♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 6 October 2011

စိတ်ညစ်နေပါသလား ဒီပို့စ်လေးဖတ်ကြည့်ပေးပါ

စိတ်ညစ်နေပါသလား ....


သူငယ်ချင်းရေ ,
မင်းစိတ်ညစ်နေတယ်ဆိုလို့ ငါစာရေးလိုက်ပါတယ် ။လူတိုင်းမှာခံစားချက်အမှတ်တရဆို
ုတာတွေ ကိုယ်စီရှိတတ်ကြတယ် ။
မင်းမှာလည်းရှိမှာပဲ ။ မခံစားနဲ့လို့ မပြောချင်ပါဘူး  ဒါပေမယ့်
အလုပ်တာဝန် နဲ့ ဘ၀ရဲ့ဝတ္တရားတွေကိုမေ့လျော့ ပျက်ကွက်တဲ့အထိတော့
မဖြစ်စေချင်ဘူး ။
သတိရတာက ရပါ ၊သတိနည်းနည်းတော့ ထားစေချင်ပါတယ် ။

တစ်ချို့တွေက အရက်သောက်ပြီးဖြေရှင်းကြတယ်၊တစ်
ချိုကတော့
ဆေးလိပ်သောက်ပြီးဖြေရှင်းကြတယ်
မူးယစ်ထုံထိုင်းစေတတ်တဲ့ဆေးဝါးတစ်ချို့မှီဝဲတာလည်းပါတယ်။တစ်ချို့ ကတော့
သူငယ်ချင်းတွေနဲ့အပြင်ကိုလျှောက်သွားကြတယ်၊တစ်ချိုကတော့
သီချင်းနားထောင်တာတို့ ၊ အသံအရမ်းဆူညံပြီး ပေါက်ကွဲလွယ်တဲ့သီချင်းတွေကို
ဆိုပစ်လိုက်တာတို့ လုပ်တတ်ကြတယ် ၊တစ်ချိုကတော့ ပန်းချီဆွဲတယ်
  ကဗျာရေးတယ်၊၀တ္တုရေးပြီးခံစားချက်ကို ဖေါက်ခွဲတတ်ကြပါတယ်။
ဘယ်လိုပဲ အနုနည်း အကြမ်းနည်းတွေနဲ့ ကုစားကုစား စိတ်ထဲက ဒဏ်ရာ ဒါမှမဟုတ်
အမှတ်ရစရာလေးတွေကတော့ အမြစ်ပြတ်သွားမှာမဟုတ်ပါဘူး ။ဒါလေးတွေလုပ်နေတုန်းခဏ
တော့ မေ့သွားသလိုလိုရှိတယ်။နောက်တော့ပြန်သတိရလာတာပဲလေ ။ခဏပဲသက်သာတော့
နောက်ပြန်ပြီးတစ်ခါလုပ်ရပြန်တာပေါ့ ။
တစ်ချို့က တိုင်ပင်ဖေါ်သူငယ်ချင်းမိတ်ဆွေထားပြီးရင်ဖွင့်တတ်ကြသေးတယ် ...
ဒါလဲ မကောင်းသေးဘူး ....
သူက ကိုယ်အနားမှာဘယ်လောက်ရှိပေးနေနိုင်မှာလည်း... သူမရှိတဲ့အချိန်
ကိုယ်တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ ဘာလုပ်ရမလဲ.... စဉ်းစားပါနော်.....
တကယ်တမ်းကိုယ်နဲ့ အမြဲရှိနေနိုင်တာက ကိုယ့်စိတ်ပဲရှိတယ်။
  တကယ်တမ်းဖြစ်လာတော့ ကိုယ့်ကိုယ်ကိုပဲအားကိုကြရတာပါ .. ဘယ်သူမှ
လာလုပ်ပေးနိုင်တာမဟုတ်ပါဘူး ။
ဒီတော့ ကိုယ့်စိတ်လေးချမ်းသာဖို့ကို ကိုယ့်အားကိုယ်မကိုးပဲ
သူများအားကိုးတယ် ဆိုတာ...ကိုယ့်ဘ၀ကို
သူ့လက်ထဲပေးလိုက်သလိုဖြစ်နေမှာပေါ့....
ငါ့ဘ၀ကတော့ နင်မရှိရင်သွားပါပြီဟာ.........နင်ရှိမှဖြစ်မှာ...အဲဒီလိုမျိုးဖြစ်သွားမှာပေါ့..
ကိုယ့်ကိုကူညီပါ့မယ်ဆိုတဲ့လူကိုယ်တိုင်က အဲဒီလိုခံစားချက်တွေ
မကင်းသေးတဲ့လူ ဖြစ်နေမှာအမှန်ပဲ သှူု့ဒုက္ခနဲ့သူရှိနေတဲ့လူက သူတပါးကိစ္စကို
အပြည့်အ၀ကူညီပေးနိင်မှာမဟုတ်ဘူး ။
အပေါ်ယံလောက်ပဲရမယ် ... နွံအိုင်ထဲမှာနစ်နေတဲ့သူအချင်းချင်း နင့်ကိုငါ
ကယ့်ပါ့မယ်ပြောနေသလိုပါပဲ ...
ဒီတော့ ကိုယ်အားကိုယ်ကိုးရမယ်ဆိုတာထင်ရှားနေပြီနော်....
စိတ်ချမ်းသာဖို့အရေးကိုအချိန်ဆွဲချင် သေးလား.... ရင်ဝ ကိုမြားမှန်တာကို
ဘယ်သူပစ်လဲ အရင်ရှာရမှာလား ...? မြားဒဏ်ရာကို ဆေးကုမှာလာ ......?
သေချာစဉ်းစားနော်........ စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ...........
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး... အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံးပါပဲ .....

( နည်းကောင်းလေးတစ်ခုရှိတယ် )
တစ်ယောက်ယောက်ကို သတိရတာနဲ့ အဲဒီသတိရတဲ့ စိတ်ကလေး ကို အပြစ်မတင်ပဲ၊
မေ့ပစ်ဖို့မကြိုးစားပဲ သတိရနေတဲ့စိတ်ကလေးကို သေသေချုာချာ
ဂရုစိုက်ပြီးကြည့်နေပါ ။ အဲဒီစိတ်ကလေးက အမြဲတမ်း
ဆက်တိုက်ဖြစ်နေတာမဟုတ်ဘူးဆိုတာကို တွေလာလိမ့်မယ် ။ပျောက်သွားလိုက်
ပြန်ပေါ်လာလိုက်နဲ့ အဆက်မပြတ်ဖြစ်နေတာကိုတွေရလိမ့်မယ် ။မင်း လုပ်ရမှာ က
သတိရတဲ့စိတ်လေး လွမ်းတဲ့စိတ်ကလေး ကို မေ့ ပစ် ဖို့
မကြိုးစားပဲ၊တစ်ခြားအာရုံတစ်ခုနဲ့အစားထိုးဖို့မကြိုးစားပဲ သေသေချာချာ
စူးစူးစိုက်စိုက် ကြည့်နေပေးရုံလေးပါပဲ ။ အရမ်းလွယ်ကူတဲ့နည်းလမ်းလေးပါပဲ
သူများကိုလည်း အားကိုးစရာ မလိုဘူး... အခုလုပ်ရင်အခုစိတ်ချမ်းသာမယ်..
(သေချာစဉ်းစားနော်........ စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ...........
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး... အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံးပါပဲ......


အလင်းစေတမန် မှ သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ် ။။။။
မမရွှေအိမ်စည်း