♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥
Friday, 16 December 2011
ကျွန်မရဲ့ ချစ်ခြင်း♥♥♥♥♥♥
ကျွန်မတို့နှစ်ယောက်ရဲ့  တွေ့ ဆုံမှုက ဆန်းကြယ်တာလား အချစ်ဆိုတဲ့အရာကပဲ ကျွန်မရင်ထဲကို
တိတ်တဆိတ်လေးဝင်လာတာလား သေချာတာတော့ ကျွန်မသူ့ ကို အရမ်းချစ်မိနေပြီ
ကျွန်မလို ဘယ်ယောင်္ကျားလေးကိုမှ အထင်မကြီးတတ်သလို မိန်းမလဲသိပ်မဆန်တတ်တဲ့ကျွန်မကယောင်္ကျားတစ်ယောက်ကို
ချစ်မိနေတယ်ဆိုတော့သူငယ်ချင်းေ
တွကအံ့သြလို့ ပေါ့
ဟုတ်ပါတယ် ကျွန်မအကြောင်းသိတဲ့သူငယ်ချင်း
များက နင်ချစ်တဲ့သူလဲရှိမယ်မထင်ပါဘူး နင့်ဒဏ်ကိုခံနိုင်တဲ့
ယောင်္ကျားလည်းရှိလာမယ်မထင်ဘူးလို့ အမျိုးမျိုးထင်ကြေပေးနေကြပါတယ်
ကျွန်မရဲ့ အနိုင်ယူတတ်မှု စိတ်ကောက်တတ်တာတွေ အတ္တကြီးတာမျိုးတွေ ကိုယ့်ဖြစ်ချင်တာပဲတွေးတတ်ပြီ
တဘက်သားအတွက်ကို လုံးဝမစဉ်းစားတတ်တဲ့ကျွန်မက ဘယ်သူကိုချစ်နိုင်မှာလဲ သူငယ်ချင်းတွေပြောနေတတ်ကြတဲ့စကားတချို့ ပါ ဟုတ်ပါတယ် သူ့ တို့ ပြောကြတာ
မှားမယ်မထင်ပါဘူး နင့်ကိုချစ်တဲ့ချစ်သူကတော့ကံဆိုးတာပဲ ဒါတွေကလဲ အချစ်ဆိုတဲ့နူးညံ့မှုတွေနဲ့ ထိတွေ့ မှု
မရှိခဲ့လို့ ဖြစ်မှာပါ  ကျွန်မ အခု ချစ်တတ်နေပြီ သူတို့များရယ်နေကြမလား
သေချာပါတယ် ကျွန်မသူကို အရမ်းချစ်နေပြီဆိုတာ သူ့ ရဲ့ ဂျစ်ကန်ကန် အပြောအဆိုလေးတွေကို
ကျွန်မချစ်တယ် စကားကိုဘယ်တော့မှာအပိုအလိုမရှိေ
ပြာတတ်တယ် မလုပ်နိုင်တာကို ကတိမပေးတတ်သလို
သူများမကောင်းကြောင်းဆို ဘယ်တော့မှမပြောတတ်ဘူး ကျွန်မကိုလဲဘယ်တော့မှဝေဖန်တာမျု
ိးမလုပ်တတ်သလို
သူ အကျင့်လေးက လူငယ်တစ်ယောက်ဖြစ်ပြီရင့်ကျက်မှုတွေကကျွန်မထက်သာနေပါတယ် သူကျွန်မကို ကောင်းကောင်းလေးထိန်းသိမ်းနိုင်တဲ့အရည်အချင်းတွေ ရှိတယ်ဆိုတာကျွန်မခံစားမိတယ် သူတစ်ပါးပြောတာကို
လက်မခံတတ်တဲ့ ကျွန်မက သူပြောသမျှကိုချွင်းချက်မရှိ နားထောင်းတတ်နေခဲ့တယ်
နားဝင်ချိုအောင်မပြောတတ်ပေမဲ့ သူ့ ရဲ့ စကားပြောဟန်လေးတွေကို ကျွန်မချစ်တယ်
ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူနစ်ယောက်
တွေ့ ဆုံကြတယ် အချစ်ကဆန်းကြယ်တယ်ဆိုတာ ကျွန်မလုံးဝလက်မခံခဲ့ပါ အချစ်ဆိုတဲ့ အရာဟာ အလွန်တရားမှဆန်းကြယ်တယ်ဆိုတာကျွန်မ၀န်ခံရတော့မယ်
သူ့ ကို ကျွန်မ အတ္တတွေ တဏှာတွေ လောဘတွေ မပါပဲ အေးချမ်းသောမေတ္တာစစ်နဲ့ချစ်ခဲ့
တာပါ
ဘာမှပြန်လို ချင်တဲ့စိတ်မရှိတဲ့အချစ်မျိုးနဲ
့ပါ သူနဲ့ ဆုံစည်းရသည် ဖြစ်စေ သူကျွန်မကို မချစ်တော့ရင်ဖြစ်စေ
ကျွန်မသူ့ ကို ချစ်မြဲချစ်ဆဲပါ
ပေါင်းဆုံခွင့်မရပေမဲ့ ကျွန်မရဲ့ ချစ်ခြင်းတရားတွေပြောင်းလည်းမသွားပါဘူး ကျွန်မသူ့ ကို ပထမနဲ့ နောက်ဆုံးအချစ်တွေနဲ့ 
ချစ်မိခဲ့လို့ ပါ  နင့်မမိုက်ချင်ပါနဲ့ လို့ ပြောလာကြတဲ့စကားလုံးတိုင်းကို
လည်းကျွန်မလက်ခံလို့ မရပါ ကျွန်မသူ့ ကိုစချစ်မိထဲက ဖြူစင်မှုနဲ့ ပါ အရောင်တွေပါမလာခဲ့ပါဘူး သူနဲ့ ဆုံနိုင်ခွင့်ရခဲ့ရင်တောင်ကျွန်မ လိပ်ပြာလုံမယ်
မထင်ပါဘူး ဟုတ်တယ်ဒါဆိုကျွန်မအချစ်တွေ မှေးမှိန်သွားနိုင်ပါတယ် ကျွန်မသူ့ ကိုချစ်တဲ့အချစ်တွေကို ဘာနဲ့မှတိုင်းတာလို့ မရတဲ့ချစ်ခြင်းနဲ့ချစ်မိတာပါ
မဆုံနိုင်တာသိပေမဲ့ ဘယ်တော့မှ ကျွန်မ ဆုံရပါစေလို့ ဆုမတောင်းခဲ့ပါဘူး အချစ်ဆိုတာ ချစ်နေဖို့ ပဲလိုတယ်လို့ 
ကျွန်မခံယူထားလို့ ပါ သူမချစ်တော့ရင်လဲ ကျွန်မသူ့ ကိုချစ်တယ်သူ မေ့သွားရင်လည်းချစ်မယ်
ဒီတိုင်းလေးပဲကျွန်မသူ့ ကို ချစ်ချင်တာပါ ကျွန်မ အသက်ရှိနေသမျှ ကျွန်မနှလုံးသားတွေခုန်နေသ၍
ကျွန်မချစ်သွားမှာပါ  အချစ်ဆိုတာပေါင်းဘက်ရမှာတို့ အတူနေကြရမယ်ဆိုတာကို ကျွန်မလက်မခံပါ
ကျွန်မရဲ့ အချစ်တွေကို အမြဲတမ်း လန်းဆန်းနုပျိုချင်တယ် ဟောင်းနွမ်းသွားတာမျိုးကျွန်မအြ
ဖစ်မခံနိုင်လို့ ပါ
အချစ်ဆိုတာ ဖြူစင်ပြီသာအရာတခုပါ လူတွေရဲ့ အတ္တတွေ လောဘတွေကြောင့် အချစ်မှ ပူလောင်မှုတွေ
ဆွေးမြေ့ခြင်းအလွမ်းတွေနဲ့ပင်ပန်းဆင်းရဲခဲ့ကြတာပါအရောင်စုံ နဲ့ ချစ်ခဲ့ကြလို့ ပါကျွန်မသူ့ ကိုချစ်တဲ့အချစ်ကို ဘယ်လိုအရာတွေဘယ်သူတွေကမှတားဆီးပိတ်ပင်လို့ 
မရတဲ့မေတ္တာတရားနဲ့ ကျွန်မချစ်သူကို ချစ်တယ်  အေးချမ်းတဲ့မေတ္တာ နွေးထွေးတဲ့ ချစ်ခြင်း တည်မြဲတဲ့သစ္စာတရားတွေနဲ့
ချစ်နေတာပါ ချစ်သူ ချစ်နေအုံးမယ်ချစ်သူ ဆက်၍ချစ်နေမည်ချစ်သူ
ကျွန်မ ရဲ့ အချစ်တွေမေတ္တာတွေကြောင့် ချစ်သူလေး ပျော်ရွှင်အေးချမ်းသောဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ
ဆန္ဒပြုလိုက်ပါတယ် ချစ်သူ...............................
Wednesday, 14 December 2011
မြန်မာမိန်းကလေးဆိုတာ မမေ့ပါနှင့်
မင်္ဂလာပါ ရှင် ကောင်းသောနေ့လေးပါ......
လမင်း ဒီတစ်ခါ ညီမလေးတွေ သူငယ်ချင်းတွေအတွက်ရင်လေစရာလေးတွေ တွေ့ နေမြင်နေရတော့
ရေးချုင်စိတ်လေးဖြစ်မိတာနဲ့ ရေးတတ်သလောက်နဲ့ မြင်သလောက်လေးရေးချင်မိပါတယ်
လမင်းထက်သိတဲ့တတ်တဲ့ မမ တွေ မောင်နှမတွေအများကြီးပါ မှားတာရှိရင်နဲ့ လိုတာတွေ့ လျှင်
အကြံဥာဏ်ပေး ဆုံမနိုင်ပါတယ်ရှင်
  လမင်းပြောချင်တာက မိန်းကလေးများ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ တန်ဖိုးရှိအောင်နေပါ။
ကိုယ့်ကိုကိုယ် တန်ဖိုးထား မှ သူများက ကိုယ်ကို တန်ဖိုးထာမှပါ။။
တန်ဖိုး သိတဲ့သူဆို တန်ဖိုးရှိတာပဲ ရွေးကြပါတယ်၊တန်ဖိုး ဆိုတာ လူကဆုံးဖြတ်တာလို့
ပြောကြပေမဲ့ လူ့ ပတ်ဝန်းကျင် မှာနေတာဖြစ်လို့ တန်ဖိုးရှိအောင်တော့ နေသင့်ပါတယ်။။
    မိန်းကလေးများကအဓိကပေါ့မိန်းကလေးများကို အများကပန်းလေးတွေလို့တင်စား
ကြပါတယ်။
     မှန်ပါတယ် ပန်းဆိုတာ အပင်မှတော့ လိုချင်သူတွေများကြပါတယ်။ လူရဲ့သဘောကိုက
မရတာတို့ ခက်ခဲတာဆို ပိုတောင်း တတတ်မက်ကြပါတယ်။
   ရပြီသွားလျှင်တော့ ထားချင်သလိုထား ကြတော့တာပါ ။ထားချင်သလိုဆိုတာကြွင်းချက်တော့ရှိပါတယ်ကိုယ်တိုင်းကတန်ဖိုးရှိထားလျှင်တော့
တစ်ဘက်သားသူကလဲ တန်ဖိုးထားတတ်ကြပအါတယ် ၊ဒါကြောင့်  မိန်းကလေးဖြစ်လို့ 
 အားငယ်စရာတော့မရှိပါဘူး ။။
  ကိုယ်ဘ၀ကို အဖိုးတန်အောင်ဖန်ဆင်းမယ် ဂုဏ်ကိက္ခာ ရှိအောင်နေမယ် တန်ဖိုးရှိအောင်နေရင် တန်ဖိုးရှိတဲ့သူ ဖြစ်လာမှာသေချာပါတယ် ကိုယ်တိုင်းကဂုဏ်သိက္ခာရှိလျှင်ဂုဏ်သိက္ခာရှိတဲ့သူနဲ့ပဲတွေ့ နိုင်ပါတယ်။။
   ဥပမာ လူကောင်းတစ်ယောက်ဟာ သူတော်ကောင်းသူမြတ်လောင်းတွေကို စည်းကပ်သလိုမျိုးပေါ့။။။
  မိန်းကလေးများ အထူးသတိထားရမဲ့ အချိန်ကတော့ ရည်းစားထားတတ်တဲ့ အရွယ်နဲ့
စိတ်ကစားတတ်တဲ့ အရွယ်တွေပေါ့။။။
   ငယ်ရွယ်ကြတော့ အမှားမကင်းနိုင်ကြဘူးဆိုပေမဲ့ ပြင်လို့မရတဲ့ အမှားနဲ့ ပြင်နိုင်တဲ့အမှား
ဆိုတာရှိတယ်။။
     အမှားတိုင်းဟာ သင်ခန်းစာယူလို့ရတဲ့ ဆိုပေမဲ့ ပြင်မရတဲ့ အမှားဟာကိုယ်ဘ၀ တစ်
လျှောက် လုံးကိုနောင်တ များနဲ့ ဖြတ်သန်းသွားကြရတာတွေ ရှိတက်ပါတယ်။
ဘ၀ဆိုတဲ့ခဏတာလေးမှာ အကောင်းဆုံးနဲ့ တန်ဖိုးရှိအောင်နေနိုင်ကြရင်အကောင်းဆုံးပေါ့
ဒါကြောင့် ဘ၀မှာ ပြင်မရတဲ့ အမှားတွေ မဖြစ်ရလေအောင် ကိုယ်ရဲ့ စိတ်ကို အလိုမလိုက်ပါနဲ့ စိတ်ကွယ်ရာကို ရှောင်ပါ။။။
   ရည်းစားလည်းအများကြီးမထားပါနဲ့ ထားတော့မယ်ဆို သေချာစဉ်းစားဆုံးဖြတ်ပါ။။
ရည်းစားဖြစ်သွားရင်လည်း စည်းဆိုတာ ထားပါ နားလည်မူယူကြပါ  ကိုယ်ချစ်သူကိုလည်း
အလို မလိုက်မိပါစေနဲ့ ခုခေတ် ကတိုးတတ်လာတာတဲ့ ဘာတွေ တိုးတတ်လဲတော့မသိဘူး။
   မြန်မာပြည်မှာ အရက်ဆိုင် ဘီယာဆိုင် ကာရာအိုကေ  night club တွေ dayclubတွေများလာတာပဲတွေ့ မိတယ်။
  မြန်မာပြည်မှကလဲ အခုကိုးရီယားခေတ်ဆိုတော့ အ၀တ်အစား အနေအထိုင်ကအစ
ဘာတွေဖြစ်ကုန်ပြီးလည်း မသိတော့ပါဘူး ။။
အတုယူကြပါ မယူရဘူးမဟုက်ပါဘူး ကောင်းတာလေးတွေ ယူကြပါ အခုဟာက
  မြန်မာ လူမျိုးတွေက နိုင်ငံခြား ကမကောင်းတာအကုန် အတု ယူကြတာ တကယ်ကို
စိတ်မကောင်းစရာပါ  အင်တာနက်ခေတ်တဲ့မကောင်းဘူးလားကောင်းပါတယ် အသုံးချတတ်လျှင်ပေါ့ 
ကိုယ့်ချစ်သူဆိုပြီလဲ မျက်စိ(လုံး) စုံမှိတ်မယုံလိုက်ပါနဲ့  vzoချက်မယ်  skype သုံးမယ်ဆို  ဆင်ခြင်ပါကိုယ့်ချစ်သူပဲဆိုပြီ
ခိုင်းတိုင်းမလုပ်မိပါစေနဲ့ လို့ အကြံပေးချင်ပါတယ်
သူများတွေကိုကြီး ပြောတာမဟုက်ပါဘူးကိုယ့်ကိုကိုယ်သတိပေးရင်း
  အိမ်မှလည်း လမင်းညီမ အလတ်မရှိတယ် ၀တ်တာစားတာက အမြဲပြောနေရတယ်၊ နိုင်ငံခြား ဆိုတာက သူတို့နိုင်ငံ သူတို့ ယဉ်ကျေးမူနဲ့ တော့ ဘာမှမဖြစ်ပေမဲ့ မြန်မာ မျက်စိ (လုံး)နဲ့ကြတော့ အတော်လေးကို ကြည့်ရဆိုးတာပါ။။။
   လူတစ်ယောက်ရဲ့ ဂုဏ် သိက္ခာ ဟာ အနေအထိုင်နဲ့တင် မဟုက်ပါဘူး အ၀တ် အစားမှပါ
အများကြီးပါဝင်ပါတယ်။။။
   လမင်းကတော့အားလုံးကို စေတနာလေးနဲ့ ပြောတာပါ ဆရာလုပ်တယ်လို့တော့မထင်စေချင်ဘူ
း  အိမ်မှလည်း လမင်းကသမီးကြီးဆိုတော့ အစစအရာရာ ဆင်ခြင်နေရတယ် ။
 အနေအထိုင်လေးများ နည်းနည်းမှားတာနဲ့ ငါ့ညီမလေးတွေများ အတုခိုးမှားမလားဆိုတဲ့
စိတ်နဲ့နေရတာလေး လူကကြာတော့အဖွားကြီးလေး ဖြစ်နေပြီ။
သူတို့ကိုကောင်းစေချင်လို့ပြောတော့ ပွစိပွစိနဲ့တဲ့အပျိုကြီးဆိုတော့လဲဇီဇာကြောင်တာပါ :)
အကြောင်ကောင်းလေးပါရှင့် :P
 လမင်းပြောချင်တာလေးကို နားလည်ကြလိမ်မယ်ထင်ပါတယ်ရေးတတ်သလောက်ရေးမိပါတယ်
လမင်းစေတနားလေးကို အသိအမှတ်မပြုလျှင်နေပါ တစ်မျိုးတော့မထင်စေချင်ပါဘူး။။
အားလုံးကို မောင်နှမစိတ် ဓာတ်လေးနဲ့ အသိပေးတာပါ ။။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
ဒီစာကို လမင်းညီမလေးဆီ ပို့တဲ့ စာကို ကိုးကားပြီးရေးထားတာပါ။
Sunday, 11 December 2011
ချစ်သူလေးသိစေ♥♥♥♥♥♥
ငါမသိလိုက်တဲ့အရာတစ်ခု
ငါ့ရင်ထဲကို ဒုန်းစိုင်းဝင်လာခဲ့တယ်
ရှောင်လွှဲလို့ မရ တည့်မတ်စွာ
နှလုံးသားတည့်တည့်ကို ထိသွားခဲ့တယ်
တကယ်တော့ ကိုယ့်အားနည်းချက်နဲ့
ကိုယ်မို့ရိုးသားစွာလဲကျသွားတာပါ
ဆွဲဆောင်တာမဟုတ်ပါဘူး
ရင်ထဲကို အလိုလိုရောက်လာတာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောကြလို့ ရိုးများနေလား
မထင်လိုက်ပါနဲ့ ချစ်သူ
စကားလုံးမရှိသလို စာတွေလည်းဖွဲ့ လို့ 
မှီမယ်မထင်ပါဘူး
လူတိုင်းရဲ့ အချစ်ဟာ ကုန်ချင်မှကုန်မယ်
နှလုံးသားတော့အပိုမပါဘူးလေ
ငါ့နှလုံးသားကို ငါပိုင်တယ်
ချစ်သူနားလည်မယ်ဆိုရင်
ငါ ရင်ခုန်သံတွေ
သေချာ နားထောင်ကြည့်ပါ ချစ်သူ
ဝင်သက်ထွက်သက်တိုင်းမှာ
မင်းပဲရှိနေတာလေ
မင်းအကြောင်းပဲ တွေးနေမိတယ်
ရှေ့တိုးဖို့ မဖြစ်နိုင်ပေမဲ့
နောက်ဆုတ်ဖို့ လည်း ငါ မတတ်နိုင်ပြန်ဘူး
ချစ်သူ
ဘရိတ်အုပ်ပြီး ပြန်လည်တည့်မတ်လာ
နိုင်အောင် ကြိုးစားနေဆဲပါ
ငါကြိုးစားနေတာ ချစ်သူကို မေ့ဖို့ မဟုတ်ဘူးနော်
ရင်ခုန်သံတွေကို  တည်ငြိမ်လာအောင်ပါ
စိတ်ချပါ ချစ်သူ
ငါ အသက်ရှူတိုင်းငါ့ နှလုံးသားတွေခုန်နေ
သမျှ  ချစ်၍နေအုံးမည် ချစ်သူ.....
....
Thursday, 8 December 2011
အချစ်ကံခေတဲ့ ကျွန်မ♥♥♥♥♥♥
ဒီနေ့လည်း စိတ်ထဲစာရေးချင်စိတ်လေးဖြစ်တာနဲ့ ဘာရေးရမလဲစဉ်းစားနေပြန်ရော
ရေးစရာမရှိတော့လဲ ကိုယ့် အကြောင်းလေးတွေးပြီရေးမိပါတယ်
စိတ်ဆိုတာလဲခက်သားလား တွေးချင်ရာတွေး ထင်ချင်ရာထင်နေတတ်တာလေဘာရယ်မဟု
တ်
မသိခဲ့တဲ့ အတိတ်အကြောင်း ကုန်လွန်ခဲ့တဲ့အတိတ်အကြောင်းတွေ
ခေါင်းထဲကို တသီတတန်းကြီးဝင်လာပါတော့တယ်
အခုတလောစိတ်ထဲသိပ်မကောင်းတာနဲ့ လက်ရှိဖြစ်နေတာလေးကိုပဲအကြောင်
းပြုပြီတွေးမိတော့
ဘာရယ်မဟုတ် လူတိုင်းတွေ့ ကြုံဖူးတဲ့ အချစ်အကြောင်းခေါင်းထဲရောက်လာတာ
ပေါ့
အချစ်အကြောင်းဘယ်လောက်သိလို့ ပြောရတာလဲဆိုတော့ မသိပါဘူး လုံးဝကို မသိချင်ခဲ့တဲ့အရာက အချစ်ဆိုတာပဲ
ကျွန်မအတွက် ပိုမှန်နေပါလိမ့်မယ် မသိပေမဲ့ အချစ်ဆိုတာကိုကြားမိတာနဲ့ အလိုလိုကြောက်နေတတ်တာလေ
အချစ်ဆိုတာ ကြောက်စရာမဟုတ်ဘူးလို့ ပြောကြပါတယ် ။
ဟုတ်ချင်လဲဟုတ်နိုင်ပါတယ် ဒါပေမဲ့ကျွန်မအချစ်ဆိုတာကို ကြောက်နေမိတယ် အကြောင်းအရာတစ်ခုကိုကြောက်တယ်ဆိ
ုတာ
ကြောက်စရာကြုံဖူးလို့ကြောက်တာပါ
၊ အကြောင်းမဲ့ တော့ဘယ်အရာမှာမကြောက်ကြပါဘူး  ကြည်နူးစရာ ပျော်ရွှင်စရာတွေနဲ့ ကြုံဖူးတဲ့သူတွေကတော့ အဲ့အရာကို ဘယ်ကြောက်ကြမလဲ ကျွန်မကြုံဖူးတဲ့
အချစ်ကတော့ ၀မ်းနည်းခြင်း ပူလောင်ခြင်း ခွဲခွာခြင်း အမျိုးအစားထဲကမထွက်ခဲ့ပါဘူး။
ဒါကလဲ အချစ်ကို အပြစ်ပြောလို့ မရပါဘူး ကျွန်မရဲ့ အတိတ်ကံအကျိုးပေးထင်ပါတယ် ။
ဘယ်ဘ၀က ဘယ်သူတွေကို ဘာလုပ်ခဲ့လဲ သူတစ်ပါးချစ်ရေးအိမ်ထောင်ရေးတွေ
ကို စော်ကားခဲ့သလဲ ဘယ်သူတွေရဲ့ ချစ်ခြင်းကို
ခွဲခဲ့လဲဆိုတဲ့အတွေးစတွေခေါင်း
ထဲဝင်လာမြဲပါ ။
သလို ကြားရတတ်ပါသေးတယ်
ယခုဘ၀အချစ်ကံမကောင်းကြတဲ့သူတွေ
ဟာ အတိတ်ကပြုလုပ်ခဲ့ဖူးတဲ့ မကောင်းကံတွေ သူတစ်ပါးရဲ့ ချစ်ခြင်းကို
ခွဲခဲ့တဲ့သူ သူတစ်ပါးအိမ်ထောင်ကိုပြိုကွဲေ
စခဲ့တဲ့သူဟာအချစ်ရေး ၊ အိမ်ထောင်ရေးမှာဘယ်လိုနည်းနဲ့မှအကျိုးပေးမကောင်းနိုင်ပါဘူးပေါ့
ကိုယ့်မသိနိုင်တော့တဲ့ အတိတ်ကံကိုပဲ အပြစ်ပုံချရတော့မလား ကျွန်မ  မသိတော့ပါဘူး ။ အချစ်ကံခေတယ်လို့ ပဲပြောရမလား ဒါမှမဟုတ် အပျိုကြီးဇာတာများပါလေသလား :)
ကိုယ်ပြုသည့်ကံကိုယ်ထံပြန်လို့ ပြောရမလား ၊ဘယ်သူမပြုမိမိမှုလို့ ပဲသတ်မှတ်ရမလား။
ကျွန်မနှလုံးသားကျွန်းခံနေတယ်လိ
ု့ ပဲအော်ဟစ်နေရမလား ၊ အချစ်ဟာမီးလားလို့  ကလေးတစ်ယောက်လို့ အော်နေလို့ ရရင်လဲကောင်းသား
အခုတော့ အကောင်းကြီးကနေထဖောက်နေတယ်ဆြို
ပီ အထင်ခံရမှာတော့သေချာနေပြီ
ကျွန်မဘာလုပ်သင့်လဲ စိတ်တွေပူလောင်လိုက်တာ ဆရာတော်တွေဟောပြောနေသလိုပဲ အနှိုင်းမဲ့မီးပါလာနော်
တဏှာ ၊ရာဂ၊ အတ္တတွေ မကုန်သ၍တော့ ပူလောင်အုံးပေါ့ ပုထုဇဉ်ပီပီလောင်မြိုက်ဝါးမျို
ခံရအုံးမယ်ပေါ့
လွတ်အောင်မရုန်းနိုင်သေးဘူလေး ပိုးဖလံမျိုးမို့ မီးပုံတိုးနေတာပါလို့ ပဲဆင်ခြေပေးနေရအုံးမှာပေါ့ရှ
င်
တစ်ခုတော့ ရှိတာပေါ့ အဆိုးထဲက အကောင်းကိုရွေးမိတာက ကျွန်မတရားတွေပိုနာဖြစ်တယ် ပုတီးစိပ်ဖြစ်တယ်
အချိန်ရသလောက် တရားထိုင်ဖြစ်တယ် ဒါတွေကကျွန်မ အတွက်တော့ အဆိုးထဲကအကောင်းလို့ ပဲပြောရတော့မယ်
ဟုတ်တယ် ကျွန်မ အကောင်းဆုံးလမ်းကိုတွေ့ ထားတာတောင် ဘာလို့ စိတ်ညစ်စရာတွေကို ကြံဖန်စဉ်းစားနေရတာလဲ
ကျွန်မလမ်းမှန်ကို လျှောက်ခွင့်ရနေတာလေ ဘာအတွက်ကြောင့် တွေးဝေနေရတာလဲ သြော် ပုထုဇဉ်ကိုနော် :)
အဖြေတစ်ခုတော့ရလိုက်ပါတယ် ကျွန်မအချစ်ကံမကောင်းခဲ့တာမဟုတ်
ပါ မကောင်းကံလုပ်ခဲ့မိလို့ပါ
အကြောင်းအရာတိုင်းမှာအဖြေရှိပြီ
းသားလေ ကျွန်မ ကံကိုပြုပြင်ရတော့မယ် မသိတော့တဲ့အတိတ်ကံကို အပြစ်ဖွဲ့ နေမဲ့အစား လက်ရှိကျွန်မလုပ်နိုင်တဲ့ကံကို အကောင်းဆုံးလုပ်လိုက်တာက ကျွန်မအတွက်အကောင်းဆုံးဖြစ်မှာပါ
တွေးမိတွေးရာတွေးလိုက်တော့လဲ စာလေးတစ်ပုဒ်ဖြစ်ပါတယ် :)  ကျွန်မလိုပဲ အချစ်ကံခေသူများ အချစ်ရေး
ကံမကောင်းကြသူများ စိတ်ညစ်နေမဲ့အစား ကိုယ့်ရဲ့ လက်ရှိ အချိန်လေးကို အကျိုးရှိစွာအသုံးချတတ်ပါစေဆို
တဲ့ အတွေးကလဲ ၀င်လာပါလေရောရှင် တော်ပါပြီလေ  အချစ်ကံခေသူကနေ အချစ်ဆရာမကြီးဖြစ်နေအုံးမယ် :P
Tuesday, 6 December 2011
ကျွန်မမြန်မာလူမျိုးပါ
မင်္ဂလာပါ သူငယ်ချင်းတို့ ရေး ကောင်းသောနေ့လေးဖြစ်ပါစေ..
ဒီတစ်ခါတော့ လမင်း မြန်မာပြည်က သူငယ်ချင်းများနဲ့ စကားပြောဖြစ်တာလေး
ရေးချင်နေတာကြာပြီး၊မအားတာနဲ့ အရှုပ်တွေရှင်းနေရတာနဲ့  အခုပဲရေးဖြစ်တော့တယ်။
လမင်းနဲ့ သူငယ်ချင်းတွေ  နှစ်ရက် သုံးရက် တစ်ခါ တော့တွေ့ ဖြစ်ပါတယ်။
vzo နဲ့ ပေါ့  အချိန်မတူတော့ ညှီယူပြီးပြောကြတာပဲ ။
သတိရတာကို လမင်းကမြန်မာပြည်က လွဲလို့ ဘယ်မှ သွားချင်တဲ့ သူမဟုတ်ပါဘူးရှင် အကြောင်းကြောင်းတွေကြောင့်
ဘ၀ပေး ကုသိုလ်ကြောင့်ပဲပြောရမှာ ပေါ့ ။
  လမင်းကတော့ ကိုယ်နှိင်ငံလေးကိုပဲ ချစ်တယ်  ရိုးရာအကျင့်  စရိုက်လေးတွေကိုလည်း
နစ်သက်တယ်လေး အခုရောက်တဲ့  နေရာနဲ့ လမင်းနဲ့ တော့   ပြောတော့ဘူး။
လမင်းပြောချင်တာကတော့ သူငယ်ချင်းတွေပေါ့ vzo  ချက်ရင် လမင်းက သနပ်ခါးလိမ်း
ထားတက်တယ် ဘယ်မှာသွားစရာမရှိရင်ပေါ့။
  အဲတော့ ပြောလိုက်ကြတာ နင့်ကလည်း နှိင်ငံခြားမှာနေပြီး သနာခါးတွေနဲ့ 
မရှက်ဘူးလားတဲ့ လမင်းကတော့ တစ်ခါမှာမတွေးမိပါဘူး။
ဘယ်လိုပြောလိုက်တာလဲ သနာခါးလိမ်းတာရှက်စရာလား ငါမတွေးမိပါဘူး ။
နင့်ကတော့တောသူကိုတဲ့ ဟုတ်တယ်လေး ငါကတောသူပဲဟာ မြန်မာလူမျိုး
သနာခါးကြိုက်တာ တောသူဆိုလည်း နင့်တို့ ပြောသလိုပေါ့ဟာ လမင်းကလည်း
သနာခါးဆို အရမ်းကြိုက်တာ မလိမ်းပဲကိုမနေနိုင်တာလေး သွားစရာရှိရင်တောင်း
ပါးပါးလေးတော့ လိမ်းတက်သေးတာ မြန်မာပြည်ကဘာလိုလဲမေးရင်သနပ်ခါးနဲ့ မြန်မာ
ဝတ်စုံပဲ မှာတာ ကျန်တာဘာလိုလဲမေးရင်ဘာမှမလိုဘူးဒီမှာ ပိုက်ဆံရှိရင်အကုန်ရတယ်လို့ ငါးပိရည်လည်းရပါတယ် တစ်ခါလေးများလမင်း ငါးပိနဲ့
ထမင်းစားရင်းလက်နဲ့ စားတာလေး သူတို့လာလို့ ခဏလက်ဆေးအုံးမယ်ဆို နင့်ကလက်နဲ့ 
စားတာလား အဲမှာနေပြီးတော့ လက်နဲ့ မစားလို့ ဘာနဲ့ စားရမလဲ ပြန်ရစ်ရော
လမင်း အပြင်မှာ စားတာလောက်ပဲ အိမ်မှာဆို အားရပါရဆွဲတာ ဟိဟိ
အစားကြီးတာဟုတ်ဘူးနော် လက်နဲ့ စားရတာကိုအားရလို့  ဓာတ်ပုံရိုက်ပို့ ရင်လည်း
မြန်မာဝတ်စုံးနဲ့ ဆို ပြောလိုက်ကြတာ ရစရာကို မရှိ လမင်းမှာတော့ ၀တ်ချင်းလွန်လို့ 
ဘုန်းကြီးကျောင်း ဘာအလှူရှိမလဲပဲကြံနေတာလေး အဲဒါမှ လမင်းဝတ်ရတာကို
   လမင်းပြောချင်တာ လမင်းကမြန်မာ မိန်းကလေးပါ ဘယ်နှိုင်ငံရောက်ရောက်
ကိုယ် ရိုးရာ အကျင့်စရိုတ်တော့ မပျောက်ဘူးရှင့်  တကယ်ပါ  လမင်းမြန်မာပြည်ကို
ချစ်တယ် လွမ်းတယ် ပြန်ချင်တယ် ။
  လမင်းမေမေရဲ့ ငါးပိချက်နဲ့ ချဉ်ပေါင်ဟင်းလည်းစားချင်တယ် ။ ဒီကအစားတွေ လုံးဝ
မကြိုက်တဲ့ လမင်းဒုက္ခ ရောက်ပါတယ်။
အစွဲကလည်းကြီးတယ် မစားဘူးဆို မစားဘူးပဲ ဘယ်သူပြောပြော စားကြည့်ပါ ။
ကောင်းတယ် စားကြည့်တော့သိတာပေါ့ မစားပဲဘယ်လိုသိမလဲပေါ့ ။ ကြည့်တာနဲ့ သိ
တယ် ငါမကြိုက်ဘူးလူတိုင်းလက်မြှောက်တယ်။ ဘာစားမလဲ ဆို မြန်မာမုန့်  မြန်မာဟင်း
ဘုန်းကြီးကျောင်းဈေးပွဲတော်ဆို လမင်းအရမ်းပျော်တာပေါ့ စားချင်တာလေးတွေစားရလို့ 
တစ်နစ်မှ တစ်ခါနှစ်ခါဆို တော့ ဟဲဟဲ ဘယ်ရမလဲ အ၀စားတာပဲ။။
မြန်မာပြည်က သူငယ်ချင်းတွေကတော့ ဒီကအစားတွေကို ပါးစပ်ကကို မချတာ အဲတော့
လမင်းကို ဘာဖြစ်လဲထင်လဲ ဒိတ်အောက် တယ်ဆိုပဲ အစားကောင်း အ၀တ်ကောင်း
မ၀တ်တက်ဘူးတဲ့  ၀တ်တက်တာပေါ့ လူပဲ လမင်းက ကိုယ့်ရိုးရာ ၀တ်စုံလေး ၀တ်
ရတာကို ဂုဏ်ယူချင်တာလေ အရမ်းလည်းကြိုက်တယ်။သနပ်ခါးလေးလိမ်းပြီ မြန်မာဝတ်စုံဝတ်ထားတဲ့နေ့ ဟာ လမင်းအပျော်ဆုံးနေ့လေးပေါ့
တကယ်ပြောတာပါ လမင်း အခုထိ make up တစ်ခါမှာမလိမ်ဖူးဘူး
ဒီမှာဆောင်းရောက်လာရင်တော့အေးလာတယ် အသားအရေးခြောက်
လာတတ်တော့ cream လေးတော့လိမ်းရတယ်ရှင်မလိမ်းချင်ပါဘူး
မြန်မာပြည်မှာလိုပဲသနပ်ခါးရေကျဲလေးလိမ်းထားချင်တာလေ နေရာဒေသ
လိုက်ပြီ အဆင်ပြေအောင်နေရ ၀တ်ရ လိမ်းရပေမဲ့ ကိုယ်ရိုးရာစလေ့ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး မေ့လို့ လဲတစ်နေ့မှာမရဘူး နေ့ တိုင်းလွမ်းနေတယ် တကယ်ပါ ပြန်ချင်နေတာလဲရူးနေတာပဲ ခွင့်ရလို့ ကတော့ လစ်ပြီသာမှတ်တော့ ဘယ်သူတားတားမရတော့ဘူးနော်
မေမေနဲ့ သူငယ်ချင်းတို့ ရေ သတိရပါတယ်  အရမ်းလွမ်းနေပါတယ်
ပြန်လာမဲ့ နေလေးအမြန်ရောက်ပါစေ ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးး
မြန်မာပြည်ကြီးနဲ့ ရွာလေးကို လွမ်းတယ်ဆိုတဲ့အကြောင်းလေးပြောရင်နဲ့ပဲအလွမ်းသယ်လိုက်ပါတယ်ရှင်........
.....