♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Thursday 6 October 2011

လူပီသ ပြီးလား

သူငယ်ချင်းတို့ရော လမင်းရော လူပီသပြီးလား  ဘာတွေလုပ်ပြီးပြီလဲ..




ဘယ်အရာတွေက လမင်းတို့ကို လူပီသ စေတာလဲ  သူငယ်ချင်းတို့ရော  ဘယ်လိုအရာတွေက


လူပီသတယ် ထင်မိလဲ  လူဖြစ်ရတဲ့ ရည်ရွယ် ချက်ကိုရော ကိုယ်ကိုကိုယ် ပြန်မေးဖူးလား......


လမင်း တရားနားရင် အသိလေးတစ်ခု ရလိုက်လို့  ဒီပိုစ့်လေးရေးပြီး သူငယ်ချင်းများကို  လမင်း အသိလေးမျှဝေပေးလိုက်ပါတယ်....


လူပီသနည်း သုံးမျိုးရှိတယ်လို့် ဆရာတော်က ဥူးသုမင်္ဂလ ဟောပြောဆုံးမဖူးတာ မှတ်သာဖူးတယ်ပါ.....


(၁) ကိုယ်ချင်းစာ တရားရှိရမယ် ...


(၂)မေတ္တာ သနားဂရုဏာ ထားတက်ရမယ်...


(၃)ဆင်ခြင်ညဏ် ရှိရမယ်တဲ့  အကောင်းအဆိုး ဝေဖန် နိုင်တဲ့ အသိညဏ်ပေါ့..


သူငယ်ချင်းတို့ ဘယ်လိုထင်လဲ ဆရာတော်ပြောသွားတာ လမင်းအရမ်း ကြိုက်တယ်....


လူတစ်ယောက်မှ ကိုယ်ချင်းစာတရားမရှိဘူး ကိုယ့်အတွက်ပဲကြည့်နေရင် ဘယ်လိုလူလို့ခေါ်တော့မလဲနော်
လူဆိုတာ ကိုယ်ချင်းစာတရားရှိရမယ်  ...


မေတ္တာတရားလည်းထားနိုင်ရမယ်  သနားဂရုဏာလည်း ရှိတက်မှ လူပီသတာပါ...
ကိုယ်ချင်းစာတရားရှိတယ် မေတ္တာတရားလည်းထားနိုင်တယ် သနားကြင်နာမူလည်းရှိတယ်


ဒါပေမဲ့ အကောင်းအဆိုး အကြောင်း အကျိုးကို သိရှိတဲ့ အသိညဏ်မရှိရင်လည်း လူတော့လူပဲ လူပီသတယ်လို့တော့ပြောလို့
မရနိုင်ပါဘူးရှင်  ..


ဘာလို့လဲဆိုတော့ သုံးဆယ်တစ်ဘုံမှ လူဆိုတာ အသိညဏ် အရှိဆုံးသတ္တ၀ါ ဖြစ်နေလို့ပါ....
လူဖြစ်ရတာ ကုသိုလ်ကံ အရမ်းကောင်းလို့ ဖြစ်ခွင့်ရတာပါ  လူဖြစ်လာကြတဲ့  လမင်းတို့ သူငယ်ချင်းတို့
လူပီသပြီးလာ  ဘာတွေလုပ် ပြီးပြီလဲ  ။။


    လူဖြစ်ခွင့်ရတုန်း မှာ အချိန်တွေကို မဖြုန်းစေချင်ပါဘူး  ယခု ဘ၀ နောင်သံသရာ အတွက် ဘာလုပ်ပြီးပြီလဲ။။။။


အခု အချိန်ဟာ လမင်းတို့ အတွက် အကောင်းဆုံးလူပီသဖို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးပါ...
သာသာနာ နဲ့ကြုံတွေ့နေတယ် သိတက်တဲ့ အသိညဏ်လည်း ရှိနေတယ် ဆို လူပီသဖို့ နည်းလမ်းတွေ့ အများကြီးပါ


လူအချင်းချင်း ကူညီကြပါ စာနာပေးကြပါ တစ်ကိုယ်ကောင်းအလုပ်မျိုးမလုပ်မိပါစေနဲ့
တရား နားယူကြပါ သူတော်ကောင်းတရား လိုက်နာကျင့်သုံးကြစေချင်ပါတယ်....


မေတ္တာတရားထားကြပါ  သနားကြင်နာဖေမပေးကြပါ  ။။။။။။


ကိုယ့်ကိုကိုယ် ဆုံးမရင် သူငယ်ချင်းများ အတွက်မျှဝေပေးလိုက်ပါတယ်..................