♥♥♥ လမင်းရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်♥♥♥


Wednesday 5 October 2011

မုန်းပစ်လိုက်ပါ ငါကျေနပ်တယ်

ချစ်သူ
ငါနင့်ကိုမချစ်တော့လို့ လမ်းခွဲတာမဟုတ်ဘူး
မချစ်သင့်တော့လို့ပါ....

ချစ်သူ
ငါနင်ကိုအသဲကွဲစေချင်လို့ ရက်စက်တာမဟုတ်ဘူး..
ငါ့အသဲလေးလဲ ပြန်ဆက်စေချင်လို့ပါ..

ချစ်သူ
နင်ဒေါသထွက်တိုင်း ငါပြုံနေတာ..
ရယ်နေတာတော့မဟုတ်ပါဘူး...
ငါ့ရဲ့အရှုံးကို မာန်နဲ့ဖုံးနေတာပါ..

ချစ်သူ
နင့်ရဲ့အမုန်း
နင့်ဥပေက္ခာ
နင့်မာနတွေငါ့အတွက်ပဲထားလိုက်ပါ

ငါ့ထက်ကျော်လွန်
အပြစ်ပိုလို့
နင်အတိုးချ

မုန်းပစ်လိုက်ပါ နင်ပျော်တယ်ဆို
ငါကျေနပ်တယ်. ချစ်သူ..  
                                             လမင်းနဲ့ ခိုင်ဂျုလိုင်မိုးနဲ့ ရေးထားတဲ့ ကဗျာလေးပါ