♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Wednesday 5 October 2011

နောက်ဆုံးအလွမ်း


နင်နဲ့ တွေ့ ဆုံရလို့  ငါပျော်ရွင်ခဲ့ ဖူးတယ်...
နင်ငါကို ချစ်တယ် ထင်လိုပီတိဖြစ်ခဲ့ ဖူးတယ်..
         ဒါပေမဲ့ ဟာ
နင်ရက်ရက် စက်စက် လှည့်စားခဲ့ တယ်
နင်ကျေနပ်လား နင်ကျေနပ်ရင် ငါပျော်ပါတယ်..

နင်ငါကို မချစ်ပဲနဲ့ တော့ ငါနဲ့ အဝေးဆုံးကို
ထွက်သွားပေးတာ အကောင်းဆုံးပါ..

ငါသေလောက်အောင်လွမ်းလည်း ကြိတ်မှိတ်ခံစားလိုက်မယ်...
ငါဘက်ကို လှည့်မကြည့်နဲ့ နင့်သဘောကျ

နင်ဘ၀ကို နင့် တည်ဆောက်ပါ
ငါနှလုံးသား ဆေးပန်းချီ ရေးဆွဲမပြီးခင်

နင်ငါကို လှည့်စားခဲ့ တယ်..
နင်င့ါအချစ်တွေနဲ့ မထိုက်တန်ခဲ့ ဘူး....

ငါမာန ကိုနင် အကြိမ်ကြိမ် ရိုက်ချိုးခဲ့ တယ်...
ငါကို မချစ်ပဲ ချစ်တယ် ပြောတဲ့ နင့်ကို ငါ မုန်းတယ်
..

ငါနဲ့ ပက်သက်ပြီး နင် အမြဲဟန်ဆောင်ခဲ့ တယ်..
နင့်ရဲ့ သရုပ်ဆောင်မူတွေ ပီပြင်လွန်လို့  ငါ ရှူးသွပ်ခဲ့ရတယ်...

နင်တော်ပါတယ် ငါညံ့ခဲ့ တယ် ...

တစ်ခုတော့ ပြောမယ် နင်ပျော်မယ်ဆို ငါကျေနပ်တယ်....

ငါနင့်ကို အရမ်းချစ်ခဲ့ တယ် လှည့်စားခဲ့ တာ သိလို့ 
အရမ်းခံပြင်းခဲ့ တယ်...

နင်ငါ့ ဘ၀ထဲကို ဟန်ဆောင်မူတွေနဲ့ ရောက်လာခဲ့ တယ်...

ငါနင် နဲ့ ပက်သက်ပြီး ရေးတဲ့ ဒီကဗျာဟာ နောက်ဆုံးဖြစ်မှာပါ..
နောက်ထပ် နင့်နဲ့ ပက်သက်ပြီး မတွေးတော့သလို......

ငါဘယ်တော့မှာ မလွမ်းတော့ဘူး...
သေချာတယ် ငါ နင်နဲ့ ပက်သက်ပြီး ဘယ်တော့မှာ မလွမ်းတော့ဘူး...