♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Saturday, 31 December 2011

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ♥♥♥♥♥♥

မင်္ဂလာ နှစ်သစ်မှာကျန်းမာပျော်ရွင်စွာ နိုင်ကြပါစေ
..နှစ်သစ်ရောက်လာပြီဆိုတော့ လမင်းအပါအ၀င်ကိုကို မမ ညီမလေးမောင်လေးတို့အားလုံး စိတ်သစ်လူသစ်နဲ့ ဘ၀ကို အကျိုးရှိအောင်လျှောက်လှမ်းကြမယ်နော်..
နစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့ကြလဲ ကိုယ်အတွက် မိသားစုအတွက် အများအတွက် သာသနာအတွက်
မလုပ်ခဲ့ရသေးဘူးဆို  ဒီနှစ်သစ်လေးမှာ အများအကျိုး ကောင်းမူ ကုသိုလ်လေးတွေ လုပ်ကြ.ရင်း  ဘ၀လေး တန်းဖိုးရှိအောင်ဖြတ်သန်း ပြီရခဲလှတဲ့ လူဘ၀လေးမှာ  စိတ်ညစ်မူတွေ သောကတွေ
အလိုမကျမူတွေမေ့ထားပြီ ဘ၀ကို အကျိုးရှိ အောင်ဖြတ်သန်းကြရအောင်နော်
လူဘ၀ဆိုတာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး  ဒါပေမဲ့ ရောင့်ရဲနိုင်ရင်တော့ စိတ်ချမ်းသာဖို့ ကောင်းပါတယ်
ရောက်နေတဲ့နေရာလေးနဲ့  ရထားတဲ့အရာတွေကို ရောင့်ရဲနိုင်ဖို့ပါပဲ
ဘာလို့လဲ ဆိုတော့ လူဆိုတာက ရလေလိုလေဖြစ်တတ်လို့ ပါ ဘယ်တော့မှာပြည့်စုံတယ်လို့ မထင်ကြဘူးလေ...
ဒါကလည်း လူတွေမှာ ဖြစ်တတ်ကြတာပါ ဒါကို ကိုယ့်က ဥာဏ်လေးနဲ့ ဆင်ခြင်ပြီး နေလိုက်ရင် စိတ်ညစ်တာတို့ အလို
မကြတာတို့ဆိုတာ နည်းသွားတာပေါ့..ငါတို့ လူဖြစ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဘာအတွက်လူဖြစ်နေကြလဲလို့
  တွေး မိဖူးကြလား တွေးမိရင်ရော ဘယ်လိုအဖြေရလဲ လမင်း အတွေးလေးပြောကြည့်မယ်နော်..
သူငယ်ချင်းတို့နဲ့ တူချင်မှာတူမှာပေါ့နော်...ဘာလို
့လဲဆိုတော့ လမင်းက သူငယ်ချင်းတို့လိုမ ဟုက်လို့ပေါ့ အရင်ကတော့ မတွေးမိပါဘူး အမှန်ပြောတာပါ အခုတော့ လမင်းလူဖြစ်ရတာကျေနပ်တယ် လုပ်ချင်တဲ့
ကုသိုလ်တွေ လုပ်နိုင်တယ် တက်နိုင်သလောက် အားလုံးကို စိတ်ကောင်းထားတယ် အားလုံးဆိုတာကတော့ကိုယ်နဲ့ သိသလောက်ပေါ့နော် တကယ်ပါ  မှန်သော စကားပါ..အခုအချိန်အထိ ဘယ်သူအပေါ်မှ အကျိုးယုက်အောင်
မလုပ်ခဲ့ ဖူးဘူး သူများတွေ လမင်းကို မကောင်းပြောလည်း စိတ်ထဲ ဘယ်လိုမှသဘောမထားဘူး ဘာလို့လဲဆိုတော့
အမှန်တရားဆို တာရှိပြီးသား  ရှာစရာမလို သလို လိုက်ရှင်းနေစရာလည်းမလိုဘူးထင်
တယ်  လမင်းစာလေးတွေ ရေးဖြစ်တယ် ငါရေးလိုက်တဲ့ စာကိုဆယ်ယောက်ဖတ်လို့တစ်ယောက် အသိတိုးရင်  ငါလည်းကုသိုလ်ရဖတ်တဲ့သူလည်း
  အသိတိုးတယ်လို့ တွေးပြီး ရေးမိတာပါ ကိုယ့်ထက် သိတဲ့ တော် တဲ့သူတွေ လည်းအများကြီးပါလမင်းရေးတဲ့ စာလေးတွေဟာ ဘယ်သူကိုမှဆရာ လုပ်ခြင်းမဟုက်ပါ  စေတနာသက်သက်ပါ.. အားလုံး နားလည်
ပေးစေချင်ပါတယ်.. လမင်းမှာ ရှိတဲ့ အသိဥာဏ် သေးသေးလေးနဲ့  သူငယ်ချင်းတို့ကိုခင်မင်တဲ့ စိတ်ရင်းလေးနဲ့  မျှဝေခြင်းပါ   မှားတာရှိရင် လိုအပ်တာများတွေ့ ရင် အကြံဥာဏ်များ ပေးနိုင်ပါတယ် ..
အမှန် ၀န်ခံရရင် လမင်းစာရေးတတ် လို့ ရေးတာမဟုတ်ပါဘူး ၀ါသနာစိတ်ရင်လေးနဲ့ ရေးခြင်းပါ
အဲတော့သူငယ်ချင်းတို့ရေ  တို့တွေ ရခဲ လှတဲ့ လူဘ၀ကို အကျိုးရှိ စွာ ဖြတ်သန်းကြရအောင်နော်
ဘာအတွက် စိတ်ညစ်မူတွေ အလိုမကျမူတွေ နဲ့ စိတ်ကို ပင်ပန်းမခံ ကြပါနဲ့ တစ်ရက် အသက်ရှည်လို့
တစ်ရက် အသိတိုးရင် အကောင်းဆုံးပေါ့..လမင်းတို့တွေစိတ်ကလေးကို ကောင်းတာတွေးပြီးဘ၀ကို အကျိုးရှိ စွာဖြတ်သန်းကြမယ်နော်..
 လမင်းလည်း လူထဲကလူတစ်ယောက်ပို့ စိတ်ညစ်မူတွေ သောကတွေရှိတာပေါ့လေ ဒါပေမဲ့ အဲ့ဒါတွေကို မေ့ထားပြီး အကောင်းဆုံးနှစ်သစ်ကို  ကြိုဆိုကြရင်း  ...သူငယ်ချင်းများ အားလုံး ဘ၀ကို အကျိုးရှိစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်......နှစ်သစ်မှာကျန်းမာပျော်ရွှင်နိုင်ကြပါစေ

Thursday, 29 December 2011

တမ်းတမိတယ် ကံ့ကော်ရယ်♥♥♥♥♥♥


ကံ့ကော်တဲ့ အမည်ရဲ့ ဆန်းသစ်ပြီ
ပုံသဏ္ဌာန်မှာ ချစ်စဖွယ်ရယ်
နှစ်ရောင်ရောယှက်၍
အနံ့ ရယ်မွေးကြူပြီ
သနပ်ခါးနဲ့ ရောကာ လိမ်း၍
လေလာရာ သူ့ ရနံ့ ရယ်
မေ့နိုင်မယ် မထင်ပါ
နွေဦးနဲ့ အပြိုင်လှနေတတ်တဲ့
သူသတင်း သူ့ ရနံ့ 
ဖြူစင်ခြင်းသဘောဆောင်၍
နန်းစံခြင်း အသွင်ကိုပြနေတဲ့
ကံ့ကော်လေးရယ်
ရွှေမြန်မာပြည်ရဲ့ ဂုဏ်သတင်းကို
ဆောင်နေလေရော့သလား
ခွဲခွာခဲ့တာ နှစ်တွေကြာပေမဲ့
လွမ်းဆွတ်တမ်းတဆဲပါ
ပန်းကံ့ကော်.......................

                အရမ်းကြိုက်တဲ့ပန်းလေးပါ စိတ်ထဲတမ်းတမိလို့ ရေးချလိုက်သည်

Wednesday, 28 December 2011

မမJasminecho အတွက်တောင်းပန်လွှာနှင့်လက်ဆောင်

မမစံပယ်ချို လမင်းဒီပိုစ့်လေးကနေပဲတောင်းပန်ပါတယ်နော် မမမွေးနေ့ ပွဲလေးမလုပ်ပေးနိုင်ခဲ့လိုပါ
စိတ်ထဲမကောင်းဖြစ်မိတာနဲ့ ခေါင်းရေနောက်မှကိုက်ပါတော့ဆိုပြီဆေးသောက်ပီ လမင်း မရေးတတ်ရေးတတ်ကဗျာလေးကိုစိတ်ထဲရှိတာရေးရင်း
မမအတွက် ပန်းလေးနဲ့ လက်ဆောင်ပေးရင်း  တောင်းပန်ပါတယ်ရှင်
ဒီဇင်ဘာရဲ့ အေးချမ်းမှုနဲ့ အတူ လူ့ လောကထဲကို
ဖြူစင်စွာရောက်ရှိလာတဲ့ မမစံပယ်ချို
ရိုးသားချစ်ခင်စွာခင်မင်တတ်သူ
ခင်တာမကြာသေးမေမဲ့နှလုံးသားခြင်းနီး၍
နာမည်ရောအဆင်းပါလှပနေတဲ့ မွေးနေ့ ရှင်
စံပယ်လိုဖြူစင် ဒီဇင်ဘာရဲ့  (၂၈ )မှကျရောက်ခဲ့တဲ့
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ
လောကဓံရဲ့ အနှိမ့် အမြင့်ပေါင်းများကို
ရိုးသားဖြူစင်အေးချမ်းစွာလျှောက်လှမ်းနိုင်ပြီ
မမ ချစ်ခင်သောမိသားစုနဲ့ 
ပျော်ရွှင်နိုင်ပါစေဆုတောင်းရင်းးးးးးးးးးးးးးးးး



ဒီလိုနှင်းဖြူဖြူတွေကြားလူလောကထဲရောက်လာခဲ့တဲ့မမ အတွက် ပုံလေးကြိုက်လို့ 


ဒါလေးက မမအတွက် မွေးနေ့ ပွဲလေးကို မလုပ်ပေးနိုင်ခဲ့လို့ တောင်းပန်တဲ့လက်ဆောင်လေး                    ....        .မမ ကြိုက်တဲ့စံပယ်ပန်းလေးတွေပါ  မမလိုပဲဖြူစင်လှနေလိုက်ကြတာ


Saturday, 24 December 2011

မေ့မရတဲ့ နေ့ လေး♥♥♥♥♥♥


(၂၅)ရက် တဲ့ တို့နစ်ယောက်ကြား
မေ့လို့ မရတဲ့ရက်လေးပေါ့ 
ချစ်သူနှစ်ဦးတို့ ချစ်ရည်ရွှန်းလဲ့ခဲ့ကြတဲ့ နေ့လေးဆိုရင်ပိုမှန်ပါလိမ့်မယ်
ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ချစ်ခြင်းတရားတွေ
( နူးညံ့သိမ်မွေ့ လွန်းလှတဲ့ မေတ္တာစစ်တွေနဲ့မှ
ဖြစ်တည်လာတဲ့ အချစ်စစ်တွေပေါ့)
ပွင့်အံခဲ့ကြတဲ့ နေ့လေးလို့လည်း ဆိုလို့ရပြန်တယ်...
နှစ်လတွေဘယ်လို ပြောင်း
မမေ့ဘူးဆိုတဲ့စိတ်နဲ့ 
ဆက်၍ချစ်မယ် ချစ်သူ
ဘယ်လိုအကြောင်းတွေကြောင့်မှ
အချစ်တွေမပျက်ပြယ်ကြေး
နောင်နှစ်တွေကြာ ယုံကြည်စွာ
လျှောက်လှမ်းရင်း
ချစ်သူနှစ်ဦးကြားခိုင်မြဲသော
လက်ကိုတွဲလို့ 
အချစ် တွေ ဆထက်တိုးလို့
ချစ်သွားမယ်မြဲ.....
အေးအတူပူအမျှ မခွဲအတူ
(၂၅ )ရက်ပေါင်းများစွာကို
တူ လက်တွဲလို့  နားလည်စွာ
ဖြတ်သန်း ယုံကြည်စွာ ခရီးဆက်
လျှက်မမေ့နိုင်တဲ့သံယောဇဉ်တွေနဲ့
အမှတ်တရသတိရကာ
ကြင်နာသူလက်တွဲကိုင်ယှက်လျှက်
ရင်ကဝေဒနာ ဖြေသာဖို့ရာ
မျှော်လင့်ဖို့ရည်မျှော်
မှန်းဆကာ ချစ်နေမည် ချစ်သူ

Wednesday, 21 December 2011

ဒီဇင်ဘာပုံရိပ်များနှင့်ပိတ်ရက်ဘာလုပ်ကြမလဲ ♥♥♥♥♥♥

ဒီဇင်ဘာပိတ်ရက်ဘာလုပ်မလဲဆိုတော့ ဟဲဟဲ အလွမ်းမင်းသမီးလေးလမင်းကတော့လွမ်းမယ်စိတ်ကူးထားတာပါ အေးအေးလေးနဲ့လွမ်းမယ်စိတ်ကူးနဲ့ပေါ့ :) ကန်ဒီ blog လေးကိုသွားလည်တော့ (Tag)လေးပေးတာနဲ့ ကဲမထူးပါဘူး ရေးတော့မယ်ပေါ့
(အိမ်ရှေ့နှင်းတွေကျတာနဲ့ ပျော်လို့ ပဲထွက်များထားတာ)ချစ်သူလေးတော့ပုံတင်တာမျက်နှာလေးတော့ပုတ်နေတော့မယ်:P
နှင်းတွေအရမ်းများရင်တော့အခုလိုကားတွေသူ့နေရာလေးနဲ့တူပေါ့ :P
new year အမှတ်တရပုံလေးတွေ
ချယ်ရီအလှပေါ့ မတ်လကုန်ဧပရယ်လလောက်ဆို ပွင့်တဲ့အချိန်ပေါ့ ခရစ္စမတ်နဲ့တော့မဆိုင်ဘူးပေါ့နော် ဒါပေမဲ့အေးတဲ့အချိန်ပဲ ပွင့်တာကြောင့် ဓာတ်ပုံလေးတွေရင်းတွေ့ တာနဲ့ ထည့်ပေးလိုက်တာ် :)
မနစ်ကအဲလောက်ကိုနှင်းတွေကျတာ အိမ်ထဲမှာ (၇)လောက်နေရတယ် ဘယ်မှာသွားလို့ မရဘူး snowလာရှင်းတဲ့သူတွေမလာလို့ မလာဆိုသူတို့ လဲလာလို့မရဘူးလေ:)
လမင်းဓာတ်ပုံရိုက်ရတာရှက်တတ်တယ်ရှက်ရှက်နဲ့ရိုက်လိုက်တာရှက်နေတဲ့ပုံနော်:P
လမင်းတို့ နားက mallမှာ ပုံဝါးသွားတယ် လမင်းရိုက်တာမဟုတ်လို့ :P ဒီဇင်ဘာလဟာ လမင်းအရမ်းကြိုက်တဲ့လလေးတစ်လပါ အမှတ်တရများစွာရှိပေမဲ့ ပြန်မရနိုင်တော့တဲ့ငယ်ဘ၀လေးကိုပဲ တမ်းတလို့ပေါ့ လမင်း ကရင်လူမျိုးပါ အမျိုးတွေအားလုံးက ခရစ်ယာန်ဘာသာတွေကြီးပါ လမင်းတို့တော့(ဗုဒ္ဓဘာသာ) ပါ ငယ်ငယ်ကတော့ဆွေမျိုးတွေများတဲ့နေရာဒေသမှာကြီးပြင်းခဲ့ရတော့ ဘုရားကျောင်းတက် ခရစ္စမတ်ရောက်ရင်းသီချင်းဆိုပေါ့ ပွဲတော်တွေလဲရှိပါတယ် လက်ဆောင်တွေအပြန်အလှန်ပေးကြနဲ့Santa Clausဘိုးဘိုးဝတ်စုံဝတ်ပြီ လက်ဆောင်တွေခေါ်ပေး လက်ဆောင်အများဆုံးရတဲ့သူက လမင်းတို့ နယ်မှာတော့ (စတား)ပေါ့:P တချို့ ကလဲရည်းစားစာတွေရတာပေါ့ လမင်းတို့ နယ်ဘက်ကချစ်စရာစလေ့ပါ ခရစ္စမတ်ရောက်တော့မယ်ဆို မြို့တက်လက်ဆောင်တွေဝယ်ကြ ပျော်စရာငယ်ဘ၀လေးပါ လမင်းတို့ မေမေကလဲ အဖွားဆီမှာထားတာများတော့ လမင်းတို့ညီမတွေငယ်ငယ်ကဘုရားကျောင်းပဲတက်ဖြစ်ပါတယ်ခရစ္စမတ်ရောက်တော့မယ်ဆိုကြိုတင် ရင်ခုန်နေတတ်တာ မေမေက သမီးကြီးဒီနစ်ဘာလုပ်မှာလဲသီချင်းလိုက်ဆိုတာလိုက်မှာလား လက်ဆောင်တွေရောဘာပေးမယ် စိတ်ကူးထားလဲလို့ မေမေစလိုက်တာနဲ့စိတ်ကမရတော့ဘူး မြို့ကိုချက်ချင်တက်ချင်တာ :P ပျော်စရာခရစ္စမတ်ကိုဖြတ်သန်းကြတာပေါ့ ဘာမသိညာမသိငယ်ဘ၀ပေါ့ :) ခရစ်ယာန်ယောင်ယောင် ဗုဒ္ဓဘာသာလိုလိုနဲ့ အခုတော့လမင်းဘုရားကျောင်းမတက်ဖြစ်တော့ပါဘူး ဗုဒ္ဓဘာသာကိုပဲ ယုံကြည်ကိုးကွယ် ခဲ့ပါတယ် ဒါပေမဲ့ လမင်းအခုရောက်နေတာတော့ ခရစ္စမတ်ကို အရမ်းတန်ဖိုးထားတဲ့နိုင်ငံပေါ့ သူတို့ မှာ ဒီဇင်ဘာလစရောက်ထဲက ကဒ်တွေပို့ ကြ Christmas Tree တွေနဲ့ ပြင်ဆင်နဲ့သူတို့ ကြည့်ရင်းနဲ့ကို လမင်းကပျော်နေ တတ်တာပါ ဒီမှာတော့လမင်း ဒီဇင်ဘာရက်တွေဆို ဈေးဝယ်ထွက်ပါတယ် လျှော့ဈေးရလို့လေ :P လိုလို မလိုလိုဝယ်ထားလိုက်တော့တာ အခုပိုစ့်လေးရေးနေရင်းတောင်လက်ကယာနေပြီ ထွက်တော့မယ် ($):P ဒီအချိန်လေးပဲဈေးဝယ်တာဆိုတော့ထွက်ရင်းထွက်ပါစေပေါ့ နောက်တစ်ခုလုပ်တတ်တာက white house ကchrismas tree သွားကြည့်တယ် ဓာတ်ပုံရိုက်ဖြစ်တယ် မနှစ်ကအရမ်းအေးလို့ ကားဆီပြေးတာကင်မရာ ပျောက်ခဲ့လို့ ဓာတ်ပုံတွေမရတော့ဘူးလေ ငိုခဲ့ရသေးပါတယ် :( ဒီနှစ်တော့မရောက်ဖြစ်သေးဘူး လုပ်ထားပြီလာတောင်မသိပါဘူး လွမ်းနေရတာနဲ့ အပြင်လောကနဲ့ အဆက်ပြတ်နေပါတယ် ၂၀၁၀ ဒီဇင်ဘာလက လမင်းအရမ်းစိတ်ညစ်ခဲ့ရပေမဲ့ ဒီနှစ်ဒီဇင်ဘာတော့ လမင်းအရမ်းပျော်နေပါတယ် ဒီဇင်ဘာ (25) လမင်းတို့ ချစ်သူနှစ်ဦးကြား ဘယ်တော့မှာမေ့လို့ မရတော့မယ် ရက်လေးပါလတိုင်း (25) နော် ချစ်သူလေးကပြောနေပါတယ် (25) အမှတ်တရ အနေနဲ့ ဘာပိုစ့်လေးတင်မလဲတဲ့ လမင်းကချစ်သူနဲ့ဝေးနေတာဆိုတော့ မရေးပါဘူးသူများတွေ ချစ်သူလေးနဲ့ ပျော် နေကြတဲ့အချိန်မှာလမင်းကတစ်ယောက်ထဲဆိုတော့လွမ်းပဲလွမ်းတော့မယ်ပေါ့ ချစ်သူလေးကလဲ ရေးစေချင်တာရယ်ကန်ဒီလေးရဲ့ ပိုစ့်လေးဖတ်လိုက်တာနဲ့ ရေးချင်စိတ်လေးဖြစ်လာတာပေါ့ :P ကန်ဒီလေးကနှင်းဖြူဖြူလေးနဲ့မှာခရစ္စမတ်ရဲ့ အရသာကိုပေါ်လွင်စေတယ်ဆိုတာနဲ့ ရိုက်ထားတဲ့ပုံလေးတွေပြန်ရှာနဲ့ အလုပ်လေးရ သွားတော့အလွမ်းလေး ပျက်တာပေါ့:P ခရစ္စမတ်ပိတ်ရက်လေးကို ဈေးဝယ်ထွက်ရင်း အလွမ်းတွေနဲ့ပဲ ချစ်သူလေးကို တစ်ယောက်ထဲလွမ်းနေတော့မယ် ချစ်သူလေးလဲ အခုလောက်ဆိုနှင်းဖြူဖြူတွေကြား လမင်းကိုလွမ်းနေပါပြီး :) blogger မောင်နှမတွေလည်းခရစ္စမတ်ပိတ်လေးမှာပျော်ရွှင်နိုင်ကြပါစေ :)