♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 6 October 2011

အိမ်ထောင်ရေး နဲ့ပက်သက်၍

မင်္ဂလာပါသူငယ်ချင်းတို့  လမင်းရဲ့ ခံစားချက်လေးကို ပြောကြည့်မယ်နော်..
အိမ်ထောင်ရေးဆို လမင်းတို့ သူငယ်ချင်းတို့နဲ့  မနီးသေးပေမဲ့
နောက်တစ်ချိန်မှာ ကြုံလာမှာမလွဲပဲမလား။
  အရွယ်ရောက်လာကြတဲ့ လူတိုင်း အချစ်တို့ အိမ်ထောင်ရေးဆိုတာနဲ့ ထိတွေ့ ကြမှပဲလေး
လမင်းပြောချင်တာက အခုလို လမင်းတို့ သူငယ်ချင်းတို့ အရွယ်တွေမှာ စိတ်ထားမမှားဖို့နဲ့
ဆုံးဖြတ်ချက်မမြန်ဖို့ပါ။
အိမ်ထောင်ရေးခေါင်းစဉ် တပ်ထားတော့ လမင်းအိမ်ထောင်ရေးအကြောင်းလေးပြောကြည့်မယ်နော်


အိမ်ထောင်တစ်ခုထူထောင်လိုက်ပြီးဆိုရင် နားလည်မူတွေ ကိုယ်ချင်စားမူတွေ သစ္စာတရားဆိုတာတွေကို
မမေ့စေချင်ပါဘူး ဘာလို့လဲဆိုတော့ အခုခေတ်ကိုက ချစ်ကြတာ လမ်းခွဲကြတာအရမ်းကိုမြန်ကြပါတယ်။။
အိမ်ထောင်တစ်ခုမထူထောင်ခင် သေချာစဉ်းစား ဆုံးဖြတ်ပါ စိတ်အလိုမလိုက်မိပါစေနဲ့ စိတ်ဆိုတာ မျိုးကကောင်းတဲ့ဘက်ကို ဦးတည်တာရှားလို့ပါ ။။။


  လမင်းရဲ့ စိတ်ခံစားချက်လေးပြောကြည့်မယ်နော်  လမင်း မေမေ နဲ့ဖေဖေက အိမ်ထောင်ကွဲနေကြတာပါ
တစ်ခုတော့ရှိတာပေါ့ မေမေက အဘွားစကားနားထောင်ပြီး ဖေဖေနဲ့ လက်ထပ်ကြတာပါ။
ပြဿနာကတော့ မချစ်မနစ်သက်ရင် မယူကြပါနဲ့ မိဘစကားနားထောင်ပြီးယူလိုက်ကြပြီး အိမ်ထောင်ရေး
ကွဲကြရင် သားသမီးတွေရဲ့ စိတ်ထဲ ဒဏ်ရာ အနာတရ တွေဖြစ်စေပါတယ်။။။


 သားသမီးဆိုတာ မိဘကို ရွေးချယ်ခွင့်မရှိပါဘူး မိဘကတော့သားသမီးကိုမယူလိုရပါတယ်။။
မိဘတွေရဲ့ ကောင်းမွေ ဆိုးမွေ ကိုခံရစမြဲပါ.. လမင်းပြောချင်တာက သူငယ်ချင်းတို့လည်း တစ်နေ့
အိမ်ထောင်ဆိုတာကြီးကို တွေ့ကြုံကြမှပါ။။။


 ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကို အကောင်းဆုံးဖြစ်အောင်လျှောက်လှမ်းစေချင်ပါတယ်။။။
နောက်လာမဲ့ ဘယ်သားသမီးမှာမှ လမင်းလို စိတ်ဒဏ်ရာ မရစေချင်လို့ ဒီပိုစ့်လေးရေးမိတာပါ။။။
  
   အိမ်ထောင်ရယ်လိုပြုလိုက်ကြပြီးရင်လည်း စိတ်အလိုကိုမလိုက်မိကြပါစေနဲ့ ကိုယ်ထူထောင်ထားတဲ့အိမ်ထောင်ရေးကို အတက်နိုင်ဆုံး အကောင်းဆုံးလျှောက်လှမ်းကြပါ။။


ဘာလို့လဲဆိုတော့ သူငယ်ချင်းတို့ လမင်းတို့မှာ ရွေးချယ်ခွင့်ရှိလို့ပါ လမင်းတို့ရဲ့ မျိုးဆက်သစ်လေးတွေမှာတော့
ရွေးချယ်ခွင့်မရှိပါဘူး မိဘတွေ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ သားသမီးတွေပဲ ခံစားရတာပါ။။။


လမင်းတို့ မေမေ နဲ့ ဖေဖေ လမ်းခွဲလိုက်တုန်းက  လမင်းညီမလေးဆို မူးတောင်လဲရှာတာပါ။။။
ဘာလို့လဲဆိုတော့ ညီမလေးက ဖေဖေကို အရမ်းချစ်တာလေး  အခုဆို အဲစိတ်လေးနဲ့ နှလုံးရောဂါသည်လေး
တောင်ဖြစ်နေရှာတာပါ။။။


  လမင်းကတော့အိမ်မှ သမီးအကြီးဆိုတော့ ရင်ထဲကဒဏ်ရာတွေကို မျိုသိမ့် ထားရတာပေါ့ ။။။။။
မေမေက မာနကြီးသလို ဖေဖေကလဲ အရွဲ့တိုက်တက်တယ်လေး လူကြီးတွေရဲ့ မာနတွေ အာဏာတ တွေကြောင့်
သားသမီးတွေ ဘယ်လို ခံစားရမလဲ ဆိုတာ မေမေ တို့ ဖေဖေ တို့တွေးမိချင်မှ တွေးမိကြမယ်။။။


   ဘာလို့လဲဆိုတော့ လူတိုင်းကကိုယ်ဖြစ်နေတာကို ပြန်တွေးမိတာရှားလို့ပါ  ။။။။
ထားပါလေး လမင်းတို့ မိသားစုပြဿနာက ဖြစ်သွားပြီးဆိုတော့ ဘာမှမတက်နိုင်ပေမဲ့ လမင်းတို့ သူငယ်ချင်းတို့
တွေ မှအဲလိုဖြစ်မလာအောင် လုပ်လို့ရတယ်ဆိုတာကိုပြောချင်တာပါ။။။။


အိမ်ထောင်တစ်ခု တည်ထောင်တော့မယ်ဆို သေချာ စဉ်းစားကြပါ ညှီနိုင်းကြပါ တိုင်ပင်ကြပါ
ကိုယ်ရွေးချယ်လိုက်တဲ့ အိမ်ထောင်ရေးကိုလည်း တည်မြဲအောင်ထိန်းသိမ်း ကြပါ  တန်ဖိုးထားကြပါ။။။။


   အိမ်ထောင်ရေး ကွဲကြတဲ့ မိသားစုက ဆင်တက်လာတဲ့ သားသမီးလေးတွေရဲ့ စိတ်ထဲမှာ အားငယ်လာမယ်
လူကြောက်လာမယ်  သိမ်ငယ်လာမယ် အလိုမကျမူတွေဖြစ်လာမယ် ဆိုးချင်တိုင်းဆိုးလာမယ် ...
သူ့ဘ၀ကိုအလိုမကျတော့ စိတ်ထင်ရာတွေ လျှောက်လုပ်မယ် ။။။။


အဲပြဿနာရဲ့ အကြောင်းရင်က သူ့ကိုသူ့ ဖုံကွယ်ချင်တဲ့ စိတ်နဲ့ လူတွေအထင်သေးမှာကို ကြောက်ပြီး
စိတ်ထင်ရာလုပ်တက်ကြတာမျိုးတွေအများကြီး လမင်းတွေဖူးပါတယ်။။။။။


   လမင်းကတော့ အဲလိုမဟုက်ဘူး အိမ်ထောင်ရေးဆိုတာကို ကြောက်လာသလို အချစ်ဆိုတာကိုလည်း
အယုံအကြည်မရှိတော့ဘူးပေါ့။
အမှန်းဝန်ခံ ရရင်တော့ လမင်းလည်းလူနည်းနည်းတော့ကြောက်တက်တယ် အားငယ်စိတ်ရှိတယ်။

   လမင်းညီမလေးကတော့ သူထင်ရာကို သူလုပ်နေတော့တာပဲ နှလုံးရောဂါလေးကလည်းရှိတော့ မေမေလည်း
ဘာမှမပြောနိုင်ဘူးပေါ့  ။။

  အခုလို တွေ ဖြစ်တော့ ကိုယ်ပဲစိတ်ဆင်းရဲရတာပဲမလား  ဒါကြောင့် သူငယ်ချင်းတို့ တွေရဲ့ မျိုးဆက်သစ်လေးတွေကို လမင်းတို့ လိုစိတ်ဒဏ်ရာ မဖြစ်စေချင်တဲ့ စေတနာနဲ့ လမင်းဒီပို့စ်လေးရေးရခြင်းပါ။။။

   လမင်း အိမ်ထောင်ရေး ဆိုတာကို သိပ်တော့နားမလည်းပါဘူး လမင်းမိဘတွေ ကြုံတွေ့တာလေးနဲ့ပဲ လမင်း
ပြောကြည့်ပါမယ်။။။။

   အိမ်ထောင်ရေးပဲဖြစ်ဖြစ် ချစ်သူ ရည်းစား ဘ၀မှပဲ ဖြစ်ဖြစ်  သစ္စာရှိကြပါ  နားလည်မူယူပါ  စိတ်အလိုကိုမလိုက်ပါနဲ့  ဘာပဲလုပ်လုပ် မလုပ်ခင်သေချာ စဉ်းစားပါ  ။
   ကိုယ့်အတွက် မိသားစု အတွက် ကိုယ့်ပက်ဝင်ကျင် အတွက် ကိုယ်အနာဂတ်အတွက်
ဆုးံဖြတ်ချက် မချခင် အခါခါ အထပ်ထပ် စဉ်းစားပါ ခေါင်းဆေးအေးထား ဆုံးဖြတ်ပါ။။။

  ဒါဆို သူငယ်ချင်းတို့ မှာ မှန်ကန်တဲ့ အဖြေတစ်ခုရမှာပါ  ရလာာတဲ့အဖြေကလဲ ကိုယ့်အတွက်ဆိုတာထပ် ကိုယ်မိသားစု အတွက်ကို ဦးစားပေးပါ  ကိုယ်ဖြစ်ချင်တာဆိုရင်တော့ မှားတက်ပါသေးတယ်။။။။

ဒီလောက်ပဲပေါ့နော် လမင်းသိသလောက်လေးနဲ့ ကြုံတွေ့ ခဲ့ရသော မိသားစုဘ၀လေးကို စေတနာထားပြီး
ရေးလိုက်ပါတယ်။။
 
  သူငယ်ချင်းတို့ရဲ အနာဂတ်လေးမှ မှန်ကန် ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ပြီး သူငယ်ချင်းတို့ ရဲ့မျိုးဆက်သစ်လေးတွေမှ လမင်းတို့ ညီမတွေလို စိတ်ဒဏ်ရာ မရပါစေနဲ့လို့ ဆန္ဒ ပြုလိုက်ပါတယ်။။။။။။။

  သူငယ်ချင်းများအားလုံး ပျော်ရွင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ........

အမှားပါရင်သည်းခံဖတ်ပေးကြပါ... ကျေးဇူးတင်ပါတယ်။။။