♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 12 January 2012

မိန်းကလေးများအတွက် ဆံကေသာပြုပြင်းခြင်းနှင့် လှပခြင်းဆိုင်ရာ

 သူငယ်ချင်းမောင်နှမတို့ ရေ လမင်း အလုပ်လေများနေလို့ ပိုစ့်မရေးဖြစ်တာနဲ့ လွမ်းပိုင်ရှင်ကသူ့ ပိုစ့်လေးတင်ပေးပါဆိုတာနဲ့ အတော်ပဲဖြစ်သွားပါတယ် :) သူ့ ပိုစ့်လေးကမိန်းကလေးအတွက်ဆိုတော့
သူမတင်ချင်လို့ ထင်ပါ့  လမင်းအတွက်တော့ရေဆာနေတာနဲ့ရေတွင်းထဲကျသွားတာပေါ့
ပိုစ့်မတင်ဖြစ်ပေမဲ့  ချယ်ရီပန်းပုံလေးတွေတင်မယ်ပေါ့ မောင်ဘုန်းပြောထားလို့ အခုတော့ဒါလေးပြီမှပဲတင်
တော့မယ်နော် လမင်း မအားတာ ကိုရီးယားရောက်နေလို့ ပါ :P  တကယ်မထင်နဲ့နော်  ရုပ်ရှင်ပါ :D
အားရင်စာမရေးပဲထိုင်ကြည့်နေတာလေ  ကြည့်ရင်နဲ့ ချယ်ရီကိုသတိရလို့ တင်မယ်လုပ်နေတုန်း
တင်စရာလေးရတာရယ် မိန်းကလေးတွေ အတွက်ဖတ်သင့်တယ် ထင်တာရယ်ကြောင့်တင်ပေးလိုက်ပါ၏
 ကဗျာလေးကလဲရေးတတ်ပါပေ  :)  

လှပ ဆွဲဆောင်မှု မျိုးစုံဆိုတာက မိန်းကလေးတွေအတွက် သဘာဝအလှဆိုတာ ရှိပြီးသားပါ။ သူငယ်ချင်း

သိသမျှနည်းနည်းလောက် ပြောပြပါရစေ။ ဆံပင်ဆိုတာ မိန်းကလေးတစ်ယောက်အတွက်

စတိုင်ကျလှပမှုအခန်းကဏ္ဍမှာ အဓိကအားဖြင့် ပါဝင်နေပါတယ်။  ကျွန်တော်ပြောချင်တဲ့ မိန်းမသားတွေ

အလှအပ အတွက်တစ်ခုခုပြုပြင်ဖို့လိုမယ်
ဆိုရင်၊ ထူးခြားသိသာတဲ့ ဆွဲဆောင်မှုတစ်ခုမှာတော့

ဆံပင်အရောင်ပြောင်းလဲခြင်း၊ ဆံပင်ကောက်ခြင်း၊ ဆံပင်ဆံသားပြောင်းလဲခြင်းဆိုတာ
ဟာ

အခြားအရာတွေထက် ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာတစ်ခုပါပဲ။ ဆယ်ကျော်သက်မိန်းကလေးများအတွက်

စိတ်လှုပ်ရှားဖွယ် ဆံပင် အရောင် အသွေးအသစ်တွေက လှပ အသက်ဝင်စေပြီး


အံသြငေးမောစေနိုင်တဲ့ အစွမ်းတွေနဲ့အတူ ကိုယ့်အလှအပအပေါ် ယုံကြည်မှုတွေ တိုးတတ်စေတယ်ဆိုတာ

ဆယ်ကျော်သက် မိန်းကလေးများပင်မက ပုရိသယောက်ျားလေးများပင်သိကြပါ
တယ်။ ဆယ်ကျော်သက်များအနေနဲ့
ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် ပိုလှသွားစေနိုင်တာမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် လူသူအများကြား၌ ထင်းခနဲပိုမိုပေါ်လွင်စေနိုင်သည်


သို့သော် အလှအပအစစ်တော့မဟုတ်ပါ။ ဒါပေမဲ့ လူတစ်ယောက်၏အလှအပနှင့်

အသွင်အပြင်ဆိုတာ ဆံပင်ပြုပြင်ခြင်းနဲ့ အနည်းငယ်ပတ်သက်နေတာလည်း


လူတိုင်းလိုလိုသိထားသင့်သော အချက်တစ်ချက်ဆိုတာလည်း မေ့ထားလို့မရတဲ့

အကြောင်းအရာတစ်ခုထဲမှာ ပါနေတယ်ဆိုတာပါပဲ။ အဓိကသိသင့်သောအချက်မှာ

မိမိကိုယ်ကိုယ်လှပနိုင်ဖို့အတွ
က် ဥပမာ- ဆံသားပြုပြင်ခြင်းကြောင့်

မိမိ၏ သဘာဝတည်မြဲလျှက်ရှိသော ရိုးရှင်းသောအလှအပအား ထိခိုက်ပျက်စီးနိုင်မှု ရှိ/ မရှိသတိထားပါ။


မိမိဆံပင်အရောင်ဆိုးခြင်းသည် အရင်သဘာဝဆံသားထက် လှပလိုက်ဖက်သောပြောင်းလဲမှုမျိုး
ဖြစ်နိုင်မည်လား။

မိမိဆံပင်ကောက်ခြင်းသည် မိမိနဲ့လိုက်ဖက်သော မိမိလိုချင်သော စိတ်ကျေနပ်မှုတစ်စုံတစ်ခုရနိုင်
ရဲ့လား။

မိမိဆံသားပြောင်းလဲခြင်းကြောင့် မိမိပတ်ဝန်းကျင်ရဲ့ ချီးကျူးအားကျမှု၊ ပြစ်တင်ဝေဖန်မှုတွေကို


ခံနိုင်ရဲ့လားဆိုတာတွေကို ဆံပင်ပြုပြင်သူ မိန်းကလေးတိုင်းလိုလို သိထားသင့်သော ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။

ဆံကေသာအလှအပကို နှစ်သက်မြတ်နိုးသောကြောင့် ဤအကြောင်းလေးအားရေးသားခြင်းဖြစ်
ပါသည်။

တကယ်စစ်မှန်သော အလှတရားကို ပိုင်ဆိုင်ခြင်ကြသော မြန်မာအမျိုးသမီးတိုင်း ဆံကေသာထိန်းသိမ်းခြင်းဖြင့်


မိမိတို့၏ သဘာဝအလှအပတွေကို ကိစ္စရပ်အနည်းငယ်ကြောင့် မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းနိုင်ကြပါစေ။
ဝမ်းနည်းမိသော ကိစ္စတစ်ရပ်ကြောင့် ရေးဖြစ်ခဲ့သော ဆောင်းပါးတိုလေးတစ်ပုဒ်ပါ။
အားလုံးကိုလေးစားလျှက် (လွမ်းပိုင်ရှင်)

ကဗျာဆန်တဲ့သူ့ ဟန်
မင်းရဲ့သဏ္ဍာန် ကဗျာဆန်လှတယ်

သဘာဆန်တဲ့ သူတို့အလှ

အတိုအကွဲ ဖရိုဖရဲတွေကြား

ထင်းကနဲမြင်တဲ့ မင်းရဲ့ပုံစံ

ဆံကေသာနက်စင်း တံခွက်ခင်း

ဘယ်ညာပါးကွက်ကြားနဲ့

ဇာခြည်စင် ရင်ဖုံးအင်္ကျီ

လိုက်ဖက်ပါဘိ ချိတ်ထဘီ


ရေကျဲသနပ်ခါး တစ်ကိုယ်လုံးနဲ့

မွှေးလိုက်တဲ့ ရနံ့ စွေးစွေးနီ နှင်းဆီခမ်းနှင့်

ကြူကြူသာတဲ့ စကားသံ ချိုလှပါရဲ့ နားဝင်မှာ

ဆင်မရင်သာ လျှောက်တဲ့မာန်က

တစ်ထွာမက မြင့်မြင့်မားတွေကြား

တပြေးညီ ကတ္တီနဲ့ ၀င့်ဝင့်ကြွား


လျှောက်လမ်းကာ ရှုငြီးဖွယ် ရောင်စုံတွေကြား

သူ့အား နောက်နောင် တွေ့ဘူးဟန်မထင်.......။

      (လွမ်းပိုင်ရှင်)