♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday, 5 January 2012

သူငယ်ချင်း အတွက် လက်ဆောင်

 123Friendster.Com
သူငယ်ချင်းရေ....
ဘ၀ဆို တဲ့လောကဓံကိုဖြတ်တော့
မုန်တိုင်းတွေလည်းထန်နိုင်တယ်
လှိုင်းတွေလည်းကြမ်းမှာပဲ
မလျှော့သောဇွဲ ၀ိရိယတွေနဲ့ 
ရဲရဲသာလျှောက်လှမ်းလိုက်ပါ

နင့်ရဲ့ လိုရာဆန္ဒပြည့်ဖို့ 
ခက်ခဲမှုတွေလဲရင်ဆိုင်ရမှာပဲ
မင်းရဲ့ ရှေ့ ဆက်မဲ့ အနာဂတ်မှာ
ပဲ့ကိုင်ရှင်ဟာ နင်ကိုယ်တိုင်ဆိုတာမမေ့ပါနဲ့ 
နင့် ရဲ့ မာန်နဲ့ ဇွဲကို ငါယုံကြည်တယ်
သူငယ်ချင်း
ရလာတဲ့အခွင့်အရေးကိုနင့်ဘ၀ကိုထုဆစ်လို့ ..
အကောင်းဆုံး နင်ဖန်းတီနိုင်မယ်ဆိုတာ 
ငါ့ယုံကြည်နေတယ်
နေ့သစ်တိုင်း..မင်းပျော်လာမယ်
ထင်ပါတယ်...။

တနေ့နေ့..တွေ့ ဖြစ်ကြရင်ပေါ့
မင်းလျှောက်က်ခဲ့တဲ့လမ်း
ကြမ်းလို့နွမ်းလျနေတဲ့အခါ
မင်းရရှိထားတဲ့အောင်မြင်မှုကမင်းကို
လန်းဆန်းပျော်ရွှင်စေမှာပါ
မင်းဖြတ်သန်းလာတဲ့ခက်ခဲမှုတွေကို
ငါ့ကိုပြန်မျှဝေပေးပေါ့ ငါကလဲငါလျှောက်ခဲ့တဲ့လမ်း
ကြမ်းတုန်းက...
နာကျင်ခဲ့တဲ့..ခြေထောက်တွေနဲ့
ငါ့ ဖြတ်သန်းခဲ့တဲ့လမ်းကြမ်းတွေ
ငါ့ကျောပြင်ပေါ်ကချွေးတွေအထပ်ထပ်တင်ခဲ့ဖူးတဲ့
နေ့ တွေအကြောင်း
ပြန်ပြောင်းပြောပြပြီး...လွတ်လပ်စွာရယ်မောကြတာပေါ့..
ုခုတော့အခက်ခဲတွေကြား...
နာကျင်စွာ..ကျော်ဖြတ်လို့
ငါ့တို့အိပ်မက်ဘ၀တွေအတွက်..
.ရှေ့ဆက်သွားကြအုံးစို့ .သူငယ်ချင်းရေ...
 
အချစ်ဆုံ သူငယ်ချင်းညီမအေးသီတာသန့် အတွက် နှလုံးသားနှင့်ရေးဖွဲ့ ပါသည်
သူငယ်ချင်းဒီကဗျာဟာ ငါ့တို့ နှစ်ယောက်အတွက်အားဆေးဆိုတာမမေ့ပါနဲ့ 
ငါဒီကဗျာကိုရေးတော့ဘာရယ်မသိ မျက်ရည်ဝဲမိတယ်
နင်ဘ၀အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်
တချိန်ချိန်မှာဒီပုံလေးအတိုင်းတွေ့ ကြမယ်နော်

Tuesday, 3 January 2012

လွမ်းကဗျာ♥♥♥♥♥♥

မမေ့ဘူးဆိုတဲ့ စိတ်နဲ့ နင့်ကို လွမ်းတယ်...

နင့် မလွမ်းတဲ့ စိတ်နဲ့  ငါလွင့်စဉ် ခဲ့ရတာပါ....

အမုန်းဆိုတာ အချစ်ရဲ့ ဆန့်ကျင်ဘက်အရပ် မှာပါ...

ငါ နဲ့ ခပ်စိမ်းစိမ်းပေါ့  .......

လွမ်းဆွေးမူတွေ ကြားမှာ ..

ငါ တိတ်တိတ်လေး..သေသွားခဲ့ တာ ပါ..........

မနေ့က နေ့ကွယ်ခဲ့တယ် 
မနက်ဖြန်လည်း နေသာနေအုံးမှာပါ...

မနေ့ကချစ်ခဲ့ သလို မနက်ဖြန်တွေမှာလည်း ငါ မမေ့ဘူး...

ချစ်သူပြောင်းလဲ ခြင်းတရားတွေကို  ...

ကျောပေး  ချစ်ခြင်းတရားတွေနဲ့ တေးသီ  မင်းကို ချစ်တယ်  ....

တိုးတိုးလေး  ညည်းဆို ဆဲပါ ချစ်သူ....အရမ်းလွမ်းတယ်.......

ကဗျာဟောင်းလေးပါ စာရေးပျင်းနေလို့   ပြန်တင်လိုက်တာပါ :D

Saturday, 31 December 2011

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ♥♥♥♥♥♥

မင်္ဂလာ နှစ်သစ်မှာကျန်းမာပျော်ရွင်စွာ နိုင်ကြပါစေ
..နှစ်သစ်ရောက်လာပြီဆိုတော့ လမင်းအပါအ၀င်ကိုကို မမ ညီမလေးမောင်လေးတို့အားလုံး စိတ်သစ်လူသစ်နဲ့ ဘ၀ကို အကျိုးရှိအောင်လျှောက်လှမ်းကြမယ်နော်..
နစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့ကြလဲ ကိုယ်အတွက် မိသားစုအတွက် အများအတွက် သာသနာအတွက်
မလုပ်ခဲ့ရသေးဘူးဆို  ဒီနှစ်သစ်လေးမှာ အများအကျိုး ကောင်းမူ ကုသိုလ်လေးတွေ လုပ်ကြ.ရင်း  ဘ၀လေး တန်းဖိုးရှိအောင်ဖြတ်သန်း ပြီရခဲလှတဲ့ လူဘ၀လေးမှာ  စိတ်ညစ်မူတွေ သောကတွေ
အလိုမကျမူတွေမေ့ထားပြီ ဘ၀ကို အကျိုးရှိ အောင်ဖြတ်သန်းကြရအောင်နော်
လူဘ၀ဆိုတာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး  ဒါပေမဲ့ ရောင့်ရဲနိုင်ရင်တော့ စိတ်ချမ်းသာဖို့ ကောင်းပါတယ်
ရောက်နေတဲ့နေရာလေးနဲ့  ရထားတဲ့အရာတွေကို ရောင့်ရဲနိုင်ဖို့ပါပဲ
ဘာလို့လဲ ဆိုတော့ လူဆိုတာက ရလေလိုလေဖြစ်တတ်လို့ ပါ ဘယ်တော့မှာပြည့်စုံတယ်လို့ မထင်ကြဘူးလေ...
ဒါကလည်း လူတွေမှာ ဖြစ်တတ်ကြတာပါ ဒါကို ကိုယ့်က ဥာဏ်လေးနဲ့ ဆင်ခြင်ပြီး နေလိုက်ရင် စိတ်ညစ်တာတို့ အလို
မကြတာတို့ဆိုတာ နည်းသွားတာပေါ့..ငါတို့ လူဖြစ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဘာအတွက်လူဖြစ်နေကြလဲလို့
  တွေး မိဖူးကြလား တွေးမိရင်ရော ဘယ်လိုအဖြေရလဲ လမင်း အတွေးလေးပြောကြည့်မယ်နော်..
သူငယ်ချင်းတို့နဲ့ တူချင်မှာတူမှာပေါ့နော်...ဘာလို
့လဲဆိုတော့ လမင်းက သူငယ်ချင်းတို့လိုမ ဟုက်လို့ပေါ့ အရင်ကတော့ မတွေးမိပါဘူး အမှန်ပြောတာပါ အခုတော့ လမင်းလူဖြစ်ရတာကျေနပ်တယ် လုပ်ချင်တဲ့
ကုသိုလ်တွေ လုပ်နိုင်တယ် တက်နိုင်သလောက် အားလုံးကို စိတ်ကောင်းထားတယ် အားလုံးဆိုတာကတော့ကိုယ်နဲ့ သိသလောက်ပေါ့နော် တကယ်ပါ  မှန်သော စကားပါ..အခုအချိန်အထိ ဘယ်သူအပေါ်မှ အကျိုးယုက်အောင်
မလုပ်ခဲ့ ဖူးဘူး သူများတွေ လမင်းကို မကောင်းပြောလည်း စိတ်ထဲ ဘယ်လိုမှသဘောမထားဘူး ဘာလို့လဲဆိုတော့
အမှန်တရားဆို တာရှိပြီးသား  ရှာစရာမလို သလို လိုက်ရှင်းနေစရာလည်းမလိုဘူးထင်
တယ်  လမင်းစာလေးတွေ ရေးဖြစ်တယ် ငါရေးလိုက်တဲ့ စာကိုဆယ်ယောက်ဖတ်လို့တစ်ယောက် အသိတိုးရင်  ငါလည်းကုသိုလ်ရဖတ်တဲ့သူလည်း
  အသိတိုးတယ်လို့ တွေးပြီး ရေးမိတာပါ ကိုယ့်ထက် သိတဲ့ တော် တဲ့သူတွေ လည်းအများကြီးပါလမင်းရေးတဲ့ စာလေးတွေဟာ ဘယ်သူကိုမှဆရာ လုပ်ခြင်းမဟုက်ပါ  စေတနာသက်သက်ပါ.. အားလုံး နားလည်
ပေးစေချင်ပါတယ်.. လမင်းမှာ ရှိတဲ့ အသိဥာဏ် သေးသေးလေးနဲ့  သူငယ်ချင်းတို့ကိုခင်မင်တဲ့ စိတ်ရင်းလေးနဲ့  မျှဝေခြင်းပါ   မှားတာရှိရင် လိုအပ်တာများတွေ့ ရင် အကြံဥာဏ်များ ပေးနိုင်ပါတယ် ..
အမှန် ၀န်ခံရရင် လမင်းစာရေးတတ် လို့ ရေးတာမဟုတ်ပါဘူး ၀ါသနာစိတ်ရင်လေးနဲ့ ရေးခြင်းပါ
အဲတော့သူငယ်ချင်းတို့ရေ  တို့တွေ ရခဲ လှတဲ့ လူဘ၀ကို အကျိုးရှိ စွာ ဖြတ်သန်းကြရအောင်နော်
ဘာအတွက် စိတ်ညစ်မူတွေ အလိုမကျမူတွေ နဲ့ စိတ်ကို ပင်ပန်းမခံ ကြပါနဲ့ တစ်ရက် အသက်ရှည်လို့
တစ်ရက် အသိတိုးရင် အကောင်းဆုံးပေါ့..လမင်းတို့တွေစိတ်ကလေးကို ကောင်းတာတွေးပြီးဘ၀ကို အကျိုးရှိ စွာဖြတ်သန်းကြမယ်နော်..
 လမင်းလည်း လူထဲကလူတစ်ယောက်ပို့ စိတ်ညစ်မူတွေ သောကတွေရှိတာပေါ့လေ ဒါပေမဲ့ အဲ့ဒါတွေကို မေ့ထားပြီး အကောင်းဆုံးနှစ်သစ်ကို  ကြိုဆိုကြရင်း  ...သူငယ်ချင်းများ အားလုံး ဘ၀ကို အကျိုးရှိစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်......နှစ်သစ်မှာကျန်းမာပျော်ရွှင်နိုင်ကြပါစေ

Thursday, 29 December 2011

တမ်းတမိတယ် ကံ့ကော်ရယ်♥♥♥♥♥♥


ကံ့ကော်တဲ့ အမည်ရဲ့ ဆန်းသစ်ပြီ
ပုံသဏ္ဌာန်မှာ ချစ်စဖွယ်ရယ်
နှစ်ရောင်ရောယှက်၍
အနံ့ ရယ်မွေးကြူပြီ
သနပ်ခါးနဲ့ ရောကာ လိမ်း၍
လေလာရာ သူ့ ရနံ့ ရယ်
မေ့နိုင်မယ် မထင်ပါ
နွေဦးနဲ့ အပြိုင်လှနေတတ်တဲ့
သူသတင်း သူ့ ရနံ့ 
ဖြူစင်ခြင်းသဘောဆောင်၍
နန်းစံခြင်း အသွင်ကိုပြနေတဲ့
ကံ့ကော်လေးရယ်
ရွှေမြန်မာပြည်ရဲ့ ဂုဏ်သတင်းကို
ဆောင်နေလေရော့သလား
ခွဲခွာခဲ့တာ နှစ်တွေကြာပေမဲ့
လွမ်းဆွတ်တမ်းတဆဲပါ
ပန်းကံ့ကော်.......................

                အရမ်းကြိုက်တဲ့ပန်းလေးပါ စိတ်ထဲတမ်းတမိလို့ ရေးချလိုက်သည်

Wednesday, 28 December 2011

မမJasminecho အတွက်တောင်းပန်လွှာနှင့်လက်ဆောင်

မမစံပယ်ချို လမင်းဒီပိုစ့်လေးကနေပဲတောင်းပန်ပါတယ်နော် မမမွေးနေ့ ပွဲလေးမလုပ်ပေးနိုင်ခဲ့လိုပါ
စိတ်ထဲမကောင်းဖြစ်မိတာနဲ့ ခေါင်းရေနောက်မှကိုက်ပါတော့ဆိုပြီဆေးသောက်ပီ လမင်း မရေးတတ်ရေးတတ်ကဗျာလေးကိုစိတ်ထဲရှိတာရေးရင်း
မမအတွက် ပန်းလေးနဲ့ လက်ဆောင်ပေးရင်း  တောင်းပန်ပါတယ်ရှင်
ဒီဇင်ဘာရဲ့ အေးချမ်းမှုနဲ့ အတူ လူ့ လောကထဲကို
ဖြူစင်စွာရောက်ရှိလာတဲ့ မမစံပယ်ချို
ရိုးသားချစ်ခင်စွာခင်မင်တတ်သူ
ခင်တာမကြာသေးမေမဲ့နှလုံးသားခြင်းနီး၍
နာမည်ရောအဆင်းပါလှပနေတဲ့ မွေးနေ့ ရှင်
စံပယ်လိုဖြူစင် ဒီဇင်ဘာရဲ့  (၂၈ )မှကျရောက်ခဲ့တဲ့
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ
လောကဓံရဲ့ အနှိမ့် အမြင့်ပေါင်းများကို
ရိုးသားဖြူစင်အေးချမ်းစွာလျှောက်လှမ်းနိုင်ပြီ
မမ ချစ်ခင်သောမိသားစုနဲ့ 
ပျော်ရွှင်နိုင်ပါစေဆုတောင်းရင်းးးးးးးးးးးးးးးးး



ဒီလိုနှင်းဖြူဖြူတွေကြားလူလောကထဲရောက်လာခဲ့တဲ့မမ အတွက် ပုံလေးကြိုက်လို့ 


ဒါလေးက မမအတွက် မွေးနေ့ ပွဲလေးကို မလုပ်ပေးနိုင်ခဲ့လို့ တောင်းပန်တဲ့လက်ဆောင်လေး                    ....        .မမ ကြိုက်တဲ့စံပယ်ပန်းလေးတွေပါ  မမလိုပဲဖြူစင်လှနေလိုက်ကြတာ