♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Wednesday 5 October 2011

ငါပိုင်ဆိုင်တဲ့ အချစ်

ချစ်သူရေ
နင် ငါ့ရင်ခွင်ထဲကို ပြန်မလာတော့ဘူးဆိုတာသိရက်နဲ့
လွမ်းဆွတ် တမ်းတနေမိတယ်
ချစ်သူ နင် ငါ့ကို အပြစ်မတင်ပါနဲ့ 

နင့် လှည့်စားမှု့တွေအောက်မှာ
အဖော်မရှိတဲ့ ငှက်ငယ်တစ်ကောင်လို
ငါ့နှလုံးသားလေးကိုလည်း သနားလှည့်ပါ
ဝေးဝေးမှာပဲနေကြမယ်ဆိုတဲ့ စကားလုံးတွေနဲ့
ငါ့နှလုံးသား သေဆုံးသွားအောင် ထုချေမပစ်ပါနဲ့။

နင်ထားခဲ့ပြီးဖြစ်တဲ့ ငါ့ကို
အလွမ်းတွေပဲ နင်ထားခဲ့ရင် ငါကျေနပ်ပါတယ်


လမ်းခွဲခဲ့ရပေမဲ့
သတိရခြင်းတွေ
လွမ်းဆွတ်ခြင်းတွေ
ချစ်နေရခြင်းတွေကိုတော့
ငါ ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်။