပြီး လူ့ပြည်ကို ပြန်လည်းကြွှတော်မူတဲ့ လ လို့ ဘာလို့ မမြင်ကြပဲနဲ့  မင်္ဂလာဆောင်ဖို့  ပျော်ဖို့ လောက်ပဲမြင်ကြတာတကယ်ကို ၀မ်းနည်း
ဖို့ ကောင်းပါတယ်  ။
     သီတင်းကျွတ်ရောက်ပြီး မီးထွန်းကြမယ် ဘိုး ဖွားတွေ မိဘတွေ ကန်တော့ရင် မုန့်ဖိုးရမယ် ချစ်သူရည်းစားတွေ
လည်း မင်္ဂလာဆောင်ဖို့ အလုပ်များကြမယ် ဒီလောက်လေးနဲ့ ပဲရောင်ရဲကြတော့မှာလား ၊ ဒါဆို လမင်းတို့ တွေ
ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်ပြီးလား တွေးမိကြဖူးလား လမင်းအဲလိုပြောလို့ မကျေနပ်တဲ့ သူလည်းရှိမယ်နော် စေတနာနဲ့
ပြောခြင်းပို့ နားလည်ပေးပါ ။
     ဒီလောက်ဆို လမင်း စွံတာ သိလောက်ေ၇ာပေါ့နော်  လမင်းတို့ နယ်က ဘုန်းဘုန်းက ဒကာမကြီးသမီးလေးကို
မြင်ဖူးချင်ပါတယ် ပြန်ရောက်ခဲ့ ရင် ကျောင်းကို လွတ်လိုက်ပါအုံးတဲ့  လမင်းထောက်ပံ့ထားတဲ့ သူတွေလည်း အစ်မရဲ့ 
သမီးကို တွေ့ ချင်လိုက်တာ ကျန်းမာပါစေ ချမ်းသာပါတယ် ဘေးရန်ကင်းပါစေတဲ့  သူတို့ ရဲ့ မေတ္တာကို လမင်းရတယ်
လမင်းစွံတာပေါ့ ဟုတ်ဘူးလား ။
 ထူးတာကတော့ လမင်းဒီအသက်အရွယ်ရောက်တဲ့ အထိ ငါ့အတွက်ဆိုတာမစဉ်းစားဖူးဘူး မိသာစုအတွက် ဆွေမျိုးအတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ်နဲ့ပဲနေလာတာပါ  ဒါကို လမင်းတို တစ်နယ်လုံးကသိကြပါတယ် .ကဲမထူးဘူးလား  နောက်တစ်ခု ရှိသေးတယ်နော်  ဘယ်တော့စားရမလဲတဲ့  စားချင်ရင်
အချိန်မရွေးလမင်း တတ်နိုင်သလောက်ကျွေးနိုင်ပါတယ် ဆိုတာကိုပြောရင်  လမင်း ရဲ့ ချစ်ကံခေတဲ့ အကြောင်းလေးကို
ကိုးကားရင်း  အကြောင်းပြချက်များစွာနဲ့ သီတင်းကျွတ်နစ်တိုင် လတိုင်းကို ဖြတ်သန်းသွားမှာပါ  ။
သူငယ်ချင်းတို့ ကိုလည်းသီတင်းကျွတ်ရယ်မှာမဟုတ်ပါဘူး ကုသိုလ်တရားဆိုတာ အချိန်မရွေးနေရာမရွေးလုပ်နိုင်ကြပါစေ ဆိုတဲ့ စေတနာလေးနဲ့ ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လို့ ပဲအပြောခံရင်း
သူငယ်ချင်းတို့ မေ့နေတဲ့ သီတင်းကျွတ်မှာ လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာပြောချင်တာပါ။
   အမှားသည်းခံပေးပါ  ဆရာလုပ်တာထင်ရင်းနားလည်ပေးပါ   လမင်း ပို့စ့်လေးကို အချိန်ပေးဖတ်ပေးတဲ့
လမင်းလိုပဲ အပြောခံနေရတဲ့ သူငယ်ချင်းများ ပြန်လည်းချေပနိုင်ရန် အကြံပေးလိုက်ပါတယ်  :P
သူငယ်ချင်းများ အသိလေးတစ်ခုရရင်ကျေနပ်ပါပြီး  အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်  ...............
Saturday, 8 October 2011
သီတင်းကျွတ်ရာသီအကြောင်း
သီတင်းကျွတ်ရာသီရောက်လေပြီ
မြန်မာနိုင်ငံသည် ၁၂ ရာသီပတ်လုံး ပွဲတော်များနှင့်ပြည့်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ လအလိုက်တွင် သက်ဆိုင်ရာပွဲတော်များကို ကျင်းပကြပါသည်။ ပွဲတော်အများစုသည် ဘာသာရေးကိုအခြေခံကာ ပြုလုပ်ခြင်းဖြစ်သည်မှာလည်း မြန်မာပွဲတော်များ၏ ထူးခြားချက်တစ်ရပ်ဖြစ်ပါသည်။ အဆိုပါပွဲတော်များ၏ နောက်ခံရာဇ၀င်သမိုင်းကြောင်းများသည် ဘာသာရေးနှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်နွယ်နေတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ပွဲတော်အသီးသီးသည်ကတော့ မြန်မာလူမျိုးတို့၏ ကာလကြာမြင့်လှပြီဖြစ်သည့် ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို ထင်ဟပ်နေသည်မှာ မလွဲဧကန်ဖြစ်ပါသည်။ အဆိုပါပွဲတော်များအပေါ်တွင် ကျွန်တော်တို့မြန်မာလူမျိုးအားလုံးကလည်း ဂုဏ်ယူကြမည်မှာ ဧကန်မလွဲ ဖြစ်မည်ဟု ယုံကြည်ပါသည်။
ဝါလကင်းလွတ် သီတင်းကျွတ်၊ မိုးလေကင်းလွတ် သီတင်းကျွတ် ဟူသော စကားများသည် မြန်မာလူမျိုးတိုင်းနှင့် ရင်းနှီးနေပြီးသား ဖြစ်ပါလိမ့်မည်။ ၀ါတွင်းသုံးလပတ်လုံး ၀ါကပ်တော်မူခဲ့ကြသော ရဟန်းသံဃာများအနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ၀ါထွက်တော်မူကြပြီဖြစ်ပါသည်။ မိမိသွားလိုရာ ခရီးများကို သွားလာနိုင်ကြပြီ ဖြစ်ပါသည်။ ထို့အတူ လူငယ်လူရွယ် ချစ်သူရည်းစားများအဖို့လည်း မိမိတို့၏ ရည်မှန်းချက်အိပ်မက်များဖြစ်သည့် ထိမ်းမြားမင်္ဂလာဆောင်နှင်းရန် အချိန်အခါသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပျော်ရွှင်နေကြမည်မှာ သေချာပါသည်။ မိရိုးဖလာယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို ရှောင်ကြဉ်ခဲ့ကြရသဖြင့် ၀ါကျွတ်ကာလသီတင်းကျွတ်သည် ချစ်သူရည်းစားတို့အတွက် အိပ်မက်နှင့် စောင့်မျှော်ခဲ့ရသည့် အချိန်အခါဖြစ်လိမ့်မည် ထင်ပါသည်။
မီးထွန်းပွဲတော်
သီတင်းကျွတ်၏ အထိမ်းအမှတ်သရုပ်မှာ မီးထွန်းပွဲတော် ကျင်းပခြင်းဖြစ်မည်ထင်ပါသည်။ သီတင်းကျွတ်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆီးမီးရောင်တို့ဖြင့် ထိန်ထိန်လင်းနေမည်သာ ဖြစ်ပါသည်။ အိမ်တိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နယ်တိုင်းတွင် မီးရောင်စုံများဖြင့် လှချင်တိုင်းလှနေသည့် အချိန်အခါပင် ဖြစ်ပါသည်။ အလင်းရောင်သည် လူသားတို့အတွက် အားအင်တစ်ခုပင် ဖြစ်ပါသည်။ ထို့အတွက် ဆီမီးရောင်တထိန်ထိန် လင်းနေသော သီတင်းကျွတ်ကာလသည် မြန်မာလူမျိုးတို့အဖို့ အားမာန်များ ပြည့်ဝနေသည့် လတစ်ခုဖြစ်သည်ဟု ကျွန်တော်က ဆိုချင်ပါသည်။ ဆီမီးထွန်းခြင်းဓလေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း ဘာသာရေးနောက်ခံကြောင့်ပင် ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် ၀ါတွင်းကာလပတ်လုံး တာဝတိံသာနတ်ပြည်ရှိ မိခင်တော်စပ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို အဘိဓမ္မာတရားတော်များ ဟောကြားတော်မူခဲ့ပါသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတို့ဖြင့် ပြန်လည်ဆင်းသက်တော်မူသည်ဟု ဆိုပါသည်။ ထိုသို့လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူလာချိန်တွင် လူနတ်ဗြဟ္မာတို့သည် အလင်းရောင်အမျိုးမျိုးတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကြသည်ဟု ဆိုပါသည်။ အဆိုပါဓလေ့ကို ယနေ့အထိ လက်ဆင့်ကမ်းသယ်ဆောင်ကာ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးရောင်စုံထွန်းခြင်းကို ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု မှတ်သားရပါသည်။
ပူဇော်ကန်တော့ကြခြင်း
သီတင်းကျွတ်လတွင် ပြုလုပ်ကြသော မြန်မာလူမျိုးတို့၏ အထူးခြားဆုံး ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်မှာ ဘုရား၊ တရား၊ သံဃာစသည်တို့ကိုအမှူးထား၍ သက်ကြီးရွယ်အို အဘိုးအဘွားများ၊ မိဘဆွေမျိုးများ၊ အထက်အကြီးအကဲ၊ ဆရာသမားများကို ကန်တော့ကြခြင်း ဖြစ်ပါသည်။ ဘယ်တုန်းက စတင်ခဲ့သည့်ယဉ်ကျေးမှုမှန်း မသိသော်လည်း သီတင်းကျွတ်ကာလသည် ကန်တော့ပစ္စည်းများ လှိုင်လှိုင်ရောင်းချရသည့်ကာလ ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ သီတင်းကျွတ်ကာလတွင် သားသမီးတို့အနေဖြင့် အဘိုးအဘွားများ၊ မိဘများ၊ ငယ်ရွယ်သူများအနေဖြင့် အသက်အရွယ်ကြီးရင့်သည့် ဆွေမျိုးသားချင်းများ၊ အထက်အကြီးအကဲများ၊ ဆရာသမားများကို ကန်တော့ကြပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံဖြင့် ပြစ်မှားမိခဲ့သည်များရှိပါက ခွင့်လွှတ်ကြပါရန် တောင်းပန်၍ ကန်တော့ကြခြင်းဖြစ်ပါသည်။ ကန်တော့ခံများကလည်း ခွင့်လွှတ်ကြောင်းပြောကြား၍ ဆုမွန်ကောင်းများတောင်းပေးခြင်း၊ မုန့်ဖိုးပေးခြင်းများ ပြုလုပ်ကြသည့်ဓလေ့သည် လွန်စွာချစ်စရာကောင်းသည့် မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ မည်သည့်လူမျိုးများတွင်မှ ထိုကဲ့သို့ယဉ်ကျေးမှုကို မတွေ့မမြင်ရပါ။
သီတင်းကျွတ်ဆိုသည်မှာ
အယူအဆအရပြောရလျှင် သီတင်းကျွတ်ကာလသည် မိုးလေကင်းလွတ်ကာ ရာသီဥတု သာယာစပြုလာသည့်အချိန် ဖြစ်ပါသည်။ တိမ်ညိုတိမ်မည်းတို့ဖြင့် ခြယ်လှယ်ခဲ့သော ကောင်းကင်ပြင်သည် အပြာရောင်နောက်ခံနှင့် လှချင်တိုင်းလှနေသည့် အချိန်ဖြစ်လာပါသည်။ ထို့ကြောင့် လူအများ၏ စိတ်သည်လည်း ကြည်လင်ငြိမ်းချမ်းနေပါလိမ့်မည်။ ကျောင်းသူကျောင်းသားများ၊ ၀န်ထမ်းများအတွက်လည်း သီတင်းကျွတ်ကာလသည် အချိန်အတန်အသင့် အနားရသည့်ကာလဖြစ်သည့်အတွက် စိတ်လက်ပေါ့ပါးကာ တက်ကြွလန်းဆန်းနေပါလိမ့်မည်။ ကြည့်လေရာပတ်ဝန်းကျင်တွင် မီးရောင်စုံများဖြင့် လင်းလက်နေသည့်အတွက် မြင်ရသူအဖို့ အားအင်များပြည့်ဝကာ ရွှင်မြူးနေပါလိမ့်မည်။ အလင်းရောင်သည် လူတို့၏ အားကိုးရာ မဟုတ်ပါလား။ မိမိ၏ မိဘဘိုးဘွားများ၊ ဆရာသမားများကို တောင်းပန်ရမည်ဖြစ်သဖြင့် စိတ်ထဲတွင် ဒေါသ၊ လောဘများ ကင်းလွတ်ကာ ငြိမ်းအေးနေပါလိမ့်မည်။ ထို့အတူ မိမိကို လာရောက်ကန်တော့ကြမည့် ငယ်ရွယ်သူများ၊ တပည့်သားမြေးများကိုကြည့်ပြီးလည်း ကြည်နူးဝမ်းမြောက်မှု၊ ၀မ်းသာပီတိဖြစ်မှုတို့ဖြင့် ပျော်မျက်ရည်တို့ ဝေ့နေမည့်အချိန် ဖြစ်ပါသည်။ လူငယ်များအတွက်လည်း ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အနားလည်းရ၊ ပျော်ပွဲရွှင်ပွဲများကိုလည်းဆင်နွှဲ၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနှင့် ခရီးသွားလာခြင်း၊ အာစရိယူပူဇော်ပွဲများကျင်းပခြင်းတို့ဖြင့် မအားရအောင် အလုပ်ရှုပ်နေပါလိမ့်မည်။ ဘ၀တစ်ခုကို နှစ်ယောက်အတူ ထူထောင်ကြတော့မည့် ဇနီးမောင်နှံလောင်းများအတွက်မူ ပြောစရာမရှိပြီ။ ကြိုတင်မျှော်တွေးကာ ပြင်ဆင်ခဲ့သမျှ အခုအချိန်တွင် လက်တွေ့ကြုံနေရ၊ ဆောင်ရွက်နေရလေပြီ။ အနာဂတ်အတွက် စိတ်ကူးတွေအပြည့်ဖြင့် အပျော်ရွှင်ဆုံးဖြစ်နေသည့်အချိန်ဟု ဆိုရပေမည်။
ထို့ကြောင့် သီတင်းကျွတ်ကာလသည် မြန်မာလူမျိုးတို့အတွက် အကုသိုလ်စိတ်များ ကင်းစင်ကာ ပျော်ရွှင်မှုအပြည့်၊ ၀မ်းသာပီတိအပြည့်၊ အားမာန်အပြည့်၊ တက်ကြွမှုအပြည့်ဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ လွှမ်းခြုံနေသည့်ကာလတစ်ခု ဖြစ်နေကြောင်း ရေးသားမှတ်တမ်းတင်အပ်ပါသည်။
ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့သော မိဘနှစ်ပါး၊ လိုအပ်သည့်အချိန်တွင် အားကိုးရသည့် ဆွေးမျိုးသားချင်းများ၊ တတ်မြောက်စရာအဖြာဖြာကို သင်ကြားပြသပေးခဲ့သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်း၊ ထိတွေ့ပေါင်းသင်းဆက်ဆံခဲ့ရသည့် ကြီးငယ်ရွယ်တူ လူအမျိုးမျိုးတို့အား ကျွန်ုပ်အနေဖြင့် ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်ခဲ့သည်များရှိပါက တောင်းပန်အပ်ပါသည်။ ကျွန်တော်ရေးခဲ့သော စာများတွင် စော်ကားသလို၊ ရိုင်းစိုင်းသလို ဖြစ်သွားခဲ့သည်များ ရှိခဲ့ပါကလည်း လာရောက်ဖတ်ရှုအားပေးခဲ့ကြသည့် ဘလော့ဂ်ဖတ်သူ မိတ်ဆွေအပေါင်းအား တောင်းပန်အပ်ပါသည်။
   ရေးသူနာမည်မသိလို့ မဖော်ပြနိုင်တာတောင်းပန်ပါတယ် ..........
Thursday, 6 October 2011
ယောင်္ကျားလေးများ အတွက်ပါ>>
မင်္ဂလာပါ သူငယ်ချင်းတို့ ကောင်းသောနေ့လေးဖြစ်ပါစေ..
မိန်းကလေးတွေအတွက်ရေးပြီး ယောင်္ကျားလေးအတွက်ပါ ရေးရင်ကောင်းမယ်လို့ 
စဉ်းစားမိတာနဲ့  လမင်း သိသလောက်လေး ရေးကြည့်မယ်နော်။
       တကယ်ဆို မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ် တန်ဖိုးရှိအောင်တော့
နေနှိင်ကြရင်တော့အကောင်းဆုံးပေါနော်...
ယောင်္ကျား မိန်းမဆိုတာ ပညတ်ထားတာပါ လူရယ်လို ဖြစ်လာရင်တော့ သူနေရာနဲ့သူ
တန်းဖိုးရှိအောင်နေသင့်ပါတယ်။။
  ငါတို့က ယောင်္ကျားလေးပဲ ထောင်အပြင် တန်းမရှိဘူးလို့ ပြောကြတာ လမင်းကြားဖူးတယ်ရှင့် အဲလို ပြောတဲ့သူတွေကိုတော့ အသိညဏ်တော်တော်လေးနည်းတယ်လို့ တွေးမိတယ်။။
   ငါတို့ ကယောင်္ကျားလေးပဲ ရှုပ်ချင်သလို ရှုပ်မယ် လုပ်ချင်တာလုပ်မယ် နေချင်သလိုနေမယ် ပြဿနာ မရှိဘူး။
 ဆိုတဲ့ စိတ်မျိုးမထားစေချင်ဘူးကိုယ့်ကိုတိုင်းကကောင်းအောင်မနေရင် ကောင်းတဲ့သူနဲ့လည်းတွေ့ ဖို့ခက်ခဲပါတယ်။
 တစ်နေ့ ကိုယ်တကယ် ချစ်တဲ့သူနဲ့ တွေ့ လာရင် ကိုယ့်ပဲခံစားရမှာမလား တွေ့ တဲ့သူကို
ချစ်တယ်ပြောလို့ရတယ် ငါတို့ကယောင်္ကျားလေးပဲဆိုတာမျိုး စိတ်ထဲမှာလုံးဝမထားသင့်ပါဘူး နောင်တစ်ချိန်မှာ နောင်တ ရတက်ပါတယ်။။
   တစ်ခုရှိသေးတယ် ယောင်္ကျားလေးအများစုပေါ့ အကြောင်းအမျိုးမျိုးပြပြီး အရက်
သောက်တက်ကြတယ် .အသည်းကွဲလို့ ကောင်းမလေးနဲ့ အစဉ်မပြေလို့တဲ့
ညစ်နေလို့ ဆိုတာမျိုးတွေ ကြားဖူးပါတယ်။။
 ဒီပြဿနာတွေကို အရက်နဲ့ဖြေရှင်း တော့ရော အစဉ်ပြေသွားရောလား ။
ဘာမဟုက်တဲ့ အကြောင်းလေးနဲ့ အရက်သမားဖြစ်သွားကြတာတွေလည်းအများကြီးပါပဲ။
လမင်းအထင်ကတော့ အသိညဏ်မဲ့ တဲ့အလုပ်လို့ပဲထင်မိပါတယ်။
ဘာပြဿနာနဲ့ ပဲ ကြုံကြုံခေါင်းအေးအေးထားဆုံးဖြတ်ပါ လို့ပဲအကြံညဏ်ပေးချင်ပါတယ်။
ခက်တာက မြန်မာရုပ်ရှင်ကားတွေ ကြည့်လိုက်ရင်လည်း ဟေ့ကောင်းဘာဖြစ်နေလဲ
အသည်းကွဲနေလို့ပါ။ လာကွာ ဒါဆို သွားချလိုက်ရအောင်ဆိုတာမျိုးတွေ အရက်သောက်
ပြတာမျိုးတွေပေါ့ ။
  အဲတော့ လူငယ်တွေအနေနဲ့ကအတုယူမှားကုန်ကြတာပေါ့ အသည်းကွဲရင်အရက်သောက်ရမယ်ဆိုတာ မျိုးဖြစ်နေကြပြီး လမင်းပြောချင်တာက
အများကြည့်မဲ့ ရုက်ရှင် ဗီဒီယို တွေမှာထဲက အတတ်ကောင်းတွေ ပြနေတော့ ဘာမှ
သေချာ စဉ်းစားမူမရှိတဲ့ ဆယ်ကျော်သက်လေးတွေဟာ အတုယူမှားကုန်ကြတော့တာပါပဲ။
  တကယ်ကိုစိတ်မကောင်းစရာ ဖြစ်ရက်တွေပါ မြန်မာပြည်တဲ့ အရက်ဆိုင်ကများနေတယ်။ တရားဝင်တာရော မ၀င်တာရော အရက်နှိင်ငံကိုဖြစ်ရောပဲ။။
  တစ်ခုရှိတာက နှိင်ငံခြားကဘာလုပ်လဲ အကုန်လိုက်လုပ်တာ မကောင်းတာဆို ညနေ့
ရောက်လို့ ဘီးယာဆိုင် သွားကြတာကလ္ဘရည်ဆိုင်သွားကြသလိုမျိုး ဖြစ်နေကြပြီး။။
လမင်းသိသလောပြောကြည့်မယ်နော် နှိင်ငံကြီးတွေမှာ အရက်လို့ဘာလို့ကို တွေ့ ဆုံပွဲတို့
ပျော်ပွဲ နစ်သစ် ပွဲတို့လောက်ပဲ သောက်ကြတာများပါတယ်။။
 အလာကားနေ အရက်မသောက်ကြပါဘူး အလုပ်နားရက်တွေ အပန်းပြေကြပါတယ်။။
မြန်မာလူမျိုးတွေက ပြောတက်ကြသေးတယ်။။။
  နှိုင်ငံခြားကလူတွေက မကောင်းကြဘူး အကျင့်ပျက်ကြတယ်ပေါ့ သူများတွေကို
မကြည့်ပါနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပါ။။
 လမင်းဆို့နိုင်ငံဟာ ဗုဒ္ဓ ဘာသာနှိင်ငံဖြစ်လို့ အရက်သေရည်ဆိုတာ ဘယ်လိုမှာကို
မအပ်စပ်ပါဘူး စေတနာနဲ့ ပြောတာပါ.။။
 တကယ်တမ်းလည်း  အမျိုး်ကောင်းသမီးရှင်ဘက်ကလည်း အမျိုးကောင်းယောင်္ကျားလေးတွေကိုပဲရွေးကြတာပါ ..ကိုယ်တိုင်းကကောင်းမှာကောင်းတဲ့
အမျိုးကောင်းသမီးလေးတွေနဲ့ တွေ့ ကြတာပါ။။
  ငါတို့ကယောင်္ကျားလေး ဘယ်သူကို (Q ) ကျု ပြဿနာ မရှိဘူးလို့ပြောတက်ကြပါတယ်။
စေတနာလေးနဲ့ ပြောချင်ပါတယ် ဒါဆိုရင်တော့ အဲလို မိန်းကလေးမျိုးနဲ့ပဲတွေ့ နိုင်ပါတယ်။
တန်းဖိုးရှိတဲ့သူနဲ့တွေ့ ချင်ရင် တန်ဖိုးရှိအောင် အရင်နေပါ တန်းဖိုးရှိလာရင် တန်ဖိုးရှိ
တဲ့သူနဲ့ တွေ့ နိုင်ပါတယ်။။
အမျိုးကောင်း မိန်းကလေးတွေဟာ သူတို့ရဲ့ လက်တွဲဖော်ကို အကောင်းဆုံးကိုပဲရွေးချယ်
ကြပါတယ် မိန်းမကောင်းလေးများနဲ့တွေ့ ချင်ကြပါတယ်ဆိုရင်တော့ ကိုယ့်ကိုတိုင်းကောင်းအောင်နေကြပါလို့ လမင်းပြောချင်ပါတယ်။။
 အရေးအသားညံရင်တော့ခွင့်လွတ်ပါ အမှားပါရင်သီခံဖတ်ပေးကြပါ။။
သိလို့ တက်လို့ ရေးချင်းမဟုက်ပါ စေတနာနဲ့ရေးချင်ပါ။။
အားလုံး နားလည်ကြလိမ့်မယ်လို့မျော်လင့်ပါတယ်။။ ဆရာလုပ်ခြင်း မဟုက်ပါ။။
ဖြစ်စေချင်တဲ့ စေတနာ သက်သတ်ပါ.. အားလုံးကိုကျေးဇူးတင်ပါတယ်။။
လမင်းကို အချိန် တိုင်း နှိပ်စက်နေတဲ့ သူ ဘယ်သူဖြစ်မလဲ ??
မင်္ဂလာပါ သူငယ်ချင်းတို့ရေး  ကျန်းမာပျော်ရွင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။။
  သယ်ချင်းတို့ လမင်း ကို အချိန်တိုင်း နှိပ်စက် နေတဲ့ သူကို သိချင်ကြရောပေါ့နော်။။။
ဘယ်သူလို့ ထင်လဲ  လမင်းချစ်တဲ့ သူတွေလည်းလား???
    လမင်း စိတ်လေးအရမ်းကို ပင်ပန်းခဲ့ရတာပါ သူ့ ကြောင့်ပေါ့လို့ ထင်ခဲ့တာပါပဲလေး
တကယ်တော့ လမင်းကိုအချိန်တိုင်း နှိပ်စက်နေတာတော့ သူတို့တွေလည်း မဟုတ်ပါဘူး။
လမင်းရဲ့  စိတ်လေးပါပဲ။
စိတ်ဆိုတာက အတော်လေးကို နက်နဲလွန်ပါတယ် ဒါကိုမသိကြတဲ့ လမင်းတို့တွေက ဘယ်သူကြောင့်ဘယ်ဝါ
ကြောင့်ပေါ့နော်။
 လူတွေဟာ သနားစရာ အင်မတန်ကောင်းပါတယ် စိတ်ကူးယဉ်ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။
ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်ကဖန်တီးထားတာလို့  အမှန်အတိုင်းမသိတော့ ပျောက်အောင်
ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။
   ကိုယ့်စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ပြဿနာတွေကို ပြဿနာ အစစ်တွေချည်းပဲထင်နေကြတာမလား။
လူ့ ဘ၀မှာ တွေ့ ကြုံနေရတဲ့ ပြဿနာ တော်တော်များများဟာ စိတ်ကဖန်တီးထားတာပါ။
စိတ်ဆိုတာက မရှိတာကို  အရှိဖြစ်အောင် လုပ်တက်တာမလား။
 လူတွေဟာ ကိုယ့်အကြောင်းကိုယ်မသိဆုံးပဲ။ တကယ်တော့ လမင်းတို့က သူများအကြောင်းကိုပဲ
သိချင်ကြတာလေး ကိုယ့်အကြောင်းတော့ သိဖို့ တစ်ခါမှာမစဉ်းစားဖူးဘူးမလား။
လမင်းလည်း မစဉ်းစားခဲ့ပါဘူး ။ တကယ်တော့ လမင်းတို့တွေဟာ စိတ်ခိုင်းသမျှ အားလုံးကိုလျှောက်
လုပ်နေကြတာမလား။
   အဲတော့ လမင်းတို့တွေ ကိုယ့်နဲ့နီးကပ် နေတဲ့ စိတ်ဆိုတာကို သေချာကြည့်ကြရအောင်နော်။။
စိတ်အကြောင်းကိုသေချာသိသွားရင် စိတ်က ခိုင်မာ ရင့်ကျက်လာမယ်၊ အေးချမ်းလာမယ်၊ တည်ငြိမ်လာမယ်။
အရာရာတိုင်းကိုစိတ်ကလွှမ်းမိုး တယ် ၊စိတ်ကိုတကယ်သိသွားရင် စိတ်ရဲ့ လွှမ်းမိုး ချုပ်ချယ်တာ နှိပ်စက်တာမခံရတော့ဘူး။
ကိုယ်ကို အနှိပ်စက်ဆုံးက သူတစ်ပါးမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ   ဒါကြောင့် သူ့ အကြောင်းကို မသိရင်ခက်မယ်။။
   ကဲသယ်ချင်းတို့ရေး လမင်းတို့  တွေ စိတ်လေးကို သိအောင်ကြိုးစားကြရအောင်နော်။
ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေးရှိဖို့ လိုတယ် ။ စိတ်လေးကို သတိလေးနဲ့ စောင့်ကြည့်
ကြရအောင်နော်။
   ဒီလောက်ဆို လမင်းကို အချိန်တိုင်း နှိပ်စက်နေတဲ့ သူကို သိလောက်ရောပေါ့နော်၊ လမင်းတို့တွေက
လိုချင်တာ မရလို့  စိတ်ညစ်တယ် ။ ဖြစ်ချင်တာ မဖြစ်တော့ ဒေါသထွက်တယ် ။ ချစ်သူနဲ့ ကွေကွင်းရလို့
စိတ်ဆင်းရဲ ကြရတယ် တကယ်တော့ သူတို့ကြောင့် မဟုတ်ပါဘူး အဓိက က ကိုယ့် နဲ့ အနီးဆုံး ရန်သူက
ကိုယ့် ရဲ့ စိတ်လေးပါပဲ ။ ဘယ်သူ့ ကြောင့်မှာ မဟုတ်တော့ဘူးနော်။
လမင်းကို မျက်ရည်ကျအောင် လုပ်တာလဲ သူပဲ ၀မ်းနည်းအောင်လုပ်တာလဲ သူပဲ  အခုတော့ သိသွားပြီး
လမင်းသူ့ ကို စောင့်ကြည့်နေမယ် ။ ဘယ်လိုကြည့်ရမလဲ သူငယ်ချင်းတို့ သိကြရောပေါ့နော်
သတိလေးနဲ့ စောင့်ကြည့်ယုံပါပဲ ။
ကဲသယ်ချင်းတို့ရေး စိတ်လေးကို လမင်းတို့ တွေသတိလေးနဲ့ စောင့်ကြည့်ကြမယ်မလား ။
လမင်း စိတ်အရမ်း ညစ်နေတဲ့ အချိန်မှာ ဆရာတော် ဦးဇောတိက ရဲ့ သတိနဲ့ ကိုယ်စိတ်ကိုယ်သိ စာအုပ်လေး
ဖတ်မိပါတယ် စိတ်လေးအရမ်းကို အေးချမ်းသွားပါတယ်။ သူငယ်ချင်းတို့ ကိုလည်း လမင်းလို အေးချမ်းချင်းလို့ 
မျှဝေပေးလိုက်ပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ် အမှားပါရင်သည်းခံဖတ်ပေးပါ။။။
ပေးတိုင်း မယူပါနဲ့ >>
မင်္ဂလာပါ သူငယ်ချင်းတို့ရေး ကောင်းသောနေ့လေးပါနော် လမင်းစိတ်လေးအရမ်းကိုရှုပ်
ထွေးနေတာနဲ့ ပို့စ်မရေးဖြစ်ဘူး ။ စိတ်ညစ်တာ စဉ်းစားရင်းနဲ့ ဒီအကြောင်းရေးရင်ကောင်းမယ်
အကြံရတာနဲ့ ရေးလိုက်ပါတယ်။ လမင်းကအပြင်သူငယ်ချင်းမရှိတော့ လမင်းပို့စ်ဖတ်ပေးတဲ့
သူငယ်ချင်းတွေကိုအရင်နီးဆုံး မိတ်ဆွေလို သတ်မှတ်ထားပါတယ်။
   လိုအပ်တာလေးတွေ အကြံညဏ်များပေးနိုင်ပါတယ် ။လမင်းလက်ခံပါတယ်၊ စကားပြောစရာဆိုလို့
ဒီသူငယ်ချင်းတွေပဲရှိတာဆိုတော့ ခင်မင်မူတိုင်းကို တန်ဖိုးထားပါတယ်။
  စကားရှည်သွားပြီး ထင်တယ် .ခင်မင်မူတိုင်းကစကြတာပေါ့နော်.
လမင်းလူတွေကိုအရမ်းခင်တက်တာ
အဖော်ငတ်တော့ လူတိုင်းကို ရိုးသာစွာ ပွင့်လင်းမူနဲ့ အရိုးသားဆုံးခင်တာပါ။
  အခုလမင်းရင်ဆိုင်နေတဲ့ ပြဿနာကတော့ လမင်းအကြောင်းကို ပုတ်ခတ်ပြီး လမင်းရဲ့ သိက္ခာကိုထိပါး
လာတဲ့ စကားတွေကို သူများတွေ ကိုပြောတာပါပဲရှင်. လမင်းသိသိချင်ဒေါသအရမ်းထွက်တာ
အသားတွေကို တုန်နေတာပဲ ရင်တစ်ခုလုံးလည်း ပူနေတာပဲ အဲညက လမင်းတစ်ညလုံးအိပ်လို့ မရဘူး။
  စရင်းရှင်းမယ်ပေါ့ ပြောတဲ့သူရော ပြဿနာကိုစတဲ့ သူရောပေါ့။ လမင်းကမနက်လင်းရင်အမြဲတမ်း
တရားနားတယ် ။အဲနေ့က တရားဘယ်နေမှန်းကိုမသိတော့ဘူး ဘာမှလည်းစားလို့မရ အိပ်လို့မရ
ပူလောင်လိုက်တာ  ပြောတဲ့ သူတွေကိုလည်းမေးလ်ပို့ပေါ့ စရင်းရှင်းမယ်တက်လာခဲ့ပေါ့။
   အဲညကပူလောင်ခြင်းမျိုးလမင်း သက်သတ်မကြုံဖူးဘူးတကယ်ပါ။ ဒါပေမဲ့ ပြောတဲ့ သူက တက်မလားဘူး
ငါဘာလုပ်ရမလဲ ငါဘာကြောင့်အခုလိုဖြစ်နေတာလဲ သေချာပြန်စဉ်းစားတယ်။
ငါ့ကို အခုလိုပြောတာ ငါတစ်ခါရှုံးနေပြီး ဒါကို နင့်ကထပ်ပြီးသူတို့ပေးတဲ့ အပူတွေကိုယူနေအုံးမယ်ဆိုရင်း
နင့်နစ်ခါရှုံးတော့မယ်။
ဆိုပြီး ကိုယ့်ကိုကိုယ်ဆုံးမရင်းဘာမဟုတ်တာကို နင့်ဘာလို့အဟုတ်လုပ်နေတာလဲ အခုလိုဖြစ်နေတာ
  နင်လက်ခံထားလို့ နင့်ကလက်မခံရင်သူတို့တွေဘာပဲပေးပေး ဘာပဲပြောပြောအခုလိုဖြစ်စရာမလိုဘူး။
နင်စိတ်ကိုလျှော့လိုက်ပါ ဘာအကျိုးရှိလို့ လဲ နောက်ဆို သူတို့နဲ့ ကင်းကင်းနေလိုက်ပေါ့။။
အဲဒါနဲ့ လမင်းတရားနားဖို့ရှာလိုက်တယ် ဆရာတော်ဦးဆေကိန္ဒ တရားနားလိုက်တယ်။။
တရားနာမည်က မပူခင်လောင်မှန်းသိတဲ့ ဆရားတော်ပြောသွားတာတော့စုံနေတာပဲ သူငယ်ချင်းတို့ ရှာပြီး
နားထောင်ကြည့်ပါ အရမ်းကောင်းပါတယ်။စိတ်လည်းအရမ်းအေးသွားတာ ဆရာတော်တွေကို
လည်းကျေးဇူးတင်ပါတယ်။ တခုတော့ရှိတာပေါ့နော် သိပြီးမလုပ်နိုင်ရင်မသိသေးလို့ပါတဲ့ လမင်းလည်း
ကြိုးစားနေပါတယ်။ ဘယ်သူပေးတဲအပူကိုမှာ လမင်းတို့ တွေလက်မခံရအောင်နော်။။
လမင်းတို့ ဘယ်သူပေးပေး မယူရအောင်နော်၊ပေးတိုင်းမယူပါနဲ့ နော်၊စိတ်ချမ်းသာခြင်းရင်ပေါ့။
   လမင်းစာလေးကိုအချိန်ပေးဖတ်ကြတဲ့ သူငယ်ချင်းတို့ ရဲ့ စိတ်ထဲတစ်ခုခုကျန်နေခဲ့ မယ်လို ထင်ပါတယ်။
သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ။နောက်လည်းလမင်းတွေ့ ကြုံနေရတဲ့ အကြောင်းလေးတွေ
ကို တရားသဘောလေးနဲ့ ရေးသွားချင်ပါသေးတယ်။ ဖတ်ချင်ကြလိမ့်မယ်လို့ လဲမျှော်လင့်ပါတယ်။
ဒါမှလဲ လမင်းရေးရတာအားရှိမှာပေါ့နော် ..အမှားပါရင်သီခံဖတ်ပေးပါ...
               သူငယ်ချင်းများအားလုံးပူလောင်ခြင်းကင်းဝေးပါစေ..........
အွန်လိုင်း အရှုပ်တော်ပုံနှင့် ချက်တင်လောက>
မင်္ဂလာပါ သူငယ်ချင်းတို့ရေး ပျော်ရွင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
် လမင်းပြောချင်တာကတော့ အတော်များများလည်းပညာပေးအနေနဲ့ရေးဖူးကြပါတယ်။
    လမင်းကတော့ ကိုယ့်တွေ့ လေရေးချင်နေတာရှုပ်လိုက်ပုံများပေါ့။
ဇာတ်လမ်းလေးကတော့  လမင်းကပိုစ့်လေးတွေရေးတယ် မိတ်ဆက်ကြတယ်ဆိုပါတော့
သူငယ်ချင်းမရှိသေးတော့ ကိုယ့်ကိုခင်ချင်တယ်ပြောရင်ပျော်လိုက်တာမပြောနဲ့ပေါ့။
   ခက်တာက တစ်ချို့ ကရိုးသားကြပေမဲ့  တစ်ချို့ကြပြန်တော့လဲ တွေ့ တာနဲ့ ချစ်တယ် ကြိုက်တယ်။
ဆိုတာမျိုးတွေလေး ခက်တာကလမင်းပေါ့ လူတိုင်းကို ခင်တက်တာ အားလုံးကိုအရိုးသားဆုံးပဲခင်တယ်။
တစ်ခုတော့ရှိတယ် လမင်းခင်တက်တယ် ပွင့်လင်းတယ် ဘယ်သူကိုမှာမညာခဲ့ဖူးသလို ဘယ်သူကိုမှာ
လဲအကောင့်လိုက်မတောင်းဖူးဘူး လာအပ်ရင်လက်ခံပေးတယ်၊ ခင်ချင်လို့ အကောင့်လေး လက်ခံပေးပါဆို
လက်ခံပေးလိုက်တာပဲ။
   ပြဿနာကစတာပေါ့ ယောင်္ကျားလေးများပေါ့ တွေ့ တဲ့သူ ကျုကြတယ် သူတို့ကောင်းမလေးတွေလည်း
သိရော သူတို့ အတင်းအကောင့်တောင်းလို့ ပေးရတာပါဖြစ်ကုန်တာပဲ ။
တစ်ခုတော့ပြောပါရစေ .ကိုယ်ချင်းစာပါ နှမချင်းစာနာပါ။
ကိုယ်မှာချစ်သူရှိတယ်ဆို သစ္စာရှိကြပါ ။အကျိုးဆပ်က ၀ဋ္ဋ်လည်တက်တယ်ဆိုတာမမေ့ပါနဲ့ 
ရှုပ်ကုန်ပြီးပြောချင်တာကဘယ်ရောက်ပြီးလဲမသိတော့ဘူး အဲလိုနဲ့ပေါ့နော် လမင်းချက်ဘောက်ထဲ
လာပါလား ပျော်ဖို့ ကောင်းတယ် ဆိုတော့ ရောင်လည်လည်နဲ့ရောက်သွားပါလေးရောရင်...
  ချက်ဘောက်ထဲရောက်တော့ ယောင်္ကျားလေးများ အတင်းနာမည်ပေးအကောာင့်တောင်းပေါ့
တစ်ချို့ မိန်းးကလေးများကျတော့လည်း လည်ကြပါတယ်။လမင်းပြောချင်တာက မလည်ရင်တော့
မသွားကြပါနဲ့  လမင်းလိုခံရမှာဆိုလို့ပါ ။။
လမင်းအားနာတက်တယ် ခင်တက်တယ် ပွင့်လင်းတယ် အားလုံးကို ကိုယ့်စိတ်လိုပဲသဘောထားပြီး
ဆက်ဆံတက်တယ်  ဒါပေမဲ့ လူတိုင်းနဲ့တော့ မတန်ဘူး  ဒါကလဲ နောက်ကျမှာ သိလိုက်ရတာပါ။
ချက်ဘောက်မှာ ချက်ကြ ရန်ဖြစ်ကြ ဆဲကြ တည့်တုန်းကလဲသူတို့တွေပဲလေး နောက်လည်း လမင်းကြောက်
တာနဲ့ မသွားဖြစ်တော့ပါဘူး။.
 မသွားဖြစ်ပေမဲ့ ပြဿနာကပြီးသွားလာဆိုတော့ မပြီးသေးဘူးရှင် လမင်းကိုချက်ဘောက်ထဲမှာ လိုက်ခေါ်ကြ
တယ် ပျောက်နေလို့ ရှာတာပေါ့ရှင် ဒါနဲ့ လမင်းအကောင့်ထဲကတစ်ယောက်က နင့်ကိုရှာနေကြတယ် .
ပြန်လာပါ ပေါ့ မလာချင်တော့ပါ ဘူး ငါ သူများတွေလိုလဲစကားပြောမတက်နဲ့  နင့်ကိုတော့ခင်ကြပါတယ်။
လာပါပေါ့ မလာဘူးဆို မလာတော့ပါဘူး တစ်နေ့ တော့ အဲတစ်ယောက်က ချက်ဘောက်မှာပြဿနာဖြစ်
ကြတယ်ပေါ့  မိန်းကလေးတစ်ဖွဲ့ နဲ့တဲ့ သူတို့ ဖြစ်တဲ့ ပြသနာကို လမင်းကို ဆွဲထည့်ကြတာပါပဲလေး။
ရှုပ်လိုက်ပုံများလေး အွန်လိုင်း ချက်ဘောက်ဆို အသံတောင်းမကြားချင်တော့တာလေး
 လမင်းပြောချင်တာက အချိန်တွေပေးရတယ် ပိုက်ဆံတွေကုန်တယ် ဒါကို ဘာကြောင့် အကျိုးရှိစွာအသုံးမချပဲ
ဘာမဟုတ်တာတွေ နဲ့ အချိန်ကုန်နေကြတာလဲပေါ့ ပြန်စဉ်းစားကြည့်တော့လဲ ဘာမှာကိုမဟုတ်တာပါ။
လမင်းမှာဒေါသတွေထွက်ရတာနဲ့ ငိုရတာနဲ့ အခုပြန်စဉ်းစားကြည်ရင်ရယ်စရာဖြစ်နေတာလေး။
အွန်လိုင်းဆို တာ နည်းပညာတွေ ဗဟသုတတွေ ရှာကြပါ အများကြီးပါ သုံးလို့မကုန်နိုင် ပညာယူလို့မကုန်နိုင်ပါ
တစ်ချို့ ကလည်းရှိသေးတယ် အသက်ကိုမှာအားမနာပေါ့ ချက်ကြရန်ဖြစ်ရနဲ့ တကယ်ကို ရှက်စရာလေးလို့
ပြန်စဥ်းစားကြပါ မိတ်ဆွေ သူငယ်ချင်းရှာပါ နည်းပညာတွေ ယူပါ ။
 ကိုယ့်နဲ့ မသိကြပဲ ချစ်သူရှာကြ ရန်ဖြစ်ကြနဲ့ ရှက်တက်ရင် သေဖို့ သာကောင်းပါတော့တယ် ။
အရင်ကလည်း လမင်းအဲလို အချိန်တွေ ကုန်ခဲ့ ပါတယ် ၀န်ခံပါတယ် ။
 အခုတော့ လမင်း ဘယ်သူနဲ့ မှာ မချက်တော့သလို ဘယ်သူအကောင့်မှာလည်းလက်မခံတက်တော့ပါဘူး။
သင်ခန်းစာရသွားတာပေါ့ နောင်တ လည်းရပါတယ် လမင်းဘာလုပ်လုပ်နောင်တဆိုတာမရှိခဲ့ ဘူး။
 အွန်လိုင်းလောကမှာတော့ လမင်းအကြီးမှာဆုံးနောင်တရခဲ့ ပါတယ်။။ အခုတော့ အဲသင်ခန်းစာနဲ့ပဲ
နေသွားပါမယ်။
 ပြောချင်တာလေးရှိပါသေးတယ် လမင်းမာနလုံးဝမကြီးပါ အကောင့်မပေးတာနဲ့ ခင်ချင်လို့ အကောင့်
အပ်ပေးပါပြောတဲ့ သူငယ်ချင်းများ နားလည်ပေးပါ တောင်းပန်ပါတယ် ။
 လမင်းကခင်တက်လို့ ကို မအပ်တော့ပါဘူးလို့ ပြောရင် လမင်းစားလေးကိုဒီကနေပဲရပ်လိုက်တော့မယ်နော်
လမင်းစာလေးတွေ ဖတ်ပေးတာ ကွန်မန့်လေးတွေပေးကြတယ်ဆို လမင်းသူငယ်ချင်းတွေကြီးပါပဲ
 ဆိုဒ်ထဲမှာ ပဲတွေ့ ကြတာပေါ့နော် အမှားသည်းခံဖတ်ပေးးပါ  ကျေးဇူးတင်ပါတယ်။။။။။
မြန်မာ မိန်းကလေးဆိုတာ မမေ့ကြပါနဲ့ >
မင်္ဂလာပါသူငယ်ချင်းတို့ ရေး ကောင်းသောနေ့လေးဖြစ်ပါစေ........
  ဘယ်စပြောရမလဲသိတော့ဘူး စချင်းတဲ့နေရာကစလိုက်တော့မယ်နော်.......
လမင်းအခုတလောကြားကြားနေရလို့ ပါ ၊ စိတ်ထဲတကယ်မကောင်းဖြစ်မိတယ်
အရမ်းလည်း ၀မ်းနည်းတာပဲ။ ဘယ်လိုမှ လမင်းမထင်ထားလို့ ပါ။
မြန်မာမိန်းကလေးတွေ အရက်သောက် ဘီယာသောက်ကြတာ ယောင်္ကျားလေးနဲ့ အပြိုင်ဆိုပဲ။။
   လမင်းတော့ ကိုယ်တိုင်းမတွေ့ ဖူးပါဘူး မောင်လေးတစ်ယောက်ပြောလို့ ပါ ။
မမ ဘာသိလို့ လဲ အခုမြန်မာပြည်က မိန်းခလေးတွေ အရက်သောက်ကြတာ မဆန်းတော့ဘူးတဲ့ မယုံနိုင်စရာပါ ။
  ပြောသေးတယ် မောင်လေးက( vzo )ချက်ရင်းလဲ ကောင်းမလေးတွေက မပေါ်တပေါ် ၀တ်ထားပြီး
မဖွယ်မရာ တွေ လုပ်ပြတယ်ဆိုပဲ ဟုတ်လို့ လာ  မဖြစ်နိုင်ပါဘူး ၊ မမ မယုံဘူးလား ကျန်တော်တို့ ချက်
ရင်မမကို ပြမယ်  အကောင့်ပေးမယ် ချက်ကြည့်တဲ့  လမင်းလည်း မယုံတယုံနဲ့ မချက်ပါဘူးလို့ 
ဒါဆိုကျန်တော်တို့ ချက်ရင် ပြမယ်တဲ့  နင်တို့ ဟာက မြန်မာမိန်းကလေးဟုတ်လို့ လား။။
 ဟုတ်လိုက်တာမှာ ဒါဆို နင့်တို့ ကငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အဲဒါတွေလျှောက်ကြည့်နေရတာလဲလို့ မေးတော့
သူတို့ တောင်ပြသေးတာပဲ မမရဲ့  ကောင်းကြသေးရဲ့ လားရှင် .မကြားရက် စရာပါပဲရှင်။။
 လမင်းလည်းရှက်ရှက်နဲ့ နောက် အဲဒါတွေလျှောက်မကြည့်နဲ့ ကြားလားလို့  အင်းပါ သူငယ်ချင်းကပြောလို့ 
မယုံလို့ သူလည်းကြည့်မိတာပါတဲ့  ကျန်တော်တို့ မြန်မာ မိန်းခလေးတွေ အခုလိုဖြစ်တာ စိတ်မကောင်းဘူးတဲ့
သူတို့ မိန်းမယူရင် အတော်ရွေးရမယ်ဆိုပဲ ။ ကဲ မိန်းခလေးများရေး  ကြားကြတယ်နော်။
ခေတ်ကြီးဘယ်လောက်ပဲတိုးတက်နေပါစေ မြန်မာမိန်းခလေးဆို တာမေ့မထားကြပါနဲ့ ရှင်...
တိုးတတ်နေတဲ့ ခေတ်ရေစီးကြောင်းကို လိုက်တာလဲလိုက်ပါ ကောင်းတာလေးတွေအတုယူရပါ..
ကိုယ့်နိုင်ငံယဉ်ကျေးမူနဲ့ ဘယ်လိုမှာ မအပ်စပ်တဲ့ အပြု အမူတွေတော့ မလုပ်ကြပါနဲ့ ရှင်......
  ကိုယ့် လူမျိုး ကိုယ့်နိုင်ငံ ရဲ့ ချစ်စရာ အကျင့်စရိုက်လေးတွေကို ထိန်းသိမ်းကြပါ  ရှက်တက်ပါ
အရှက် အကြောက် တရားလေးထားကြပါလို့ မေတ္တာရက်ခံပါတယ် ..
စကားလုံးရိုင်းရင်နားလည်ပေးကြပါ စေတနာနဲ့ ပါ။
 ဘယ်လိုမှာ မဖြစ်ထိုက်တဲ့ ကျန်မတို့ ဗုဒ္ဓ ဘာသာနိုင်ငံမှာ အခုလို ဖြစ်နေရတယ်ဆို တာ တကယ်ကို
စိတ်မကောင်းစရာပါ..အဆိုးဆုံးက မြန်မာပြည်ကို ကိုးရီယား ကားတွေရောက်လာတာပါပဲ။။
မင်းသမီးတွေက မင်းသားတွေကို ချစ်စကားအရင် စပြောကြတယ်ဆိုပဲ ခက် တာက မြန်မာလူမျိုးတွေက
မကောင်းတာဆို အကုန် အတူယူကြတာပဲ  အ၀တ်အစာ တွေလည်း သူတို့ ဘာဝတ်လဲလိုက်ဝတ်ကြတော့
တာပဲ ကိုယ့်နိုင်ငံနဲ့ လိုက်တဲ့ အ၀တ်အစာတွေအများကြီးပါ ။။                       ခေတ်မှီပြီလုံခြုံတဲ့ အ၀တ်အစာလေးတွေလည်းရှိပါတယ် ကိုယ်နိုင်ငံနဲ့ လိုက်တဲ့ အ၀တ်အစာလေးတွေရွေးဝတ်ကြပါ။
  ခေတ်မမှီလို့ ဂုဏ်သိက္ခာမကျနိုင်ပါဘူး ကိုယ့်ရိုရာ ၀တ်စုံလေးကိုလည်း ခေတ်နဲ့ အညီ ၀တ်ရင်လည်းလှပါတယ်
ကိုယ်နိုင်ငံနဲ့ ကိုက်ညီတာကို ပဲတွေးပါ နိုင်ငံတကာကို ရင်ပေါင်တန်းတယ်ဆိုတာ ကို လမင်းလက်ခံတယ်။
တစ်ခုတော့ရှိတယ် .ကိုယ်ကမြန်မာ မိန်းခလေးဆို တာမမေ့ကြပါနဲ့ မြန်မာချစ်စရာစိတ်ဓာတ်လေးတွေ
အကျင့်စရိုက်လေးတွေကို စောင့်ထိန်းကြပါရှင် မြန်မာယောင်္ကျားလေးတွေကလည်း သူတို့ သာ ကြည့်ချင်း
ကြည့်မယ် သူတို့လက်တွဲမဲ့ သူကိုတော့ အပြစ် အကင်းဆုံး ဖြစ်စေချင်းကြပါတယ်။
  ဘ၀လက်တွဲဖော်ကောင်းနဲ့ တွေ့ ချင်းကြတယ်ဆို ကိုယ့်ကိုကိုယ် တန်ဖိုးထားကြပါ ကိုယ့် မျိုးနွယ် ယဉ်ကျေး
မူကို မမေ့ကြပါနဲ့ ကမ္ဘာ မှာ မြန်မာဆို တာ ရိုးသားတဲ့ အကျင့်စရိုက်လေးတွေချစ်စရာ အမူအကျင့်လေးတွေနဲ့ ယဉ်ကျေးဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားကြတာပါ။
 ကိုယ်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သိက္ခာကို စောင့်ထိန်းကြပါလို့  စေတနာရှေ့ထားပြီး အမုန်းခံရေးလိုက်ပါတယ်။။
နားလည်ပေးနိုင်ကြပါစေ... အမှားပါရင်သည်းခံဖတ်ပေးကြပါ... ကျေးဇူးတင်ပါတယ်။။။
ကုန်ဈေး နှုန်းနဲ့ လစာ
သူငယ်ချင်းတို့ရေး လမင်းရဲ့ ခံစားချက်လေးပေါ့နော် သူငယ်ချင်းတို့လည်းစိတ်ထားတက်ေ
အာင်ပေါ့...
အားလုံးသိကြတဲ့ အတိုင်းပဲ ဈေးနှုန်းကအကုန်တက်  မတက်တာဆိုလို့ လမင်းလစာပေါ့  ဟီဟီ...
စိတ်ဓာတ်မကျဘူးလားဆို  ကျတာပေါ့ မေးတက်လိုက်တာ  လမင်းသူငယ်ချင်းတွေဆို စီးပွားရေးသမားတွေလေး
လမင်းကတော့လခစာပေါ့  လမင်းလည်းသူများတွေလို သူဌေးမကြီးဖြစ်ချင်တာပေါ့...
လူဆိုတာက သူအကြောင်းသူလာတာမလား  ငါလစာလေးနဲ့ ပင်ပန်းလိုက်တာလွန်ရော  လုပ်တာရနဲ့ ရတာနဲ့
မကိုက်ဘူး သေချင်တာပဲလို့ လမင်းသူငယ်ချင်းတွေတော့ အမြဲပေါက်ပေါက်ဖောက်ကြတာပဲ.....
လမင်းကတော့လေး တစ်ခါမှအဲလိုမတွေးမိဘူး  ငါနဲ့တန်လို့ရတာ  ငါလုပ်တဲ့ အလုပ်ကိုငါ စေတနာထားလုပ်မယ်....
တာဝန်ကျေအောင်လုပ်မယ်  ဘာလုပ်လိုက်လို့ ဘာပြန်ရ မယ်လို့ မတွေးမိဘူး တစ်ခါတစ်ခါတော့လည်း လမင်းလည်း
လူထဲကလူပဲလေး ဈေးနှုန်းတွေကတက် လစာကမတက်ဆိုတော့  တက်တဲ့လစာကလည်း ဈေးနှုန်းကိုလိုက်မမှီနိုင်ဘူးရှင်....
အလုပ်ထွက်လိုက်ရကောင်းမယ်လို့လည်း တွေးမိတာပေါ့  ပြန်စဉ်းစားကြည့်ကြပါ သူငယ်ချင်းတို့  ကိုယ်ကတောင်းလစာရနေသေးတယ်..
အလုပ်မရှိတဲ့ သူတွေ  ကိုယ့်ထက် လစာနည်းတဲ့ သူတွေကို ပြန်ကြည့်ပါအုံ တွေးတက်ရင်အားနားဖို့အတော် ကောင်းနေပြီး..
ဘယ်လိုနည်းနဲ့မှာ အားလုံးအစဉ်ပြေရမယ် သူများတွေတောင်လုပ်နိုင်သေးတာပဲ ငါတို့ကြမှ တို့ဆိုတာ ပူလောင်လွန်ပါတယ်...
သူအကြောင်းနဲ့ သူလာတာပါ  ဒါနဲ့ ထိုက်လို့ ဒါပဲရတာပါ  အဲတော့ရှင်  လမင်းပြောချင်တာက ရှိနေတဲ့ အလုပ်နဲ့ ကိုယ်လုပ်နေတဲ့
အလုပ်အပေါ် စေတနာထားလုပ်ပါ  ပင်ပန်းတယ်လို့ မတွေးပါနဲ့ လောကမှာ ကိုယ့်ထက်ဆိုးတာတွေအများကြီးပါ  နေတက်အောင်နေကြည့်ပါ
လောကကြီးကတရားပါတယ် လူတွေကမတရားတာပါ  နေတက်ရင်ကျေနပ်စရာကြီးပဲဆိုတဲ့ စကားကရှေ့လူကြီးတွေ အလာကားသုံးခဲ့တာ
မဟုက်ပါဘူး ဘုရားဟောပါ..  လူတစ်ယောက်မှာ ရည်မှန်းချက်တွေ အနာဂက်တွေ ရှိရပါတယ်....
ဒါပေမဲ့ ကိုယ်နဲ့တန်ရာကိုပဲမှန်းစေချင်တယ်  မဖြစ်နိုင်တာတွေတွေးပြီး ဖြစ်မလာတော့ စိတ်ဓာတ်ကျ  ဘာမှာလုပ်ချင်စိတ်မရှိတော့လောက်
အောင်ဖြစ်တက်တယ်  ဖြစ်မလာခဲ့ရင်ဆိုတဲ့ စိတ်ကိုလည်း ထားတက်ရတယ်  အကောင်းဆုံးကိုတွေးထားသလို အဆိုးဆိုတာကိုလည်းတွေးထား
တက်ရပါတယ်.... လမင်းမေမေဆိုအမြဲပြောတက်တယ်  သမီးလစာလေနဲ့ကျေနပ်နေတာပဲနော်  မကျေနပ်တော့ရော ဘာလုပ်နိုင်မှာလဲ
ဟုက်တယ်မလား ကိုယ့်မတက်နိုင်တာကိုတော့လမင်းက စိတ်ပင်ပန်းမခံပါဘူး  လမင်းကိုသူငယ်ချင်းတွေကပြောကြတယ် ...
သူမှာ လောဘမရှိဘူး တဲ့  လူပဲရှိတာပေါ့  ဒါပေမဲ့ လမင်းနေတက်တာပါ  စိတ်ကိုအတက်နိုင်ဆုံး  အေးချမ်းအောင်ထားတယ်...
ဘယ်တော့မှာ ကိုယ့်ထက်သာတာ မကြည့်ဘူး ကိုယ့်နဲ့ နှိမ့်ကျ တဲ့သူတွေကိုပဲ ကြည့်တယ်  ကိုယ်နဲ့သာတဲ့ သူတွေဟာ အတိတ်ကဘာကောင်း
မူတွေပြုခဲ့လို့ ကိုယ့်ကဘာလုပ်ခဲ့လဲဆိုတာမသိပဲနဲ့  သူတို့လို ဖြစ်ချင်နေလို့ကတော့ စိတ်ပင်ပန်းယုံပဲရှိတာပေါ့ ...
အခုဘ၀မှာ လမင်းကတော့ အတက်နိုင်ဆုံး တက်နိုင်သလောက်လှူဖြစ်ပါတယ်  လမင်းကြိုက်တဲ့ စကားလေးရှိတယ်....
အတိတ်ကဘာဖြစ်ခဲ့လည်း သိချင်ရင် အခုဘာဖြစ်နေလဲဆိုတာကြည့်တဲ့  အနာဂတ် ဘာဖြစ်မလဲသိချင်ရင် အခုဘာလုပ်နေတာဆိုတာကြည့်ပါတဲ့......
လမင်းအဲစကားလေးအတိုင်းပဲ အလုပ်လုပ်ပါတယ်  စာရှည်သွားပြီးထင်တယ်  သူငယ်ချင်းများအသိတိုးစေရန်
ရည်ရွယ်ပါတယ်  လိုအပ်တာ များရှိရင် တောင်ပန်းပါတယ်....
လမင်းစေတနာလေးနဲ့ ဒီပိုစ့်လေးရေးဖြစ်တာပါ  ဘာလို့လဲဆိုတော့ခေတ်ကာလကိုက  ရတာနဲ့ ကုန်တာမမျှတော့ဘူးလေး..
ဒါကိုစိတ်ပင်ပန်းနေမဲ့အစား  နေတက်ပါ စိတ်ထားတက်ပါစေဆိုတဲ့  စိတ်ရင်လေးနဲ့ပါ......
အားလုံးကိုကျေးဇူးတင်ပါတယ်...........
ယောင်္ကျားလေးနဲ့ မိန်းကလေး ဘယ်သူပို ရက်စက်လဲ?
သူငယ်ချင်းတို့နဲ့  လမင်း ငြင်းလိုက်ကြရအောင်နော်   ဘာလို့လဲဆိုတော့အခုတလောကြားကြား
နေရတဲ့
ဇာတ်လမ်းတွေကြောင့် လမင်းဒီပိုစ့်လေး ရေးဖြစ်တာပါ.....လမင်းအပြင်မှ သူငယ်ချင်းသိပ်မထားဘူး..
အွန်လိုင်းမှာတော့ သူငယ်ချင်းများတယ်  များတယ်ဆို လာအပ် ကြတာလေး သိတယ်မလား  မိန်းကလေး
အကောင့်ဆို ကိုတော်တို့ကရအောင်ရှာနိုင်ကြတယ်  မိန်းကလေးသူငယ်ချင်းကြတော့ လမင်းကရှာရတာပေါ့ရှင်...
ဒါကလည်းဖြစ်တက်တဲ့သဘောလေးပေါ့ .....ပြောချင်တာက ယောင်္ကျားလေးသူငယ်ချင်းများတယ်  လမင်းနဲ့
ငယ်တာရှိတယ် ကြီးတာရှိတယ်... အသက်နော်  ...:P
သူတို့ အကြောင်းကိုအကုန်ပြောတဲ့သူရှိသလို   မပြောတဲ့ သူလည်းရှိတာပေါ့  တိုင်ပင်ကြတဲ့ သူတွေလည်းရှိကြပါတယ်...
အခုတလောကြားနေရတဲ့ သတင်းကတော့  မမရယ်  ညီမရယ်  ယောင်္ကျားလေးတွေများ သစ္စာမရှိဘူး  ရက်စက်ကြတယ်တဲ့...
ဇာတ်လမ်းကစပြီးနော်....အစ်မတစ်ယောက်ဆို သူကောင်းလေးနဲ့ ချစ်လာတဲ့ သုံးနစ်ရှိပြီးတဲ့  ကောင်းမလေးငယ်ငယ်လေးနောက်ပါသွားလို့
စိတ်ဆင်းရဲနေတာပေါ့  နောက်တစ်ယောက်ကတော့  မမလမင်း ညီမလေးသူကိုအရမ်းချစ်တာ ဘာလို့ ညီမကိုထားခဲ့ ပြီးနောက်တစ်ယောက်ကို
တွဲတာလဲတဲ့  တစ်ယောက်ကရှိသေးတယ်  ငါနဲ့သူကအွန်လိုင်းမှာတွေ့ တာတဲ့  အပြင်မှာတွေ့မယ်လုပ်တော့မလာဘူးတဲ့လေး ချစ်ခဲ့ကြတာတစ်နစ်
ဆိုလာပဲ စာရှည်မှာဆိုလို့ ကျန်တာတွေမပြောတော့ဘူးနော်  လမင်းစဉ်းစားကြည့်မိတာပေါ့နော်  ငါအကောင့် ထဲမှာ  မိန်းကလေးနဲ့
ယောင်္ကျားလေးကများပြီးတော့ အသည်းကွဲလို့ခံစား နေတဲ့ အကိုကြီးတစ်ယောက်ပဲရှိတာ အံအော်လို့ ပါ......
တစ်ချို့ကောင်းလေးတွေကရှိသေးတယ်  မမဘာသိလို့လဲတဲ့ မိန်းကလေးတွေကရက်စက်မှာတော်ခါကြတာဆိုပဲ..
သူတို့ကောင်းမလေးတွေကိုလည်း အမြဲညာတယ် လမင်းဆီ မိန်းကလေးအကောင့်ရှိရင်ပေးပါလားမမ ကြူရအောင်တဲ့..ကဲစဉ်းစားကြည့်ကြပါတော့ အကိုတို့ရေးးးးးးးးးးးးးးး။...............
သူတို့များရည်းစားထားချင်ရင်တော့ မမအဲကောင်းမလေးကအရင်ရည်းစားရှိတယ်တဲ့  မိန်းကလေးများကြတော့ချစ်မိပြီးဆို  လမင်းရယ်..
သူတို့အရင်ကရည်းစားရှိခဲ့တာ  ငါဂရုမစိုက်ပါဘူး  အခုဟာက ငါနဲ့ချစ်ပြီးမှာ ရှုပ်နေတာတဲ့  တစ်ခါတလေးများ ငါကိုရှိတယ်လို့တောင်မထင်ဘူးတဲ့....
အရမ်းခံစားရတယ်  လမင်းရာ  ငါဘာလုပ်ရမလဲ သူကိုလည်းအရမ်းချစ်တယ်  လမင်းကစိတ်အချဉ်ပေါက်လို့ ပြောလိုက်တယ်  ...
ကိုယ့်အပေါ်သစ္စာမရှိတာ လမ်းခွဲလိုက်လို့  ပြောရင် ငါသေလိမ့်မယ်တဲ့  အစ်မတစ်ယောက်ဆိုလေး  လမင်းကိုတွေ့ရင်အမြဲငိုတာ
ဟုက်တာပေါ့လေး  မင်္ဂလာဆောင်ဖို့တွေတောင်စီစဉ်ထားကြတာလေး ချစ်ခဲ့ကြတာလဲ သုံးနစ် သုံးမိုးမလား  ယောင်္ကျားလေးတွေများ
ပြောကြသေးတယ် မိန်းမတွေကရက်စက်တယ်တဲ့  မိန်းကလေးရက်စက်တာ  ယောင်္ကျားလေးရက်စက်တာအစွန်ဖျားလောက်ပဲရှိတာပါ....
ဘာလို့အဲ  လိုပြောနိုင်ရတာလဲဆိုတော့  မိန်းကလေးတွေရဲ့ စိတ်ထားကယောင်္ကျားလေးတွေထက်နုညံလို့ပါ.. ခံစားလွယ်တယ်  ခံနိင်ရည်
စွမ်းအားက ယောင်္ကျားလေးတွေလောက်  ပါမလားခဲ့ကြဘူးလေး  မေတ္တာတရားကြီးမာတဲ့ မိခင်လောင်းတွေမလား  သူတို့ ရက်စက်တယ်
ထားအုံတော့ ယောင်္ကျားလေးတွေလောက်တော့ ရက်စက်မယ်မထင်ပါဘူး  သူရည်းစားကိုလမ်းခွဲလိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်..
ရက်စက်တယ်လို့တော့ပြောမှာပေါ့နော်  ဒါပေမဲ့ သူကပြောတယ် မမရယ်  ညီမလေးသူကိုအရမ်းချစ်ပါတယ်  အခုထိလည်းချစ်နေ
သေးပါတယ်  သဘောထားချင်မတူကြလို့လမ်းခွဲလိုက်တာပါတဲ့  ဒါကိုယောင်္ကျားလေးဘက်ကကြည့်ရင်တော့ ကောင်းမလေးက
ရက်စက်တာပေါ့နော်.... မိန်းကလေးတစ်ယောက်ရဲ့  စိတ်ကိုမြင်အောင်ကြည့်ပါ... သူတို့အချစ်ကို တန်ဖိုးထားပါ.. နားလည်းပေးကြပါ..
မရက်စက်ကြပါနဲ့လို့ လမင်းဒီပိုစ့်လေးကနေ တောင်ပန်းပါတယ်  လမင်းကြားကြားနေရတာစိတ် မခံစားနိုင်တော့လို့ပါ .....
ယောင်္ကျားလေးများ လမင်းပိုစ့်လေးကိုနာလည်းပေးနိုင်ကြပါစေ......အားလုံးကိုကျေးဇူးတင်ပါတယ်......
အချိန်ကို တန်ဖိုးထားပါ + အကျိုးရှိအောင်သုံးပါ>>
သူငယ်ချင်းတို့ရေး  လမင်း အလုပ်ချိန် နားနေရင် အတွေးလေးရလို့ ဒီပိုစ့်လေး ရေးဖြစ်တာပါ........
နားချိန်တောင် ကောင်းကောင်းမရလိုက်ပါဘူး  ဟီဟီ သနားမလားလို့ပြောကြည့်တာပါ..
မသနားလည်းရပါတယ် လမင်းစာလေးဖတ်လို့ အကျိုးရှိတယ် အသိတစ်ခုရရင်ပဲ ကျေနပ်ပါတယ်..........
အချိန်သုံးနည်း သုံးမျိုးရှိပါတယ်.....
(၁) အချိန်ကို သုံးတာ...
(၂)အချိန်ကို ဖြုန်းတာ ..
(၃) အချိန် ဆုံးတာ  လို့သုံးမျိုးရှိတယ်လို့  လမင်းဖတ်ဖူးပါတယ်.........
လမင်းတို့ အချိန်ကို ဘယ်လို တန်ဖိုးရှိအောင် သုံးမလဲ  လမင်းရေးကြည့်မယ်နော်
အချိန်ကို  တန်ဖိုးထားပါ  အကျိုးရှိတာ တစ်ခုခု လုပ်ပါ  ငါ  ဖြတ်သန်း လာတဲ့ သက်တန် တစ်လျှောက်ဘာလုပ်ပြီးပြီလဲ.....
....
ငါ အတွက်  ငါ့ မိသားစု အတွက်   အများအတွက်   သာသနာအတွက်  လူမျိုး ဘာသာ ရေးရင်တော့စာရှည်မှ ဆိုလို့ ပါ...
သူငယ်ချင်းတို့ ပဲဆက် တွေးပေးပါ  ....
အခုလုပ်နေတဲ့ အလုပ် အပေါ်မှာ ကျေနပ်မူရှိရက်လား  စေတနာထားလုပ်ဖူးလား  သွားရင်လာရင်ရော ဘာတွေ အကျိုးရှိအောင်
လုပ်ဖူးလဲ..   ကုန်ဆုံးခဲ့ တဲ့ အချိန်တွေမှာ ရောကျေနပ်မူရှိရက်လား ...လမင်း အမေးလေးတွေပဲရေးသွားပါတယ်  ဘာလို့လဲဆိုတော့
လမင်းနဲ့ သိတဲ့ တက်တဲ့ သူတွေအများကြီးရှိနေလို့ပါ  သတိပေးတဲ့ အနေနဲ့ပဲ ရေးတာပါ........
ဆရာလုပ်ချင်မဟုက်ပါ   စေတနာလေးနဲ့ လမင်းရေးတာပါ  နားလည်ပေးစေချင်ပါတယ်...
အချိန်ကို ဖြုန်းတာတော့ မလုပ်စေချင်ပါဘူး  အခုခေတ်ဆို  အင်တာနက်ခေတ် ဆိုတော့  (ချက်တင်) တို့ (  ချက်ဘောက်)
တို့မှ ပဲအချိန်မဖြုန်းစေချင်ဘူး  ဆိုဒ်တွေ ထဲဝင်ရင်လည်း ဗဟုသုတ ရမဲ့ စာမျိုးတွေ နည်းပညာ တွေ လေ့လာ ရင်ကောင်းတာပေါ့နော်..
အင်တာနက်သုံးတာ အကျိုးရှိ အောင်လုပ်ရင် အများကြီးပါ  ဒါပေမဲ့  လမင်းတွေ့ နေကြတယ်  အခုခေတ် လူငယ်တွေ ကြူဖို့လောက်ပဲ..
အချိန်ကို ဖြုန်းနေသလိုပဲ  မိဘအတွက် အချိန်ပေးပါ  အဘိုးအဘွားအတွက် အချိန်ပေးပါ.. အကျိုးရှိတဲ့နေရာမှာ သုံးစေချင်ပါတယ်...
အသက်လေးရလာရင် အချိန်တွေ ဆုံးသွားတာကို နောင်တမရစေချင်လို့ပါ... လူဘ၀ရခဲ လှလို့  အချိန်ကို မဆုံးစေချင်ပါဘူးရှင်......
အနည်းဆုံး တနေ့ကို တရားတစ်ပုဒ်လောက်နားယူနိုင်ရင် ကောင်းတဲ့ အကျင့်လေးရတာပေါ့ နော် တရားအသိလေးရှိလာရင်
လောကဓံရဲ့ အနိမ့် အမြင့်ကို တည်ငြိမ်အေးချမ်းစွား ဖြတ်သန်း နိုင်ပါတယ်  ကိုယ်လုပ်ခဲ့ တဲ့ အချိန်တွေမှာ တန်ဖိုးရှိတာလုပ်တာရင်
ရင့်ကျက်စွာ ဖြတ်သန်း နိုင်ပါတယ်  စာများများဖတ်ပါ  အကျိုးရှိမဲ့ စာ ဗဟုသုတရမယ် စာ မျိုးပေါ့..
အချိန်ကို အကျိုးရှိအောင် သုံးပါ  မဖြုန်းပါနဲ့ မဆုံးပါစေနဲ့လို့  လမင်း ဒီပို့စ်လေးကနေ  သတိပေးလိုက်ပါတယ်....
ကိုယ့်ကိုကိုယ် ဆုံးမရင် သူငယ်ချင်းတို့ ကိုမျှဝေပေးလိုက်ပါတယ်..........
အားလုံးကို ကျေးဇူးတင်ပါတယ်.........
မြန်မာလူမျိုးများနဲ့ မေတ္တာပို့ခြင်းနှင့်ပက်သက်၍>
သူငယ်ချင်းတို့ကို လမင်း မေတ္တာပို့ချင်းနဲ့ ပက်သက်တာလေး ပြောပြချင်ပါတယ်....
              လမင်းဆို ဗုဒ္ဓဘာသာ မြန်မာလိုမျိုးတွေ မေတ္တာပို့တာနဲ့တော့မကင်းကြပါဘူး   သိရှိကြသလို
မေတ္တာပို့ဖူးတဲ့ သူတွေလည်းအများကြီးပါ။ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တိုင်း တစ်ဦးနဲ့တစ်ဦး ဆက်ဆံကြ တဲ့အခါ
မေတ္တာတရားပါမှ နစ်သက် မြတ်နိုးမူရှိကြပါတယ်။။။။။။
  ဒါပေမဲ့ စိတ်ထားလေးတွေနည်းနည်း လွဲနေကြလာလို့ပါ... မေတ္တာပို့တယ်ဆိုတာ အပြောနဲ့မေတ္တာတရားကများနေလာလို့ပါ..
သတ္တ၀ါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ လို့ ပါးစပ် ကသာ အမြဲရွတ်ဆို တက်ကြတာများပါတယ်။
     အလုပ်လေးပါ ပါးရင်ပိုကောင်းတာပေါ့ရှင်.. လူအချင်ချင် လှည်ပက်ချင် ကင်းဝေကြပါစေ ဆိုပြီး ကိုယ့်ကဦးအောင် လိမ်လည်နေကြ
တဲ့သူတွေ အများကြီးပါ လူတိုင်းမဆိုလိုပါဘူး အများအားဖြင့် လမင်းတွေ့ နေရတယ် ..။။
မေတ္တာပို့ရချင် ရဲ့ ရည်ရွယ်ချက်ကို သေချာ ကိုယ့်ကို ကိုယ် မလိမ်တမ်းမေးကြည့်ပါ ၊  သတ္တ၀ါတွေအပေါ်တကယ်ပဲမေတ္တာစိတ်ထားနိုင်လား။
ကိုယ်လိုရော ချမ်းသာစေချင်လား  အန္တရာယ်တွေကရော ကင်းလွတ်စေချင်တာလား ကိုယ်လိုပဲ အေးချမ်းစေချင်လား ။
  တကယ်သာ ဖြစ်စေချင်တာမှန်ခဲ့ရင် ကိုယ့်ကြောင့်ဖြစ်တဲ့ အန္တရာယ် အများကြောင့်ဖြစ်တဲ့ ဆင်းရဲချင်မျိုးတွေ ကမ္ဘာကြီးမှ ဘယ်ဖြစ်ကြတော့မလဲ
ဘယ်သတ္တ၀ါ မှ ဘေးရန်ဒုက္ခ မျိုးမတွေ့ ချင်ကြပါဘူး ကိုယ်လည်းမတွေ့ ချင်ဘူးမလား။
  ဒါကိုများလေး လူတွေကဘာလို့များ တစ်ဦးနဲ့တစ်ဦး အမုန်းပွားနေကြရတာလဲ ပါးစပ်ကသာ မေတ္တာပို့နေကြတာပါ လက်တွေ အလုပ်ကြတော့
လုပ်သူနည်းတယ်လို့ လမင်းထင်တယ်။
လူသားအချင်းချင်း မေတ္တာ စိတ်နဲ့နေကြမယ်ဆိုရင် တစ်ဦးတစ်ယောက် ဆင်းရဲဒုက္ခရောက်နေတာ မြင်လိုက်ရတာနဲ့ သနားကြင်နာစိတ်တွေ
အလိုလို ဖြစ်ပေါ်လာပြီး ကူညီချင်စိတ်တွေ ဖြစ်လာတာပါ  ဘယ်သူကိုမှ ဘယ်လိုဖြစ်ပါစေဆိုတဲ့ စိတ်မျိုးနဲ့တော့ မေတ္တာမပို့စေချင်ပါဘူးရှင်...
သတ္တ၀ါအားလုံး တူညီသောစိတ်ထားနဲ့ မေတ္တာပို့ပါ တက်နိုင်သလောက် ကူညီကြပါ။။
  အမှန်တကယ် သတ္တ၀ါတွေကို ကျန်းမာ ချမ်းသာစေချင်းတဲ့ စိတ်နဲ့ ပို့ပါ ငါမိသားစုမှ ငါဆွေးမျိုးမှ ဆိုတဲ့စိတ်လေးမထားမိပါစေနဲ့ ဘာပေးလို့
ဘာရမယ်ဆိုတဲ့ စိတ်လည်းမထားမိပါစေနဲ့ရှင်..လမင်းတွေ့ ဖူးတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ် သူချမ်းသာအောင် မေတ္တာပို့တာတဲ့ရှင်..
ဈေးရောင် ကောင်းအောင် ငွေဝင်အောင်ဆိုလာပဲ  လမင်းအံအော်မိတယ်။။
မေတ္တာပို့နည်းလေး လမင်းဖတ်ဖူးသမျှလေး မျှဝေမေးမယ်နော်  .ပထမဆုံး မီမီကိုယ်ကို အရင်စပို့ပါ ပြီးရင်ကိုယ်ချစ်တဲ့သူတွေကို ပို့ပါ။။
နောက် ကိုယ်မုန်းတဲ့ မကျေနပ်တဲ့သူကိုပို့ပါ ကိုယ်ကိုအန္တရယ်ပေးတက်တဲ့ သူကို ပို့ပေးပါ စိတ်ကိုတော့ ကိုယ့်ကိုကိုယ် မေတ္တာပို့တဲ့
စိတ်မျိုးထားပေးပါ  ဒါမှ ကိုယ်လိုသူကို ချမ်းသာစေချင်ရောက်မှပေါ့။။။။
မုန်းသူကိုအရင်စပို့ရင် မေတ္တာစိတ် ချက်ချက်မဖြစ်နိုင်ပါဘူး ဒါကြောင့် မိမိ ကိုယ်ကိုကိုယ် အရင်မေတ္တာပို့ရခြင်းပါ။။။
   ကွယ်လွန်သူတွေကိုလည်း သီသန့်မေတ္တာမပို့ရပါဘူး ကိုယ်ပြုလိုက်တဲ့ ကုသိုလ်တွေကိုသာ အမျှဝေပေးပါ...
လိင်ကွဲပြားသူ  တွေကိုလည်း မေတ္တာ မပို့ရပါဘူး မေတ္တာအစား ရာဂစိတ်တွေဝင်လာနိုင်ပါတယ်။။
   အမျိုးသမီးများဆို လိင်တူပဲ အရင်စမေတ္တာပို့ရပါမယ်  ယောင်္ကျားလေးများလည်းအတူတူပါပဲ  မေတ္တာပို့ရချင်းရဲ့ ရည်ရွယ်ချက်က
ရှိသမျှ လုံးစုံ သတ္တ၀ါအားလုံးဘေးရန်ကင်းစေချင် ဆင်းရဲကင်းစေချင် အန္တရယ်အပေါင်းမှ ကင်းဝေစေချင်ဆိုတာတွေကို  ကိုယ်နဲ့ထပ်တူ
ပွားများချင်လို့ အတိုချုပ်အားဖြင့်သိစေချင်ပါတယ်....လမင်းတို့ မြန်မာလူမျိုးဗုဒ္ဓ ဘာသာတွေဟာ အပြောကသာ မေတ္တာ မေတ္တာနဲ့
အလုပ်ကြတော့ မပါကြဘူး အားနည်းကြတယ် ဥပမာ လူတစ်ယောက် ဒုက္ခ ရောက်နေတာတွေ့ ရင် ကူညီဖို့ထပ် ငါတို့နဲ့ မဆိုင်ပါဘူးဆို ပြီးလှည့်
ထွက်သွားကြတာများတယ်။။။။။ တစ်ဦးနဲ့တစ်ဦး မေတ္တာ တရားထားစေချင်ပါတယ် စာနာပေးကြပါ တက်နိုင်သလောက်ကူညီပေးကြပါ...
    ဒါမှမေတ္တာ အကျိုးသက်ရောက်နိုင်မှာပါ  ကမ္ဘာကြီးလည်းငြိမ်းချမ်းမယ်  ကမ္ဘာဆိုကြီးကျယ်နေမလာပဲ ကိုယ်တိုင်းပြည် ကိုယ်လူမျိုးတွေ
အေးချမ်းစေမှ အမှန်ပါပဲရှင် အပြောအနေနဲ့လည်း မေတ္တာပို့ပါ  အလုပ်လေးလည်းပါကြပါလို့ လမင်းပြောချင်ပါတယ်..
လမင်းရေးတာ လိုအပ်ပါက လမင်းရဲ လိုအပ်ချက်ပါ စေတနာနဲ့ ရေးသာချင်ဖြစ်လို့ မေတ္တာထားပြီး နားလည်နိုင်ကြပါစေ..
သူငယ်ချင်းများကို နားလည်အောင်မရေးနိုင်  သဘောမပေါက်ဖြစ်ခဲ့ရင် လမင်းညံ့လို့ပါ.....
အားလုံးကိုကျေးဇူးတင်ပါတယ်  ကျန်းမာ ချမ်းသာကြပါစေလို့ တကယ်မေတ္တာစိတ်ရင်းနဲ့ ပို့သလိုက်ပါတယ်။။။။။။။။။
လူပီသ ပြီးလား
သူငယ်ချင်းတို့ရော လမင်းရော လူပီသပြီးလား  ဘာတွေလုပ်ပြီးပြီလဲ..
ဘယ်အရာတွေက လမင်းတို့ကို လူပီသ စေတာလဲ  သူငယ်ချင်းတို့ရော  ဘယ်လိုအရာတွေက
လူပီသတယ် ထင်မိလဲ  လူဖြစ်ရတဲ့ ရည်ရွယ် ချက်ကိုရော ကိုယ်ကိုကိုယ် ပြန်မေးဖူးလား......
လမင်း တရားနားရင် အသိလေးတစ်ခု ရလိုက်လို့  ဒီပိုစ့်လေးရေးပြီး သူငယ်ချင်းများကို  လမင်း အသိလေးမျှဝေပေးလိုက်ပါတယ်....
လူပီသနည်း သုံးမျိုးရှိတယ်လို့် ဆရာတော်က ဥူးသုမင်္ဂလ ဟောပြောဆုံးမဖူးတာ မှတ်သာဖူးတယ်ပါ.....
(၁) ကိုယ်ချင်းစာ တရားရှိရမယ် ...
(၂)မေတ္တာ သနားဂရုဏာ ထားတက်ရမယ်...
(၃)ဆင်ခြင်ညဏ် ရှိရမယ်တဲ့  အကောင်းအဆိုး ဝေဖန် နိုင်တဲ့ အသိညဏ်ပေါ့..
သူငယ်ချင်းတို့ ဘယ်လိုထင်လဲ ဆရာတော်ပြောသွားတာ လမင်းအရမ်း ကြိုက်တယ်....
လူတစ်ယောက်မှ ကိုယ်ချင်းစာတရားမရှိဘူး ကိုယ့်အတွက်ပဲကြည့်နေရင် ဘယ်လိုလူလို့ခေါ်တော့မလဲနော်
လူဆိုတာ ကိုယ်ချင်းစာတရားရှိရမယ်  ...
မေတ္တာတရားလည်းထားနိုင်ရမယ်  သနားဂရုဏာလည်း ရှိတက်မှ လူပီသတာပါ...
ကိုယ်ချင်းစာတရားရှိတယ် မေတ္တာတရားလည်းထားနိုင်တယ် သနားကြင်နာမူလည်းရှိတယ်
ဒါပေမဲ့ အကောင်းအဆိုး အကြောင်း အကျိုးကို သိရှိတဲ့ အသိညဏ်မရှိရင်လည်း လူတော့လူပဲ လူပီသတယ်လို့တော့ပြောလို့
မရနိုင်ပါဘူးရှင်  ..
ဘာလို့လဲဆိုတော့ သုံးဆယ်တစ်ဘုံမှ လူဆိုတာ အသိညဏ် အရှိဆုံးသတ္တ၀ါ ဖြစ်နေလို့ပါ....
လူဖြစ်ရတာ ကုသိုလ်ကံ အရမ်းကောင်းလို့ ဖြစ်ခွင့်ရတာပါ  လူဖြစ်လာကြတဲ့  လမင်းတို့ သူငယ်ချင်းတို့
လူပီသပြီးလာ  ဘာတွေလုပ် ပြီးပြီလဲ  ။။
    လူဖြစ်ခွင့်ရတုန်း မှာ အချိန်တွေကို မဖြုန်းစေချင်ပါဘူး  ယခု ဘ၀ နောင်သံသရာ အတွက် ဘာလုပ်ပြီးပြီလဲ။။။။
အခု အချိန်ဟာ လမင်းတို့ အတွက် အကောင်းဆုံးလူပီသဖို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးပါ...
သာသာနာ နဲ့ကြုံတွေ့နေတယ် သိတက်တဲ့ အသိညဏ်လည်း ရှိနေတယ် ဆို လူပီသဖို့ နည်းလမ်းတွေ့ အများကြီးပါ
လူအချင်းချင်း ကူညီကြပါ စာနာပေးကြပါ တစ်ကိုယ်ကောင်းအလုပ်မျိုးမလုပ်မိပါစေနဲ့
တရား နားယူကြပါ သူတော်ကောင်းတရား လိုက်နာကျင့်သုံးကြစေချင်ပါတယ်....
မေတ္တာတရားထားကြပါ  သနားကြင်နာဖေမပေးကြပါ  ။။။။။။
ကိုယ့်ကိုကိုယ် ဆုံးမရင် သူငယ်ချင်းများ အတွက်မျှဝေပေးလိုက်ပါတယ်..................