♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday 5 November 2011

စပ်မိစပ်ရာများ♥♥♥

လမင်းဘာလုပ်နေလဲ လို့ မေးနေကြတဲ့သူငယ်ချင်းတို့ ကို ပြန်ပြောတတ်တာက မအားလို့ ပါ ဆင်ခြေပေါ့နော်
တကယ်တော့ လမင်းစိတ်တွေရှုပ်ထွေးနေလို့ စာမရေးဖြစ်တာပါ။
 ဘာတွေများစိတ်ရှုပ်ထွေးစရာများ
ရှိမလဲပေါ့ ပြောစရာတော့ရှိတာပေါ့နော် ဘာလို့ လဲဆိုတော့လမင်းက ပျော်ပျော်နေ
တတ်တာလေ ဘာမှဂရုမစိုက်ဘူး အမြဲစပ်ဖြဲဖြဲနေတတ်တာ နင့်က စိတ်ညစ်စရာစိတ်ရှုပ်စရာရှိတယ် ဆိုလို့ 
အံ့သြနေတာတဲ့  လမင်းလည်းလူပဲလေ စိတ်ရှိတော့ ရှုပ်စရာလဲရှိတာပေါ့နော်။
ဟီဟီ  ဘာတွေများလဲလို့ သိချင်ကြမယ်ထင်တယ် ပြောလိုက်ရင်တော့ အရင်ဆုံး လမင်းကို အပြစ်တင်မဲ့ သူကတော့



ကိုချမ်းပေါ့နော် :)
 အချစ်ဆိုတဲ့အရာကြောင့်ပေါ့ရှင်
  အဲလိုပြောလိုက်တာနဲ့ လမင်းကိုဆူတော့မယ်ဆိုတာသိနေတယ်  ဒါပေမဲ့ လမင်းလည်း ပုထုဇဉ်လူ
တစ်ယောက်ဆိုတော့ ရှောင်လို့ မရဖြစ်နေတယ်လေ တတ်နိုင်သလောက်တော့ ရှောင်ကြည့်ပါတယ် မရဘူးရှင်
ဗို့ အားပြင်းတယ်ရှောင်လို့ မလွတ်ဘူးဖြစ်နေတယ်။
   လမင်းအချိန်တွေကို ကောင်လေးတစ်ယောက်က စိုးမိုးထားတယ်ရှင် ဘယ်လိုလုပ်ရာမလဲ မသိတော့ဘူး
ကိုချမ်းကတော့ လမင်းကို အချစ်အကြောင်းဆို လာမပြောတော့နဲ့ လို့ ပြည်နှင်ဒဏ်ပေးထားတယ် ။
ပေးလဲပေးချင်စရာလေ လမင်းက ပြောရင်မနားတော့ဘူး ကိုချမ်းလဲ မခံနိုင်တော့ဘူးထင်တယ် ကိုလေး အချစ်အကြောင်းကို နားမထောင်ချင်တော့ဘူးတဲ့ ပြောမဲ့သာပြောတာပါ ကိုချမ်းလမင်းကိုနားလည်ပေးနိုင်
မှာပါ
ဆူမှာဆိုလို့ စကားပလ္လင်ခံထားတာ ဟီဟီ  :)   အဟမ်း ဆက်ပြောရမယ်ဆိုရင်တော့  ကောင်လေးနဲ့ စကားပြောနေ
ရင်အရာရာကို မေ့နေတာလေ ပျော်တယ် ကြည်နူးတယ် နေ့တိုင်းတွေ့ ချင်နေတယ် ။
   အချစ်ဆိုတာကို လမင်းကြောက်နေပြန်ရော အခုထိ ကောင်လေးကိုထားတဲ့သဘောထားက အဖြူ အမဲ
မသဲကွဲသေးဘူးရှင် ကောင်လေးကတော့ လမင်းသတ္တိ မရှိတာတဲ့ အဲ လိုတော့မဟုတ်ဘူး လမင်းမမိုက်ချင်တော့တာပါ။
 ဟုတ်တယ် အဲအဖြေက လမင်းအတွက် မှန်နေလိမ့်မယ် လမင်းမိုက်ခဲ့ဖူးတယ်လေ ဘယ်ကမှန်းမသိ ဘယ်လိုလူမျိုးဆိုတာကို လမင်းမစဉ်းစားပဲ ချစ်ဖူးတယ် ဘာမသိ ညာမသိနဲ့ ခံလိုက်ရတာလဲ အလူးအလဲပေါ့ ။
ကိုယ့်မိုက်ပြစ်နဲ့ ကိုယ့်ဆိုတော့ ရှက်လည်းအတော်လေးရှက်မိတာ ကြားထဲမှ ကိုချမ်းကနားပူခံရတာပေါ့ ဟီဟီ
 ဒီတစ်ခါတော့ လမင်းသေချာစဉ်းစားဆုံးဖြတ်မှာပါ
လို့  မှားခဲ့ ရင်လည်း လမင်းတစ်ယောက်ထဲပဲ ခံလိုက်တော့မယ်
ကျင့်သာရနေပြီလေ :P  လမင်းရဲ့ အားနည်းချက်က ဘာမဟုတ်တာကို အဟုတ်လုပ်တတ်တာလေ စိတ်လည်း ခဏခဏ
ကောက်တတ်သေးတာ နားလည်မှုကလဲ မထားချင်ဘူး အဲနစ်ခုပြင်လိုက်ရင်တော့ လမင်းအချစ်ခရီးသာယာဖြောင့်ဖြူမှ
ာပါနော် :) ဘယ်သူမပြု မိမိမှုတဲ့လေ လမင်းအမြဲပြောတတ်တဲ့စကားက ငါ့နှလုံးသား
ကျွန်းခံနေတယ် အဲလိုပြောတော့ အားလုံးကသနားတတ်ကြပေမဲ့ ကောင်လေးက ပြောတယ်ရှင့် ဒီလောက်ချစ်တဲ့သူများနေတာ ဘယ်ကကျွန်းက ခံနေတာလဲတဲ့ ဟုတ်မယ် သူပြောမှ သတိဝင်လာတယ် အဲကျွန်းကို လမင်း ကိုယ်တိုင်းဆောက်ထားသလိုဖြစ်ေ
နတာလေ အခု အဲကျွန်းကို လမင်းဖြိုဖျက်တော့မယ် လမင်းစိတ်သစ် လူသစ်နဲ့
အချစ်ခရီးလမ်းကို စလျှောက်တော့မယ် ။
  ထပ်မံခံစားရရင်တော့ ဘယ်သူကိုမှာ လမင်းမပြောတော့ဘူး တစ်ယောက်ထဲခံစားလိုက်တော့မယ် အနည်းဆုံးတော့
ပိုစ့်လေးတစ်ပုဒ်ရနိုင်တယ်လေနော
် :P လမင်း ပိုစ့်မရေးဖြစ်တဲ့အကြောင်းလေးပြောချင်တာပါ ဟီဟီ အဲဒါကြောင့်ပါနော်
ဘာမှ မရေးတဲ့လမင်းဘလော့လေးထဲလာလည်ပေး
ကြတဲ့သူငယ်ချင်းများ အကို အစ်မ များကို အားနားမိတယ်
တကယ်ပါ ရေးပြန်တော့လဲ ကဗျာ မဟုတ် ရသ မမြှောက် ဘာမဟုတ်ညာ မဟုတ် စာတွေဖြစ်နေတတ်သေးတာ
ဟဲဟဲ ဒါပေမဲ့ နားလည်ပေးနိုင်ကြပါတယ်လေနော် :P လမင်းက ဘလော့ဂါလည်းမဟုတ် ပညာလေးမတောက်တကောက် ဗဟုသုတလေး သေးသေးလေးနဲ့ ရေးတာဆိုတော့ ကိုကို မမ တို့ လို တော့
စာရေးမကောင်းဘူးပေါ့နော် ညီမတွေ မောင်လေးတွေလည်းရှိသေးတယ် လမင်းနဲ့ ငယ်ကြပေမဲ့တော်ကြတယ် အသက်နော် :p
အားကျ ချီးကျုးမိပါတယ်တကယ်ပါ ။
တကယ်တော့လမင်းကဆိုဒ်တွေမှာ အပျော်စာရေးတာပါ အကိုတစ်ယောက်က အကြံပေးလို့ ရေးထားတဲ့စာလေးတွေ
သိမ်းထားလို့ ရအောင်ကိုယ်ပိုင် ဘလော့ဆိုဒ်လေးလုပ်ပါလာဆိုတာနဲ့ လုပ်ဖြစ်သွားပါတယ် ။
 လမင်းသဘောဆို စိတ်တောင်မကူးမိပါဘူး ဟီဟီ အဲလောက်ပေါ့ ပေါ့ဆဆနေတတ်သေးတာလေ  လမင်းပေါ့ဆတာလည်း
မပြောနဲ့  နောက်ကလိုက်လုပ်ပေးမဲ့ အကိုတွေ အစ်မတွေကအစဉ်သင့် ရှိနေတာကို :)  အကို အစ်မတွေကိုလည်းကျေးဇူး
တင်ပါတယ်လို့  လမင်းကို အမြဲပျော်အောင်ထားပေးတဲ့ ကောင်လေးကိုလည်း ကျေးကျေးပါနော် သူဒီစာကိုဖတ်ဖြစ်မယ်
မထင်ဘူး သူကအဲလိုတွေဖတ်တာဝါသနာ မပါဘူး လမင်းမသိအောင်ဝင်ဖတ်လာတော့မသိဘူ
းပေါ့နော် :P
  သူငယ်ချင်းတို့ လမင်းဆိုဒ်ထဲရောက်လို့ တွေ့ ရင်းဖမ်းထားပေးကြပါနော် :)
 အခုလောက်ဆို လမင်းပိုစ့်တွေ မရေးဖြစ်တာ သိလောက်ရောပေါ့နော်  ဟီဟီ ကုန်ကြမ်းရှာနေတာပါလို့ :D


  11 . 5 . 2011         လမင်းငယ်