♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 14 January 2012

ပန်းချယ်ရီ အလှ

ချယ်ရီ ရဲ့ အလှကို ခံစားစေရန် တင်ပေးလိုက်ပါတယ် မတင်ဖြစ်သေးရင် မောင်ဘုန်းခဏခဏလာအော်နေလိမ့်မယ် :D ပိုစ့်လဲမရေးဖြစ်တော့ ကိုယ့်ရိုက်ထားတဲ့လက်ရာလေးလဲ ကြွားချင်တာရယ် ဓာတ်ပုံတင်တာ နည်းတာရယ်ကြောင့် တင်လိုက်ပါသည် ချယ်ရီ ပုံလေးတွေတင်တယ်ဆိုတော့ ရာဇ၀င်လေးလဲလမင်းသိသလောက်ရေးလိုက်ပါတယ် ချယ်ရီမျိုးကို ဂျပန်နိုင်ငံက(ပထမ) စစ်ပြီ ချစ်ကြည်ရေးအနေနဲ့ အပင်ပေါင်း(3020 )ပေးတယ် လို့ မှတ်သားဖူးပေမဲ့ ဟဲဟဲ မသေချာမှဆို၍ရှာပြီတင်ပေးလိုက်ပါတယ် In 1912, the people of Japan sent 3,020 cherry trees to the United States as a gift of friendship. First Lady Taft and the Viscountess Chinda, wife of the Japanese Ambassador, planted the first two cherry trees on the northern bank of the Tidal Basin. These two original trees are still standing today near the John Paul Jones statue at the south end of 17th Street. Workmen planted the remainder of the trees around the Tidal Basin and East Potomac Park် ချယ်ရီတည်နေရာက washington Dc မြို့ ထဲမှာပါ လမင်းနေတဲ့နေရာနဲ့ဆို ကားနဲ့ 45 မိနစ်သွားရပါတယ် ပွင့်ချိန်က (april ) လကုန်နဲ့ may ၃ရက်လောက်ဆို နှစ်တိုင်းပွင့်ပါတယ် ကမ္ဘာလှည့်ခရီးသွားအမြှောက်အများ လာရောက်လေ့လာကြပေမဲ့ လမင်းတွေ့ တာတော့ ဂျပန်လူမျိုးအများစုကိုတွေ့ တတ်ပါတယ် ချယ်ရီပွင့်ချိန်မှာ ဂီတပွဲတွေလဲရှိတတ်ပြီ ဂျပန် ရိုးရာအကနဲ့ တီမှုတ်ဖျော်ဖြေကြပေမဲ့ လမင်း မကြည့်ပါ ချယ်ရီတွေပဲဓာတ်ပုံရိုက်ကိုယ်တိုင်းလဲပဲများပေါ့ :P အအေးမကုန်သေး၍ အေးကောင်းတုန်းပါပဲ နွေပွင့်ရင်ကောင်းမယ်လို့ စဉ်းစားဖူးပေမဲ့ တခါတလေတော့လဲ အအေးသက်သာတတ်ပါတယ် သူငယ်ချင်းတို့ ကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော် လာရင်ကြိုပြောပါ ပုန်းနေမလို့ :D ဒီလောက်ဆို မောင်ဘုန်းရော သူငယ်ချင်းများပါကျေနပ်ကောင်းပါရက်နော် အားလုံးသောခုနစ်ရက်သားသမီးအပေါင်းပျော်ရွှင်ကြပါစေ :) အမှားပါရင်သည်းခံပါတတ်လို့ ရေ တာမဟုတ်ပါ ၀ါသနာအရပါ :)