♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Wednesday 5 October 2011

နင်မသိသေးတဲ့ ငါ့အကြောင်း

ငါ မချစ်တတ်တာ မဟုတ်ဘူး.......
ချစ်တတ် လွန်းလို့  အချစ် နဲ့ ဝေးဝေး နေတာပါ.....

ငါ ခံစားတတ်တဲ့ နှလုံး သားမရှိ တာမဟုတ်ဘူး ....
အချစ်ကို ကြောက်နေတာပါ....

ငါ ရက်စက်တတ်တာ မဟုတ်ပါဘူး.......
သံယောဇဉ် ကြီး တတ် လွန်းလို့ ပါ.....

ငါ အတ္တကြီးတာ မဟုတ်ပါဘူး
 ငါချစ်တတ်လွန်းတာပါ.....

ငါအနိုင်ယူချင်တာ မဟုတ်ပါဘူး...
ငါအားငယ်တတ်လို့ ပါ....

ငါကို သ၀န် တိုတတ်တယ်လို့ မထင်ပါနဲ့ ...
ငါနင့် ကို အရမ်းချစ်လို့ ပါ....

ငါကို နင်စိတ်ကုန်တယ် မပြောပါနဲ့ .......
ငါ လုပ်သမျှ တွေက နင့်ကို ချစ်ခဲ့ လို့ ပါ...

ငါနားမလည် တတ်ဘူး မပြောပါနဲ့ .....
ငါ နင် နဲ့ ဝေးရမှာ ကြောက်ခဲ့ လို့ ပါ....

ငါ နင်ကို အရမ်းချစ်ခဲ့ တာပါ...
ငါရဲ့ မာန ကြောင့် ငါအချစ်တွေ မပေါ်လွင်ခဲ့ တာပါ....

ငါ မျက်နာ များတာ မဟုတ်ပါဘူး........
ငါလူတွေ ကို ခင်တတ်တာပါ......

ငါရှုပ်နေတာ မဟုတ်ပါဘူး....
ငါကို လာရှုပ်နေကြတာပါ.....

ငါရိုးသားပွင့်လင်းစွာနေတတ်တာပါ .....
ငါကို အထင်လွဲနေကြတာပါ......

ငါမေ့နိုင်တယ်လို့ မပြောပါနဲ့ .....
အခုထိ နင့်ကို သတိရဆဲပါ.........

ငါ အခုထိ ချစ်နေဆဲပါ  လွမ်းနေဆဲပါ သတိရနေဆဲပါ......