♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 1 October 2011

ဝေးမဲ့ စကားမပြောပါနဲ့ >>>>>>>

မင်္ဂလာပါ သူငယ်ချင်းတို့ ရေး  လမင်းဆရာတော် အရှင်ဆန္ဒဓိက တရားလေးနားရင် စိတ်ကူလေးရတာနဲ့ 
ပိုစ့်လေးတစ်ပုဒ်ရေးမယ်ပေါ့ ။
   ဆရာတော်ကတော့ နိဗ္ဗာန်နဲ့ ဝေးမဲ့ စကားမပြောနဲ့ပေါ့နော် တရားလေးကတော့အရမ်းကောင်းပါတယ်။

လမင်းပြောချင်တာကတော့ လူပတ်ဝန်းကျင်မှာ နေကြတဲ့ သူငယ်ချင်းတို့ စကားပြောတာတို့ စိတ်ထားလေးတွေထားတတ်အောင်လေးပါ။

ကိုယ့်က လူတစ်ယောက်ကို ပြောချင်တာတွေ ဆုံးမချင်တာတွေကို တစ်ဖက်သားနားဝင်အောင်ပြောတတ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။




လမင်းအကြောင်းလေးနဲနဲပြောကြည့်မယ်နော် လမင်းကအိမ်မှာသမီးကြီး ညီမနစ်ယောက်ရှိတယ်၊ သူတို့ လေးတွေကို
ဆုံးမနေတော့ လမင်းက လူတိုင်းကို ဆုံးမချင်တဲ့စိတ်လေးရှိနေတတ်တယ် ၊  ကိုယ့်ကိုကိုယ်တော့သတိမထားမိပါဘူး။
  သူငယ်ချင်းတွေဆိုလဲ အမြဲပြောတတ်တယ် ဘာကဘယ်လိုပေါ့ သူငယ်ချင်းအရင်းတွေဆိုတော့ လမင်းပြောသမျှခံတာပေါ့။
နားထောင်တဲ့ သူလဲရှိတယ်၊ဆရာမလုပ်နဲ့ ပြောတဲ့ သူလည်းရှိတာပေါ့၊ ငါကနင့်တို့ ကိုစေတနာနဲ့ပြောတာလို့ ပြောပြီး
စိတ်ဆိုးတတ်သေးတာလေး တကယ်တော့လမင်းက သူတို့တွေကို ပြောပြတတ်ပေမဲ့ နားဝင်ချိုအောင်တော့မပြောတတ်ဘူးပေါ့။
  ပြဿနာကတော့ လမင်းရည်းစားလေးတစ်ယောက်ထားတော့ ဇာတ်လမ်းကစပြီးနော် ခက်တာက လမင်းနဲ့အသက်ငယ်တော့
အမြဲတမ်း ဆုံးမတတ်တာပေါ့ ၊ အစကတော့ သူနားထောင်ပါတယ် လမင်းဘာပြောပြောပေါ့။

နောက်ပိုင်တော့ လမင်းကချုပ်ချယ်တဲ့ အဆင့်ရောက်လာတော့ သူစိတ်ရှုပ်လာတယ်တဲ့  ငါကနင့်ကို စေတနာနဲ့ပြောတာနားလည်ပါ။


ဘယ်လိုနေ ဘယ်သူနဲ့ မပြောနဲ့ ဘာလုပ်ပေါ့ ။
  တကယ်တော့ သူက လမင်းမဟုတ်တာကိုမေ့နေခဲ့တယ်၊ လမင်းအဲအချက်လေးကို မတွေးမိဘူး ကိုယ်လိုဖြစ်စေချင်တယ်၊ ကောင်းစေချင်တယ် သူ့ ဘ၀လေးတိုးတက်စေချင်တယ် သူ့ ကို ယောင်္ကျားကောင်းတစ်ယောက်ဖြစ်စေချင်ခဲ့ တယ် အဲတော့ တွေ့ တိုင် ပြောတတ်တဲ့ လမင်းကို ချစ်သူတွေတွေ့ တာ
ဒါတွေပဲပြောနေတော့မှာလား သူစိတ်ရှုပ်လာပြီးတဲ့ ကြည်နူစရားပျော်စရာလေးတွေပြောကြမယ်တဲ့  လမင်းကလဲ
ငါပြောတာနားထောင်  ငါခိုင်းတာလုပ်စကားမလွဲနဲ့ သေချာနားထောင် သိလား ဟုတ်ကဲ့  ဟုတ်ကဲ့ လို့ အမြဲပြောတတ်
ပေမဲ့  ကြာလာတော့ သူလမင်းကို အထင်လွဲလာတယ် ။
  လမင်းကအတ္တကြီးတယ် မာနကြီးတယ် အနိုင်ယူချင်တယ် ကိုယ်ဖြစ်ချင်တာပဲသိတယ်ဆိုတဲ့ စကားတွေပြောလာပါတော့

တယ်။ ကြာလေးအနိုင်ယူချင်စိတ်တွေများေ
နတယ်တဲ့  သူဘယ်လောက်ပဲချစ်ချစ် ဝေးဝေးမှာပဲနေတော့မယ်တဲ့ လမင်းကလဲ ကိုယ်ကကောင်းစေချင်လို့ ပြောတာကို သူကအဲလို


ပြောတော့ ဒေါသထွက်တာပေါ့ ။
ကောင်းပြီးဒါဆို ငါတို့ လမ်းခွဲလိုက်တာကောင်းတာပေါ့ အခုထိလည်း မတွေ့ ကြတော့ပါဘူး။

တကယ်တော့ လမင်း သူကို စေတနာထားပေမဲ့ စကားပြောမတတ်တဲ့ လမင်းစေတနာတွေက သဲထဲရေသွန်ဖြစ်သွားခဲ့တယ် ။


စိတ်မကောင်းလဲအရမ်းဖြစ်မိတယ် တကယ်ဆို လမင်းဒီလိုလေးလုပ်ကြည့်ပါလား ဒါလေးကတော့မကောင်းဘူးထင်တယ်
လို့ နားဝင်အောင်မပြောတတ်ခဲ့ တာပါ ။
လူတစ်ယောက်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်အားကြီးရင်လဲ သူများတွေကို အထင်သေးအပြစ်ရှာကြည့်တတ်တယ်လေ လောဘကြီးသွားခဲ့ တာပါ  သူ့ ဘက်ကို လမင်းထည့်မတွက်ခဲ့မိဘူး

ကိုယ်ဖြစ်ချင်ခဲ့တာကိုပဲရှေ့ တန်းတင်ခဲ့ မိတာပေါ့ ။လူတိုင်းမှာ မာနကိုယ်စီရှိတတ်ကြတယ်လေး ညီမတွေဆိုလဲ


မမ ဘာသိလို့ လဲ ပြောတတ်ပါတယ်။မမနဲ့ စိတ်ချင်မတူသလို အကြိုက်ချင်လဲမတူဘူးတဲ့ ဟုတ်ပါတယ် ။
လမင်းမေ့နေတာပါ သူတို့ တွေလဲ သူ့တို့ အသက်အရွယ်နဲ့သိသင့်တာတော့သိကြမှာပါပဲ။

သူငယ်ချင်းတို့ ကိုပြောချင်တာက ကိုယ်မေတ္တာရှိတဲ့ သူစေတနာ ထားတဲ့ သူတွေကို ဆုံးမပြောဆိုတော့မယ်ဆိုရင်


နားဝင်အောင်ပြောပါ လေသံမမာစေပါနဲ့ ဒါလုပ်လိုက်ဆိုတာနဲ့  ဒါလေးလုပ်ကြည့်ပါလား ကောင်းမယ်ဆိုတာကို
ပြောကြည့်ပါ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စကားမပြောမိပါစေနဲ့ သူက ကိုယ် မဟုတ်ဘူးဆိုတာ

ကို ဘယ်တော့မှာ မမေ့ပါနဲ့  ကိုယ် အတ္တကို ရှေ့တန်းတင်မိခဲ့ ရင်တော့ ကိုယ် ချစ်ခင်မြတ်နိုးတဲ့ သူမေတ္တာရှိတဲ့သူတွေ


နဲ့ ဝေးသွားကြပါလိမ့်မယ် လို့ ပြောချင်ပါတယ် ။

ဆရာတော်ကတော့ မသင့်မြတ်ကြတဲ့သူတွေကို ပြန်လည်းသင့်မြတ်လာအောင် သူများမကောင်းကြောင်းမပြောသင့်
တာ
လူတစ်ဖက်သားကို ဂုဏ်ချောစကားမပြောသင့်ကြောင့် မေတ္တာနဲ့ဝေးမဲ့စကား မပြောသင့်ကြောင့်ဘုရားမကြိုက်သလို
နိဗ္ဗာန်နဲ့ပါဝေးကြောင့် အရမ်းကောင်းပါတယ် လမင်းလည်း အသိလေးတစ်ခုရသွားပါတယ်။
လမင်းသိသလို သူငယ်ချင်းတို့ ကို သိစေချင်တဲ့ စေတနာလေးနဲ့ ပိုစ့်လေးရေးလိုက်တာပါ။
ဆရာတော်တရားလေးနားကြည်ရင်တော့အရမ်းကောင်းတာပေါ့ရှင် နားစေချင်ပါတယ် တရားနာမည်က ဝေး
မဲ့စကားမပြောပါနဲ့ တဲ့ 

အချစ်ကို မလှည့်စားနဲ့ ကောင်လေး >>>>

ကောင်လေး နင်အချစ်ကို
မလှည့်စားချင်ပါနဲ့
အချစ်ကနင် ငယ်ငယ်က ကစားခဲ့တဲ့
အရုပ်မဟုတ်ဘူး...

အချစ်မှာ အတ္တ တွေ မာနတွေ ဂုဏ်သိက္ခာ တွေရှိတယ်.....

ပတ်ဝန်းကျင်တွေ သံယောဇဉ်တွေ စိတ်တွေ
အချိန်တွေ နှလုံးသားတွေ အသိဥာဏ်တွေ

ပြောလို့ မကုန်အောင် များတယ် ကောင်လေး......

အချစ်ကနင့်ကို ပြန်ကစားခဲ့ ရင် ကောင်လေး ....

နင်ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး အချစ်ကိုလျှော့မတွက်ပါနဲ့ ...
တနေ့ နင့်ရင်ထဲကို အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာခဲ့ရင် ....

ကောင်လေး နင်ခံနိုင်မှာမဟုတ်ဘူး အချစ်ကလှည့်စားတတ်တယ်
နင်အချစ်ကို မလှည့်စားပါနဲ့ .............


ကောင်လေး ငါနင့် ကို မခံစားစေချင်ဘူး...........
နင်ချစ်တတ်လာတဲ့ တနေ့ အချစ်က နင့်ကိုညှာမှာ မဟုတ်ဘူး.....

ငါနင့်ကို သတိပေးလိုက်မယ် အချစ်ကနင်လှည့်စားဖို့ မဟုတ်ဘူးဆိုတာ...............
ဘယ်တော့မှာ မမေ့ပါနဲ့ 

ကိုယ်လုပ်တဲ့ အလုပ်မှာ ပျော်ရွှင်မှုရှိပါစေ>>>>>

မင်္ဂလာပါ သူငယ်ချင်းတို့ ရေး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.
..
လူတိုင်းဟာ အချိန်တန်လို့ အရွယ်ရောက်လာကြပြီးဆို ဘ၀အတွက် မိသားစုအတွက် အလုပ် တစ်ခုခုတော့
လုပ်ရစမြဲပါ ။
အလုပ် လုပ်တာ ဘာဆန်းလဲလို့ တော့ပြောစရာရှိတာပေါ့ ၊ ဆးန်တော့မဆန်းပါဘူး ဒါပေမဲ့ တစ်ခုတော့စဉ်းစားကြဖို့ ပေါ့နော် ကိုယ် လုပ်တဲ့အလုပ်မှာ
ပျော်ရွှင်ရဲ့ လား စိတ်ချမ်းသာမှုရောရှိရဲ့ လား ၊ ကိုယ့်ကိုကိုယ်မေးဖူးကြလား ။

ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ပျော်ရွှင်ကျေနပ်ဖို့ တော့ လိုတာပေါ့နော်။
လူဘ၀တိုတိုလေးမှာ ငွေမျက်နှာတစ်ခုထဲအတွက်နဲ့ တော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ရောင်းမစားမိကြပါစေနဲ့လို့ 
အကြံပေးချင်တာ ၊ ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်ကို ဘယ်လောက်ပျော်ရွှင်မှုရစေလဲ ပျော်ရွှင်စရာရော

ရှိလား၊ အလုပ်မှာပျော်ရွှင်မှ အလုပ် လုပ်လို့ ကောင်းတာလေး မပျော်ပဲလုပ်နေရတာ ဘယ်လောက်စိတ်ပင်ပန်းလိုက်မလဲ၊
တကယ်လို့ အခု လုပ်နေတဲ့ အလုပ်ကမပျော်ဘူ ၊ ဒါပေမဲ့ လည်း မလုပ်လို့ မဖြစ်ဘူးဆိုရင်းတော့ ပျော်အောင်နေလိုက်ပါ
အကောင်းဆုံး လုပ်လိုက်ပါ စိတ်ကိုအလုပ်ထဲ ခဏနစ်ထားလိုက်ပါ ဘေးပတ်ဝန်းကျင်ကို မေ့ထားကြည့်ပါ .။

ဒါဆိုရင်းတော့ ပျော်လာကောင်းပါတယ် မဖြစ်မနေလုပ်ရပြီးဆိုရင်လဲ ပျော်အောင်လုပ်ပါ ။စိတ်ကိုပျော်ရွှင်အောင်
ထားပါ။
   ရွေးချယ်စရာရှိတယ် ဆိုရင်တော့ ကိုယ်စိတ်ပျော်ရာကို ရှာလုပ်ပါ လူဘ၀တိုတိုလေးမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ
ပျောက်ဆုံးသွားတဲ့ အထိတော့ စိတ်ကိုပင်ပန်းမခံကြပါနဲ့ ၊ အလုပ်တစ်ခုမှာအောင်မြင်မှုရတာဟာ ကိုယ်လုပ်တဲ့ 

အလုပ်အပေါ်မှာ ပျော်ရွှင်ကျေနပ်ကြလို့ ပါ။
လုပ်ငန်ရှင်တွေ စီးပွားရေးသမားတွေကို မေးကြည့်ပါ အခု လုပ်တဲ့အလုပ်မှာပျော်လားလို့ ၊သေချာတယ် သူတို့ ဖြေမဲ့ 
အဖြေက မပျော်ရင်ဘယ်လုပ်မလဲဆိုတဲ့ အဖြေပဲရမှာပါ။

လမင်းသူငယ်ချင်းတို့ကို အတွေ့ အကြုံနဲ့ သိသလောက်လေး အကြံပေးချင်တာကတော့
(၁) ကိုယ်ဘာဝါသနာပါလဲ အရင်စဉ်းစားပါ
(၂) ကိုယ်လုပ်ချင်တဲ့ အလုပ်က ဘာလဲ....
(၃) ဒီအလုပ်မှာ ငါပျော်နိုင်ပါမလား....
(၄) ကိုယ်ဘယ်အလုပ်ကိုကျွမ်းကျင်လဲ....
(၅) အခု လုပ်မဲ့ အလုပ်ကို ငါဘယ်အတိုင်းအတာအထိလုပ်နိုင်မလဲဆိုတဲ့ အချက်တွေကိုအရင်စဉ်းစားပြီးမှ

ကိုယ်လုပ်မဲ့ အလုပ်ကိုရွေးချယ်လုပ်ပါ ။
ကိုယ်ရွေးချယ်လိုက်တဲ့ အလုပ်အပေါ်မှာလည်းပျော်ရွှင်မှုရှိပါစေ၊ ဒါဆိုလမင်းပြောရဲ တယ် ဘ၀ကို အေးချမ်းပျော်ရွှင်စွာ
လျှောက်လှမ်းနိင်ပြီးဆိုတာပါပဲ  ။  လမင်းသိသလောက်လေနဲ့ ခံစားရတာလေးမျှဝေလိုက်ပါတယ်
အမှားပါရင်သည်းခံပေးပါ  သူငယ်ချင်းများအားလုံးပျော်ရွှင်သောဘ၀ပိုင်ဆိုင်နိုင်ကြပါစေနော်..........

လမင်း အိပ်မက်ကနိုးထခဲ့ပါပြီ >>>>>>>

မင်္ဂလာသူငယ်ချင်းတို့ ရေ
ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်...
 ရွှေလေးနဲ့ မခွဲရလို့ ဝမ်းသာပျော်ရွှင်နေမိတယ် ။ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ....
ရွှေလေး အတွက် ကြိုးစားခဲ့ ကြတယ် အားလုံး အားလုံးပေါ့ တာဝန်ကိုယ်စီနဲ့ ပေါ့. အဲအချိန်မှာ လမင်းအသိလေးတစ်ခုဝင်လာတယ်။   လူတိုင်း ကိုယ့်အကြောင်းနဲ့ ကိုယ် ဘ၀ကို ကြိုးစားနေကြတာပါ  လူငယ်တွေ  အနာဂတ် ကို အကောင်းဆုံးလျှောက်လှမ်း
နေကြတယ် .။
    မိသားစုအတွက် ကြိုးစားနေကြတယ် ၊ အလုပ်မရှိတဲ့ သူတွေ အလုပ်ကို ကြိုးစားရှာနေကြတယ် ၊အလုပ်ရှိတဲ့သူတွေ
လည်း ကြိုးစားလုပ်နေကြတယ် ၊ကမ္ဘာကြီးမှာ ဘေးအန္တရာယ်  နဲ့ကြုံတွေနေကြတဲ့သူတွေ ဘ၀ကိုကြမ်းတမ်းစွာ

လျှောက်လှမ်းနေကြတဲ့သူတွေ မိဘတွေမရှိလို့ မိဘမဲ့ နေတဲ့ ကလေးတွေလည်း ၀မ်းနည်းနေကြတယ် အားငယ်နေကြတယ်။
သိပ္ပံပညာရှင်တွေ လည်း ကမ္ဘာကြီးကိုလေ့လာနေကြတယ် သမိုင်ပညာရှင်တွေလည်း အနာဂတ်လူသားတွေအတွက်
သမိုင်တွေကို ပြန်လည်းရှာဖွေးနေကြတယ် ။

  တိုင်းပြည် အတွက်အလုပ် လုပ်နေကြတဲ့သူတွေ ၊သာသနာအတွက် အလုပ်လုပ်နေတဲ့ သံဃာတော်မြတ်တွေ သူတော်ကောင်းတွေ အနာဂတ်အတွက်ဘ၀ သံသရာအတွက်
ကြိုးစားနေကြတယ်၊ စီးပွားရေအဆင်မပြေကြလို့ ရုန်းကန်နေကြတဲ့ သူတွေလည်းဒုနဲ့ဒေးပဲ အားလုံးအားလုံး
လူတွေ ကိုယ့် ဘ၀အတွက် တက်လမ်းတွေကို အမျိုးမျိုး ကြိုးစားနေကြချိန်မှာ  ငါ လမင်းငယ် ဘာတွေလုပ်နေလဲ။

   ပြောရရင် တကယ်ကို ရှက်စရာပါ ရှက်တတ်ရင်သေဖို့ သာကောင်းပါတော့တယ်။
လူတွေ ဘ၀ကို အမျိုးမျိုးကြိုးစားရုန်းကန်နေချိန်မှာ  လမင်းတစ်ယောက်  အချစ်ကို တန်ဖိုးထား အလွမ်းတွေကို မိတ်ဖွဲ့ 
 
မျက်ရည်တွေကို အဖော်လုပ်နေလိုက်တာ အချိန်တွေ အတော်လေးကို ကုန်သွားခဲ့ တယ် တကယ်ရှက်မိပါတယ်။

  လမင်းအချစ်ဆုံး သူငယ်ချင်းကပြောတယ် နင့် လုပ်သင့်တာကို လုပ်ပါတော့ အိမ်မက်တွေကနိုးထပါတော့တဲ့
နင့်ကို နင် ပြန်ကြည့်ပါအုံး အရင် လမင်းနဲ့ တူသေးလားဆိုတာကို  နင်မှန်ကြည့်မိလားတဲ့  မမိုက်ပါတော့နဲ့  အသိတရားဝင်ပါတော့
ကိုယ် ကို မချစ်တဲ့ သူတစ်ယောက်အတွက်နဲ့ နင့်အနာဂတ်ကို ဒီတိုင်လျှောက်တော့မလို့ လား နင်အဲလောက်မမိုက်ဘူးဆိုတာ ငါနင့်ကို ယုံတယ် အသိတရားဝင်ပါတော့ဟာတဲ့ လမင်းတကယ်ရှက်မိတာပါ ။။

  ဘယ်လောက်အထိလည်းဆို လမင်းအိမ်ကို တစ်လတစ်ခါဖုန်းဆက်တယ် ။
    စိတ်တွေရှုပ်နေတာနဲ့ ဒီလ ဖုန်းဆက်ရက်ကျော်သွားတယ် ။ မေမေက ပြောတယ် သမီးအသံသိပ့်မကောင်းဘူး။
နေမကောင်းဘူးလာတဲ့ စိတ်မကောင်းဖြစ်သွားတယ် ။ဖုန်းဆက်ရဲ့ တွေ ကျော်တယ်လို့ မေမေ လမင်းကို မဆူပါ၊ ရင်ထဲနစ်ဝင်သွားတာပဲ မေမေကဆက်ပြောတယ် သမီးဘာဖြစ်
နေလဲတော့ မေမေမသိဘူးတဲ့ ဒါပေမဲ့ မေမေသမီးကို ယုံတယ် ၊ပြဿနာတိုင်ကို သမီးအကောင်းဆုံးဖြေရှင်းနိုင်မယ်ဆို
တာ မေမေ သမီးကို ယုံကြည်နေတယ်တဲ့ မေမေစကားကြောင့် လမင်းအိမ်မက်ကနိုးခဲ့ပါပြီး။


 ဒီနေ့ကစ လမင်း စိတ်သစ် လူသစ်နဲ့ လုပ်သင့်တာနဲ့ ဖြစ်သင့်တာပဲစဉ်းစားတော့မယ် လို့ မေမေကို ရော သူငယ်ချင်း
ကိုပါ ကတိပေးလိုက်မိတယ် စိတ်ထဲကနေ  ရွှေထဲကသူငယ်ချင်းတွေကို လည်း လမင်း စိတ်သစ်လူသစ်နဲ့နေသွားတော့မယ်လို့ု့ ပြောရင် ရွှေလေးပြန်ရတဲအထိန်းအမှတ် အနေနဲ့ လမင်းဒီပိုစ့်လေးနဲ့ သူငယ်ချင်းတွေကို ကတိပေးလိုက်ပါတယ်။။
  လမင်းနဲ့ တူနေတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်လည်း လမင်း ဒီပိုစ့်လေးဖတ်ပြီး အသိတရားလေးရပါစေဆိုတဲ့ စေတနာလေးနဲ့ 
ရေးလိုက်မိပါတယ် ။ သူငယ်ချင်းများ အားလုံး ပျော်ရွှင်သော အနာဂတ်ကို မှန်ကန်သောရွေးချယ်မှုတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေ
လို့ ................................  လမင်း ပိုစ့်လေးကို အချိန်ပေးဖတ်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။။
အမှားပါရင်သည်းခံဖတ်ပေးပါ  ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘာပဲလုပ်လုပ်စေတနာ ထားလုပ်ပါ >>>>>>

မင်္ဂလာပါ သူငယ်ချင်းတို့ ရေပျော်ရွှင်ကြပါစေနော်...
လမင်းဒီတခါ ကိုယ်လုပ်တဲ့ အလုပ်အပေါ်စေတနာထားစေချင်တဲ့ အကြောင်းလေးပြောချင်ပါတယ်...
လမင်းတို့ တွေ အလုပ်ကို မဖြစ်မနေလုပ်နေကြရာမှာပါ  ဘာပဲလုပ်လုပ် စေတနာထားလုပ်ပါနော်

ကိုယ့်အလုပ်ကို တန်ဖိုးထားပါ ။
ကိုယ်ကအလုပ်သမားဖြစ်နေတယ်ဆိုရင်


လဲ စိတ်ဓာတ်ကိုမြင့် ပေးလိုက်ပါ   အလုပ်ရှင်ဆိုတဲ့
စိတ်လေးထားလုပ်ပါ ဒါဆို ကိုယ်ကအလုပ်ရှင်ဖြစ်သွားပြီးပေါ့နော် အားငယ်စရာမလိုတော့ဘူး ။`
ဘာပဲလုပ်လုပ် ငါ့အလုပ်ပဲဆိုတဲ့ စိတ်လေးပဲထားလုပ်ကြည့်ပါ။
  ကိုယ့်ရဲ့ အလုပ်ရှင်အပေါ်မှာလည်း စေတနာထားလုပ်လိုက်ပါ စိတ်ထားကောင်းလေးထားလိုက်တာနဲ့ကံတူအကျိုး
ပေးမှာပါ ၊ ဒါလုပ်လို့ ဒါရရာမယ်လို့ တော့မတွေးနဲ့ ပေါ့နော်။
ငါ အခု လုပ်နေတဲ့ အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံး စေတနာထားလုပ်မယ်ဆိုတဲ့ စိတ်လေးထားလုပ်ပါ။
ဒါဆို ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာလည်းချစ်ခင်တတ်လာမယ် ပျော်ရွှင်လာမှာပါ။

စေတနာဟာ ဘယ်တော့မှ အလကားမဖြစ်ဘူးဆိုတာ လမင်းအာမခံရဲတယ် သူငယ်ချင်းတို့ ဘ၀မှာလည်း တနေ့ အလုပ်ရှင်
ဖြစ်လာခဲ့ ရင်လဲ ကိုယ့်အလုပ်သမားတွေကို ပေးကမ်းပါ ကူညီပါ ဖေးမပါ စေတနာထားပေးပါ။

အလှူကြီးတွေ လှူမှ ကုသိုလ်ရတာမဟုတ်ပါဘူး ၊ လက်အောက်ငယ်သားတွေကိုထောက်ပံ့ခြင်းကလဲ ကုသိုလ်တမျိုးပါပဲလေ

ထိုနည်းသူ စေတနာအလုပ်သမားတွေနဲ့ ပဲတွေ့ ကြုံရမှာပါ၊ ကိုယ့်ကစေတနာ ထားလုပ်လိုက်တာဟာ

 ချက်ချင်အကျိုးပေးတာကတော့ ကိုယ့်ရဲ့ သူဌေးက ကိုယ့်ကိုယုံကြည်လာမယ် ၊မျက်နှာသာပေးလာမယ် ၊အခွင့်အရေးတွေ
ရလာမယ် နေရာကောင်းတွေပေးလားမယ် အခွင့်ကောင်းတွေရမယ်ပေါ့ ။

ဒါတွေကလက်ရှိ ခံစားရနိုင်တဲ့ အခွင့်အရေးတွေပေါ့ ၊ ကျန်တာကတော့ ကိုယ့်စေတနာအလိုက် စေတနာကောင်းရင်
ကောင်းသလို ထားနိုင်ရင် ထားနိုင်သလောက်ကို အကျိုးပေးသွားမှာပါ။
လမင်းပြောချင်တာက အလှူကြီးတွေ လုပ်နေမှ ဘုရားတည်၊ ကျောင်းဆောက်မှ ကုသိုလ်ရတာမဟုတ်ပါဘူး။

စိတ်သာအဓိက ဖြစ်လို့ စိတ်ထားကောင်းလေးပဲထားကြည့်ပါ ။

အလုပ် အပေါ် ၊ကိုယ့်သူငယ်ချင်း  ၊မိတ်ဆွေတွေအပေါ်  ၊  အလုပ်ရှင်အပေါ် ၊ မိသားစုအပေါ် ၊ ပတ်ဝန်းကျင်အပေါ်
စေတနာလေးသာထားကြည့်ပါ။

  
စိတ်ချမ်းသာစရာကောင်းသလို ကျေနပ်ဖို့ လည်းအရမ်းကောင်းပါတယ် ။လမင်းတို့ တွေကို ဦးဆောင်နေတာ စိတ်မဟုတ်လား စိတ်ထားလေးတွေပြောင်းကြည့်ပါ ၊စေတနာကောင်းလေးတွေထားကြည့်ပါ။
လူ့ ဘ၀တိုတိုလေးမှာ ကုသိုလ်လည်းရ ၊စိတ်ပျော်ရွှင်စရာလည်းဖြစ် ၊ ကိုယ့်ဘ၀ကို ကျေနပ်စရာလေးတွေနဲ့ 

ဘ၀တိုတိုလေးကို ကောင်းမွန်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။။။။
ကိုယ့်ကိုကိုယ်ဆုံးမရင်း သူငယ်ချင်းများကို မျှဝေလိုက်ပါတယ် ။။   

အမှားပါရင်သည်းခံပေးပါနော်  ။။။။။

အားလုံးကိုကျေးဇူးတင်ပါတယ်။။။။