♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 17 November 2011

နေ့ သစ် များ ဆီ သို့ ♥♥♥♥♥♥

အတိတ်,
 အပေါစား ရုပ်ရှင်တွေက အတိုင်း
  ကုန်လွန်ခဲ့တဲ့ဝမ်းနည်းစရာတွေကို
နောက်ကြောင်းမပြန်တော့ဘူး
  အသစ်အသစ် တွေကိုပဲ
  ငါကြိုဆိုနေချင်တာပါ
ပစ္စုပ္ပန်,
လက်ရှိအချိန်တွေထက်
  အကောင်းဆုံးဆိုတာဘာရှိအုံးမလဲ
  တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရာဇ၀င်ထဲက ဇာတ်လိုက်ကြီးလို
  အရာရာကိုငါ အောင်နိုင်ရမှာပေါ့
  အနာဂါတ်,
နိုဝင်ဘာရဲ့ ဆောင်းတစ်ညမှာ
  ညစ်နွမ်းမှု မလှပမှုတွေ
ပျောက်ပြယ်သွားလိမ့်မယ်လို့
  ငါမျှော်လင့်မိတယ်...................
  အေးမြတဲ့ လေပြေ လေညှင်းလေးရေ
သဘာဝက ဖန်ဆင်းတဲ့
  နွေးထွေးတဲ့ ဗိမ္မာန်ကြီးဆီကို
  နေ့သစ်တိုင်း ရဲ့ အလှ တရားတွေ နှင့်
 အတူ
  ခေါ်ဆောင်သွားပါတော့