♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 6 October 2011

ဒါလည်းပြီးသွားမှာပါ>

ငြိမ်းချမ်းမှုအားလုံး ပျက်ပြုန်းကာ
ဝမ်းနည်းဖွယ် ဖြစ်စဉ်တွေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ၊
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ၊
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ၊
ဒါလည်း ပြီးသွားမှာပါ။
မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ့ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျင်
မရဲဝံ့အောင် နွမ်းလျနေချိန်မှာ
ရုန်းကန်နေဆဲ နေ့ပေါင်းများစွာ
ပင်ပန်းသမျှ ပြေလျော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။
ကံတရားက မင်းဖက်မှာ
ပျော်ရွင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလည်း ပြီးသွားမှာပါ။
ကျိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးပျော်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလည်း ပြီးသွားမှာပါလေ။
 သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ...
ရေးသူက ဆရာဖေမြင့်လို့ထင်ပါတယ်... စာရေးသူနာမည်မှားခဲ့ရင်
ခွင့်လွတ်ပေးပါ လမင်းကြိုက်လို့ သူငယ်ချင်းများကို မျှဝေပေးလိုက်ပါတယ်
ရေးသူ နာမည်သိရင် ပြောပေးခဲ့ပါနော်
ကျေးဇူးတင်ပါတယ်